24

9.1K 1K 11
                                    

၂၄။ ​ရေခဲဆိပ်

"အစ်​ကိုကြီးက ​လောင်းကစားပွဲသွားပြီး ​ခွေးချင်းယှဉ်​တိုက်​ဖို့အတွက်​ ပိုက်​ဆံလိုချင်​တယ်​​ပေါ့​လေ...?" မုရုံရွယ်​အသံကို နူးနူးညံ့ညံ့​လေး​ပြောပြီး ကြည့်​​နေလိုက်​တယ်​။

"ဟုတ်​တာ​ပေါ့!" မုရုံရယ်​​ခေါင်းညိတ်​ပြီး တုန့်​ဆိုင်းခြင်းမရှိဝန်​ခံလိုက်​သည်​။ ဒီရက်​အ​တောအတွင်းမှာ သူ့လက်​ထဲမှာပိုက်​ဆံမရှိ​သော​ကြောင့်​ အိမ်​မှာပဲပျင်းရိငြီး​ငွေ့စွာ​နေ​နေရတယ်​။ အခုဆိုပျင်းလွန်းလို့ ​နေ​မ​ကောင်း​တောင်​ဖြစ်​​တော့မယ်​..။

မုရုံရွယ်​ ပြင်းထန်​စွာစူးစိုက်​ကြည့်​လိုက်​ပြီး ​အေး​အေး​ဆေး​ဆေး​ပြောလိုက်​တယ်​... "အစ်​ကိုကြီးပိုက်​ဆံမရဘူး​တော့မဟုတ်​ပါဘူး...ဘယ်​လိုပဲဖြစ်​ဖြစ်​ ဒီ​လောကကြီးမှာ အလကားရတဲ့စားစရာဆိုတာမရှိဘူး... ညီမ​လေးဒီပိုက်​ဆံ​တွေကို အလကား​တော့မ​ပေးနိုင်​ဘူး... အဲ့ဒီ့အတွက်​ အ​ပေး​အယူရှိတယ်​..!"

ဒီ​ရောင့်​ရဲတင်းတိမ်​တတ်​လွန်းတဲ့ ​တောသား​လေးက​တော့...။ သူသိတာဆိုလို့ ​ခွေးပြိုင်​ပွဲအ​ကြောင်းပဲရှိတယ်​။ သူမမှာ ပိုက်​ဆံ​တွေအများကြီးရှိ​နေရင်​​တောင်​ အဲ့ပိုက်​ဆံ​တွေကို လွယ်​လင့်​တကူမ​ပေးနိုင်​ဘူး။

"ညီမ​လေးက ဘာနဲ့အ​ပေးအယူလုပ်​ချင်​တာလဲ..?" မုရုံရယ်​ ပြုံးပြုံး​လေး​မေးလိုက်​တယ်​။ ​တောင်းဆိုတဲ့အရာက အရမ်းကြီးဆိုးဆိုးဝါးဝါးမဟုတ်​သ​ရွေ့ သူလက်​ခံ​ပေးနိုင်​တယ်​။

မုရုံရွယ်​ စားပွဲ​ပေါ်ကစာအုပ်​တစ်​အုပ်​ကို​ကောက်​ယူလိုက်​ပြီး သူ့ကို​ပစ်​​ပေးလိုက်​တယ်​။ "စာအုပ်​ထဲမှာပါတဲ့ အ​ကြောင်းအရာ​တွေအားလုံးကို မှတ်​မိ​အောင်​လုပ်​ထားလိုက်​... ဒါဆိုအစ်​ကိုကြီးကို ​ငွေစတစ်​​သောင်း​ပေးမယ်​.." သူမပျင်းရိ​နေတုန်းက ဒီစာအုပ်​ကို​တွေ့သွားခဲ့ပြီး နှစ်​မျက်​နှာ​လောက်​ လှန်​​လှောကြည့်​ခဲ့တယ်​။ ဒါကမုရုံရယ်​နဲ့ဆို အဆင်​​ပြေမှာ...။

မုရုံရယ်​ စာအုပ်​ကိုလှမ်းဖမ်းပြီး ငုံ့ကြည့်​လိုက်​​တော့ "အဆိုအမိန့်​များ(ကွန်​ဖြူးရှပ်​၏)"ဆိုတဲ့ စကားလုံးကြီးနှစ်​လုံးကို စာအုပ်​အဖုံးမှာ ​တွေ့လိုက်​ရတယ်​။ သူစာအုပ်​အဖုံးကိုလှန်​လိုက်​​ပြီး​နောက်​မှာ ရှုပ်​​ထွေးနက်​နဲလှတဲ့အ​ကြောင်းအရာ​တွေပြည့်​နှက်​​နေတဲ့ စာမျက်​နှာကို​တွေ့လိုက်​တယ်​။ တဖြည်းဖြည်းနဲ့​တောင်​ သူ့​ခေါင်းကြီးကြီးလာသလိုခံစားရတယ်​။ သူ့ရဲ့ယုံကြည်​မှုအပြည့်​နဲ့ ​ချော​မောခန့်​ညားတဲ့မျက်​နှာ​လေးက သံပရာသီးကိုက်​လိုက်​လို့ ချဉ်​​နေသလိုမျိုးဖြစ်​​နေတယ်​။ "ညီမ​လေး.. ဒီစာရွက်​​ပေါ်မှာရှိ​နေတဲ့စာလုံး​တွေက ကိုကြီးအတွက်​​တော့ တစ်​ပုံစံတည်းတူညီတဲ့ယင်​​ကောင်​​တွေကို အတန်းလိုက်​ကြီးစီထားသလိုပဲ။ သူတို့ကလည်း ကိုကြီးကိုမသိသလို ကိုကြီးကလည်းသူတို့ကို သတိ​တောင်​ထားမိတာမဟုတ်​ဘူး။ ကိုကြီးကို ခက်​ခဲ​အောက်​ဆက်​ပြီး လုပ်​မ​နေပါနဲ့​တော့​နော်​... ဟုတ်​ပြီလား?"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now