၁၆.
Translated by Baby_Mariee
မုရုံရွှယ် သည်းခံနိုင်တဲ့အတိုင်းအတာ တစ်ခုကို ကျော်လွန်သွားသလို ခံစားလိုက်ရပြီး သူမလက်က အလိုအလျောက် မြောက်တက်သွားကာ အိုးရန်ရှောက်ချန်ကို တိုက်ခိုက်ရန် ပြင်လိုက်တယ်။
ချက်ချင်းလိုပင် အိုးရန်ရှောက်ချန်ရဲ့ မျက်လုံးတွေ အမှောင်ရိပ်လွှမ်းသွားပြီး သူမ၏ လက်ကောက်ဝတ်ကို ဆွဲယူလိုက်တယ်။ " မင်းမှာ အတွင်းအားမရှိဘူး ... ပြီးတော့ မင်း ငါ့ကို ရိုက်နိုင်မှာလည်း မဟုတ်ဘူး "
သေးသွယ်သွယ်လက်ကောက်ဝတ်လေးက နွေးထွေးပြီး နူးညံ့လှတယ်။ အဝတ်တွေက ကြားထဲမှာ အလွှာခြားခံနေတာတောင် သူမရဲ့ နူးညံ့ချောမွေ့လှတဲ့ အသားအရေကို သူ ခံစားမိနေတယ်။ သူမကို ထိတွေ့ရတာဟာ ခိုင်မာမှုနဲ့ နူးညံ့မှုကို တပြိုင်တည်း ခံစားရစေတယ်။ ရုတ်တရက် သူ့လက်ထဲက သူမကို လွှတ်ပေးလိုက်ဖို့ တွန့်ဆုတ်နေမိတယ်။
အိုးရန်ရှောက်ချန်က သိုင်းပညာမှာ အတိုင်းထက်အလွန် သာလွန်ထက်မြက်လွန်းတယ်။ သူ့ရဲ့ အတွင်းအားအရာကလည်း နက်နဲသိမ်မွေ့ပြီး ခန့်မှန်းရ ခက်လှတယ်။ တစ်ဖက်မှာတော့ မုရုံရွှယ်က မကြာခဏ နေမကောင်းဖြစ်ပြီး အားနည်းလှတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတာမို့ သေချာပေါက် သူ့ကို လုံးဝ မနိုင်နိုင်ဘူး။ သူမ သူ့ကို တိုက်ခိုက်လိုက်တာက သေချာပေါက် သူ့ကို အနိုင်ရဖို့ မဟုတ်ဘဲ ထွက်ပြေးလွတ်မြောက်သာရုံ သက်သက်သာ ဖြစ်တယ်။
မုရုံရွှယ်ရဲ့ နှုတ်ခမ်းတွေက ထူးဆန်းတဲ့ အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြဖို့ ကွေးညွှတ်သွားတယ်။ သူမရဲ့ သွယ်လျတဲ့ လက်ကလေးကို ရုတ်တရက် ကွေးလိုက်ပြီး မမျှော်လင့်တဲ့ ရှုထောင့်ကနေ အိုးရန်ရှောက်ချန်ကို တိုက်ခိုက်လိုက်တယ်။ သူမက ပါးနပ်စွာနဲ့ အိုးရန်ရှောက်ချန် သူမကို ဖမ်းချုပ်ထားရာကနေ လွတ်မြောက်အောင် ကြံရွယ်လိုက်ပြီး မြေပြင်က ကျောက်စရစ်တွေကို သူ့ဆီကို ဦးတည်ကာ ကန်ထုတ်လိုက်တယ်။
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...