144: နဂါးလှေပြိုင်ပွဲ ၃

1.2K 158 18
                                    

(Zongzi - ဇုန်ဇီ က တရုတ်ရိုးရာ ကောက်ညှင်းထုပ်ပါတဲ့
ငါးအသားပေါင်း မဟုတ်ဘူးတဲ့😁 ggက ပုံက ငါးအသားလွှာ လိုဖြစ်နေလို့ သွင်က စာမဖတ်တော့ဘဲ ငါးအသားပေါင်းလို့ ရေးလိုက်တာ သွေ့ပုချိ)

အိုးရန် သူမကို တချက်ကြည့်ကာ သုန်မှုန်စွာ ပြောလိုက်သည်။
"သူတို့လှေက ပြည့်နေပြီ"

"အာ.. ဒါဆို ကျွန်မတို့ ဘယ်ကို သွားနေတာလဲ"
မုရုံရွှယ် စိတ်ရှုပ်စွာ မေးလိုက်သည်။ အိုးရန် ဒေါသကို မြိုသိပ်ကာ သူမကို ဇိမ်ခံလှေပေါ် ဆွဲတင်လိုက်သည်။

လှေကြမ်းပြင်ကို နှင်းဆီသားနဲ့ လုပ်ထားကာ မှန်တစ်ချပ်လို ချောမွေ့နေတာကြောင့် ကြည့်ရင် ပုံရိပ်တောင် ထင်နိုင်သည်။ စန္ဒကူးလှေတိုင်က ဖီးနစ်ပုံစံ လက်ရာမြောက်စွာ ထွင်းထုထားသည်။ အထက်မှာ ထောင့်ရှစ်ခုပါဝင်တဲ့ လှပတဲ့ မီးအိမ်နှစ်ခုကို ချိတ်ဆွဲထားကာ နှင်းဆီသားမှာ မှန်အပိုင်းအကန့်တွေ စီခြယ်ထားပုံက အလွန့်အလွန် အဖိုးတန်ပြီး နူးညံ့သိမ်​မွေ့သေသပ်တဲ့ ပန်းပုရုပ်လိုပင်။

"ဒါက... ရှောင်းယောင်အိမ်တော်ရဲ့ ဇိမ်ခံလှေလား"
မုရုံရွှယ် မျက်လုံးပြူးကာ မေးလိုက်သည်။ သူမ အရင်က အလွန် ကောင်းမွန်ပြီး တန်ဖိုးကြီးတဲ့ ဇိမ်ခံလှေတွေ အများကြီး မြင်ခဲ့ဖူးပေမဲ့ ဒီတစ်ခုကိုတော့ ဘယ်ဟာကမှ မယှဉ်နိုင်ပေ။

အိုးရန် 'အင်း' ဟု အသံပြုလိုက်ကာ နှင်းဆီသားနဲ့ လုပ်ထားတဲ့ စားပွဲမှာ ထိုင်လိုက်သည်။ လက်ဖက်ရည်အိုးကို မ ယူလိုက်ကာ လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်သည်။ သင်းပျပျရနံ့က အထက်ကို ဆန်တက်လာကာ အနံ့ရတဲ့လူတိုင်းရဲ့ မျက်လုံးတို့က အရောင်တောက်လာကြသည်။ ကောင်းလိုက်တဲ့ အနံ့။

စုန့်ချင်းယန်ရဲ့ မျက်လုံးထဲ မနာလိုမှုတို့ ပြည့်နှက်လာသည်။

အခု စုန့်ချင်းယန် မုရုံရွှယ်ကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးနဲ့ စိုက်ကြည့်နေသည်။ အထက်စင်္ကြံစင်မြင့်ကနေ မောင်းထုတ်လိုက်သည်နှင့် အရှက်ကွဲသွားပေလိမ့်မည်ဟု ထင်ထားခဲ့ပေမဲ့ သူမက မင်းသားအိုးရန်နဲ့အတူ ရှောင်ယောင်အိမ်တော် ဇိမ်ခံလှေပေါ် ရောက်သွားသည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now