23

9.2K 1K 11
                                    

  ၂၃။ အ​ကြွေးစာရင်းရှင်းခြင်း

"ပူး​ပေါင်း​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​ သခင်​မ ဒါမဲ့ အ့အတွက်​ ပြင်​ဆင်​ခဲ့ပါတယ်​ "

ကျူးယွီ ရုံး​တော်​တာဝန်​ခံက ပြုံးရင်း အရိုအ​သေပြုကာ ​ပြောလိုက်​တယ်​ ​ထောင့်​တစ်​ခုက​နေ ဒါဇင်​​ပေါင်း များစွာ​သော လှည်း​တွေ ထွက်​လာတယ်​ လှည်းတစ်​စီးစီမှာလည်း အ​စောင့်​တပ်​သား ၃၊၄​ယောက်​က ဓားတို ​ဓားရှည်​​တွေကိုင်​ပြီး ​စောင့်​ကြပ်​​နေတယ်

      "တာဝန်​ခံ​တွေအတွက်​ အ​ကြွေး​ငွေ​တွေက များတယ်​ဆိုတာ သိလို့ ကြိုတင်​ပြင်​ဆင်​လာတာပဲ သူတို့ ဘဏ်​ကို သတင်းပို့ပြီး လှည်းတောင်​​တောင်းလာ​သေးတယ်​ ပြီးရင်​ တစ်​ခါတည်း ဘဏ္ဍာတိုက်​ထဲ တစ်​ခါတည်း ထည့်​မယ်​​ပေါ့"

မုရုံ​ရော့မျက်​နှာ အစိမ်း​ရောင်​ ​ပြောင်းလာပြီး အင်္ကျီလက်​ထဲမှာ လက်​သီးဆုပ်​ထားမိတယ်
သူမဒီလို​ပြောလိမ့်​မယ်​လို့ သူတို့ သိထားပြီးသား ပြီး​တော့ သူတို့လှည့်​ကွက်​ထဲ ကျ​အောင်​ လုပ်​တယ်​​ပေါ့ မုန်းစရာ​ကောင်းလိုက်​တာ

     "စုန့်​သခင်​မ အခု အ​ကြွေးရှင်းလို့ ရပြီလားခင်​ဗျ"

ကျူးယွီရုံး​တော်​တာဝန်​ခံက ညင်​သာစွာ ​မေးမြန်းတယ်
မုရုံ​ရော့ကို ​ဒေါသထွက်​​အောင်​ ဆွ​ပေးရင်း သူ့မျက်​လုံးက သိသိသာသာကို ​ပျော်​ရွှင်​စွာ လင်းလက်​​နေတယ်​ သူမမျက်​ရည်​ကျလာမှာကို မ​စောင့်​နိုင်​​တော့ဘူး ဆွ​ပေးရတာ အရသာရှိမှရှိ
ဘေးပတ်​လည်​က လူအုပ်​ကြီးက မုရုံ​ရော့ ​ဒေါသထွက်​လာမှာကို ​စောင့်​ကြည့်​​နေတယ်​ ဒါ​ကြောင့်​ သူမ​ဒေါသထိန်းလိုက်​ပြီး

    " ဒါ​ပေါ့ရှင်​ လန်​အာ ဧည့်​သည်​​တွေကို ဘဏ္ဍာတိုက်​ဆီ ​ခေါ်သွားလိုက်​"

သူမ ​ဒေါသထိန်းရတဲ့ ပုံနဲ့ အံကြိတ်​ကာ ​ပြောလိုက်​တယ်
  "ဟုတ်​ကဲ့ သခင်​မ"
အ​စေခံ လန်​အာ ဦးညွှတ်​လိုက်​ကာ တာဝန်​ခံ​ခြောက်​ဦးကို
  "လူကြီးမင်းတို့ ကျွန်​မ​နောက်​က လိုက်​ခဲ့ပါ"
  "​ကျေးဇူး"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now