12

10.2K 1.1K 14
                                    

Zawgyi

Translated by Baby_Mariee

မုရုံရွှယ် သူမ၏ မျက်ခုံးတန်းတွေကို ပင့်မလိုက်မိတယ်။ သူတို့အိမ်တော်က အစောင့်တွေက ရန်သူလာတာ မလာတာကို ကြိုတင်အသိမပေးနိုင်ခဲ့တာ အံ့သြစရာမရှိပါဘူး။ သူတို့ မင်းသားကျင်းနဲ့ တွေ့နေခဲ့တာကိုး!

ရီရိချန်းရဲ့ လူတွေက သွေးသံတရဲရဲနဲ့ တိုက်ပွဲတွေအကြား သေခြင်းနဲ့ စစ်ခင်းပြီး ပြန်လာခဲ့သူများ ဖြစ်တယ်။ သူတို့ရဲ့ သိုင်းပညာကလည်း အံ့မခန်းကောင်းမွန်တဲ့အပြင် လှုပ်ရှားမှုကလည်း သွက်လက်လှတယ်။ မြို့တော်အတွင်းမှာသာ မဟုတ်ဘူးဆိုရင် အိမ်တော်အစောင့်တွေဟာ ဘယ်လိုပဲ ကြိုးစားတိုက်ခိုက် တိုက်ခိုက် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ဘဲ စစ်သည်တွေရဲ့ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံရနိုင်တယ်။

နက်ပြာရောင်ဝတ်စုံနှင့် မုရုံရယ့်က သူ့ရဲ့ အားနည်းပြီး ပိန်ပါးလှတဲ့ခန္ဓာကိုယ်နဲ့ သူမရဲ့ ရှေ့မှာ ပိတ်ရပ်လိုက်ကာ ကာကွယ်ဖို့ လုပ်ဆောင်လိုက်တယ်။ သူရဲ့ အနက်ရောင် ကျောက်စိမ်းနဲ့တူတဲ့ မျက်လုံးတွေနဲ့ ရီရိချန်းကို ကြည့်လိုက်တယ်။ " မင်းက ဒီကို ဘာလာလုပ်တာလဲ? "

" ငါ့ရဲ့ ကိုယ်လုပ်တော်ကို လာခေါ်တာလေ! " ရီရိချန်း အေးစက်စွာ အဖြေပေးလိုက်တယ်။ သူ့ရဲ့ အကြည့်စူးစူးတွေနဲ့ မုရုံရယ့်ကို သိမ်းကျုံးရှပ်တိုက်ကာ ကြည့်လိုက်ပြီး အနောက်မှ မုရုံရွှယ်ဆီကို အကြည့်ပို့လိုက်တယ်။

မုရုံရွှယ်က မင်္ဂလာဝေါယာဉ်ပေါ်ကို အသာတကြည် တက်မှာမဟုတ်ဘူးဆိုတာ သူ သိတယ်။ အဲဒါကြောင့် သူမနဲ့ အပေးအယူလုပ်နိုင်မည့် အကြံအစည် အမျိုးမျိုးကို သူ တွေးတောနေတယ်။ မုရုံရွှယ်က ဘယ်လောက်ပဲ ခက်ခဲအောင် ကြိုးစားကြိုးစား သူမ သူ့ကို လက်ထပ်ပြီး မင်းသားကျင်းအိမ်တော်ကို ဝင်လာအောင် အလွယ်တကူ လုပ်ဆောင်နိုင်တယ်။

ဒါပေမယ့် သူတို့ရဲ့ မင်္ဂလာနေ့မှာ သူမက ရိုးရှင်းသည့် အဖြူရောင်ဗြောင်ဝတ်စုံကို ဝတ်ဆင်ပြီး ဘိုးဘေးကန်တော့ဖို့ လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားမိခဲ့ပေ။

သူမက ကိုယ်လုပ်တော်အဖြစ် လက်ထပ်ရတာကို မကျေနပ်တာလား ဒါမှမဟုတ် သူတို့ရဲ့ မင်္ဂလာပွဲမှာ ကျက်သရေမရှိ ကံဆိုးမိုးမှောင်ကျအောင် တမင်တကာ လုပ်နေတာလား?

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Tahanan ng mga kuwento. Tumuklas ngayon