Zawgyi
မုရံုရႊယ္ အေတာ္ေလးပင္ပန္းသြားတယ္။ ေရႊ႕လ်ားေနတာေတာင္မွ သူမမ်က္လံုးပြင့္မလာဘူး။ အဲ႔အစား အိုးရန္ေရွာင္ခ်န္ရဲ႕လက္ေမာင္းတြင္းမွာပဲ သက္ေသာင့္သက္သာျဖစ္မယ့္ေနရာကိုသာ ေရႊ႕လိုက္တယ္။ ေနရာကိုရွာေတြ႕သြားေတာ့ သူမေခါင္းေလးကိုနစ္၀င္သြားတဲ႔ထိ၀င္တိုးလိုက္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္သာဆက္အိပ္ေနတယ္။
သူမမွာအ႐ိုးေတြေတာင္ မရွိေတာ့ဘူးလားေတာင္ထင္ရတယ္။ သူမကႏူးညံ့အိစက္ေနၿပီး သူမရဲ႕သင္းပ်ံ႕တဲ႔ရန႔ံေဖ်ာ့ေဖ်ာ့ေလးက လွည္းအတြင္းထဲမွာပ်ံ႕ႏွံ႔ေနတယ္။ အဲ႔တာက အိုးရန္ေရွာင္ခ်န္ရဲ႕တည္ၿငိမ္မႈကို ဂယက္ထေစတယ္။
သူမကို ငံု႔ၿပီးစိုက္ၾကည့္လိုက္ေတာ့ သူမကအသက္ကိုေျဖးေျဖးမွန္မွန္ရႈသြင္းေနၿပီး သူမရဲ႕ရွည္လ်ားတဲ႔မ်က္ေတာင္ေတြက အရိပ္ေတာင္က်ေစတဲ႔ထိျဖစ္ေနကာ ပန္းေရာင္ႏွစ္ခမ္းေလးကလည္း တင္းတင္းေစ့ထားတယ္။ တစ္ေယာက္ေယာက္ရဲ႕အနမ္းကို ေစာင့္ေမွ်ာ္ေနသလိုမ်ိဳး…
ေျဖးေျဖးခ်င္း အိုးရန္ေရွာင္ခ်န္ေရွ႕တိုးကာ သူမႏႈတ္ခမ္းေပၚကို သူ႔ႏႈတ္ခမ္းနဲ႔အသာဖိကပ္လိုက္တယ္။ သူမႏႈတ္ခမ္းေလးက ႏူးညံ့ၿပီးခ်ိဳၿမိန္လြန္းတယ္။ သို႔ေသာ္လည္း သူ႔ရဲ႕ခပ္သာသာအနမ္းကပဲ သူမရဲ႕ပံုမွန္အသက္ရႈနႈန္းကို ေႏွာင့္ယွက္လိုက္မိတယ္…
မုရံုရႊယ္ သူမအိပ္ေနတုန္းသက္ေသာင့္သက္သာမရွိသလို ခံစားလိုက္ရတယ္။ သူမမ်က္ေမွာင္ကို က်ံဳ႕ပစ္လိုက္တယ္။ ၿပီးေနာက္ သူမမ်က္ႏွာကို သူ႔လက္ေမာင္းၾကားတိုး၀င္လိုက္တာေၾကာင့္ ေနာက္လာမယ့္ အနမ္းေတြကိုပါ ေရွာင္ၿပီးသားျဖစ္သြားတယ္။
သူမကသူ႔လက္ေမာင္းၾကားထဲကို ပိုတိုး၀င္လာတာကို ေတြ႕ေတာ့ အိုးရန္ေရွာင္ခ်န္ အံႀကိတ္လိုက္တယ္ ; သူမကခုေလးတင္ သူ႔ကိုျငင္းလိုက္တာလား…? ဒါမွမဟုတ္ သူမက အိပ္ေနတဲ႔အခ်ိန္လူေတြလာေႏွာင့္ယွက္တာကို သေဘာမက်တာလား?
အိုးရန္ေရွာင္ခ်န္ ေျဖးေျဖးခ်င္းခါးကို ျပန္ဆန္႔လိုက္တယ္။ သူမကိုသာတိတ္တဆိတ္ေငးၾကည့္ေနၿပီး သူ႔မ်က္လံုးထဲမွာ နားလည္ရခက္တဲ႔အရိပ္အေယာင္ေတြ ျဖတ္သန္းေနတယ္။
႐ုတ္တရက္ သူ႔အမူအရာကနက္ေမွာင္သြားတယ္။ လွည္းလံုးအေပၚကတံခါးကိုဖြင့္ၿပီး မုရံုရႊယ္ကိုသယ္ကာ ပ်ံသန္းလိုက္တယ္။
သူေလထဲတစ္၀က္ေလာက္မွာပဲရွိေသးတယ္… ‘ဘန္း’ဆိုတဲ႔ အသံက်ယ္ႀကီးကို ၾကားလိုက္ရတယ္။ ဇိမ္ခံျမင္းလွည္းကတစ္စစီေပါက္ကြဲသြားကာ သစ္သားအပိုင္းအစေတြလြင့္စင္လာၿပီး အထဲကေနအေငြ႕ေတြထြက္လာတယ္။
မုရံုရႊယ္က ေပါက္ကြဲသံေၾကာင့္ႏိုးလာရၿပီး တစ္စစီေဖာက္ခြဲခံထားရတဲ႔လွည္းကို ၾကည့္လိုက္တယ္။ သူမခ်က္ခ်င္းပဲဘာေတြျဖစ္သြားခဲ႔တယ္ဆိုတာ နားလည္လိုက္တယ္။ သူမမ်က္ႏွာမည္းေမွာင္သြားၿပီး သတ္ျဖတ္ခ်င္တဲ႔အေငြ႕အသက္ေတြေပၚလာတယ္… ျမင္းလွည္းမွာ က်န္းအိမ္ေတာ္ရဲ႕တံဆိပ္ပါတယ္။ လွည္းေအာက္မွာ ဗံုးကိုႁမွဳပ္ထားတဲ႔သူက သူမကိုပဲရည္ရြယ္ေနတယ္ဆိုတာသိသာတယ္!
