155

1.2K 160 15
                                    

#chapter155
စုန့်ထျန်းဝမ် သူ့မိန်းမကို ကွာရှင်းလိုက်ပြီ

"အာ..ဒါက နင့်အစီအစဉ်ပဲပေါ့''
မုရုံရော့ အဖက်မတန်သလို စုန့်ထျန်းဝမ်ကို ကြည့်လိုက်သည်။ သူက သူချစ်ရတဲ့ ကျင်းအာနဲ့ လက်ထပ်ပြီး သူတို့အချင်းချင်း အရမ်းချစ်ကြပါသည်ပေါ့ သူ့အရင်မိန်းမဖြစ်တော့မဲ့ သူမနဲ့ ရွှီဝမ်ရဲ့ လက်ထပ်ပွဲကိုတောင် ကျင်းပဖို့ မမေ့မလျော့တိုက်တွန်းနေသေးသည်။ ဘယ်လောက်တောင် 'စာနာသနားတတ်ပြီး ဖြောင့်မတ်တဲ့' သူပါလိမ့်

"ရော့ ငါက မင်းကောင်းကျိုးအတွက် ပြောနေတာပါ''
စုန့်ထျန်းဝမ် သူမကို ပရိယာယ်ကင်းစွာ ကြည့်လိုက်သည်။ သူမလဲ အသက်၃၀ကျော်ပြီဖြစ်ကာ ကိုယ်ဝန်က လွယ်ထားရသေးသည်။ ဘယ်တော်ဝင်မင်းသား ဒါမှမဟုတ် မင်းမျိုးမင်းနွယ်ကမှ သူမကို ဇနီးအဖြစ် လက်ထပ်မှာမဟုတ်ပေ။ ရွှီဝမ်ကို လက်ထပ်တာက သူမအတွက် အကောင်းဆုံးရွေးချယ်မှုပင်။

မုရုံရော့ ထေ့ငေါ့စွာ ရယ်မောလိုက်သည်။ သူသာ တကယ်ပဲ သူမအတွက် တွေးပေးတယ်ဆို သူမကို ကွာရှင်းပေးပြီး အရည်အချင်းမရှိ ပုံပန်းသဏ္ဍာန်မရှိ ဂုဏ်ထူးမရှိတဲ့ ရွာအုပ်ချုပ်ရေးမှုးနဲ့ လက်ထပ်ခိုင်းမဲ့အစား ဝူအန်းMarquisအိမ်တော်မှာ ပထမဇနီးအဖြစ် ဆက်ပြီး နေခိုင်းရမှာပေါ့

သူမရဲ့ ဒေါသထွက်နေတဲ့ မျက်ဝန်းကို ကြည့်ပြီး သူမ သူ့အကြံပြုချက်ကို သဘောမတူဘူးဆိုတာ စုန့်ထျန်းဝမ် သိလိုက်သည်။ ဒါကြောင့် သူ ညင်သာစွာ သက်ပြင်းချလိုက်ကာ

"ရော့ ငါတို့က သဘောထားကွဲလွဲနေတာမို့ အရင်ကလို ချစ်ကြိုက်ဖို့ မဖြစ်နိုင်တော့ဘူး မင်းနဲ့ငါက နှစ်တွေအများကြီး လင်မယားဖြစ်ခဲ့တယ် ငြိမ်းငြိမ်းချမ်းချမ်း လမ်းခွဲရအောင် မနက်ဖြန် ကွာရှင်းစာချုပ်ရေးပေးလိုက်မယ် ရှင်းရှင်းလင်းလင်း လုပ်ကြတာပေါ့''

မုရုံရော့ ချက်ချင်း စုန့်ထျန်းဝမ်ကို ဒေါသမီးတောက်နေတဲ့ မျက်ဝန်းများနဲ့ ကြည့်လိုက်ပြီး အံကြိတ်ကာ
"တစ်လတာ သဘောတူညီမှုက မပြီးသေးဘူးလေ''

စုန့်ထျန်းဝမ် ဂရုမစိုက်ပေ။
"ရက်နည်းနည်းပဲ ကျန်တော့တာကို ဘာပဲဖြစ်ဖြစ် ငါတို့နည်းလမ်းအတိုင်း လမ်းခွဲရမှာပဲ ရက်နည်းနည်းထက် ပိုစောလိုက်လို့ ဘာများကွာခြားသွားမှာလဲ''

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now