၁၃။မုရုံရွယ် မင်းသားကျင်းနှင့် ရင်ဆိုင်တိုက်ခိုက်
ငါ့ကိုဖမ်းမယ်ပေါ့...? ဆုတောင်းလေ!
မုရုံရွယ် အသာလှောင်လိုက်ပြီး ပေါ့ပေါ့ပါးပါးရှောင်လိုက်တယ်...။ သူမရဲ့နူးညံ့ပေါ့ပါးတဲ့အရိပ်လေးက လျှပ်တပြက်အတွင်းမှာ အနောက်ကိုနှစ်လှမ်းအကွာလောက်ကို ရောက်သွားတယ်။ လေပြေလေသွေးကြောင့် သူမရဲ့ဆံနွယ်စလေး လွင့်သွားပြီး ရိရီချန်းရဲ့လက်ချောင်းထိပ်ကို ရှပ်ထိသွားတယ်။ သူဘာမှမဖမ်းမိလိုက်ဘူး...။
ရိရီချန်း ဗလာဖြစ်နေတဲ့လက်ကိုကြည့်ပြီး သူ့မျက်လုံးတွေ ပိုပိုပြီးမည်းမှောင်လာတယ်...။ သူကိုယ်ခံပညာသင်ပြီးနောက်ပိုင်းမှာ __ သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ် သူသာအလိုရှိမယ်ဆိုရင် သူ့လက်နဲ့ဘယ်အရာမဆိုဖမ်းဆုပ်နိုင်တယ်။ ဒါပေမယ့် မုရုံရွယ်ကတော့ သူဖမ်းတာကို တကယ်ကြီးရှောင်နိုင်တယ်။ ဘာတွေဖြစ်ကုန်တာလဲ...?
"အရှင့်သား... မင်္ဂလာအချိန်ကပြီးတော့ပါမယ်..!" သတိပေးသူတစ်ယောက်က သူ့နောက်ကနေပြောလိုက်တယ်။ ရိရီချန်းရဲ့ဇဝေဇဝါဖြစ်နေတဲ့အကြည့်တွေက ပြန်လည်ပြတ်သားလာပြီး သူ့ရဲ့ခန့်ညားလှတဲ့မျက်နှာကလည်း နဂိုအတိုင်းအေးစက်စက်ပြန်ဖြစ်လာတယ်။ သူအေးတိအေးစက်ဖြေလိုက်တယ်... "ငါသိပြီ...!"
ခေါင်းမော့ပြီး မုရုံရွယ်ကိုကြည့်လိုက်တယ်...။ သူမျက်လုံးက အရောင်တွေတဖျက်ဖျက်လက်ပြီး... "မုရုံရွယ်... ကိုယ်နဲ့အတူ အိမ်တော်ကိုအခုပြန်လိုက်ခဲ့ပါ.. မင်းပြောခဲ့တဲ့စကားတွေ အပြုအမူတွေကို ကိုယ်အပြစ်မယူဘဲ ခွင့်လွှတ်ပေးမယ်...!"
သူပြောပြီးနောက် အစေခံနှစ်ယောက်က ပန်းရောင်ဝေါယာဉ်အသေးလေးကိုသယ်လာတယ်။ အမိုးက ပန်းရောင်လေးနဲ့ လိုက်ကာက နွေးထွေးတဲ့နေရောင်အောက်မှာ နှစ်လိုဖွယ်ကောင်းပြီး လှပနေတယ်။
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...