116: အရင်မင်းသားကျင်း မူးလဲခြင်း

1.3K 163 3
                                    

Zawgyi

ကျင်းဝမ်အိုကြီးနဲ့ အရင်မင်းသားကျင်းက တစ်ယောက်တည်းပါ😁

"အဖေ ယုယွမ်က ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာ သူမအခြေအနေက တည်ငြိမ်နေပေမဲ့ အသက်ရှင်ပါ့မလား မသေချာဘူး ဒါကြောင့် ကျွန်တော် သူ့ကို စစ်ဆေးကြည့်ရမယ် နောက်မှ အပြစ်ပေးပါတော့"
ပြောပြီးသည်နှင့် ရိရီချန်း နောက်လှည့်ကာ အိမ်တော်သို့ ပြေးသွားလေသည်။

"အသုံးမကျတဲ့ကောင် မိန်းမတစ်ယောက်အတွက်နဲ့ ငါ့ကို မနာခံတော့ဘူးပေါ့"
အရင်မင်းသားကျင်း မျက်လုံးထဲ မီးတွေ ဝင်းဝင်းတောက်မတတ် ဒေါသထွက်ကာ မျက်နှာမည်းမှောင်နေသည်။

မုရုံရွှယ် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရှေ့ကို ဖြည်းညင်းစွာ တိုးသွားသည်။
"အရှင်"

သာယာတဲ့အသံလေးက အရင်မင်းသားကျင်းရဲ့ ဒေါသကို ပျောက်ကွယ်သွားစေသည်။ သူ သက်ပြင်းကြီးကြီးချလိုက်ကာ နောင်တမျက်ဝန်းများနဲ့ သူမကို ကြည့်ပြီး
"ဦးကြီးက အပြစ်တင်ခံရသင့်ပါတယ်ကွယ် ဦးကြီးသားကို မဆုံးမနိုင်ခဲ့ဘူး ဒါပေမဲ့ ဦးကြီးကို ယုံပါ မင်းကို ချွေးမအဖြစ် သတ်မှတ်ပြီးသားမို့ ကျင်းသခင်မအဖြစ် ရအောင်ထားခိုင်းမှာပါ မင်းကို ကိုယ်လုပ်တော် မဖြစ်စေရဘူး"

"အရှင် မှားနေပါပြီ ကျွန်မ ဘယ်တော့မှ ကျင်းသခင်မ မဖြစ်ချင်ခဲ့ပါဘူး ကျွန်မဒီမှာ ရှိနေတာ စေ့စပ်ပွဲကို ဖျက်ဖို့ပါ"
မုရုံရွှယ် အေးစက်နေတဲ့ မျက်လုံးများနဲ့ ညင်သာစွာ ပြုံးကာ ပြောလိုက်သည်။

အရင်မင်းသားကျင်း အံ့သြသွားကာ
"ဒါပေမယ့်..  ဘာလို့လဲ"

အဲ့ဒီနေ့က စေ့စပ်ပွဲမှာတုန်းက ထိုမိန်းကလေးက ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေခဲ့တာ သူမက ရီချန်းကို အရမ်းချစ်တာလေ သူမ သူ့ဇနီးဖြစ်ဖို့ ကြိုးစားသင့်တာ မဟုတ်ဘူးလား ဘာလို့ သူမက စေ့စပ်ပွဲကို ဖျက်ချင်ရတာလဲ

မုရုံရွှယ် အသာပြုံးလိုက်ကာ
"မင်းသားကျင်းနဲ့ မင်းသမီးယုယွမ်က တစ်ယောက်ကို တစ်ယောက် ချစ်နေကြတာလေ ကျွန်မတို့ စေ့စပ်ပွဲက သူတို့အတွက် အတားအဆီး ဖြစ်နေတာ သူတို့လမ်းမှာ ကျွန်မဝင်မရှုပ်ချင်ဘူး အဲ့တာက ရှက်စရာကောင်းတယ် ဒါကြောင့် စေ့စပ်ပွဲဖျက်တာက သုံးယောက်လုံးအတွက် အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်မတွေးတယ်"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now