145: နဂါးလှေပြိုင်ပွဲ ၎

1.1K 167 7
                                    

အိုးရန်ရှောင်ချန် အနားရောက်လာတော့မဲ့အခါ မုရုံရွှယ် အမြန်ပြန်လှည့်ကာ လှေဆီကို ဘယ်သူမှသတိမထားမိခင် ပြန်ဖို့ ကြိုးစားလိုက်သည်။ ဒါပေမဲ့ သူမတစ်လှမ်းလှမ်းလိုက်သည်နှင့် တစုံတယောက်ရဲ့ လက်မောင်းနဲ့ တိုက်မိသွားသည်။ သူမနှာခေါင်း နာသွားကာ မျက်ရည်က ချက်ချင်းထွက်လာလုနီးပါးပင်။ သူမ ချက်ချင်း​နောက်တစ်လှမ်းဆုတ်ကာ အကွာအဝေးတစ်ခုထားလိုက်ပြီး လျင်မြန်စွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ် ''

"မုရုံရွှယ်! "
ရင်းနှီးတဲ့ အသံက ထွက်လာတဲ့အခါ သူမ ကြောင်အသွားသည်။ သူမခေါင်းမော့လိုက်တဲ့အခါ မကောင်းဆိုးဝါးဆန်ဆန် ချောမောတဲ့ မျက်နှာကို တွေ့လိုက်ရသည်။ သူမ မျက်နှာ မဲမှောင်သွားကာ
"မုလျိုဖုန်း ခိုးကြောင်ခိုးဝှက်နဲ့ ဒီမှာ ဘာလုပ်နေတာလဲ''

"ခိုးကြောင်ခိုးဝှက်နဲ့? ငါက လှေထက်မှာ လမ်းလျှောက်နေတာ မင်းကမှ၊ ဘာလို့ မင်း အိုးရန်နောက်ကို ခိုးကြောင်ခိုးဝှက်နဲ့ လိုက်နေတာလဲ''
မုလျိုဖုန်း သူမကို အပြုံးတုလေး ပြုံးကာ ကြည့်လိုက်သည်။

"ရှင့်ကိစ္စမဟုတ်ပါဘူး''
မုရုံရွှယ် ဒေါသထွက်စွာ ပြောလိုက်သည်။
"ဒါနဲ့ ​နေပါဦး ရှင့်လှေမှာ နေပြီး နဂါးလှေပြိုင်ပွဲကို ကြည့်နေရမဲ့အစား ဘာလို့ ဒီမှာ ရှိနေတာလဲ''

"ငါ့လှေက မြင်ကွင်းက ဒီမှာလောက်မကောင်းဘူး ဒါကြောင့် ဒီကို လာတာ''
မုလျိုဖုန်း သာမန်ပဲ ပြောလိုက်ကာ ခေါက်ယပ်တောင်ကို ဖြန့်ကာ ခတ်လျက် မကောင်းဆိုးဝါးဆန်ဆန် ချောမောသောမျက်နှာမှာ ရိုက်သတ်ချင်စရာကောင်းတဲ့ အပြုံးကို ဆင်မြန်းထားသည်။

မုရုံရွှယ် သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါဆို ရှင့်ဘာသာရှင် ဒီမှာ နဂါးလှေပြိုင်ပွဲကြည့်နေခဲ့ ကျွန်မ ပြန်သွားလိုက်ဦးမယ်''
မုရုံရွှယ် ပြောရင်း မုလျိုဖုန်းကို ကျော်ဖြတ်ကာ လျှောက်သွားလိုက်သည်။ နောက်က သက်ပြင်းရှည်ချသံ ထွက်ပေါ်လာပြီး
"ဒါပေမဲ့ ငါတော့ အဲ့လိုမထင်ဘူး''

"ဘာအဓိပ္ပါယ်လဲ ''
မုရုံရွှယ် ရပ်ကာ သူ့ဘက် ပြန်လှည့်ကြည့်လျက် စိတ်ရှုပ်စွာ မေးလိုက်သည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး On viuen les histories. Descobreix ara