Zawgyi
"ကယ်...ကယ်ကြပါဦး"
ချင်းယုယွမ် ဒါကို မမျှော်လင့်ထားခဲ့ပေ။ သူမကိုယ်ကို လွတ်အောင် ရုန်းကန်နေပြီး ကြိုးပြေအောင် ကြိုးစားပေမဲ့ မုရုံရွှယ်က တင်းကြပ်နေအောင် ချည်ထားတာကြောင့် သူမ သေးသေးလေးတောင် ပြေအောင်မလုပ်နိုင်ခဲ့ဘူးရုတ်တရက် 'ဟုန်း' ဆိုတဲ့ အသံနဲ့အတူ ကျောက်တံခါးက ပွင့်လာတော့ မြှားတွေက ပိုပြီး အရှိန်မြန်လာတယ် ခရမ်းရောင်အရိပ်တစ်ခုက ထိုနေရာကို ရောက်လာပြီး အားသုံးလိုက်တဲ့အခါ မြှားတွေက ချက်ချင်းကျိုးပဲ့သွားတယ်
ခရမ်းရောင် ဝတ်ရုံရှည်က ခရမ်းရောင် ကောင်းကင်လိုဖြစ်သွားတယ် ထိုခရမ်းရောင်ပုံရိပ်က ချင်းယုယွမ်ရှေ့ ရောက်လာတဲ့အခါ သူမ ထိုခန့်ညားတဲ့ မျက်နှာလေးကို ကြည့်လိုက်တယ် သူမ ဝမ်းသာပျော်ရွှင်ခြင်းကို ခံစားလိုက်ရပြီး အော်လိုက်တယ်
"ရီချန်း!!"ရိရီချန်း ချင်းယုယွမ်ကို ကြည့်လိုက်တော့ သူမရဲ့ ဝတ္စုံက စုတ်ပြဲနေပြီး ဆံပင်ကလည်း ရှုပ်ပွနေတာကို တွေ့လိုက်ရတယ် ခဏတာတော့ ရှုပ်ထွေးသွားပေမဲ့ လျစ်လျူရှုကာ နူးညံ့တဲ့အသံနဲ့ နှစ်သိမ့်ပေးလိုက်တယ်
"မကြောက်နဲ့တော့ အားလုံးပြီးသွားပြီ ကိုယ်မင်းကို အပြင်ခေါ်သွားပေးမယ်"
"အင်း"ချင်းယုယွမ် ခေါင်းကို အဆက်မပြတ် ညိတ်လိုက်ပြီး မျက်ရည်တို့က မျက်လုံးကနေ ကျလာပြီး ပါးပြင်တစ်လျှောက် စီးဆင်းသွားကာ ဒဏ်ရာတွေပေါ် ကျကုန်တယ် စူးရှသော နာကျင်မှုကြောင့် အသက်ပြင်းပြင်းရှူလိုက်ရကာ ဒေါသထွက်လာတယ် မြို့တော်ပြန်ရောက်တဲ့ထိ စောင့်နေ မုရုံရွှယ်ကို ရက်ရက်စက်စက် သတ်ပစ်မယ်
ရိရီချန်း ဝတ်ရုံရှည်ကို အပိုင်းပိုင်းအစစဖြစ်အောင် ဆုတ်ဖြဲကာ မြေပေါ် ပစ်ချလိုက်တယ် ချင်းယုယွမ် ခြေထောက်က ဒဏ်ရာရထားတာကြောင့် မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ဘဲ ရိရီချန်းကိုသာ မှီထားရတယ်
ရိရီချန်း သူမဆီက စက်ဆုပ်စရာအနံ့ကို ရတော့ သူမကို အဝေးကို မပစ်ထုတ်မိအောင် မနည်းကြိုးစားလိုက်ရတယ် သူ သူမခါးကို ဖက်ကာ အပြင်ထွက်လာချိန် 'စီ စီ စီ 'ဆိုတဲ့ အသံကို ကြားလိုက်ရတယ်
VOCÊ ESTÁ LENDO
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...