113: အဆိပ်ထုတ်ပေးခြင်း

1.3K 172 1
                                    

Zawgyi

သုံးလ? သမားတော်တွေ ခန့်မှန်းတဲ့အချိန်နဲ့အတူတူပဲ ဒါပေမဲ့ သမားတော်တွေက ဆေးအိတ်ကို စမ်းသပ်ပြီးမှ ခန့်မှန်းနိုင်ခဲ့တာ သူမကတော့ တစ်ချက်ကြည့်ရုံနဲ့ ခန့်မှန်းနိုင်တယ်

တုန့်ဖန်းလီ မုရုံရွှယ်ကို စိုက်ကြည့်နေရင်း
"မင်း ဆေးပညာအကြောင်း သိတယ်လား"

မုရုံရွှယ် ပြုံးလိုက်ကာ
"နည်းနည်းပါ ဘယ်လိုအဆိပ်မျိုးလဲ"

"သွေးအန်တာ"
တုန့်ဖန်းလီ တစ်လုံးချင်း ပြောလိုက်သည်။
"သမားတော်တွေက ပြောတာ ဒီရောဂါကို ကုဖို့ ဘာဆေးဝါးမှမရှိဘူးတဲ့"

မုရုံရွှယ် ခေါင်းညိတ်လိုက်သည်။ 'သွေးအန်တဲ့ရောဂါ' က ဘေးထွက်ဆိုးကျိုးပြင်းတဲ့ ရောဂါပဲ ကုဖို့ တကယ်ပဲ ဆေးမရှိဘူး

"အဟွတ် အဟွတ် အဟွတ် "
တုန့်ဖန်းလီ ရုတ်တရက် ချောင်းအပြင်းအထန်ဆိုးလာကာ ပါးစပ်ကို လက်နှင့် ပိတ်လိုက်ပေမဲ့ သွေးအမည်းရောင်တွေက သူ့အဝတ်အစားပေါ် ကျကုန်သည်။

"မင်းသားက အခုမှ ဆေးသောက်ပြီးကာစရှိသေးတာ ဘာလို့ ရောဂါပြန်ထလာတာလဲ"
ဟော်ဖုန်း ထိတ်လန့်သွားကာ ဆေးအိတ်ထဲမှ နောက်တစ်ခုကို ထုတ်လိုက်သည်။

မုရုံရွှယ် သူ့ကို တားလိုက်ကာ
"ရှင်တွေးသလိုမဟုတ်ဘူး ရှင်တို့မင်းသားက စိန်အဆိပ်ဒဏ်ကို ခံနေရတာ နောက်ထပ် စိန်အဆိပ် ထပ်တိုက်လိုက်ရင် သူ ချက်ချင်း ​သေသွားလိမ့်မယ်"

ဟော်ဖုန်း ကြောင်အသွားကာ
"မင်းသားက အရင်က ဒီလိုမဖြစ်ဖူးဘူး ဘယ်လိုလုပ်..."

"အဲ့တာ ဘာလို့လဲဆိုတော့ သူ့ခန္တာကိုယ်က ကောင်းမွန်နေလို့လေ ဒါကြောင့် စိန်အဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိတယ် အခုက မနေ့က ဒဏ်ရာအပြင်းအထန်ရထားတဲ့အပြင် အင်အားအများကြီးလည်း သုံးလိုက်ရသေးတယ် သူ့ခန္တာကိုယ်က အပြည့်အဝပြန်မကောင်းသေးဘူး ဒါကြောင့် စိန်အဆိပ်ဒဏ်ကို ခံနိုင်ရည်မရှိတာ"
မုရုံရွှယ် သက်ပြင်းချကာ ပြောပြလိုက်သည်။

စိန်အဆိပ်ကလဲ အဆိပ်တစ်မျိုးပဲ သွေးအန်တာကို ထိန်းချုပ်နေရသေးတာဆိုတော့ တုန့်ဖန်းလီရဲ့ အတွင်းကလီစာတွေက တချိန်တည်းမှာပဲ အဆိပ်နှစ်မျိုးကို ခံစားနေရသည်။ တုန့်ဖန်းလီ အတွင်းအားမြင့်ရင်တောင် နှစ်ခုလုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံနိုင်သေးဘူး

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now