အိုးရန္ေရွာင္ခ်န္ မုရံုရႊယ္ကိုေျမျပင္ေပၚကို အႏၲရာယ္ကင္းကင္းနဲ႔ေျဖးေျဖးခ်င္းခ်ေပးလိုက္တယ္။ ခ်က္ခ်င္းဆိုသလိုပဲ ေကာင္းကင္ကေနသူတို႔ဆီကို တစံုတခုဦးတည္လာေနတဲ႔အသံကို ၾကားလိုက္ရတယ္။
မုရံုရႊယ္ၾကည့္လိုက္ေတာ့ မေရမတြက္ႏိုင္တဲ႔အနက္ေရာင္ငွက္ေမႊးနဲ႔ျပဳလုပ္ထားတဲ႔ ုႁမွားေတြကသူတို႔ဆီကို ေနရာေပါင္းစံုကေနဦးတည္လာေနတာကို ေတြ႕လိုက္ရတယ္။ ေကာင္းကင္တစ္ခုလံုးမွာ ႁမွားေတြနဲ႔သာ ဖံုးလႊမ္းေနတယ္။
“လုပ္ၾကံသူေတြ! မမေလးမုရံုနဲ႔ အရွင္အိုးရန္ကို ကာကြယ္!” တစ္ေယာက္ေယာက္က ေအာ္ေျပာလိုက္တယ္။ ဝူအန္း၊ ရႊမ္ဖုန္းနဲ႔ က်န္းအိမ္ေတာ္ကအေစာင့္ေတြက မုရံုရႊယ္နဲ႔အရွင္အိုးရန္ကို ကာကြယ္ေရးစက္ဝိုင္းလို ဝိုင္းထားကာကာကြယ္ေပးၾကတယ္။ ေရာက္လာတဲ႔ႁမွားေတြကို သူတို႔ရဲ႔လက္နက္ေတြနဲ႔ တားဆီးေနၾကတယ္။
ႁမွားေတြကို ခုတ္ခ်ေနသံေတြသာၾကားေနရတယ္။ အခုတ္ခံရတာေၾကာင့္ ႁမွားေတြလည္း ေျမေပၚအတုံးအရံုးက်ကုန္တယ္။ ဒါေပမယ့္ အေစာင့္အခ်ိဳ႕လည္း ထိမွန္ကုန္တယ္။
အိုးရန္ေရွာင္ခ်န္ မုရံုရႊယ္ကိုသာသာေလးကိုင္ထားၿပီး ႁမွားေတြလာရာဘက္ကိုၾကည့္လိုက္တယ္။ ပံုစံအရဆိုရင္ေတာ့ သူကခ်ံဳခိုတိုက္ခိုက္ခံရတာ အသားေတာင္က်ေနသလိုမ်ိဳးပဲ။
ႁမွားေတြက သူတို႔ဆီကို မိုးရြာခ်ေနသလိုမ်ိဳးက်ေရာက္ေနေပမယ့္ ဓားခ်က္ေတြကလည္း သူတို႔နဲ႔အၿပိဳင္ခုတ္ခ်ႏိုင္တဲ႔အထိ ျမန္ဆန္တယ္။ ဝူအန္းနဲ႔ ရႊမ္ဖုန္းတို႔ရဲ႕ဓားေတြက အသားကုန္ေ၀ွ႕ယမ္းေနၿပီး ေလေတာင္သူတို႔ရဲ႕လႊဲခ်က္ေတြကို မတားဆီႏိုင္ဘူး။ အဲ႔တာေၾကာင့္ မိုးရြာသလိုက်ေရာက္ေနတဲ႔ႁမွားေတြက မုရံုရႊယ္နဲ႔ အိုးရန္ေရွာင္ခ်န္ကို ထိခိုက္ေအာင္မလုပ္ႏိုင္ဘူးျဖစ္ေနတယ္။
တစ္ျခားတစ္ဖက္မွာလဲ အနက္ေရာင္၀တ္စံုနဲ႔က်ဴးေက်ာ္သူေတြက ႁမွားေတြကအလုပ္မျဖစ္တာကို ေတြ႕လိုက္ရတယ္။ သူတို႔လက္ကိုေ၀ွ႕ယမ္းကာ တျခားသူေတြကိုလည္း ႁမွားပစ္တာရပ္ဖို႔ အခ်က္ျပလိုက္တယ္။ အဲ႔အစားသူတို႔ရဲ႕ဓားရွည္ေတြကို ဆြဲထုတ္ၿပီး တိုက္ခိုက္ၾကေတာ့တယ္။
ရႊမ္ဖုန္း၊ ဝူအန္းနဲ႔ နန္းေတာ္ကအေစာင့္ေတြကလည္း သူတို႔လိုပဲ က်ဴးေက်ာ္သူေတြကိုထိပ္တိုက္ရင္ဆိုင္ၾကတယ္။ ထိုအခ်ိန္မွာပဲ ေလထုက တိုက္ပြဲအေငြ႕အသက္ေတြျပည့္ႏွက္သြားတယ္…
