၅၅။ သတိပေးခြင်း
မုရုံရွှယ် လှည့်ကြည့်လိုက်တော့ ချင်ယွီယွမ်က ကျက်သရေရှိရှိလျှောက်လှမ်းလာတာကို တွေ့လိုက်ရတယ်။ သူမက ကြွေပန်းပွင့်တွေစီချယ်ထားတဲ့ အစိမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားတယ်။ သူမခါးနားမှာ ခါးစည်းကြိုးနဲ့စည်းထားပြီး အဲ့တာက ပိုမိုလှပပြီးအကြည့်မခွာနိုင်လောက်အောင်ဖြစ်စေတယ်။
"ယွီယွမ်.. ဘာလို့ဒီကိုရောက်လာတာလဲ?" ရိရီချန်း ငြင်သာစွာ ပြောလိုက်တယ်။ သူ့ရဲ့ခက်ထန်တဲ့မျက်နှာကလည်း ရုတ်ချည်းနူးညံ့ပျော့ပြောင်းသွားတယ်။
"မှောင်လာပြီလေ.. ပြီးတော့ လေတွေမိုးတွေတိုက်ရင် မင်းသားမိုးမိမှာစိုးလို့ ဝတ်ရုံယူလာပေးတာပါ..!" ချင်ယွီယမ်ပြုံးကာ ရိရီချန်းကို ခရမ်းရောင်ဝတ်ရုံ ခြုံပေးလိုက်တယ်။
ဝတ်ရုံးက အထူးကောင်းမွန်းပြီး ရွှေရောင်ချည်လေးတွေနဲ့ ရေလှိုင်းသဏ္ဌာန် တိမ်သဏ္ဌာန်တွေရေးထိုးထားတယ်။ အဲ့တာက ရိရီချန်းရဲ့တင့်တယ်မှုနဲ့ရက်စက်တဲ့အသွင်ကို ပိုပြီးရုပ်လုံးကြွစေတယ်။ ဒါပေမယ့် သူချင်ယွီယွမ်ကို ကြည့်တဲ့အကြည့်ကတော့ နူးညံ့နေဆဲ.. "ကျေးဇူး.."
ချင်ယွီယမ်ရဲ့မျက်လုံးထဲမှာ ကြည်နူးမှုအရိပ်အယောင်တွေ ပေါ်လာပြီး "ဒါက ကျွန်မလုပ်ရမယ့်..."
"မင်းသားကျင်း... မင်းသမီးချင်... ရှင်တို့ချစ်ကြည်နူးတာတွေလုပ်ချင်ရင် ချင်းယန်နန်းတော်ကို ပြန်သွားလိုက်ပါ... အဲ့မှာ ရှင်တို့ကြိုက်သလောက်လုပ်လို့ရတယ်.." မုရုံရွှယ် တည်ငြိမ်စွာ ပြောလိုက်တယ်။ သူမမျက်ဝန်းတွေကတော့ စိတ်ရှုပ်တဲ့အသွင်နဲ့ "ဒါကျွန်မရဲ့နေရာပါ.. ကျွန်မမှာလုပ်စရာတွေအများကြီးရှိသေးတယ်... ရှင်တို့ ပလီပလာလုပ်နေတာကိုကြည့်နေရလောက်အောင် မအားသေးဘူး... ထွက်ပေါက်က အရှေ့နားမှာပါ!"
ရိရီချန်း မျက်နှာပျက်သွားတယ်။ ဖြည်းဖြည်းချင်း မုရုံရွှယ်ကိုကြည့်လိုက်တယ်။ ဘာစကားမှတော့ မဆိုဘူး။
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...