96: ရတနာ ရှာတွေ့ခြင်း

1.8K 216 15
                                    

Zawgyi

Happy Halloween dayပါ
ဒါလေးက အပိုအပိုင်းပါ

ဥမင်က ကျဉ်းမြောင်း ရှည်လျားပြီး အဆုံးကို မမြင်နိုင်ပေ စိုစွတ်ထိုင်းမှိုင်းတဲ့အနံ့က မုရုံရွှယ်အား တွန့်ဆုတ်စေသည်
"ဥမင်ထဲ လျှောက်နေတာ တစ်နာရီရှိပြီ အခုထိ တူတူလိုပဲ ဘယ်နေရာရောက်နေပြီလဲ"

တွေဝေနေတဲ့ သူမမျက်နှာကို ကြည့်ပြီး အိုးရန်ပြုံးလိုက်ကာ
"မြေပုံထဲ ဘာအမှတ်အသားမှ မတွေ့ဘူးလား"

မုရုံရွှယ် မြေပုံကို ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။
"ရတနာရဲ့ တည်နေရာပဲ ပါတယ်  ဂူ ဒါမှမဟုတ် ဥမင်ရဲ့ မြေပုံအမှတ်အသားမပါဘူး"
အမှတ်အသားတွေက အသေးစိတ်တယ် အရင်ဧကရာဇ်က ဒီနေရာအတွက် ဘာအမှတ်အသားမှ မချန်ခဲ့တာ အံ့သြစရာတော့မရှိပေ မဟုတ်ရင် လူတိုင်း ရတနာရှိတဲ့နေရာကို ရှာတွေ့သွားမှာပေါ့

အိုးရန် ကျောက်တုံးနံရံကို လေ့လာလိုက်ကာ ပြောလိုက်သည်။
"ဥမင်မှာက အနံ့ဆိုးတယ် ပြီးတော့ ဝင်ပေါက်ရော ထောင်ချောက်ရော မတွေ့ဘူး ဆက်သွားရအောင် ကိုယ်တို့ ထွက်ပေါက်တော့ တွေ့မှာပါ"

"ရွေးစရာမှမရှိတာ"
မုရုံရွှယ် ငြိမ်သက်နေသည် ဥမင်က စက်ဝိုင်းပုံစံမဟုတ်ပါစေနဲ့ဟု ဆုတောင်းနေရသည် မဟုတ်လျှင် သူမတို့ အစေနရာကိုပဲ ပြန်ပြန်ရောက်လာပြီး တစ်သက္လုံး ဥမင်ထဲ နေနေရလိမ့်မယ်

ရုတ်တရက် လေပြေတစ်ခုက သူမပါးကို ကျီစယ်သွားသည် မုရုံရွှယ် မျက်နှာ ဝင်းလက်သွားကာ
"လေတိုက်တယ် အနီးအနားမွာ ထွက်ပေါက် ရှိမယ်ထင်တယ်"
အကယ်၍ ထွက်ပေါက်မဟုတ်ရင်တောင် တံခါး ဒါမှမဟုတ် တခြားလမ်းကို ဆက်ပေးထားတဲ့ တစ်ခုခုဖြစ်နိုင်တယ် ဒါဆို သူတို့ ဥမင်ထဲ လည်နေစရာမလိုတော့ဘူး

ကျောက်တုံးနံရံတွေက တူနေတုန်းပဲ ကွာခြားမှု တစ်ခုတစ်လေကိုတောင် မတွေ့ရသေးဘူး အိုးရန်မျက်နှာ မည်းမှောင်လာကာ
"ထွက်ပေါက်က အနီးအနားမွာ ရှိနေသင့်တာ သေသေချာချာရှာရအောင်"

"အင်း"
မုရုံရွှယ် ခေါင်းညိတ်ကာ သူမ၏ သေးသွယ်သော လက်များဖြင့် နံရံကို လိုက်တွန်းကြည့်နေလေသည်။ နံရံတွေက စေးကပ်နေကာ ရေညှိများဖြင့် ပြည့်နေလေသည်။ ဆားနံ့က သူတို့ဆီ တစ်ဖန် ရောက်လာလေပြန်သည် မုရုံရွှယ် နဖူးတွန့်မိပေမဲ့ နံရံကိုသာ ဆက်တွန်းနေလေသည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now