လူဆယ္ေယာက္ေက်ာ္ေလာက္က တိုက္ခိုက္ေနၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ေတာင္ ေသခ်ာမျမင္ႏိုင္ေပမယ့္ ေလလိုမ်ိဳးျမန္ဆန္တဲ႔ရႊမ္ဖုန္းနဲ႔ ဝူအန္းရဲ႕ဓားခ်က္ေတြကိုပဲ ေတြ႕ေနရတယ္။ သူတို႔ဓားကိုေ၀ွ႕လိုက္တိုင္းမွာ အနက္ေရာင္က်ဴးေက်ာ္သူေတြ ေျမျပင္ေပၚလဲက်ကုန္ရတယ္…
“ရႊမ္ဖုန္းနဲ႔ ဝူအန္းရဲ႕တိုက္ခိုက္တဲ႔အစြမ္းက အေတာ္ေလးေကာင္းတယ္ေနာ္!” မုရံုရႊယ္ေႁမွာက္ပင့္လိုက္တယ္။ အိုးရန္ေရွာင္ခ်န္က သူတို႔ကိုေလ့က်င့္ေပးထားတယ္ဆိုမွေတာ့ ေသခ်ာေပါက္ ေနရာတစ္ခုမွာရွိေနရမွာေပါ့။
“သူတို႔ေတြက ကိုယ့္ရဲ႕အေစာင့္ေတြထဲမွာ အေတာ္ဆံုးေတြပဲ၊ အနက္ေရာင္က်ဴးေက်ာ္တဲ႔သူေတြက အမ်ားႀကီးဆိုေပမယ့္ သူတို႔ေတြရဲ႕ၿပိဳင္ဘက္မျဖစ္ႏိုင္ေသးဘူး….” အိုးရန္ေရွာင္ခ်န္ တည္တည္ၿငိမ္ၿငိမ္ျပန္ေျပာတယ္။
႐ုတ္တရက္ ေကာင္းကင္းေပၚကေန ေနာက္ထပ္တိုက္ခိုက္မႈကို ၾကားလိုက္ရတယ္။ မုရံုရႊယ္ဆီကို ဦးတည္ၿပီးလာေနတဲ႔ ႁမွားတစ္ေခ်ာင္းျဖစ္တယ္…
အိုးရန္ေရွာင္ခ်န္ အတြင္းအားကိုခ်က္ခ်င္းထုတ္ၿပီး လ်င္ျမန္စြာေရာက္ရွိလာတဲ႔ႁမွားကို တားဆီးလိုက္တယ္။
“ပင္း!”
ႁမွားကေလထဲမွာပဲ ေပါက္ကြဲသြားတယ္။
ေပါက္ကြဲသြားတဲ႔အနံ႔ေတြက ေလထုထဲပ်ံ႕လာတယ္။ အိုးရန္ေရွာင္ခ်န္ရဲ႕မ်က္လံုးေတြက အႏၲရာယ္ရွိတဲ႔အေငြ႕ေတြျပည့္သြားတယ္၊ သူတို႔ကမ်ား အၾကံအစည္ခ်ၿပီးဆန္႔က်င္ရဲတယ္ေပါ့ေလ၊ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ!
သူ႔အက်ီလက္စေအာက္မွာ လက္သီးကို ဆုတ္ခ်ည္ျဖန္႔ခ်ည္လုပ္လိုက္တယ္။ အားျပင္းတဲ႔စြမ္းအားေတြထြက္လာၿပီး အနက္ေရာင္က်ဴးေက်ာ္သူေတြကိုထိမွန္သြားတာေၾကာင့္ ေသြးေတြအန္ထြက္ကုန္တယ္!
ဆယ္ေယာက္ေလာက္က ေသြးေတြအန္ၿပီး ေသဆံုးသြားတယ္။ တိုက္ပြဲေျမက ေသြးၫွီနံ႔ေတြနဲ႔ ဖံုးလႊမ္းသြားတယ္!
အိုးရန္ေရွာင္ခ်န္ရပ္တန္႔လိုက္တယ္။ သူ႔အမူအရာကေအးစက္စက္နဲ႔ပဲ ၀တ္ရံုစကေလထဲမွာတလြင့္လြင့္နဲ႔ ဘာထိခိုက္မႈမွျဖစ္မသြားခဲ႔ဘူး။
အနက္ေရာင္က်ဳးေက်ာ္သူေတြက ေျမေပၚမွာပဲဖိႏွိပ္ခံခဲ႔ရတာေၾကာင့္ လဲက်ေနတယ္။ အေလာင္းေတြရဲ႕ေသြးေတြက အဝါေရာင္ေျမႀကီးကို လတ္ဆတ္တဲ႔ေသြးေတြနဲ႔ စြန္းထင္းေစကုန္တယ္။
မုရံုရႊယ္မ်က္ေတာင္ခတ္လိုက္တယ္။ သူတို႔ခဏပဲတိုက္ရေသးတယ္ က်ဴးေက်ာ္သူေတြအားလံုးေသကုန္ၿပီ။ အိုးရန္ေရွာင္ခ်န္ရဲ႕တိုက္ခိုက္ႏိုင္စြမ္းကေတာ့ တကယ့္ကိုအံ့မခန္းပဲ ဒါေပမယ့္ “အိုးရန္ရွီဇီ ရွင္တစ္ေယာက္မွအရွင္မထားဘူးလား?”
