၂၁။ ဝူအန္းMarquisအိမ္ေတာ္ကို ျပႆနာ႐ွာ
တုသခင္မႀကီးနဲ႔ မုရံုေရာ့.. အဲ့ဒိ့သားအမိႏွစ္ေယာက္လံုးက ခ်မ္းသာႂကြယ္ဝေနၾကတာေတာင္မွ သူမနဲ႔သူမအကိုရဲ႕အေမြေတြကို မသမာတဲ့နည္းေတြနဲ႔ ခိုးယူေနတုန္းပဲ။ ဘယ္ေလာက္ေတာင္ ေလာဘႀကီးၿပီးအလိုဆႏၵေတြႀကီးမားတဲ့ သူေတြလဲ။ သူတို႔ၾကားမွာ႐ွိတဲ့ အနည္းငယ္မွ်ေသာေဆြမ်ိဳးဆိုတဲ့ဆက္ဆံေရးကလည္း ဒီသားအမိႏွစ္ေယာက္ေၾကာင့္ လံုးဝပ်က္စီးသြားခဲ့ၿပီ။ သူမအေမရဲ႕ပစၥည္းေရာင္းဆိုင္မွာ႐ွိတဲ့ အရာေတြကို ဘယ္သူ႔ကိုမဆိုေပးႏိုင္တယ္... ဒါေပမယ့္ ဝူအန္းMarquisအိမ္ေတာ္ မပါဘူး။
"အာ.."တာဝန္ခံေတြ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၿပီး မ်က္ႏွာေတြကေတာ့ ခါးသီးမႈအသြင္ေဆာင္ေနတယ္။ "သခင္မေလးကို တင္ျပပါမယ္... ကြၽန္ေတာ္မ်ိဳးတို႔ ဝူအန္းအိမ္ေတာ္ကို လတိုင္းလူလႊတ္ၿပီး ပိုက္ဆံေပးဖို႔ေျပာပါတယ္.. ဒါေပမယ့္ သူတို႔က အခ်ိန္ဆြဲၿပီး ဘယ္တုန္းကမွပိုက္ဆံမေပးပါဘူး..."
"ဟုတ္ပါတယ္ သခင္မေလး... ဝူအန္းအိမ္ေတာ္ကလူေတြက သိပ္ကိုကလိန္ကက်စ္က်ပါတယ္... ကြၽန္ေတာ္တို႔လူေတြဘယ္လိုေျပာေျပာ သူတို႔ကတစ္ခြန္းပဲျပန္ေျပာပါတယ္... ငါတို႔ေနာက္လေပးမယ္...ဆိုတာပါပဲ"
"အဲ့လိုနဲ႔ ေနာက္လပိုက္ဆံသြားေတာင္းေတာ့လည္း သူတို႔ကေနာက္လေပးမယ္လို႔ဆက္ေျပာပါတယ္... အဲ့လိုနည္းနဲ႔ သူတို႔ေပးရမွာေတြကို ေရြ႕ဆိုင္းခဲ့တာလြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ကေန အခုထိပါပဲ..."
