88

3.3K 384 8
                                    

အခန်း(၈၈)

ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံဝတ်ထားတဲ့ လူရိပ်တစ်ရိပ်၊ သုံးမီတာအကွာလောက်ကနေထွက်လာတဲ့ အထက်ဆီးဆန်ဆန်အသံတစ်သံ။

"ငါဘဲ။"

လှပတဲ့ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်တဲ့ခန္တာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မော့ပေ ရဲ့

တော်ဝင်မင်းသမီး ၊ ချင်းရန် ရဲ့သူရဲကောင်းမင်းသား ရိရီချန်း ရဲ့ အသည်းအသက် မင်းသမီး ချင်းယုယွမ် ကသူမကို ကူညီမတဲ့လား။

စုန့်ချင်းရန်  အံ့ဩလွန်းလို့ မျက်လုံးတွေပါပြူးကုန်တယ်။ အရင်တုန်းက သူမနဲ့ နည်းနည်းတောင် မပက်သတ်ချင် ခဲ့တဲ့သူကိုး။

"မင်းသမီးက ကျမကိုဘာကြောင့်ကူညီချင်တာလဲ။"

" မုရုံရွှယ်  ကို ငါ့မျက်လုံးထဲ မြင်နေရတာကို ဘယ်လိုမှသည်းမခံနိုင်လို့ဘဲ"

လို့အေးစက်စက်ပြန်ဖြေတယ်။ ရီချန်း က မုရုံရွှယ်  ကို ဆေးကောင်းဝါးကောင်းတွေနဲ့ ကုနေမှတော့ သူမရဲ့ ရှိရှိသမျှ အတွင်းအပြင်း ဒဏ်ရာတွေ ပျောက်တာ မြန်တာပေါ့။ ငါကတော့ ငါ့ကိုရိုက်ပုတ်စော်ကားခဲ့တာကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ သူမကို တစ်စစီအပိုင်းပိုင်းလုပ်ပစ်ရမှ ငါကျေနပ်နိုင်မယ်။

မျက်မျက်ချောင်းချောင်းထွက်နေတဲ့ မင်းသမီးကိုကြည့်ရင်း စုန့်ချင်းရန် မုရုံရွှယ်  နဲ့ မင်းသမီးချင်းယုယွမ် တို့စကားအချေအတင်များပြီး အနိုင်လုခဲ့ကြတဲ့ ညစာစားပွဲကို ရုတ်တရက် သတိရသွားတယ်။"

မင်းသမီးချင်းယုယွမ် နဲ့ မင်းသားရိရီချန်း တို့ကချစ်သူတွေ ပြီးတော့ သူတို့ကစေ့စပ်ထားတာ။ မင်းသမီးက မုရုံရွှယ်ကို မျက်စိဆံပင်မွေးဆူးနေမှတော့ ငါ့ကိုကူညီပြီပေါ့။ ဒီလိုဆိုမှတော့ မုရုံရွှယ်ကို မှတ်လောက်သားလောက်ဖြစ်သွားအောင် သင်ခန်းစာလှလှလေးပေးရမပေါ့။

"မင်းသမီးချင်း ဘာလုပ်ဖို့စဉ်းစားထားလဲ။"

" ငါ မုရုံရွှယ်  ကိုအပြစ်ပေးရမှကျေနပ်နိုင်မယ်။ မုန်းဖို့ကောင်းလိုက်တာ ဟုတ်ပြီ-သူမကို ပညာပေးဖို့နဲ့ နင့်ရဲ့ဒေါသတွေကို ဖြေဖျောက်နိုင်မယ့် အကြံကောင်းတစ်ခုရပြီ စုန့်သခင်မ" လို့မင်းသမီးက အကြည့်စိမ်းစိမ်းကြီးနဲ့ ခပ်ဖြေးဖြေးပြောလိုက်တယ်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Kde žijí příběhy. Začni objevovat