86

2.9K 225 3
                                    

86: : ဘာကို ပြီးသွားတာလဲ

အိုးရန်ရဲ့ ရနံ့က မုရုံရွှယ်ကို အသက်ရှူကြပ်စေတယ် အဲ့ဒါကြောင့် သူမ မောဟိုက်စွာနဲ့ သူ့ကို တွန်းထုတ်လိုက်တယ် အိုးရန် သူမလက်ကောက်ဝတ်ကို တည်ငြိမ်စွာ ဖမ်းဆွဲလိုက်တယ် သူမ ရုန်းကြည့်ပေမဲ့ မရတော့ သူမသူ့ကို ကန်လိုက်တယ်

အိုးရန် ရှောင်လိုက်ပြီး သူမကိုယ်ကို တစ်ပတ်လှည့်လိုက်တော့ နူးညံ့လှတဲ့ ဝါဂွမ်းခြေသုတ်ခုံပေါ် ကျသွားတယ် အိုးရန် ရီဝေနေတဲ့ သူမမျက်လုံးနဲ့ မောဟိုက်နေတဲ့ မျက်နှာလေးကို ငေးကြည့်နေမိရင်းက ရင်ခွင်ထဲ ဆွဲထည့်ပြီး သူမနှုတ်ခမ်းကို စားသုံးပါတော့တယ်

အနမ်းက သိမ်မွေ့ပြီး ရမ္မက်ပါတဲ့အတွက် သူမကိုယ်တိုင်လဲ မျောပါသွားပြီး နောက်ဆုံး သူမစိတ်ကို သူမ လွှတ်ချလိုက်တော့တယ်

မုရုံရွှယ်မှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရပြီး ကြွက်သားတစ်ခုတောင် မလွှတ်နိုင်ဘူး အနမ်းက မုန်တိုင်းလို ပြင်းလာပြီး သူမဝိဉာဉ်ကိုပါ စားသုံးနေသလိုပဲ သူမ အနည်းငယ် မူးလာပြီး အသက်ရှူကြပ်လာတယ် သူမပါးနှစ်ဖက်ဟာလဲ ချက်ချင်းဆိုသလို ရဲတက်လာခဲ့တော့တယ်

အိုးရန်က သူမနှုတ်ခမ်းကို နမ်းပြီးနောက် လည်တိုင်ကျော့ကျော့ဆီ ဆင်းသွားတယ် လည်တိုင်ကို စုပ်လိုက် ကိုက်လိုက်ဖြင့် အချစ်သင်္ကေတလေးတွေ ချန်နေတယ်

ရုတ်တရက် မျက်ရည်စက်တွေ သူ့ပါးဆီ ကျဆင်းလာတယ် အိုးရန် နမ်းနေတာကို ရပ်လိုက်ပြီး မျက်ရည်အပြည့်ဖြစ်နေတဲ့ မုရုံရွှယ် မျက်နှာကို ကြည့်ကာ နောက်ဆုတ်လိုက်ပြီး

"ဘာဖြစ်လို့လဲ"

မုရုံရွှယ် သူ့ကို ဘေးကို တွန်းလိုက်ပြီး သူမအားနဲ့ သူ့ကို ထုရိုက်​တော့တယ်

"ကျွန်မငယ်ငယ်ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရတာ ရိရီချန်းက ကျွန်မကို အနိုင်ကျင့်တယ် သခင်မတုနဲ့ သူုသမီးကလည်း အနိုင်ကျင့်တယ် အခု ရှင်ကတောင် ကျွန်မကို အနိုင်ကျင့်နေပြီ အီးဟီး"

အိုးရန် ပြန်မလုပ်ဘဲ ဝမ်းနည်းမှုကြောင့် နာကျင်လာတယ် မုရုံရွှယ်လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ရှင်းပြတယ်.

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now