143: နဂါးလှေပြိုင်ပွဲ ၂

1.2K 185 18
                                    

"ငါ့အစ်ကိုက ရုံးတော်မှာ မလုပ်ပေမဲ့လဲ သူက ငါတို့အဖေရဲ့ ဂုဏ်ပုဒ်ကို ယူထားပြီးတဲ့အပြင် လတိုင်း စပါးစိုက်ပျိုးရေးကိုလဲ လက်ခံရရှိတဲ့အတွက် သူ့ကို ရုံးတော်က အရာရှိလို့ သတ်မှတ်နိုင်တယ် ပြီးတော့ အရင်နဂါးလှေပြိုင်ပွဲတွေကတည်းက ငါတို့က အရှေ့မှာ ခုံရခဲ့တာ ဘာလို့ ဒီနှစ်မရတာလဲ"

"ရုံးတော်က အရာရှိတွေက တစ်နှစ်ပြီးတစ်နှစ် တိုးလာတာ ခုံတွေက ပြည့်လုနီးနီးတွေပဲ တိုင်းပြည်ကို တကယ်အကျိုးပြုတဲ့ အရာရှိဆိုတာ သေချာပြီး သူတို့မိသားစုတွေက နဂါးလှေပြိုင်ပွဲမှာ ပါဝင်နိုင်တယ် ဆိုတာ ​သေချာရတယ် ဒါပေါ့ အဲ့လိုလူတွေက စာရင်းထဲက ဖယ်ထားတာပေါ့"
စုန့်ချင်းယန်က ပြုံးကာ ပြောလိုက်သည်။ သူမမျက်လုံးထဲတွင်လဲ ဝမ်းသာပီတိဖြစ်မှုများ ပြည့်သျှံနေသည်။ မုရုံရယ်က ပြည်သူမဟုတ်သလို စစ်သူရဲကောင်းလဲ မဟုတ်တဲ့ လူပေါ်ကြော့ပင်။ သူက ချီးကျူးထိုက်တဲ့ အရာရှိထဲ ပါဝင်ဖို့ အရည်အချင်းမပြည့်မီပေ။ သူအခုထိ စာရင်းထဲ ရှိနေတာက ကံကောင်းလို့ပင်။

"တကယ်လား"
မုရုံရွှယ် စုန့်ချင်းယန်ကို မျက်လုံးမှေးစင်းကာ ကြည့်ပြီး တစ်လုံးချင်းပြောလိုက်သည်။
"ဝမ်းကွဲညီမ ချင်းယန် နင်က နင့်ခြံဝန်းထဲမှာပဲ အမြဲနေနေတာ ရုံးတော်က ကိစ္စတွေနဲ့ ရင်းနှီးတယ်ဆိုတာ ဖြစ်နိုင်လို့လား"

"ဘာလို့လဲဆိုတော့ နဂါးလှေပြိုင်ပွဲကို ကြီးမှူးတဲ့သူက ငါ့ဦးလေးမို့လို့လေ''
စုန့်ချင်းယန် မေးပင့်ကာ မာနကြီးစွာ ကြည့်လိုက်သည်။

မုရုံရွှယ် ခေါင်းမော့ကာ စင်္ကြံစင်မြင့်ကို ကြည့်လိုက်တော့ ကိစ္စများကို အမိန့်ပေးနေတဲ့ စုန့်ချင်းယန်ရဲ့ ဦးလေး တုယီ ကို တွေ့လိုက်ရသည်။

"ငါ့ဦးလေးပြောတာ နင်နဲ့ မုရုံရယ်အတွက် ထိုင်ခုံမရှိဘူးတဲ့ ဒါကြောင့် ရိုင်းရိုင်းစိုင်းစိုင်းဖြစ်အောင် အဲ့ကို သွားမနေနဲ့ အရှေ့တောင်ဘက်က စင်မြင့်ကိုပဲ တိုက်ရိုက်သွားလိုက်"
စုန့်ချင်းယန် မာနကြီးစွာ ပြောလိုက်ကာ သူမကို အထင်သေးစွာ ကြည့်လိုက်သည်။

အရှေ့တောင်ဘက်က စင်မြင့်က အတော်သေးကာ ကြည့်ရတာ တော်တော်ဆိုးသည်။ အဲ့မှာရပ်ပြီး ပြိုင်ပွဲကို ကြည့်ရမှာလား

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now