တာဝန္ခံက က်ယ္ေလာင္စြာေျပာၾကားလိုက္တယ္။ မုရံုရြယ္ႏႈတ္ခမ္းဖ်ားက တြန္႔ခ်ိဳးၿပီး သေရာ္ျပံဳးျပံဳးလိုက္တယ္။ တုသခင္မႀကီးနဲ႔ မုရံုေရာ့က ခ်န္းအေမြဆိုင္က ပစၥည္းေတြအားလံုးကို တိတ္တဆိတ္ေရႊ႕ဖို႔ျပင္ေနၾကတယ္လား...? ေလာဘႀကီးလိုက္တာေနာ္... သူတို႔ေတြက တကယ္ကို ခိုးဝွက္ျခင္းအႏုပညာမွာတစ္ဖက္ကမ္းခတ္ ကြၽမ္းက်င္တာပဲ...။
အခု သူမကဆိုင္ရဲ႕ စီမံခန္႔ခြဲေရးကို တာဝန္ယူေနၿပီဆိုေတာ့ ဒီသားအမိႏွစ္ေယာက္ရဲ႕အႂကံအစည္ေတြကို ရပ္တံ့ေပးသင့္ၿပီ။ "ကြၽန္မနည္းလမ္းတစ္ခုစဥ္းစားမိတယ္... တကယ္လို႔႐ွင္တို႔သာ ကြၽန္မသင္ေပးသလိုလုပ္မယ္ဆိုရင္ ကြၽန္မကတိေပးတယ္... အဲ့ဝူအန္းအိမ္ေတာ္က တရ္ိုတေသနဲ႔ကို ေပးစရာ႐ွိတဲ့ပိုက္ဆံေတြေပးလာေစရမယ္..."
"တကယ္လား...?" တာဝန္ခံရဲ႕မ်က္လံုးေတြ တလက္လက္ထသြားၿပီး မုရံုရြယ္ကို သေဘာတူတဲ့အၾကည့္ေတြနဲ႔ၾကည့္ေနတယ္။ "ဘယ္လိုနည္းလမ္းပါလဲ..?"
ၿမိဳ႕ေတာ္ရဲ႕လမ္းေတြဟာ အလုပ္႐ႈပ္ၿပီးလူထူထပ္တယ္။ ေႏြဦးေလညႇင္းနဲ႔အတူေရာယွက္ၿပီးပါလာတဲ့ ရာေပါင္းမ်ားစြာေသာ ပန္းပြင့္ေလးေတြရဲ႕ရနံ႔ေတြက လူေတြကိုစိတ္ေပ်ာ္ေစတယ္။ ေဖ်ာ့ေတာ့တဲ့ေနေရာင္ေလးကလည္ လူအေပါင္းကိုေႏြးေထြးစြာ ျဖာက်ေပးေနတယ္။
ခမ္းနားတဲ့ျမင္းရထားလံုးဟာ အသာအယာခရီးႏွင္ေနၿပီး ဝူခ်င္းအိမ္ေတာ္ေ႐ွ႕မွာ တျဖည္းျဖည္းရပ္သြားတယ္။ လိုက္ကာပြင့္သြားၿပီးေနာက္ ပန္းေရာင္မိန္းမပ်ိဳေလးတစ္ေယာက္ထြက္လာတယ္။ သူမမ်က္ႏွာက ပန္းေတြပြင့္ဖူးေနသလိုေတာက္ပေနၿပီး ဆံပင္ေလးေတြကလည္း အနက္ေရာင္တိမ္တိုက္ေတြလိုပဲ။ သူမမ်က္ခံုးေတြက ေႏြဦးေတာင္တန္းေတြနဲ႔တူၿပီး မ်က္ဝန္းေလးေတြက ေဆာင္းဦးေရျပင္နဲ႔အလားတူတယ္။ အဲ့တာက ဝူအန္းပဏာမဇနီးရဲ႕ အႀကီးဆံုးသမီး စုန္႔ခ်င္းယန္ပဲ။
ေျခလွမ္းတစ္လွမ္းခ်င္းစီလွမ္းၿပီး ရထားလံုးေပၚကဆင္းလာတယ္။ စုန္႔ခ်င္းယန္က သူမရဲ႕အေစခံလက္ေမာင္းကို ကိုင္ၿပီး အိမ္ေတာ္ထဲကိုေနာက္ကလိုက္ဝင္သြားတယ္။ သူမမ်က္လံုးေတြက ဝက္သစ္ခ်ေသတၱာကိုၾကည့္လိုက္ၿပီး ႏႈတ္ခမ္းေတြကို ဆြဲမက္ဖြယ္ျပံဳးလိုက္တယ္.... ရတနာဆိုင္က ရတနာအသစ္က သူမနဲ႔အရမ္းလိုက္ဖက္မႈ႐ွိတယ္။ ဒါေၾကာင့္ သူမကတံုဆိုင္းျခင္းမ႐ွိလာယူတာ။