“ဟိုနားမွာတစ္ေယာက္ အသက္ရွိေသးတယ္” အိုးရန္ေရွာင္ခ်န္ အေလာင္းပံုထဲကေန ထြက္လာတဲ႔အနက္ေရာင္လူကို လက္ၫွိဳးထိုးျပလိုက္တယ္။ သူကမုရံုရႊယ္ေရွ႕မွာလဲက်သြားတယ္။ သူ႔တစ္ကိုယ္လံုးနဲ႔မ်က္ႏွာမွာ ေသြးေတြေပက်ံေနၿပီး မ်က္ဆံေတာင္လည္ေနၿပီျဖစ္တယ္။
မုရံုရႊယ္ထိုသူရဲ႕မ်က္ႏွာကိုဖံုးထားတဲ႔အနက္ေရာင္အစကို ဖယ္လိုက္တယ္။ သူမထိုသူ႔ရဲ႕အက်ီစကို ဆြဲၿပီး ၿခိမ္းေျခာက္လိုက္တယ္ “ငါ့ကိုသတ္ဖို႔ဘယ္သူလႊတ္လိုက္တာလဲ?”
ထိုသူကေတာ့ မ်က္ဆံလည္ေနတုန္းပဲ။
“ရွင္အမွန္တိုင္းေျပာရင္ေကာင္းမယ္ တစ္ေယာက္ေယာက္နဲ႔လွည့္စားမယ္မၾကံနဲ႔၊ ကြ်န္မကိုမုန္းၿပီး ေသေစခ်င္ေနတဲ႔သူက နည္းနည္းပဲရွိတာ၊ ခန္႔မွန္းလိုက္လို႔ေတာင္ရတယ္၊ ပိုေသခ်ာသြားေအာင္ရွင့္ကိုေမးေနတာ… ရွင္လိမ္မယ္ဆိုရင္ ရွင့္ကိုယ္ရွင္ေသေၾကာင္းၾကံေနတာပဲ!”
မုရံုရႊယ္ေတာက္ပစြာျပံဳးလိုက္ေပမယ့္ သူမမ်က္လံုးထဲမွာေတာ့ အၿငိဳးအေတးေတြျပည့္ေနတယ္။ အဲ႔တာေၾကာင့္ ထိုလူခမ်ာ အသက္ေတာင္ေအာင့္လိုက္မိတယ္။
ထိုလူလည္း စိတ္နဲ႔ကိုယ္ျပန္ကပ္သြားတယ္။ ၿပီးတဲ႔ေနာက္မွာ အေၾကာက္တရားေတြျပည့္သြားတယ္။
“အဲ႔တာက မမေလးရဲ႕အဖြားေတာ္ပါ၊ တုသခင္မႀကီးက လႊတ္လိုက္တာပါ… သူမကကြ်န္ေတာ္တို႔ကို ေရႊစတစ္ေသာင္းေပးၿပီး မမေလးရဲ႕အသက္ကိုႏႈတ္ခ္ိုင္းတာပါ… သူမကမမေလးဒီလမ္းက ျပန္လာမယ္လို႔ေျပာပါတယ္…”
“အာာ အဲ႔အဖြားႀကီးလား၊ ေက်းဇူးအမ်ားႀကီးတင္တယ္ေနာ္!” မုရံုရႊယ္ျပံဳးျပလိုက္ကာ သူ႔လည္ပင္းကို ဓားနဲ႔လွီးခ်လိုက္တယ္။
ထိုလူႀကီးကမ်က္လံုးျပဴးကာ ေျမေပၚကိုလဲက်သြားတယ္။ ေသြးေတြကျပတ္ရွရာကေနထြက္လာၿပီး ေျမေပၚကို အနီေရာင္ေတြစြန္းထင္းကုန္တယ္…
ဝူအန္း မ်က္ခံုးပင့္ကာ ေ၀ခြဲမရစြာေမးလိုက္တယ္။ “မမေလးမုရံု မမေလးရဲ႕အဖြားကို ေခၚသြားၿပီး သူ႔ကိုဘာေၾကာင့္သက္ေသအျဖစ္ျပရေအာင္အရွင္မထားရတာလဲ?”
ခ်မ္းသာတဲ႔သူေတြနဲ႔ ေတာ္၀င္လူေတြကို ျခံဳခိုတိုက္ခိုက္တာက ႀကီးေလးတဲ႔ပစ္မႈျဖစ္တယ္။ သက္ေသသာရွိရင္ သခင္မႀကီးတုကို ေထာင္ထဲကိုပို႔လိုက္လို႔ရတယ္။
“သခင္မႀကီးတုက အရမ္းလည္တယ္၊ သူမကသူတို႔နဲ႔အေပးအယူလုပ္ထားတာကို သက္ေသနည္းနည္းေတာင္ အက်န္ခံမွာမဟုတ္ဘူး၊ ဒီလူကိုစစ္ေဆးရံုေလာက္နဲ႔ေတာ့ သူမပါပါေနတယ္ဆိုတာကို သက္ေသျပဖို႔လံုေလာက္မွာမဟုတ္ဘူး၊ ထပ္ေပါင္းေျပာရရင္ သူမကအမႈကိုတစ္ပတ္ျပန္လွည့္ၿပီး ကြ်န္မကမွားယြင္းစြပ္စြဲပါတယ္လို႔ေတာင္ ေျပာႏိုင္တယ္!”
