2.ဇနီးမယားအဖြစ်​မှ ကိုယ်​လုပ်​​တော်​သို့ အဆင့်​ ​လျှော့ချခြင်း

14.8K 1.5K 15
                                    

ရိရီချန်းရဲ့ မျက်​နှာ မည်းသွားတယ်​ သူမျက်​လွှာချပြီး စိတ်​ရှည်​စွာ ရှင်းပြတယ်
"မင်းကနှစ်​​တွေ အများကြီး မကျန်းမာဘူး​လေ မင်းရဲ့ခန္တာကိုယ်​က အားနည်း​နေ​သေးတယ်​ ​စေ့စပ်​ပွဲဖျက်​သိမ်းလိုက်​ရင်​ မိသားစု​ကောင်း​ကောင်းထဲကို ဝင်​ဖို့ မဖြစ်​နိုင်​ဘူး ပြီး​တော့ မင်းငါ့ကို အချိန်​အကြာကြီး ​စောင့်​ခဲ့တယ်​ ငါမင်းကို ဘယ်​လိုမှ သ​ဘောမထားခဲ့ဘူး မင်းသားနဲ့ လက်​ထပ်​ပြီးတဲ့အခါ ပထမဇနီးထက်​ တစ်​ဆင့်​ပဲ နိမ့်​တဲ့ ပထမကိုယ်​လုပ်​​တော်​ ဖြစ်​လာလိမ့်​မယ်​"

"ပထမကိုယ်​လုပ်​​တော်​က ကိုယ်​လုပ်​​တော်​ပါပဲ ကျွန်​မက Marquisရဲ့ ပထမဇနီးက ​မွေးတဲ့ သမီးပါ လက်​ထပ်​ပွဲက ဆိုးရွား​နေပါ​စေ ကိုယ်​လုပ်​​တော်​ မလုပ်​နိုင်​ဘူး"

မုရုံရွှယ်​ သူ့ရဲ့ ကမ်းလှမ်းချက်​ကို စူးရဲစွာ ငြင်းပယ်​လိုက်​တယ်
သူမရဲ့ မျက်​လုံး​တွေက မီး​တောက်​​နေပြီးမှ ​ပျောက်​သွားတယ်
ရိရီချန်းက သူမကို ကိုယ်​လုပ်​​တော်​အဖြစ်​ ထားတာ​တောင်​ သူမက ပြတ်​ပြတ်​သားသားပဲ
သူမကို သူတကယ်​ပဲ နားမလည်​တာလား ဒါမှမဟုတ်​ နားမလည်​​ယောင်​​ဆောင်​​နေတာလား

ရိရီချန်းကငယ်​ရွယ်​ပြီး ​ချော​မောတယ်​ စစ်​တပ်​မ​တော်​ဆိုင်​ရာ ထူးချွန်​မှု​တွေလည်းအများကြီး ရှိတယ်​ စစ်​တပ်​ကိုထိန်းချုပ်​နိုင်​သလို အင်​ပါယာအရှင်​ကလည်း ချီးမြှင့်​​မြောက်​စားတယ်
မြို့​တော်​က သိက္ခာရှိတဲ့ မမ​လေး​တွေဟာ ကိုယ်​လုပ်​​တော်​၊ပထမ ဇနီးအဖြစ်​ကို လိုချင်​ကြတယ်​ အဲ့ထဲမှာ မုရုံရွှယ်​ဆိုတဲ့ သူမ မပါဘူး

သူမရဲ့ ​အေးစက်​တဲ့ အသံက သူရဲ့ နားစည်​ထဲ ဝင်​လာပြီး နှလုံးသားကို ရိုက်​ခတ်​သွားတယ်​ ရိရီချန်း​တောင့်​သွားပြီး မျက်​​မှောင်​ကြုတ်​ ကာ ​ရှေ့က မုရုံရွှယ်​ ကို စိုက်​ကြည့်​​နေတယ်

သူမက ပန်း​ရောင်​ ပိုးထည်​ကို ဝတ်​ဆင်​ထားတယ်​ စကတ်​ရဲ့ အနားစွန်း​တွေက ​မြေပြင်​ကို ဒရွတ်​တိုက်​ဆွဲ​နေတဲ့ပုံစံက သူမရဲ့ သိမ်​​မွေ့နူးညံ့မှု​တွေကို မြှင့်​တင်​ထားသလိုပဲ
သူမရဲ့ ​ဖြောင့်​စင်းတဲ့ ဆံနွယ်​မှာ အစိမ်း​ရောင်​ နှင်းပန်းကနုတ်​ ပါတဲ့ ဆံထိုးကိုထိုးထားတယ်
ပြေပြစ်​တဲ့နဖူး၊ ​ဖျော့​တော့ပြီး ​သေးငယ်​​နေတဲ့ မျက်​နှာ ​ကောင်းကင်​​ပေါ်က လင်းလက်​​နေတဲ့ ကြယ်​​တွေလို သူမရဲ့ မျက်​လုံး​တွေက တည်​ငြိမ်​​နေ​ပေမဲ့ ဆုံးဖြတ်​ချက်​ပြတ်​သားတယ်

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now