165-166

1.1K 119 16
                                    

#chapter165
အနာဂတ်ယောက်ဖလောင်းလေးကို လမ်းညွှန်မှုများ ပေးခြင်း

"ချင်းဟော်ရန် ငါ့အတွက် ပြင်ဆင်ထားတဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ထား ပြီးတော့ ချင်းယွီယမ်ကို စောင့်ကြည့်နေတဲ့ မင်းလူတွေကို စိတ်မပျက်ရပါစေနဲ့"
အိုးရန် အေးစက်စွာ ပြောလိုက်ကာ သူ့ရဲ့ နက်မှောင်တဲ့ မျက်ဆံက အလွန်တရာ နက်ရှိုင်းတဲ့ ရေကန်လို နက်ရှိုင်းသွားသည်။

အားလုံးက မော့ပိုင်တော်ဝင်မိသားစုတွေကပဲ ခိုင်းစေအမိန့်ပေးနိုင်တဲ့ မော့ပိုင်တောင်ဝင်အစောင့်တွေ ဖြစ်သည်။ နောက်ကွယ်က အမိန့်ပေးနေတဲ့ တကယ့်စီစဉ်ညွှန်ကြားသူကို သိဖို့ပဲ ကျန်တော့သည်။

"ဟုတ်ကဲ့"
ရွှမ်ဖုန်း အသံတိုးတိုးလေးဖြင့် တုန့်ပြန်လိုက်သည်။ သူ့ဘက်ခြမ်းက ကြည့်ရင် အိုးရန်တစ်ယောက်သာ အိပ်ယာပေါ် လှဲနေတာကို တွေ့ရလေသည်။ သူ မျက်မှောင်ကြုတ်ကာ အသံတိုးတိုးလေး ပြောလိုက်သည်။
"မင်းသား....."

"တခြားရှိသေးလား "
အိုးရန် ထက်ရှတဲ့ မျက်လုံးအစုံနဲ့ ရွှမ်ဖုန်းကို ကြည့်နေသည်က တဖက်လူကို ကျောချမ်းသွားစေသည်။

"မ..မ..မရှိတော့ဘူး သွားတော့မယ်"
ရွှမ်ဖုန်း ကတိုက်ကရိုက် ပြောကာ ပျောက်ကွယ်သွားသည်။

အိုးရန် သူ့အကြည့်ကို ရုပ်သိမ်းကာ မုရုံရွှယ်ကို ကြည့်လိုက်တော့ သူမ မျက်လုံးမှိတ်ကာ အသက်မှန်မှန်ရှူနေတာကို တွေ့လိုက်ရသည်။ သူမရဲ့ ရှည်လျားတဲ့ မျက်တောင်တို့က လိပ်ပြာတောင်ပံလေးတွေလို ဖြစ်နေကာ သူမမျက်လုံးပေါ်မှာ ထူထဲတဲ့ အရိပ်နှစ်ခု အဖြစ် ရှိနေလေသည်။ သူမရဲ့ လှပတဲ့ မျက်နှာသေးသေးလေးက အနည်းငယ်ဖျော့တော့နေကာ ငြိမ်းချမ်းစွာ အိပ်ပျော်နေတဲ့ အလှလေးကို နှောင့်ယှက်ဖို့ သူ့ကို မဝံ့မရဲ ဖြစ်စေသည်။

အိုးရန် တခစ်ခစ်ရယ်လိုက်ကာ စောင်ပါးလေးကို ဆွဲပြီး သူတို့နှစ်ယောက်ပေါ် လွှမ်းခြုံလိုက်သည်။ သူမရဲ့ ချောမွတ်နေတဲ့ မျက်နှာကို သူ့လက်ချောင်းလေးနဲ့ ဖွဖွလေး ထိလိုက်၏။ ဘာလို့ သူမက အဲ့လောက် အ ရတာလဲ? ဘယ်အချိန်မှ ပါးနပ်လာပြီး သူ့ရဲ့ သူမအပေါ်ထားတဲ့ ခံစားချက်ကို နားလည်လာမှာလဲ?

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Opowieści tętniące życiem. Odkryj je teraz