“ဒါဆိုရင္ ဘာဆက္လုပ္မွာလဲ?” ဝူအန္းမ်က္ႏွာမွာ သိလိုစိတ္ေတြအျပည့္နဲ႔ျဖစ္ေနတယ္။ တုသခင္မႀကီးကို ဒီတိုင္းလႊတ္ေပးလိုက္ေတာ္မွာလား? မုရံုရႊယ္အဲ႔လိုေတာ့ မလုပ္ႏိုင္ေလာက္ပါဘူး!
"တုသခင္မႀကီးက ကြ်န္မကိုမေမွ်ာ္လင့္ထားတဲ႔လက္ေတာင္ပို႔ေပးလိုက္တယ္ဆိုေတာ့ … ဒါေပါ့ သူမကိုလည္းလက္ေဆာင္ေလးျပန္ေပးမွ ယဥ္ေက်းရာက်မွာေပါ့!" မုရံုရႊယ္ ရွက္ရြံ႕သလိုေလးျပံဳးလိုက္ေပမယ့္ သူမမ်က္လံုးထဲမွာေတာ့ ရန္လိုမႈေတြျပည့္ေနေလတယ္။
Unicode
မုရုံရွှယ် အတော်လေးပင်ပန်းသွားတယ်။ ရွှေ့လျားနေတာတောင်မှ သူမမျက်လုံးပွင့်မလာဘူး။ အဲ့အစား အိုးရန်ရှောင်ချန်ရဲ့လက်မောင်းတွင်းမှာပဲ သက်သောင့်သက်သာဖြစ်မယ့်နေရာကိုသာ ရွှေ့လိုက်တယ်။ နေရာကိုရှာတွေ့သွားတော့ သူမခေါင်းလေးကိုနစ်၀င်သွားတဲ့ထိ၀င်တိုးလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်သာဆက်အိပ်နေတယ်။
သူမမှာအရိုးတွေတောင် မရှိတော့ဘူးလားတောင်ထင်ရတယ်။ သူမကနူးညံ့အိစက်နေပြီး သူမရဲ့သင်းပျံ့တဲ့ရန့ံဖျော့ဖျော့လေးက လှည်းအတွင်းထဲမှာပျံ့နှံ့နေတယ်။ အဲ့တာက အိုးရန်ရှောင်ချန်ရဲ့တည်ငြိမ်မှုကို ဂယက်ထစေတယ်။
သူမကို ငုံ့ပြီးစိုက်ကြည့်လိုက်တော့ သူမကအသက်ကိုဖြေးဖြေးမှန်မှန်ရှုသွင်းနေပြီး သူမရဲ့ရှည်လျားတဲ့မျက်တောင်တွေက အရိပ်တောင်ကျစေတဲ့ထိဖြစ်နေကာ ပန်းရောင်နှစ်ခမ်းလေးကလည်း တင်းတင်းစေ့ထားတယ်။ တစ်ယောက်ယောက်ရဲ့အနမ်းကို စောင့်မျှော်နေသလိုမျိုး…
ဖြေးဖြေးချင်း အိုးရန်ရှောင်ချန်ရှေ့တိုးကာ သူမနှုတ်ခမ်းပေါ်ကို သူ့နှုတ်ခမ်းနဲ့အသာဖိကပ်လိုက်တယ်။ သူမနှုတ်ခမ်းလေးက နူးညံ့ပြီးချိုမြိန်လွန်းတယ်။ သို့သော်လည်း သူ့ရဲ့ခပ်သာသာအနမ်းကပဲ သူမရဲ့ပုံမှန်အသက်ရှုနှုန်းကို နှောင့်ယှက်လိုက်မိတယ်…
မုရုံရွှယ် သူမအိပ်နေတုန်းသက်သောင့်သက်သာမရှိသလို ခံစားလိုက်ရတယ်။ သူမမျက်မှောင်ကို ကျုံ့ပစ်လိုက်တယ်။ ပြီးနောက် သူမမျက်နှာကို သူ့လက်မောင်းကြားတိုး၀င်လိုက်တာကြောင့် နောက်လာမယ့် အနမ်းတွေကိုပါ ရှောင်ပြီးသားဖြစ်သွားတယ်။
သူမကသူ့လက်မောင်းကြားထဲကို ပိုတိုး၀င်လာတာကို တွေ့တော့ အိုးရန်ရှောင်ချန် အံကြိတ်လိုက်တယ် ; သူမကခုလေးတင် သူ့ကိုငြင်းလိုက်တာလား…? ဒါမှမဟုတ် သူမက အိပ်နေတဲ့အချိန်လူတွေလာနှောင့်ယှက်တာကို သဘောမကျတာလား?
