61(zawgyi+unicode)

6.5K 720 18
                                    

၆၁။

"နို့ချဉ်​" မုရုံရွှယ်​ပြုံးပြီး​ပြောလိုက်​တယ်​။

နို့ချဉ်​? အဲ့တာဘာကြီးလဲ?

သူတို့​တွေ နွားနို့တို့ ဆိတ်​နို့တို့ဆိုတာပဲကြားဖူးပြီး နွားနို့ဆိုရင်​ နွား​တွေက​နေရတယ်​။ ဆိတ်​နို့ဆိုရင်​ဆိတ်​​တွေက​နေ ရတယ်​ဆိုတာပဲသိတာ။
ဒါ​ပေမဲ့...နို့ချဉ်​ဆို​တော့ အချဉ်​လို့နာမည်​ရှိတဲ့သတ္တဝါရှိလို့လား။

ရွှမ်​ဖုန်းနဲ့ဝူဟန်​တို့တစ်​​ယောက်​နဲ့တစ်​​ယောက်​ ပ​ဟေဠိ မျက်​လုံး​တွေနဲ့ကြည့်​ပြီး မုရုံရွှယ်​ဘက်​ကို​ငေးကြည့်​ကြတယ်​။

မုရုံရွှယ်​ကပြုံးပြီး "နို့ချဉ်​က တိရစ္ဆာန်
က​နေရတာမဟုတ်​ပါဘူး။ ဒါကိုနွားနို့က​နေ လုပ်​ထားတာ။ဒါက အစာ​ကြေလွယ်​ပြီး အစာအိမ်​အတွက်​​ကောင်းတယ်​။ အဆီနဲ့ အ​အေးစာ​တွေစားပြီးတဲ့အချိန်​စားရင်​ အ​ကောင်းဆုံးပဲ။ ​တောင်​​ပေါ်မှာငါတို့​တွေ အစားအ​သောက်​ကို ​ကောင်း​ကောင်းပြင်​ဆင်​စား​သောက်​ဖို့ရာမဖြစ်​နိုင်​မှန်း သိလို့ ငါယူလာတာ။ လာ​မြည်းကြည့်​ပါလား။"

"​ကျေးဇူးတင်​ပါတယ်​...မိန်းက​လေးမုရုံ။"

ရွှမ်​ဖုန်းနဲ့ ဝူဟန်​တို့ကနို့ကိုသိပ်​​တော့မကြိုက်​​ကြ​ပေမဲ့ အခုဟာကို သူတို့​တော်​​တော်​​လေးစိတ်​ဝင်​စား​နေကြတယ်​။ အဲ့တာ​ကြောင့်​သူတို့​​တွေတစ်​​ယောက်​တစ်​ခွက်​ဆီယူပြီး အရသာကိုမြည်းစမ်းကြည့်​ကြတယ်​။ ပြစ်​ခဲ​နေတဲ့အရည်​​တွေက လည်​​ချောင်းထဲက​နေပြိီး အစာအိမ်​ထဲစီးဝင်​သွားတဲ့အခါ ​အ​နွေးဓာတ်​ကိုခံစားရယ်​။ သူတို့ရဲ့မျက်​လုံး​တွေအ​ရောင်​​တောက်​သွားပြီး ချီးကျူးစကား​ဆိုကြတယ်​။
" မဆိုးဘူး။ မဆိုးဘူး။ ဒီဟာကတကယ်​ကိုတစ်​ခုခုပဲ။"

ဒီနှစ်​​ယောက်​ရဲ့ ဖြီးဖြန်းစကား​တွေကိုကြည့်​ပြီး မုရုံရွှယ်​ပြုံးမိတယ်​။ အဲ့​နောက်​သူမအိုးရန်​​ရှောင်​ချန်​ဆီကိုလက်​လှမ်း​ပေးလိုက်​​ပြီး ​ပြောလိုက်​တယ်​။ "လာ.....မြည်းကြည့်​​လေ။"

"​ကောင်းပြီ​လေ။" အိုးရန်​​ရှောင်​ချန်​​ခေါင်းညှိမ့်​ပြီး တစ်​ငုံ​သောက်​ကြည့်​လိုက်​တယ်​။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now