အိုးရန်ရှောင်ချန် မီးပုံဘေးနားသွားပြီး ရွှေဝါရောင်သန်းတဲ့အထိကင်ထားတဲ့ငါးတစ်ကောင်ယူလိုက်တယ်။ မုရုံရွှယ်ကို ပြန်ကမ်းပေးကာ "စားကြည့်လိုက်"
မုရုံရွှယ် သူ့ကို ၀တ်ကျေတမ်းကျေကျေးဇူးတင်ကြောင်း ပြောပြီး ငါးကိုယူဖို့လုပ်လိုက်တယ်။ အိုးရန်ရှောင်ချန်က သူမလက်ကိုကျော်ပြီး သူမပါးစပ်တည့်တည့်မှာ ငါးကိုတေ့ပေးတယ်။
မုရုံရွှယ်အနည်းငယ် မှုန်ကုတ်ပြီးသူ့ကိုကြည့်လိုက်တယ်။ စိတ်မပါစွာနဲ့ပဲ ငါးကို ကိုက်လိုက်ရတယ်။ အဲ့အချိန်လေးမှာ သူမစားလိုက်ရတဲ့ အသားရဲ့အရသာက လတ်ဆတ်ပြီးနွေးထွေးပြီး မငြင်းနိုင်လောက်အောင် အရသာရှိလွန်းတယ်။ သူမစိတ်ကျေနပ်သွားပြီး နှစ်ထောင်းအားရစွာ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ထောက်ခံလိုက်တယ်။ “ဒါက တကယ်ကောင်းတာပဲ၊ အပြင်ပိုင်းက ကျွတ်ကျွတ်လေးနဲ့ အတွင်းပိုင်းက နူးညံ့နေတာပဲ၊ အသားကလည်း အရမ်းလတ်ဆတ်တယ်၊ သေချာပေါက် အကောင်းဆုံးချက်နည်းထဲကတစ်ခုပဲ… ဒါပေမယ့် ဒါကိုပိုအရသာရှိအောင် လုပ်နိုင်တဲ့နည်း ကျွန်မမှာရှိတယ်...!”
“ဘယ်လိုနည်းများလဲ?” သူမပြောတာနားထောင်ပြီး စိတ်ဝင်စားသွားတယ်။ ငါးကင်ဖို့အတွက် ရွှမ်ဖုန်းသုံးတဲ့နည်းက ကျော်ကြားတဲ့စားဖိုမှူးတချို့ဆီကနေ သင်ထားတာဖြစ်တယ်။ သူ့ရဲ့စကေးက နန်းတော်ကအကောင်းဆုံးစားဖိုမှူးထက်တောင် ကောင်းသေးတယ်။
“ဒါက ပေါက်ကြားလို့မရတဲ့ လျို့ဝှက်ချက်လေ…” မုရုံရွှယ် ပဟေဋိဆန်ဟစွာပြုံးပြီး အိုးရန်ရှောင်ချန်ကို ၀င့်ကြွားစွာကြည့်နေလိုက်တယ်၊ နင်ကနင့်လျို့ဝှက်ချက်မပြောတော့ ငါလည်းငါ့ဟာမပြောပြဘူး…။
“မင်းမှာတခြားပိုကောင်းတဲ့နည်းလမ်းတွေမရှိဘူးဆိုတာ ကိုယ်ပြောနိုင်တယ်၊ ဒီတိုင်းလျှောက်ကြွားနေတာ…” အိုးရန်ရှောင်ချန် သူမမျက်နှာကို ဂရုမစိုက်သလို ကြည့်နေတယ်။ သူကြည့်နေပုံက သူမဒီလိုပြောမယ်ဆိုတာ ကြိုသိနေသလိုပြောနေတယ်။
မုရုံရွှယ်မျက်နှာမည်းမှောင်ကျသွားတယ်။ “ကျွန်မ ကြွားနေတာမဟုတ်ဘူး အခုချက်ချင်း ဘယ်လိုလဲဆိုတာပြမယ်၊ ကျွန်မလိုတာဆိုလို့ ထူးခြားတဲ့ဟင်းခတ်အမွှေးအကြိုင်လေးပဲ.. ပြီးတော့ ယုရှန်းမှာ… အိုး… ဒါကဟင်းခတ်အမွှေးအကြိုင်ပဲ!”
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...