အႀကီးဆံုးအေဒၚ(ခ်န္း)ရဲ႕ အေမြဆိုင္က ဒါေတြေကာင္းတာ... သူမဘာျမင္ျမင္ သူမယူႏိုင္တယ္။ ၿပီးေတာ့ စာရင္းထဲမွာပဲမွတ္ထားၿပီး ေပးစရာမလိုဘူး။
"သခင္မေလး..!" အေစာင့္က တေလးတစား သူမကို အ႐ိုအေသေပးလိုက္တယ္။
စုန္႔ခ်င္းယန္ အသိအမွတ္ျပဳေၾကာင္းအသံျပဳၿပီး ေၾကာ့ေၾကာ့ေမာ့ေမာ့ေလး ပင္မတံခါးဆီကို ေလွ်ာက္သြားတယ္။ သူမပင္မခန္းမကို ဝင္မလို႔ပဲ႐ွိေသးတယ္.. သူမအေနာက္ကေန ေယာက်ာ္းတစ္ေယာက္အသံထြက္လာတယ္။ "ကြၽန္ေတာ္မ်ိဳးက က်ဴယြိတရားရံုးကအလုပ္သမားပါ.. တာဝန္ခံရဲ႕ ဝူအန္းMarquisအိမ္ေတာ္ရဲ႕စာရင္းေတြကို ႐ွင္းရမယ္ဆိုတဲ့ အမိန္႔အရပါ... သတင္းပို႔ခြင့္ျပဳပါ..."
စုန္႔ခ်င္းယန္ရဲ႕ လွပတဲ့မ်က္ခံုးေတြအနည္းငယ္ တြန္႔ခ်ိဳးသြားတယ္။ သူမထိုသူ႔ဘက္ကိုလွည့္ၾကည့္လိုက္ေတာ့ မီးခိုးေရာင္အၾကမ္းထည္ဝတ္ရံုကိုဝတ္ထားၿပီး သာမန္အရပ္နဲ႔ ရြက္ၾကမ္းေရက်ိဳအသြင္အျပင္... လူအုပ္ၾကားထဲမွာရပ္ေနရင္ ဘယ္လိုမွသတိမထားမိႏိုင္တဲ့ပံုစံ...။
"က်ဴယြိတရားရံုးနဲ႔ ေဖာက္သည္ေတြရဲ႕ ေငြစာရင္းေတြက တစ္လတစ္ခါရွင္းေနၾကမွတ္လား..? ခုဟာက လအစလည္းမဟုတ္သလို လကုန္လည္းမဟုတ္ေသးပါဘူး... ဘာေတြစာရင္း႐ွင္းေနတာလဲ..?" သူမက ရတနာအသစ္ကိုက်ဴယြိကေနလာယူရံုပဲေလ။ ခုေတာ့ဒီက်ဴယြိတရားရံုးကအလုပ္သမားက ဝူအန္းတရားရံုးကိုလာၿပီး ေငြစာရင္းေတြလာ႐ွင္းေနတယ္။ သူတို႔ပိုက္ဆံေနာက္လိုက္ေနၾကတာလာ...? စိတ္႐ႈပ္ဖို႔ေကာင္းလိုက္တာ!!!
အလုပ္သမားက အသံၾကားၿပီးၾကည့္လိုက္ေတာ့ စုန္႔က်င္းယန္ကိုေတြ႔သြားတယ္။ သူမကမၾကာခဏလာတဲ့ဧည့္သည္ ဝူအန္းအိမ္ေတာ္ကသခင္မေလးဆိုတာ သတိထားမိသြားတယ္။ သူကျပံဳးျပီးေျပာလို္က္တယ္... "သခင္မေလး.. ကြၽန္ေတာ္မ်ိဳးက ၿပီးခဲ့တဲ့လက စာရင္းေတြကို႐ွင္းဖို႔လာတာမဟုတ္ပါဘူး... ဟိုးအရင္ကတည္းကစာရင္းေတြအတြက္ပါ... အဲ့တာေတြက္ို တကယ္ဆိုအရင္လတည္းကေပးေခ်ၿပီးသင့္ၿပီ..."