အိုးရန်ရှောင်ချန် ဖြေးဖြေးချင်းခါးကို ပြန်ဆန့်လိုက်တယ်။ သူမကိုသာတိတ်တဆိတ်ငေးကြည့်နေပြီး သူ့မျက်လုံးထဲမှာ နားလည်ရခက်တဲ့အရိပ်အယောင်တွေ ဖြတ်သန်းနေတယ်။
ရုတ်တရက် သူ့အမူအရာကနက်မှောင်သွားတယ်။ လှည်းလုံးအပေါ်ကတံခါးကိုဖွင့်ပြီး မုရုံရွှယ်ကိုသယ်ကာ ပျံသန်းလိုက်တယ်။
သူလေထဲတစ်၀က်လောက်မှာပဲရှိသေးတယ်… ‘ဘန်း’ဆိုတဲ့ အသံကျယ်ကြီးကို ကြားလိုက်ရတယ်။ ဇိမ်ခံမြင်းလှည်းကတစ်စစီပေါက်ကွဲသွားကာ သစ်သားအပိုင်းအစတွေလွင့်စင်လာပြီး အထဲကနေအငွေ့တွေထွက်လာတယ်။
မုရုံရွှယ်က ပေါက်ကွဲသံကြောင့်နိုးလာရပြီး တစ်စစီဖောက်ခွဲခံထားရတဲ့လှည်းကို ကြည့်လိုက်တယ်။ သူမချက်ချင်းပဲဘာတွေဖြစ်သွားခဲ့တယ်ဆိုတာ နားလည်လိုက်တယ်။ သူမမျက်နှာမည်းမှောင်သွားပြီး သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေပေါ်လာတယ်… မြင်းလှည်းမှာ ကျန်းအိမ်တော်ရဲ့တံဆိပ်ပါတယ်။ လှည်းအောက်မှာ ဗုံးကိုမြှုပ်ထားတဲ့သူက သူမကိုပဲရည်ရွယ်နေတယ်ဆိုတာသိသာတယ်!
အိုးရန်ရှောင်ချန် မုရုံရွှယ်ကိုမြေပြင်ပေါ်ကို အန္တရာယ်ကင်းကင်းနဲ့ဖြေးဖြေးချင်းချပေးလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်ကနေသူတို့ဆီကို တစုံတခုဦးတည်လာနေတဲ့အသံကို ကြားလိုက်ရတယ်။
မုရုံရွှယ်ကြည့်လိုက်တော့ မရေမတွက်နိုင်တဲ့အနက်ရောင်ငှက်မွှေးနဲ့ပြုလုပ်ထားတဲ့ ုမြှားတွေကသူတို့ဆီကို နေရာပေါင်းစုံကနေဦးတည်လာနေတာကို တွေ့လိုက်ရတယ်။ ကောင်းကင်တစ်ခုလုံးမှာ မြှားတွေနဲ့သာ ဖုံးလွှမ်းနေတယ်။
“လုပ်ကြံသူတွေ! မမလေးမုရုံနဲ့ အရှင်အိုးရန်ကို ကာကွယ်!” တစ်ယောက်ယောက်က အော်ပြောလိုက်တယ်။ ဝူအန်း၊ ရွှမ်ဖုန်းနဲ့ ကျန်းအိမ်တော်ကအစောင့်တွေက မုရုံရွှယ်နဲ့အရှင်အိုးရန်ကို ကာကွယ်ရေးစက်ဝိုင်းလို ဝိုင်းထားကာကာကွယ်ပေးကြတယ်။ ရောက်လာတဲ့မြှားတွေကို သူတို့ရဲ့လက်နက်တွေနဲ့ တားဆီးနေကြတယ်။
မြှားတွေကို ခုတ်ချနေသံတွေသာကြားနေရတယ်။ အခုတ်ခံရတာကြောင့် မြှားတွေလည်း မြေပေါ်အတုံးအရုံးကျကုန်တယ်။ ဒါပေမယ့် အစောင့်အချို့လည်း ထိမှန်ကုန်တယ်။
အိုးရန်ရှောင်ချန် မုရုံရွှယ်ကိုသာသာလေးကိုင်ထားပြီး မြှားတွေလာရာဘက်ကိုကြည့်လိုက်တယ်။ ပုံစံအရဆိုရင်တော့ သူကချုံခိုတိုက်ခိုက်ခံရတာ အသားတောင်ကျနေသလိုမျိုးပဲ။
မြှားတွေက သူတို့ဆီကို မိုးရွာချနေသလိုမျိုးကျရောက်နေပေမယ့် ဓားချက်တွေကလည်း သူတို့နဲ့အပြိုင်ခုတ်ချနိုင်တဲ့အထိ မြန်ဆန်တယ်။ ဝူအန်းနဲ့ ရွှမ်ဖုန်းတို့ရဲ့ဓားတွေက အသားကုန်ေ၀့ှယမ်းနေပြီး လေတောင်သူတို့ရဲ့လွှဲချက်တွေကို မတားဆီနိုင်ဘူး။ အဲ့တာကြောင့် မိုးရွာသလိုကျရောက်နေတဲ့မြှားတွေက မုရုံရွှယ်နဲ့ အိုးရန်ရှောင်ချန်ကို ထိခိုက်အောင်မလုပ်နိုင်ဘူးဖြစ်နေတယ်။
