162+163+164

1.2K 139 19
                                    

#chapter162
မုရုံရွှယ်အတွက် အိုးရန်ရှောင်ချန် ဒဏ်ရာရခြင်း

အနီရောင်တောက်တောက် အလုံးလေးတွေက ကြီးမားဝိုင်းစက် သန့်ရှင်းနေကာ စားချင်စရာပင်။ ယိုချောင်းကို ကြည့်ရင်း အိုးရန် မပျော့ညံ့သွားပေ။ သူ ခေါင်းခါလိုက်ကာ
"ကိုယ် ယိုလုံး မကြိုက်ဘူး"

မုရုံရွှယ် မျက်လုံးပုတ်ခတ်ကာ မနှေးမမြန် ပြောလိုက်သည်။
"တုတ်ချောင်းမှာ ယိုလုံးတွေအများကြီး ပါတာ ကျွန်မ အကုန်မစားနိုင်ဘူးလေ ကူစားဦးလေနော် ကျေးဇူးပြုပြီး..."
မုရုံရွှယ် ယိုချောင်းကိုင်ကာ အိုးရန် ပါးစပ်ဝမှာ တေ့ပေးလိုက်သည်။ ကြည့်ရတာ သူ တကိုက်လောက် မကိုက်မချင်း သူမ လက်လျှော့မည့်ပုံမဟုတ်ပေ။

အိုးရန် သူမကို စိုက်ကြည့်ကာ သူ့မျက်လုံးတို့ကလဲ ကူကယ်ရာမဲ့နေသည့် အရိပ်တို့ စွန်းထင်းနေလေသည်။
"ကိုယ်တကယ်ပဲ ချဉ်ချိုချို အရသာရှိတဲ့အရာတွေ မကြိုက်တာမို့ မဆိုးနဲ့ ဟုတ်ပြီလား"

"တကိုက်...တကိုက်ပဲလေနော် ကျန်တာ ကျွန်မစားမယ်လေ"
မုရုံရွှယ် မျက်လုံး တလက်လက်တောက်ပကာ စားဖို့ သူ့ကို တိုက်တွန်းနေလေသည်။

"ဟင့်အင်း..."
အိုးရန် စကားပြောဖို့ ပါးစပ်ဟလိုက်တဲ့အချိန်မှာ မုရုံရွှယ် ရုတ်တရက် ယိုလုံးကို အိုးရန်ပါးစပ်ထဲ ထည့်လိုက်လေသည်။

ချဉ်ချိုချိုအရသာက အိုးရန်ပါးစပ်ထဲ ပျံ့နှံ့သွားသည်။ လတ်ဆတ်ပြီး ချဉ်ချိုချိုအရသာတို့က သူ့သွားကိုပါ ချဉ်သွားစေသည်။ အိုးရန် မျက်မှောင်ကြုတ်ကာ ကူကယ်ရာမဲ့စွာ မုရုံရွှယ်ကို စိုက်ကြည့်နေလိုက်တော့သည်။

မုရုံရွှယ် သူ့ကို ပြုံးဖြီးဖြီးကြည့်ကာ
"အရသာ ဘယ်လိုလဲ"

"အရမ်း မဆိုးပါဘူး"
အိုးရန် တုန်ယင်စွာ ဖြေလိုက်သည်။

"ကြိုက်ရင် နောက်တစ်ခုထပ်စား"
မုရုံရွှယ် ပြုံးကာ နောက်ထပ် ယိုလုံးတစ်လုံး ထပ်ယူပြီး အိုးရန်ပါးစပ်ထဲ ထပ်ခွံ့မလို့ လုပ်လိုက်သည်။

အရင်က သူမနဲ့ အိုးရန် အကြိမ်တော်တော်များများ ထမင်းလက်ဆုံးစားဖူးသည်။ ဒါကြောင့် အိုးရန်က ချဉ်ချိုချိုအရသာတွေကို စားရတာ မကြိုက်မှန်း သူမသိသည်။ ဒါပေမဲ့ အဲ့ဒီအစားအစာတွေက လူ့ခန္တာကိုယ်အတွက် ကောင်းသည်။ အိုးရန် အစားအသောက် အရမ်း ချေးမများသင့်ပေ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now