64(zawgyi+unicode)

5.4K 669 7
                                    

Zawgyi

64

ချင်ယွီယမ်နောက်ကွယ်မှာ သူလျှိုတွေရှိနေတာက မုရုံရွှယ်ကို အံ့အားသင့်စေတယ်။ ထိုနင်ဂျာတွေက သူတို့ရဲ့လှုပ်ရှားမှုတွေ၊ သိုင်းပညာတွေကအတော်လေးကို အဆင့်မြင့်တယ်။ ဒါပေမယ့် သူမကိုသတ်နိုင်ဖို့က အဲ့လောက်မလွယ်ဘူးလေ!

မုရုံရွှယ်သူမခါးမှာရှိတဲ့ဓားကိုဆွဲထုတ်ပြီး သူတို့ဆီကို အကြောက်အလန့်မရှိပြေးသွားလိုက်တယ်။

တချိန်တည်းမှာပဲ သစ်ရွက်တွေလွင့်လာပြီး သူတို့ပတ်လည်ပျံဝဲနေတယ်။ သူတို့ရဲ့အရိပ်တွေက လျင်မြန်စွာရွေ့နေပြီး လှုပ်ရှားမှုတွေကလည်း အလင်းလိုမြန်ဆန်နေတယ်။

မုရုံရွှယ် သူမဓားကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်လိုက်တယ်၊ ရန်သူဆီကခြိမ်းခြောက်တဲ့အငွေ့အသက်က သူမရဲ့လူသတ်ချင်တဲ့စရိုက်မှာတင် ပျက်ပြယ်သွားတယ်။

အညိုရောင်နင်ဂျာတွေရဲ့မျက်လုံးတွေ မည်းမှောင်သွားကာ ဓားတွေကိုဆန့်ထုတ်ပြီး မုရုံရွှယ်ကိုအလယ်မှာထားကာ ထောင့်လေးထောင့်လုံးကနေ တိုက်ခိုက်တော့တယ်!

မုရုံရွှယ်ဓားသုံးချောင်းကို လျင်မြန်စွာငုံ့ရှောင်လိုက်တုန်း နောက်ဓားတစ်ချောင်းက လမ်းကြောင်းအတိုင်းဖြတ်ဝင်လာကာ သူမနှဖူးရှေ့ကဆံပင်ကို ဖြတ်မိသွားပြီး သူမဆံပင်က ဦးခေါင်းထက်ကနေ မြေပြင်ပေါ်ကို ဖြေးဖြေးချင်းကျသွားတယ်...

မုရုံရွှယ်မျက်လုံးကို စောင်းပြီးကြည့်လိုက်တယ်။ ဒီနင်ဂျာတွေက သူတို့ကိုယ်တိုင်ထူးဆန်းတဲ့အသွင်ရှိနေပြီး သူတို့ရဲ့အစွမ်းတွေကလည်း သေလို့ရတယ်။ သူမသေချာသိနေတာကတော့ သူတို့တွေက ချင်းယန်က သူလျှိုတွေမဟုတ်ဘဲ ချင်ယွီယမ်အဖေပို့လိုက်တဲ့ သူလျှိုတွေဆိုတာကိုပဲ။ သူတို့တွေကတိုက်ခိုက်တဲ့နေရာမှာ အားလုံးအတွေ့အကြုံရှိနေကြပြီး သူမကသူတို့လို လေ့ကျင့်ထားတဲ့သူလည်းမဟုတ်ဘူး။ ပိုဆိုးတာက ဒီမှာသူမကတစ်ယောက်တည်းရှိနေတာကြောင့် သူမသာဆက်တိုက်နေမယ်ဆိုရင် နိုင်မှာမဟုတ်ဘူးဆိုတာ သိနေတယ်! ဒီနင်ဂျာတွေကို လူစုခွဲဖို့အကြံထုတ်မှရတော့မယ်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Место, где живут истории. Откройте их для себя