148: စိတ်မဝင်စားခြင်း

1K 129 5
                                    

ဝှီး ဝှီး ဝှီး
ရှည်မြောမြော ရေမြွေတွေက ယွမ်ဖန်ဖေးဆီ ပြေးဝင်လာကြကာ ခြေကျင်းဝတ်ကို ကိုက်ခဲထားကြသည်။ ယွမ်ဖန်ဖေး ဓားမြောင်ကို ဆွဲထုတ်လိုက်ကာ ရေမြွေတွေကို ပိုင်းဖြတ်လိုက်သည်။ ချက်ချင်း ရေမြွေတွေအကုန် နှစ်ပိုင်းပြတ်ကာ ရေကန်ထဲ ကျကုန်ပြီး လှိုင်းဂယက်တွေ ဖြစ်ကုန်သည်။

ရွှပ် ရွှပ် ရွှပ်
မုရုံရွှယ်လဲ ဓားကို လွှဲယမ်းရင်း မြွေတွေကို ဖြတ်တောက်ကာ ရေကန်ထဲ ကန်ချနေလေသည်။ ဒါပေမဲ့ ရေမြွေတွေက များသထက် များလာတုန်းပင်။

ယွမ်ဖန်ဖေး မျက်မှောင်ကြုတ်ကာ
"မြွေတွေက ဘယ်တော့မှ သတ်လို့မကုန်သလို များသထက် များလာနေတယ် ငါတို့ နည်းလမ်းတစ်ခုရှာရမယ်''

"နင့်မှာ ရှိလား''
မုရုံရွှယ် ဓားကို လွှဲရင်း မေးလိုက်သည်။

"ဟင့်အင်း''
ယွမ်ဖန်ဖေး ခေါင်းခါလိုက်သည်။ သူမက ရန်သူတွေနဲ့ တိုက်ခိုက်တဲ့ နေရာမှာသာ တော်သည်။ စစ်ပွဲမှာသာ ရန်သူတွေနဲ့ ရင်ဆိုင်ဖို့ နည်းလမ်းဆယ်ခုမက သူမမှာ ရှိသည်။ ဒါပေမဲ့ သူမ မြွေတွေနဲ့ မတိုက်ခိုက်ဖူးတာကြောင့် ဘယ်လိုနည်းလမ်းနဲ့ ရင်ဆိုင်ရမလဲ သူမ မသိပေ။

"အား''
အော်သံတစ်ခု ထွက်လာတာကြောင့် မုရုံရွှယ် ခေါင်းမော့ကြည့်လိုက်တော့ အထက်စင်္ကြံတွင် နှစ်မီတာမှ သုံးမီတာအတွင်း ရှည်လျားတဲ့ မြွေတွေက အမျိုးသမီးတွေကို ခုန်အုပ်ရန် သွားနေသည်ကို တွေ့လိုက်ရသည်။

မုရုံရော့ သခင်မကျိုး နဲ့ စုန့်ချင်းယန်လဲ နောက်ကို ဆုတ်နေတဲ့ ထိုလူအုပ်ထဲတွင် ရှိနေသည်။ ရုတ်တရက် သူတို့ ခြေချစရာ မရှိတော့ဘဲ ရေကန်ထဲ ပြုတ်ကျကုန်လေသည်။

"ကယ်ကြပါ...ကယ်ကြပါ''
မုရုံရော့ ရေမကူးတတ်တာကြောင့် ရေထဲ ယက်ကန်ယက်ကန်ဖြစ်နေကာ အော်ဟစ်အကူအညီတောင်းနေလေသည်။

"ကယ်ကြပါ..'
သခင်မကျိုးလဲ ရေထဲ ပေါ်လိုက် မြှုပ်လိုက် ဖြစ်နေကာ အော်ဟစ်နေသည်။

စုန့်ချင်းယန်ကတော့ ရက်အနည်းငယ်ခန့် ရေကူးနည်း သင်ထားတာကြောင့် ရေဘယ်လိုကူးရမလဲ အနည်းငယ်သိလေသည်။ သူမ ရေထဲ ရုန်းကန်နေရင်း ခေါင်းက ပတ်လည်ကို ဝေ့ကြည့်လိုက်တော့ ဇိမ်ခံလှေထက်က မုရုံရွှယ်ကို တွေ့လိုက်ရသည်။ သူမ မျက်လုံး တောက်ပသွားပြီး
"ဝမ်းကွဲအစ်မရွှယ် ကယ်ဦး ငါ့ကို ကယ်ဦး''

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး حيث تعيش القصص. اكتشف الآن