တစ်ခြားတစ်ဖက်မှာလဲ အနက်ရောင်၀တ်စုံနဲ့ကျူးကျော်သူတွေက မြှားတွေကအလုပ်မဖြစ်တာကို တွေ့လိုက်ရတယ်။ သူတို့လက်ကိုေ၀့ှယမ်းကာ တခြားသူတွေကိုလည်း မြှားပစ်တာရပ်ဖို့ အချက်ပြလိုက်တယ်။ အဲ့အစားသူတို့ရဲ့ဓားရှည်တွေကို ဆွဲထုတ်ပြီး တိုက်ခိုက်ကြတော့တယ်။
ရွှမ်ဖုန်း၊ ဝူအန်းနဲ့ နန်းတော်ကအစောင့်တွေကလည်း သူတို့လိုပဲ ကျူးကျော်သူတွေကိုထိပ်တိုက်ရင်ဆိုင်ကြတယ်။ ထိုအချိန်မှာပဲ လေထုက တိုက်ပွဲအငွေ့အသက်တွေပြည့်နှက်သွားတယ်…
လူဆယ်ယောက်ကျော်လောက်က တိုက်ခိုက်နေကြပြီး တစ်ယောက်နဲ့တစ်ယောက်တောင် သေချာမမြင်နိုင်ပေမယ့် လေလိုမျိုးမြန်ဆန်တဲ့ရွှမ်ဖုန်းနဲ့ ဝူအန်းရဲ့ဓားချက်တွေကိုပဲ တွေ့နေရတယ်။ သူတို့ဓားကိုေ၀့ှလိုက်တိုင်းမှာ အနက်ရောင်ကျူးကျော်သူတွေ မြေပြင်ပေါ်လဲကျကုန်ရတယ်…
“ရွှမ်ဖုန်းနဲ့ ဝူအန်းရဲ့တိုက်ခိုက်တဲ့အစွမ်းက အတော်လေးကောင်းတယ်နော်!” မုရုံရွှယ်မြှောက်ပင့်လိုက်တယ်။ အိုးရန်ရှောင်ချန်က သူတို့ကိုလေ့ကျင့်ပေးထားတယ်ဆိုမှတော့ သေချာပေါက် နေရာတစ်ခုမှာရှိနေရမှာပေါ့။
“သူတို့တွေက ကိုယ့်ရဲ့အစောင့်တွေထဲမှာ အတော်ဆုံးတွေပဲ၊ အနက်ရောင်ကျူးကျော်တဲ့သူတွေက အများကြီးဆိုပေမယ့် သူတို့တွေရဲ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး….” အိုးရန်ရှောင်ချန် တည်တည်ငြိမ်ငြိမ်ပြန်ပြောတယ်။
ရုတ်တရက် ကောင်းကင်းပေါ်ကနေ နောက်ထပ်တိုက်ခိုက်မှုကို ကြားလိုက်ရတယ်။ မုရုံရွှယ်ဆီကို ဦးတည်ပြီးလာနေတဲ့ မြှားတစ်ချောင်းဖြစ်တယ်…
အိုးရန်ရှောင်ချန် အတွင်းအားကိုချက်ချင်းထုတ်ပြီး လျင်မြန်စွာရောက်ရှိလာတဲ့မြှားကို တားဆီးလိုက်တယ်။
“ပင်း!”
မြှားကလေထဲမှာပဲ ပေါက်ကွဲသွားတယ်။
ပေါက်ကွဲသွားတဲ့အနံ့တွေက လေထုထဲပျံ့လာတယ်။ အိုးရန်ရှောင်ချန်ရဲ့မျက်လုံးတွေက အန္တရာယ်ရှိတဲ့အငွေ့တွေပြည့်သွားတယ်၊ သူတို့ကများ အကြံအစည်ချပြီးဆန့်ကျင်ရဲတယ်ပေါ့လေ၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ!
သူ့အကျီလက်စအောက်မှာ လက်သီးကို ဆုတ်ချည်ဖြန့်ချည်လုပ်လိုက်တယ်။ အားပြင်းတဲ့စွမ်းအားတွေထွက်လာပြီး အနက်ရောင်ကျူးကျော်သူတွေကိုထိမှန်သွားတာကြောင့် သွေးတွေအန်ထွက်ကုန်တယ်!
ဆယ်ယောက်လောက်က သွေးတွေအန်ပြီး သေဆုံးသွားတယ်။ တိုက်ပွဲမြေက သွေးညှီနံ့တွေနဲ့ ဖုံးလွှမ်းသွားတယ်!
အိုးရန်ရှောင်ချန်ရပ်တန့်လိုက်တယ်။ သူ့အမူအရာကအေးစက်စက်နဲ့ပဲ ၀တ်ရုံစကလေထဲမှာတလွင့်လွင့်နဲ့ ဘာထိခိုက်မှုမှဖြစ်မသွားခဲ့ဘူး။
အနက်ရောင်ကျုးကျော်သူတွေက မြေပေါ်မှာပဲဖိနှိပ်ခံခဲ့ရတာကြောင့် လဲကျနေတယ်။ အလောင်းတွေရဲ့သွေးတွေက အဝါရောင်မြေကြီးကို လတ်ဆတ်တဲ့သွေးတွေနဲ့ စွန်းထင်းစေကုန်တယ်။
မုရုံရွှယ်မျက်တောင်ခတ်လိုက်တယ်။ သူတို့ခဏပဲတိုက်ရသေးတယ် ကျူးကျော်သူတွေအားလုံးသေကုန်ပြီ။ အိုးရန်ရှောင်ချန်ရဲ့တိုက်ခိုက်နိုင်စွမ်းကတော့ တကယ့်ကိုအံ့မခန်းပဲ ဒါပေမယ့် “အိုးရန်ရှီဇီ ရှင်တစ်ယောက်မှအရှင်မထားဘူးလား?”
