106: အိပ်ယာထဲတွင် ဖမ်းမိခြင်း

1.9K 194 11
                                    

Zawgyi

"ရွှယ်အာ..ရွှယ်အာ ဘာဖြစ်တာလဲကွယ်"

အစောင့်တွေ ကလေးထိန်းတွေ ငယ်ရွယ်တဲ့ ယောက်ျားအစေခံတွေနောက် ကျိုး ပါးစပ်နဲ့ နှာခေါင်းအား ပိုးသားလက်ကိုင်ပုဝါနှင့် ပိတ်လျက် ညည်းညူပြောဆိုရင်း လိုက်နေလေသည်။

"ဘာဖြစ်တာလဲ"

"ကျွန်တော်တို့လဲ မသိဘူး"

အိပ်ယာပေါ်မှ ယောက်ျားတစ်ယောက်ရဲ့ ကျေနပ်စွာ အော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့အတွက် အစေခံယောက်ျားတို့ အစအဆုံး ဘာဖြစ်ခဲ့လဲ နားလည်သွားသည်။ လက်မထပ်ရသေးတဲ့ အစေခံအပျိုလေးတွေကြားမို့ မျက်နှာကို ငုံ့ကာ နေရခက်စွာ ကြိတ်ရယ်နေမိကြသည်။

ကျိုး အခြေအနေကို တချက်မှန်းဆကြည့်လိုက်ပြီး ဗီလိန်ဆန်ဆန်ပြုံးလိုက်သည်။
မုရုံရွှယ် ငါ့ကို အပြစ်မတင်နဲ့ အပြစ်တင်ချင်ရင် မုရုံယွဲ့ သမီးဖြစ်နေတာနဲ့ အကိုကျန်းရဲ့ တက်လမ်းကို လာပိတ်နေတဲ့ နင့်ကိုယ်နင် တင်လိုက်
ကျန်းအိမ်တော်ရဲ့ ဟော်နေထိုင်ရာခန်းမ(အိမ်တော်သခင်ပိုင်ဆိုင်တဲ့ခန်းမဟု ထင်)က အကိုကျန်းနဲ့ ကျီအာရဲ့ အပိုင်ပဲ နင်က ခလုတ်ကန်သင်းဖြစ်နေမှတော့ ကန္ထုတ္ခံရမွာပဲ နင့်ကံဆိုးမှုကို ငါအသိအမှတ်ပြုပါတယ်

"ရွှယ်အာ..."
ကျိုး အသံတိုးတိုးဖြင့် ငိုသံတုပြုကာ တံခါးကို ရုတ်တရက်  တွန်းလိုက်သည်။ ရုတ်တရက် ဆိုးဝါးတဲ့အနံ့က သူမကို လာရိုက်ခတ်လာပြီး သူမ မျက်ခုံးကြုတ်သွားကာ ပိုးသားလက်ကိုင်ပုဝါနှင့် သူမပါးစပ်နှင့် နှာခေါင်းအား တင်းကြပ်စွာ ပိတ်လိုက်သည်။ အခန်းထဲတွင် စုတ်ပြဲနေတဲ့ အဝတ်တို့က ကြမ်းပြင်မှာ ပြန့်ကျဲနေကာ ကြီးမားလေးလံလွန်းသည့် ခုတင်က အနည်းငယ်ပြင်းထန်စွာ လှုပ်ယမ်းနေသည်။ ခုတင်ပေါ်ရှိ ယောက်ျားနှင့် မိန်းမနှစ်ယောက်လုံးမှာ နီးကပ်နေကြပြီး ပြောပြလို့မရတဲ့အရာကို ကြမ်းတမ်းစွာ ပြုမူနေသည်

"ဘာ.. ဒီအမျိုးသမီးက အဒေါ် အကြီးဆုံး.... ဝူအန်းဟော်ရဲ့ ဇနီး "
(ဝူအန်းဟော် = ဝူအန်းအိမ်တော် ဆက်ခံသူ အိမ်တော်သခင်)

သူမ အိပ်ရာပေါ်မှ အမျိုးသမီးအား ကြည့်နေချိန်ပင် အစေခံတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်သည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now