29

10K 1K 19
                                    

၂၉။ အချစ်ပြိုင်ဘက်တွေ ကြားက တိုက်ပွဲ

   ခရမ်းရောင်ပုံရိပ်လေးက မှောင်မဲနေတဲ့ ညအလယ်မှာ ပေါ့ပါးစွာ ကမ်းဘေးနားကို တင့်တယ်စွာ ဆင်းလာတယ် မြင့်မားသော   အရပ်အမောင်းနဲ့ လှပပြီး ယောက်ျားပီသတဲ့မျက်နှာ ထိုသူက ဘယ်သူမှ မဟုတ်ဘူး ချင်းအိမ်ရှေ့စံ ရိရီချန်းပဲ ရေပူစမ်းထဲက အိုရန်ရှောက်ချန် နဲ့ မုရုံရွယ် တို့ကိုနီဝင်းဝင်းတောက်နေတဲ့
မျက်လုံးတစ်စုံနဲ့ စိုက်ကြည့်နေတယ်
သူက သူတို့ကို မီးလောင်ပြီး ဆုံးသွားဖို့ အလိုရှိတယ်။

       အိုရန်ရှောက်ချန်က  သတိဝင်လာပြီး ဂရုတစိုက်နဲ့ နေရာရွေ့ပြောင်းလိုက်တယ် သူကစိုစွတ်နေတဲ့ ၀တ်ရုံရှည်ကို
ရေထဲကနေ လုယူလိုက်ပြီး မုရုံရွယ်ရဲ့ နူးညံ့ချောမွေ့နေတဲ့  ခန္ခာကိုယ်ပေါ် တင်လိုက်ရင်း မြင်သာနေတဲ့ အသားအရေပေါ်ကို ဖုံးပေးလိုက်တယ်။ သူက ယဉ်ကျေးစွာ မပြောဘဲ
"ချင်အိမ်ရှေ့မင်းသား၊သည်နေရာက မင်းကိုမကြိုဆိုတဲ့အတွက် အခုချက်ချင်း ထွက်မသွား!"

"မင်းအသက်မရှုချင်တော့ဘူးလား တော်ဝင်မင်းသား အိုရန်ရှောက်ချန်၊ ငါ အိမ်ရှေစံက ငါစောင့်ကြည့်နေတဲ့ လူကို တွေ့နေရပြီး ဒီအတိုင်း ထွက်သွား သင့်တယ်ပေါ့" ရီရီချန်းက အိုရန်ရှောက်ချန်လို သိုင်းပညာ ကျွမ်းကျင်မှုမှာ ပါရမ်ီရှိပြီး အတွေ့အကြုံရှိတယ်လို ယုံကြည်တယ် ထို့အပြင် ဒါက သူ့နန်းတော်နဲ့ ပေါင်းစပ်ထားတဲ့ နေရာလေ။ ဒါကြောင့် ဒီမှာ အိုရန်ရှောက်ချန်နဲ့ သဘောထား ကွဲလွဲနေတာက မလျောကန်ဘူး ပြီတော့ စိတ်အနောက်ယှက်လဲ မပေးသင့်ဘူး သူ ဒီကို တစ်ယောက်ယောက်ကြောင့် ရောက်လာတာ ဘယ်လိုလဲဆိုတော့ ထိုလူက သူစောင့်ကြည့်နေတဲ့ လူမလိုပဲ "မုရုံရွယ် ဒီကိုလာခဲ့!"

     သူမ အဆိပ်ရဲ့ တိုက်ခိုက်ခြင်း ခံရတာက သူနဲ့ဆိုင်တယ် သူက ဒီညရဲ့ နောက်ညမှာမှ သူမဆီကို မီးတောက်ပဒုမ္မာအစေ့တွေ ပို့ပေးချင်ခဲ့လို့ပဲ ဒါပေမဲ့ သူအံ့ဩတာက သူမ အိုရန်ရှောက်ချန်နဲ့အတူ ရေပူစမ်းထဲ ပူးကပ်ပြီး ရင်းရင်းနှီးနှီးနဲ့ကို နွေးထွေးမှုဖြင့် စိမ်ခံနေသေးတယ် ဒါက အလွန်ကို မနှစ်မြို့စရာကောင်းတယ်

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now