118: စေ့စပ်ပွဲဖျက်ရန် ကျရှူံးခြင်း

1.5K 199 17
                                    

Zawgyi

ရိရီချန်း မျက်လုံးတို့ ကျဉ်းမြောင်းသွားကာ
"သူမက စေ့စပ်ပွဲဖျက်ဖို့ ရောက်လာပြီပေါ့!"
မနက်ခင်းအစောကြီး ရှိသေးသည်။ သူမက စေ့စပ်ပွဲဖျက်ဖို့ အရမ်း စိတ်အားထက်သန်နေပြီပေါ့

"ငါသိပြီ!"
အရင်မင်းသားကျင်း သူ့ကို စိုက်ကြည့်ကာ
"မင်း ရွှယ်အာကို တွေ့တဲ့အခါ စကားကောင်း နည်းနည်းပါးပါးပြောပြီး သူမကို တောင်းပန်လိုက်ပါ သူမနှလုံးသားကို ပြန်ရဖို့ ကတိတွေလုပ်ပါ ဒါဆို သူမ ဒါကို ထပ်ပြောမှာမဟုတ်ဘူး"

စကားကောင်းပြောရမယ်? တောင်းပန်ရမယ်? ကတိတွေပေးရမယ်? မုရုံရွှယ်ကို ချော့ဖို့ သူ့ဂုဏ်သိက္ခာကို ချခင်းပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်လား

စိတ်ဆိုးတဲ့အရိပ်အရောင်တစ်ခု ရိရီချန်းမျက်လုံးထဲ ပေါ်လာပြီး စိတ်မရှည်စွာ
"ကျွန်တော် မိန်းမတစ်ယောက်ကို ဘယ်လိုချော့ရမလဲ မသိဘူး"

"ဒါဆို သင်လေ"
အရင်မင်းသားကျင်း ကျောမှီထားတဲ့ ခေါင်းအုံးနဲ့ ရိရီချန်းကို ပစ်ပေါက်လိုက်သည်။
"မင်းက ချင်းရန်ပြည်နယ်ရဲ့ စစ်နတ်ဘုရားမဟုတ်ဘူးလား  မော့ပေရဲ့ ဖိအားကြီးကိုတောင် ရှောင်နိုင်ခဲ့တာပဲ ဒါတောင် မိန်းမတစ်ယောက်ကို မချော့တတ်ဘူးလား မအောင်မြင်ရင် ပြန်မလာခဲ့နဲ့"

ရိရီချန်းကိုယ်ကို စောင်းကာ ခေါင်းအုံးကို ရှောင်လိုက်သည်။ ဒေါသထွက်နေတဲ့ သူ့အဖေကို ကြည့်ပြီး သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။
"သတ်တာနဲ့ ချော့တာ နှစ်ခုလုံးက ခက်တာပဲကို ဘယ်လိုလုပ် နှစ်ခုကို ပေါင်းပစ်ရတာလဲ"

အရင်မုရုံရွှယ်က နူးညံ့ပြီး သူ့ကို စိတ်ရော ကိုယ်ပါ အရမ်းချစ်ခင်တဲ့အတွက် စကားကောင်းနည်းနည်း ပြောလိုက်ရုံနဲ့ သူမနှလုံးသားကို ရနိုင်လေသည်။
"အခုသူမက စိတ်မာတယ် သူမက ကျွန်တော့်ကို မုန်းနေပြီး သူမစိတ်ထဲ ရှိတဲ့ တခုတည်းသောအရာက စေ့စပ်ပွဲဖျက်ဖို့ပဲ ကျွန်တော်ပြောတဲ့စကားလုံး တစ်လုံးမှ သူမ ယုံမှာမဟုတ်ဘူး အဲ့အပြင် စေ့စပ်ပွဲဖျက်ဖို့ တတ်နိုင်သမျှ တိုက်တွန်းလိမ့်မယ်"

"ဒါဆို မင်း ဘာလုပ်မှာလဲ"
အရင်မင်းသားကျင်း စိတ်ဆိုးစွာ ပြောလိုက်ပြီး စိုက်ကြည့်နေပြီး သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။
"မင်းက မင်္ဂလာပွဲကောင်းကို ရှုပ်ထွေးအောင်လုပ်လိုက်တာပဲ ငါ အရမ်း စိတ်ဆိုးတယ်"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now