“ဟိုနားမှာတစ်ယောက် အသက်ရှိသေးတယ်” အိုးရန်ရှောင်ချန် အလောင်းပုံထဲကနေ ထွက်လာတဲ့အနက်ရောင်လူကို လက်ညှိုးထိုးပြလိုက်တယ်။ သူကမုရုံရွှယ်ရှေ့မှာလဲကျသွားတယ်။ သူ့တစ်ကိုယ်လုံးနဲ့မျက်နှာမှာ သွေးတွေပေကျံနေပြီး မျက်ဆံတောင်လည်နေပြီဖြစ်တယ်။
မုရုံရွှယ်ထိုသူရဲ့မျက်နှာကိုဖုံးထားတဲ့အနက်ရောင်အစကို ဖယ်လိုက်တယ်။ သူမထိုသူ့ရဲ့အကျီစကို ဆွဲပြီး ခြိမ်းခြောက်လိုက်တယ် “ငါ့ကိုသတ်ဖို့ဘယ်သူလွှတ်လိုက်တာလဲ?”
ထိုသူကတော့ မျက်ဆံလည်နေတုန်းပဲ။
“ရှင်အမှန်တိုင်းပြောရင်ကောင်းမယ် တစ်ယောက်ယောက်နဲ့လှည့်စားမယ်မကြံနဲ့၊ ကျွန်မကိုမုန်းပြီး သေစေချင်နေတဲ့သူက နည်းနည်းပဲရှိတာ၊ ခန့်မှန်းလိုက်လို့တောင်ရတယ်၊ ပိုသေချာသွားအောင်ရှင့်ကိုမေးနေတာ… ရှင်လိမ်မယ်ဆိုရင် ရှင့်ကိုယ်ရှင်သေကြောင်းကြံနေတာပဲ!”
မုရုံရွှယ်တောက်ပစွာပြုံးလိုက်ပေမယ့် သူမမျက်လုံးထဲမှာတော့ အငြိုးအတေးတွေပြည့်နေတယ်။ အဲ့တာကြောင့် ထိုလူခမျာ အသက်တောင်အောင့်လိုက်မိတယ်။
ထိုလူလည်း စိတ်နဲ့ကိုယ်ပြန်ကပ်သွားတယ်။ ပြီးတဲ့နောက်မှာ အကြောက်တရားတွေပြည့်သွားတယ်။
“အဲ့တာက မမလေးရဲ့အဖွားတော်ပါ၊ တုသခင်မကြီးက လွှတ်လိုက်တာပါ… သူမကကျွန်တော်တို့ကို ရွှေစတစ်သောင်းပေးပြီး မမလေးရဲ့အသက်ကိုနှုတ်ခ်ိုင်းတာပါ… သူမကမမလေးဒီလမ်းက ပြန်လာမယ်လို့ပြောပါတယ်…”
“အာာ အဲ့အဖွားကြီးလား၊ ကျေးဇူးအများကြီးတင်တယ်နော်!” မုရုံရွှယ်ပြုံးပြလိုက်ကာ သူ့လည်ပင်းကို ဓားနဲ့လှီးချလိုက်တယ်။
ထိုလူကြီးကမျက်လုံးပြူးကာ မြေပေါ်ကိုလဲကျသွားတယ်။ သွေးတွေကပြတ်ရှရာကနေထွက်လာပြီး မြေပေါ်ကို အနီရောင်တွေစွန်းထင်းကုန်တယ်…
ဝူအန်း မျက်ခုံးပင့်ကာ ေ၀ခွဲမရစွာမေးလိုက်တယ်။ “မမလေးမုရုံ မမလေးရဲ့အဖွားကို ခေါ်သွားပြီး သူ့ကိုဘာကြောင့်သက်သေအဖြစ်ပြရအောင်အရှင်မထားရတာလဲ?”
ချမ်းသာတဲ့သူတွေနဲ့ တော်၀င်လူတွေကို ခြုံခိုတိုက်ခိုက်တာက ကြီးလေးတဲ့ပစ်မှုဖြစ်တယ်။ သက်သေသာရှိရင် သခင်မကြီးတုကို ထောင်ထဲကိုပို့လိုက်လို့ရတယ်။
“သခင်မကြီးတုက အရမ်းလည်တယ်၊ သူမကသူတို့နဲ့အပေးအယူလုပ်ထားတာကို သက်သေနည်းနည်းတောင် အကျန်ခံမှာမဟုတ်ဘူး၊ ဒီလူကိုစစ်ဆေးရုံလောက်နဲ့တော့ သူမပါပါနေတယ်ဆိုတာကို သက်သေပြဖို့လုံလောက်မှာမဟုတ်ဘူး၊ ထပ်ပေါင်းပြောရရင် သူမကအမှုကိုတစ်ပတ်ပြန်လှည့်ပြီး ကျွန်မကမှားယွင်းစွပ်စွဲပါတယ်လို့တောင် ပြောနိုင်တယ်!”
“ဒါဆိုရင် ဘာဆက်လုပ်မှာလဲ?” ဝူအန်းမျက်နှာမှာ သိလိုစိတ်တွေအပြည့်နဲ့ဖြစ်နေတယ်။ တုသခင်မကြီးကို ဒီတိုင်းလွှတ်ပေးလိုက်တော်မှာလား? မုရုံရွှယ်အဲ့လိုတော့ မလုပ်နိုင်လောက်ပါဘူး!
"တုသခင်မကြီးက ကျွန်မကိုမမျှော်လင့်ထားတဲ့လက်တောင်ပို့ပေးလိုက်တယ်ဆိုတော့ … ဒါပေါ့ သူမကိုလည်းလက်ဆောင်လေးပြန်ပေးမှ ယဉ်ကျေးရာကျမှာပေါ့!" မုရုံရွှယ် ရှက်ရွံ့သလိုလေးပြုံးလိုက်ပေမယ့် သူမမျက်လုံးထဲမှာတော့ ရန်လိုမှုတွေပြည့်နေလေတယ်။