"ေကာင္းၿပီ..ေကာင္းၿပီ!" စုန္႔ခ်င္းယန္ သူေျပာလို႔မၿပီးေသးခင္ စိတ္မ႐ွည္စြာျဖတ္ေျပာလိုက္တယ္။ "အိမ္ေတာ္မွာကခုတစ္ေလာအရမ္းအလုပ္မ်ားေနတယ္... စာရင္းေတြ႐ွင္းလင္းဖို႔အခ်ိန္မ႐ွိဘူး... လကုန္သြားရင္ ထပ္လာခဲ့.. ႐ွင္းရမယ့္စာရင္းေတြအားလံုးကို အစဥ္အတိုင္းယူလာၿပီး ငါတို႔အဲ့တာကို အတူ႐ွင္းမယ္..."
အလုပ္သမားေလးရဲ႕ ႏႈတ္ခမ္းေတြမသာေကြးၫႊတ္သြားၿပီး အထင္ေသးတဲ့အရိပ္အေရာင္ေတြဖ်တ္ခနဲ မ်က္လံုးထဲေပၚလာတယ္။ လာျပန္ၿပီ ဒီဝတ္ေက်တမ္းေက်စကားလံုးေတြ...။ ဒီစကားေတြကို နားဖာေခ်းေတြတက္ေလာက္ေအာင္ ၾကားၿပီးၿပီ။ ကံေကာင္းခ်င္ေတာ့ က်ဴယြိတရားရံုးက အခုသခင္မေလးမုရံုရြယ္လက္ေအာက္ေရာက္ေနၿပီ။ သူအခုဒီစိတ္ပ်က္စရာအမ်ိဳးသမီးကို စိတ္အေႏွာင့္အယွက္ေပးမိမွာကို ေနာက္ထပ္စိတ္ပူစရာမလိုေတာ့ဘူး။
"စုန္႔သခင္မေလး.. ဒီအခ်ိန္ကလာဖို႔ေကာင္းတဲ့အခ်ိန္မဟုတ္ဘူးဆိုတာ ကြၽန္ေတာ္သိပါတယ္... ဒါေပမယ့္တာဝန္ခံက အကယ္၍ကြၽန္ေတာ္ေငြစာရင္းကို ဒီတစ္ႀကိမ္မွာမွမ႐ွင္းႏိုင္ရင္ သူကြၽန္ေတာ့္ကိုအလုပ္ထုတ္ေတာ့မယ္... ကြၽန္ေတာ္မွာ ကြၽန္ေတာ့္ကိုမွီခိုေနတဲ့သက္ႀကီးရြယ္အိုေတြနဲ႔ ကေလးေတြ႐ွိပါတယ္... ဒီအလုပ္ျပဳတ္လို႔မျဖစ္ပါဘူး... ေက်းဇူးျပဳၿပီး စုန္႔သခင္မေလး ကြၽန္ေတာ့္ကို သနားေသာအားျဖင့္ ေငြစာရင္းကိုေခ်ေပးပါ..."
ဝန္ထမ္းက ငိုယိုၿပီး ေျပာေနပံုကအလြန္အမင္းႀကီးကို သနားဖြယ္ရာေကာင္းေနတယ္။ ဒီလိုပြက္ေလာ႐ိုက္ေနတာက ျဖတ္သြားျဖတ္လာေတြကို စိတ္ဝင္စားသြားေစၿပီး လူစုလူေဝးႀကီးျဖစ္သြားေစတယ္... "ဘာေတြျဖစ္ေနတာလဲ..."
