92: စိတ်ပုတ်တဲ့လူရဲ့ လိမ်တာခံရခြင်း

2K 250 8
                                    

Zawgyi

မုရုံရွှယ် သူမအခန်းကို ပြေးပြီး နံရံပေါ်က အေပါက္တစ္ခုထဲက ဆိတ်သားရေတစ်ပိုင်းကို ထုတ်ယူလိုက်တယ် အပိုင်းနှစ်ခုကို ဆက်လိုက်တော့ ပြီးပြည့်စုံတဲ့ ပန်းချီကားတစ်ခု ဖြစ်လာတယ် ဆိတ်သားရေပေါ်မှာ 'ရတနာမြေပုံ' ဆိုတဲ့ စာလုံးကြီးက ထင်းနေတယ်

ဘာကြောင့် ချင်းယုယွမ်ဆီကနေ သူမ ဆိတ်သားရေကို လုယူလိုက်တဲ့အခါ ဘာကြောင့် သူမ(ချင်းယုယွမ်)  အရမ်း စိတ်လှုပ်ရှားသွားရလဲဆိုတာ သူမ(မုရုံရွှယ်) သိပြီ
ဒါက အရင်မင်းဆက်ရဲ့ အဖိုးတန်လှတဲ့ ရတနာမြေပုံ ဖြစ်နေတာကိုး
ချင်းယုယွမ်က ဒါကို ရှာဖို့ အချိန်တွေအများကြီး သုံးခဲ့ရပေမဲ့ သူမကေတာ့ ဘာအားစိုက်ထုတ်မှုမှ လုပ္စရာမလိုပဲ အလွယ်လေး ခိုးလိုက်တာကြောင့်  သေချာပေါက် သူမ(ချင်းယုယွမ်) ဒေါသထွက်မှာပဲလေ

ဒါပေမဲ့ ဘယ်လိုလုပ် ဒီမြေပုံတစ်ပိုင်းက မုရုံရယ် အိတ်ထဲ ရောက်နေတာလဲ ပြီးတော့ ဒီအိတ္က မဒမ်ရှန်းက ပေးထားတာ...

မုရုံရွှယ် စိတ်ရှုပ်သွားတယ် သူမ အခန်းတံခါးကိုဖွင့်လိုက်ပြီး သစ်ပင်အောက်မှာ လက်ဖက်ရည်အိုးတစ်အိုးနဲ့ ထိုင်နေတဲ့ အိုးရန်ဆီ လျှောက်သွားလိုက်တယ် သူ့ရဲ့ အဖြူ့ရောင်ဝတ်စုံအနီးမှာ မြင့်မြတ်တဲ့ ရောင်ဝါတွေ ဖြာထွက်နေတယ် ဒါပေမဲ့ မုလျိုဖုန်းကို ဘယ်မှာမှ ရှာမတွေ့ဘူး

မုရုံရွှယ် မျက်တောင်ကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ
"မုလျိုဖုန်းရော"

"ချန်းအိမ်တော်ကို ပြန်သွားပြီ ဘာလို့ မင်းသူ့ကို ရှာနေတာလဲ"
အိုးရန်မေးလိုက်ပြီး အိုးထဲက လက်ဖက်ရည်ကို ငှဲ့ကာ သောက်လိုက်တယ်

မုရုံရွှယ် ခေါင်းခါလိုက်ကာ
"ဘာမွမဟုတ္ဘူး ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာရှိတယ်လို့လဲ"
"ဘာလဲ "
အိုးရန် ခေါင်းမော့လိုက်တယ်

မုရုံရွှယ် သူ့ဘေးဝင်ထိုင်ကာ လျို့ဝှက်စွာ ပြောလိုက်တယ်
"ရှင် ရတနာတွေကို စိတ်ဝင်စားလား"

ရိရီချန်းက ဒါတွေကို အရမ်းဂရုစိုက်နေမှတော့ အဖိုးမတန္တာ မရှိဘူးဆိုတာ သူမသေချာတယ်  သူမက ဥစ္စာမက်တဲ့သူ မဟုတ်ပေမဲ့ ရိရီချန်းနဲ့ ချင်းယုယွမ်ကို အဟန့်အတားဖြစ်စေမယ်ဆိုရင်တော့ သူမလုပ်ချင်တယ်

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now