58

6.5K 837 25
                                    

ရန်​သူနှင့်​​တွေ့ဆုံ

လျင်​မြန်​စွာ​ရွေ့လျား​နေတဲ့ အမည်း​ရောင်​အရာသုံးခုကို မြူနှင်းပါးလျလျကြားမှာ မြင်​​နေရတယ်​။ သူတို့အရိပ်​​တွေတဖြည်းဖြည်း​ပေါ်လာတယ်​။ ပထမတစ်​​ယောက်​က ခရမ်း​ရောင်​ဝတ်​ရုံကိုဝတ်​ဆင်​ထားပြီး အညှာအတာမဲ့တဲ့အမူအရာနဲ့ ​ချော​မောသူ၊ ရိရီချန်းကလွဲပြီး တခြားဘယ်​သူမှမဖြစ်​နိုင်​ဘူး။

သူ့လက်​​တွေက ဖြူ​ဖျော့ပြီးလှပတဲ့မိန်းမပျို​လေးလက်​ကို တင်းတင်းကျပ်​ကျပ်​ကိုင်​ထားတယ်​။ မိုပိုင်းမင်းသမီး ချင်​ယွီယမ်​။

သူတို့ ဘာလို့ဒီကို​ရောက်​​နေတာလဲ?

မုရုံရွှယ်​မျက်​​မှောင်​ကြုတ်​လိုက်​တယ်​။ သူတို့​နောက်​မှာ အ​စောင့်​၅​ယောက်​၊ ၆​ယောက်​​လောက်​နဲ့ သူတို့ကိုလိုက်​​နေတဲ့ အဖြူ​ရောင်​အပင်​ကြီးတစ်​ခုကို ​တွေ့လိုက်​ရတယ်​။ အပင်​ကြီးက သူ့သား​ကောင်​​​တွေကိုမိဖို့ ၃မီတာ​လောက်​ပဲလို​တော့တယ်​။ အပင်​ရဲ့အမြစ်​​တွေက​မြေကြီးထဲမှာရှိ​နေရင်းနဲ့ကို စံချိန်​တင်​အရှိန်​​နဲ့ ​ရွေ့လျား​နေတယ်​။ ​ရွေ့လျားမှု​ကြောင့်​ အ​နောက်​ကအဝါ​ရောင်​​မြေကြီးတစ်​​လျောက်​ လမ်း​ကြောင်းကြီးဖြစ်​ကျန်​ရစ်​ခဲ့တယ်​။

အပင်​က​နေ အစိမ်း​ရောင်​အမြစ်​​တွေ​ပေါ်လာပြီး အမြစ်​ထိပ်​မှာ ပန်း​ရောင်​ပွင့်​ချပ်​​လေး​တွေနဲ့တင်းကြပ်​စွာပိတ်​ထားတဲ့ ပန်းပွင့်​ဖူး​လေးရှိ​နေတယ်​။ အမြစ်​က​ရွေ့​နေတဲ့အတိုင်း အ​ပေါ်​အောင်​ ဘယ်​ညာ ခါရမ်း​နေတယ်​။

"ဘာ...ကြီးလဲ?" ရွှမ်​ဖုန်းသတိလက်​လွတ်​ဖြစ်​သွားတယ်​။ အိုးရန်​​ရှောင်​ချန်​​နောက်​လိုက်​ခဲ့တဲ့ ၁၀နှစ်​မှာ မ​ရေမတွက်​နိုင်​တဲ့နိုင်​ငံ​တွေနဲ့ ​တောင်​​တွေကိုဖြတ်​ကာ ထူးခြားဆန်းပြားတဲ့တိရစ္ဆာန်​​တွေနဲ့ အပင်​​တွေကို​တွေ့ခဲ့ရတယ်​။ ဒီလို​ပြေးနိုင်​တဲ့အပင်​​တော့ တခါမှမ​တွေ့ဖူးဘူး။

"အသားစားပန်း​ပင်​​!" မုရုံရွှယ်​အံကြိတ်​ပြီးပြန်​​ဖြေတယ်​။ အသားစားပန်း​ပင်​​တွေကို အပူပိုင်းသစ်​​တော​တွေမှာ ​တွေ့ရပြီး ပန်းပွင့်​တစ်​ပွင့်​တည်းနဲ့ ပင်​စည်​အရှည်​ကြီး​တွေရှိကာ မ​ရွေ့လျားကြဘူး။ သား​ကောင်​က ​သေမင်းတံခါးဝကိုလာ​ခေါက်​တဲ့အထိ​စောင့်​ကြတယ်​ - အဲ့တာရဲ့ပန်းပွင့်​​ပေါ့။ ဒါ​ပေမယ့်​ သူတို့​ရှေ့က အသားစားပန်းက​တော့ တစ်​ခုထက်​ပိုတဲ့ ပန်းပွင့်​ဖူး​တွေရှိတဲ့အပြင်​ သား​ကောင်​​နောက်​ကိုပါလိုက်​နိုင်​​သေးတယ်​။ ဒီ​ကမ္ဘာကြီးက ရူးသွားပြီလား?

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Donde viven las historias. Descúbrelo ahora