Zawgyi
'ရွှီး'
ထက်ရှတဲ့ မြှားက မုရုံရွှယ်ရှိရာ ဦးတည်သွားနေပြီး သူမကို ဘယ်နေရာထိပါစေ နာကျင်အောင် ပြုလုပ်နိုင်လေသည်။မုရုံရွှယ် တစ်ချက်ပြုံးလိုက်ကာ ဝတ်စုံနက်လူကို တွန်းထုတ်လိုက်ပြီး မြှားကို သူမရဲ့ ဓားမြောင်နဲ့ ကာလိုက်လေသည်။
ခန့်မှန်းရခက်တဲ့ ပုံရိပ်တစ်ခုက သူမရှေ့မှာ ရုတ်တရက် ပေါ်လာပြီး သူမရဲ့ ဓားမြောင်ကို ရပ်လိုက်ပြီးနောက် ညင်သာစွာ သူ့လက်ကို ဝေ့ယမ်းလိုက်တော့ မြှားက ချက်ချင်းလမ်းကြောင်းပြောင်းသွားကာ ပြန်လှည့်သွားလေသည်။
မြှားက လာရာလမ်းအတိုင်း ပြန်လှည့်သွားပြီး ပြတင်းပေါက်နားမှာ ရပ်နေတဲ့ စုနန်ရှန်းရဲ့ ပခုံးကို အရှိန်ပြင်းစွာ ထိမှန်သွားသည်။ မြှားအရှိန်ကြောင့် စုနန်ရှန်းလဲ နှစ်မီတာ သုံးမီတာလောက် လွင့်သွားကာ နံရံကို တိုက်မိပြီးမှ ရပ်သွားပြီး သွေးတွေက သူမအဝတ်အစားကို ပေပွသွားသည်။
"သခင်မလေး!!"
မီအာ ဝမ်းနည်းစွာ အော်လိုက်သည်။ပရမ်းပတာဖြစ်နေတဲ့ လမ်းကျဉ်းလေးက ချက်ချင်းတိတ်ဆိတ်သွားသည်။ ဝတ်စုံနက်လူတွေလဲ တိုက်ခိုက်နေတာကို ချက်ချင်းရပ်လိုက်ကာ ထိုခရမ်းရောင်ဝတ်စုံနဲ့လူနား ဝန်းရံလိုက်ကြပြီး ကျယ်လောင်စွာ ပြောလိုက်ကြသည်။
"မင်းသား!"ခရမ်းရောင်ဝတ်စုံနဲ့လူက မုရုံရွှယ်ကို ကြည့်လိုက်ပြီး ကြင်နာစွာ မေးလိုက်လေသည်။
"မင်းအဆင်ပြေရဲ့လား""ရှင်ပဲ"
မုရုံရွှယ် အံ့အားသင့်စွာဖြင့် သူ့ကို ကြည့်လိုက်ပေမဲ့ စိတ်ထဲမှာတော့ သံသယတွေအပြည့်ဖြစ်သည်။ သူမသူ့ကို ကယ်တော့မှ သူမတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာပါ သူမသူ့ကို အပြစ်မလုပ်ခဲ့ဖူးပေ။ ဒါဆို သူက ဝတ်စုံနက်လူတွေလွှတ်ပြီး သူမကို သတ်ခိုင်းရတာလဲ အခုကျ အကျိုးအကြောင်းမသင့်တော့ဘဲ သူမကို ကယ်နေပြန်သည်။
ရွှမ်ဖုန်း မုရုံရွှယ် ရှေ့ကို ရောက်လာပြီး ကာကွယ်လိုက်ကာ ဝတ်စုံနက်အဖွဲ့နဲ့ လျို့ဝှက်တဲ့လူကို သတိအပြည့်ဖြင့် စောင့်ကြည့်နေလေသည်။
ESTÀS LLEGINT
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Literatura romànticasummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...