73+74 (z+u)

5.8K 639 38
                                    

Chapter 73: :The first Contradiction

Zawgyi

ချင်းယုယွမ် ချောက်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေ ပြန်စဉ်းစားတယ် များပြားလှတဲ့ အဖြစ်အပျက်တွေက သူမစိတ်ထဲ ဖြစ်ပေါ်နေရင် သူမ ဖြစ်ရပ်တစ်ခုလုံးကို ဒေါသထွက်လာတယ် သွားကို တင်းတင်းစိ အံကိုကြိတ်ပြီး

"မုရုံရွှယ်..... သူမငါ့ကို ရိုက်တယ် ပြီးတော့ သူမငါ့ကို သတ်ချင်နေတယ်"

"ဘာလို့ သူမက နင့်ကို သတ်ချင်မှာလဲ"

ရိရီချန်းမေးဖို့ မရည်ရွယ်ပေမဲ့ ချက်ချင်းတုံ့ပြန်မိသွားတယ်

"ဘာလို့လဲဆိုတော့ ငါ သူ့ကို ချောက်ထဲ တွန်းချမိလို့ ဒါပေမဲ့ ငါ... ငါလုံးဝမရည်ရွယ်ပါဘူး တကယ်ပါ ငါသူမကို တွန်းချဖို့ လုံးဝမရည်ရွယ်ဘူး..."

ချင်းယုယွမ်ပြောရင်း ပြောရင်း မျက်ရည်တွေက ပါးပြင်ပေါ် တလိမ့်လိမ့်ကျဆင်းလာတော့တယ် သူမငိုနေပုံက သနားချင်စရာအတိပင်

ရိရိချန်း သူမကို ခံစားချက် ကင်းမဲ့စွာ ကြည့်ပြီး

"မင်းက မုရုံရွှယ်အနားမှာ စပိုင်တွေ ချထားတာ ငါမှန်းကြည့်မယ် အကြောင်းပြချက်က မင်းသူမကို သတ်ချင်....."

အဲ့တာကို ကြားတဲ့အခါ ချင်းယုယွမ်ထိတ်လန့်သွားပြီး ရှော့ခ်ရသွားတယ် ပြီးတော့ သူမမှတ်မိသွားတယ် မုရုံရွှယ် သူမကို သတ်ချင်နေတဲ့အချိန် သူမက သတိမေ့နေပြီလေ နိုးတာတော့ သူမက လုံခြုံပြီး ကျန်းမာတယ် အဲ့ဒါက ရိရီချန်းက သူမကို မုရုံရွှယ်ရဲ့ သတ်ချင်စိတ်ကနေ ကယ်တင်ပေးခဲ့တာပဲ
တောထဲက နင်ဂျာခန္တာကိုယ်တွေက သူမဘက်မှာဆိုတော့ အဲ့အချိန်တုန်းက ရိရီချန်း သူတို့ကို သေချာပေါက် မြင်ခဲ့မှာပဲ အခု သူမငြင်းမယ်ဆို အမှန်တရားကို လျစ်လျူရှုလို့ ရနိုင်တယ်

"တကယ်တော့ အဲ့နင်ဂျာတွေက....."

"အဲ့မော့ပေက စပိုင်တွေက မင်းကို သတ်ဖို့ လာတာလို့ မပြောနဲ့ မုရုံရွှယ်က ချင်းရန်မှာ ကြီးလာတာ သူမဘယ်တော့မှ မော့ပေကို ခြေမချဖူးဘူး (မိုပိုင်းကို မော့ပေ လို့ ပြောင်းလဲသုံးစွဲသွားပါမယ်နော်) သူမ သူတို့ကဘယ်လို ဆိုတာတောင် ဘယ်တော့မှ သိမှာမဟုတ်ဘူး မင်း ယွီရှန်းကို သွားတယ်မလား သူမက မော့ပေက စပိုင်တွေကို မင်းကို လုပ်ကြံစေဖို့ ဘယ်လို လွှတ်မှာလဲ"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now