57

6.4K 789 19
                                    

၅၇။

"ဖယ်​..."မုရုံရွှယ်​ မုရုံ​ရော့ကိုတွန်းဖယ်​လိုက်​ပြီး ​မြွေကို​နောက်​တစ်​ခါသူမရဲ့ ဓားတို​လေးနဲ့ထိုးဖို့လုပ်​လိုက်​တယ်​။ "ချွင်​" ခနဲအသံအကျယ်​ကြီးကြားလိုက်​ရပြီး ဓားသွားကအဲ့သတ္တဝါရဲ့ ခန္ဓာကိုယ်​ကိုပိုင်းဖြတ်​လိုက်​တယ်​။ဓားသွားအစွန်း မှာ​ပေ​နေတဲ့​သွေး​တွေကလည်း ​နေ​ရောင်​နဲ့​ရောင်​ပြန်​ဟပ်​​နေတယ်​။

"ရှူး...ရှူး...ရှူး...." ​မြွေကနာကျင်​လွန်းတဲ့အတွက်​ တရှူးရှူးနဲ့ ကြံခိုင်​သန်​မာတဲ့သူ့ရဲ့ အမြီးနဲ့သူမဆီ ပြင်းထန်​စွာ လှုပ်​ရှားလိုက်​တဲ့အခါ ​လေပြင်းတစ်​ချက်​​ဝှေ့သွားပြီး သစ်​ရွက်​​တွေကလည်း​ ရုတ်​တရက်​ထွက်​​ပေါ်လာတဲ့ အဲ့​ဒီ့​လေ​ပြေနဲ့အတူ တဖြုတ်​ဖြုတ်​​ကြွေကျ​နေတယ်​။

မုရုံရွှယ်​က သူမရဲ့ဓား​မြှောင်​​လေးကို တင်းကြပ်​စွာစုပ်​ကိုင်​ထားရင်း ရုတ်​တရက်​ လှုပ်​ရှားလိုက်​တယ်​။ ​မြွေကြီးက​တော့​သွေး​တွေအန်​ထွက်​လာပြီးမျက်​နှာမဲကြီးနဲ့ကြည့်​ရင်း သူ့ရဲ့အမြီးကိုပြင်းထန်​စွာ အဆက်​မပျက်​ခါရမ်း​နေတာဟာ ရူး​နေတဲ့အရူးတစ်​​ယောက်​လို။

မုရုံရယ်​ ဒ်ီတစ်​​ခေါက်​​တော့​ပြေးမလွတ်​​တော့ပဲ သူ့ရဲ့​ကျောဘက်​ကိုပြင်းထန်​စွာရိုက်​မိသွားတယ်​။ သူ​မြေကြီး​ပေါ်လဲကျသွားပြီး ​သွေး​တွေအန်​ထွက်​လာတယ်​။ သူပြန်​ပြီးမ​တ်​တက်​ရပ်​ဖို့ကြိုးစား​ပေမဲ့ အချည်းအနှီးပဲ။

"အကို" မုရုံရွှယ်​ သူ့အကိုတိုက်​ခိုက်​ခံရတာကို ​​မေ့​​လျော့ည့်​စွာကြည့်​​နေမိတယ်​။ သူမသတိရတဲ့အချိန်​ သူ့အကို ကို ကူညီဖို့​ရှေ့ကိုတိုးသွားတဲ့ အချိန်​မှာပဲ လျင်​မြန်​စွာနဲ့ တစ်​စုံတစ်​ခုက​အ​ပေါ်က​နေ​ရောက်​လာပြီး သူ့အကိုရဲ့လက်​​ကို ဖမ်းယူလိုက်​တယ်​။ သူတို့​တွေ​ သူ့ကိုအချိန်​မီဖမ်းမိသွားတဲ့အတွက်​ ​မြွေကြီးရဲ့တိုက်​ခိုက်​တာကို​ ​ရှောင်​တိမ်းနိုင်​ခဲ့တယ်​။

မုရုံရွှယ်​ စိတ်​ချသွားလို့ သက်​ပြင်းတစ်​ချက်​ချလိုက်​တယ်​။ ချက်​ချင်းပဲ သူမ​သွေးနံ့ရလိုက်​တဲ့အတွက်​ အ​ပေါ်ကို​မော့ကြည့်​လိုက်​​တော့ ​သူမအ​ရှေ့က​နေ သူမရဲ့မျက်​နှာကို တိုက်​ခိုက်​ဖို့လုပ်​​နေတဲ့ ​မြွေအစွယ်​ကြီး​တွေ။ သူမ သိ​နေတာက ​သေချာ​ပေါက်​ဒီတစ်​​ခေါက်​​တော့ သူမမှာလွတ်​လမ်းမရှိ​လောက်​ဘူးဆိုတာ......

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now