140: မော့ပိုင်မှ အန္တရာယ်ရှိတဲ့ မင်းသား

1.3K 179 15
                                    

ချင်းယွီယမ် ရဲ့ ကောင်းမွန်တဲ့ ဝတ်စုံက ပြေလျော့နေကာ သူမရဲ့ ဆံပင်တို့ကလဲ ရှုပ်ပွနေသည်။ သူမဝတ်စုံရဲ့ အရှေ့ပိုင်းကလဲ ကြယ်သီးအနည်းငယ်ပြုတ်နေကာ ခန္တာကိုယ်ကို ပြထားသလိုဖြစ်ပြီး တပ်မက်မှုကို ဖြစ်စေသည်။ သူမရဲ့ စကတ်အောက်နားမှာလဲ ခြေရာများဖြင့် ပေပွနေသည်။ မြင်ကွင်းက ဘယ်လောက် ရှက်စရာကောင်းနေမလဲ တွေးကြည့်နိုင်သည်။

မင်းသားချင်း သူမကို ကြည့်ကာ အေးစက်မှုက မျက်ဝန်းထဲ ဖြတ်ပြေးသွားသည်။
"ညီမလေး ငါတို့မတွေ့ရတာ နှစ်လပဲရှိသေးတယ် ဒီလို ရှုတ်ချစရာကောင်းအောင် ဘာတွေလုပ်နေတာလဲ"

"တစ်ယောက်ယောက်က ညီမလေးကို ထောင်ချောက်ဆင်တာ"
ချင်းယွီယမ် အံကြိတ်ကာ ပြောရင်း ခေါင်းမော့ကာ မုရုံရွှယ် ဘက် လှည့်ကြည့်လိုက်သည်က
'ငါ့မှာ စစ်ကူရှိပြီ နင့်ဘဝအဆိုးဆုံးကို ပြင်ထားပြီလား' ဟု ပြောနေသလိုပင်။

မုရုံရွှယ် ဂရုမစိုက်စွာ တွေးနေသည်။
'နင့်စစ်ကူနဲ့ ဘာလုပ်နိုင်မလဲ ငါ့ကို ပြစမ်းပါ'
ဒါက ချင်းရန်မြို့တော်ပင်။ မော့ပိုင်က မင်းသားက ဘာလုပ်နိုင်မှာလဲ တုန့်ပြန်ဖို့ စဉ်းစားစမ်းပါ

"အဲ့ဒီဒိန်ချဉ်လုပ်နည်းက နင့်ဟာပါလို့ ငါသူတို့ကို ပြောလိုက်ရင် သူတို့ နင့်ဖင်ကို လာကန်ကြလိမ့်မယ်လို့ တွေးလား''
ချင်းယွီယမ် မုရုံရွှယ်ကို ရိုင်းပျမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ သူမဒဏ်ရာ သူမအရှက် အားလုံးက မုရုံရွှယ်ကြောင့်ပင်။ သူမ ဘယ်တော့မှ မုရုံရွှယ်ကို အပိုအနေနဲ့ မထားနိုင်တော့ပေ။

မုရုံရွှယ် နှာရှုံ့ကာ
"ဒိန်ချဉ်က မော့ပိုင်က ဖြစ်ပြီး နင်ကိုယ်တိုင်ထုတ်လုပ်တာလို့ နင် အာမခံခဲ့တာ မဟုတ်ဘူးလား ဘာလို့ အခုမှ ငါ့ဟာဖြစ်သွားရတာလဲ အဲ့တာက ငါ့ဟာပါလို့ သူတို့ကို ပြောလိုက်ရင်တောင် သူတို့ ဝယ်ဦးမယ်ထင်နေတာလား သူတို့က နင် အဓိပ္ပါယ်မရှိတာတွေ ပြောပြီး လက်ရှောင်နေတယ် ထင်မှာပဲ နင်လုပ်သမျှကို သူများကို အပြစ်ဖို့ဖို့ ကြိုးစားနေတာပဲ"

"နင်..."
ချင်းယွီယမ် ဒေါသထွက်လွန်းကာ ပြောစရာစကားမရှိတော့ပေ။ မုရုံရွှယ် ဆီကနေ လုပ်နည်းလေးပဲ ယူဖို့ သူမတွေးခဲ့မိတာဖြစ်ပြီး အဲ့လုပ်နည်းက အမှားဖြစ်နေမယ်လို့ မတွေးခဲ့မိပေ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now