"ငါလည္းမသိဘူး... ၾကည့္ရတာ သူကေပးစရာ႐ွိတာေတြေတာင္းေနပံုပဲ..."
"တကယ္လို႔ သူကေငြေခ်ေစခ်င္ေနရင္ ေငြေခ်ေပးလိုက္ေပါ့... ဘာလို႔ သူ႔ကိုသနားစရာေကာင္းေလာက္ေအာင္ ဆူပူေနရတာလဲ..."
"ဘယ္သူက သူမကိုဝူအန္းအိမ္ေတာ္ကို အေဖလိုသေဘာထားေစခ်င္ေနတာလဲ.. သူမရဲ႕အဆင့္အတန္းက အလြန္ျမင့္ျမတ္တယ္... ဒီလိုဘာမဟုတ္တဲ့ ဆိုင္ဝန္ထမ္းတစ္ေယာက္ကို ဆူပူမိရံုနဲ႔ သူမကို ဘယ္သူကအျပစ္တင္ႏိုင္မွာလဲ..."
တီးတိုးေျပာဆိုသံေတြကို တစြန္းတစသူမနားနဲ႔ၾကားၿပီးေနာက္ စုန္႔ခ်င္းယန္ရဲ႕လွပတဲ့မ်က္ႏွာက ေဒါသေၾကာင့္အနီေရာင္ေျပာင္းလာတယ္။ သူမလူအုပ္ကိုလွည့္ၾကည့္လိုက္ၿပီး ေဒါသတႀကီးေအာ္ဟစ္လိုက္တယ္... "ငါသူ႔ကို ဆူေနတာမဟုတ္ဘူး..."
လူတိုင္းကမယံုၾကည္ၾကဘူး။ သူမကအျမဲတမ္း သူမအနားကလူေတြကို ခ်ိဳးႏွိမ္ေလ့႐ွိတယ္။ သူမကသာ အႏိုင္က်င့္ေနတာမဟုတ္ရင္ တျခားဘယ္သူ႐ွိအံုးမွာလဲ...?
စုန္႔ခ်င္းယန္ အမ်က္ေျခာင္းေျခာင္းထြက္သြားတယ္။ သူမဆိုင္ဝန္ထမ္းဆီသြားလိုက္ၿပီး သူ႔ရဲ႕အဝတ္အစားကိုေဆာင့္ဆြဲလိုက္ကာ လူတိုင္းေ႐ွ႕ကို တြန္းထုတ္လိုက္တယ္... "အားလံုးကိုေျပာလိုက္... ငါနင့္ကို မဆူဘူးဆိုတာ...!"
ဝန္ထမ္းေလးက အ႐ွိန္မထိန္းႏိုင္ဘဲေျမႀကီးေပၚကို ျပဳတ္က်သြားတယ္။ စူး႐ွတဲ့နာက်င္မႈက သူရဲ႕တံေတာင္ဆစ္တေလွ်ာက္ျဖတ္သန္းသြားၿပီး သူ႔ကိုေတာင္ ပင့္သက္႐ိႈက္သြားေစတယ္။ သူ စုန္႔ခ်င္းယန္ကိုေမာ့ၾကည့္လိုက္ၿပီး တခြန္းခ်င္းစီပီပီသသေျပာလ္ုိက္တယ္။ "ကြၽန္ေတာ္ဒီေန႔က က်ဴယြိတရားရံုးကေနၿပီးေတာ့ အိမ္ေတာ္ကေပးစရာ႐ွိတဲ့အေႂကြးေတြကို သိမ္းဖို႔လာရံုပါပဲ... စုန္႔သခင္မေလးက ဘာေၾကာင့္ကြၽန္ေတာ့္ကို ခက္ခဲေအာင္လုပ္ေနတာပါလဲ..."
စုန္႔ခ်င္းယန္ အျပစ္မကင္းျဖစ္သြားၿပီး သူမမ်က္လံုးေတြမွာ မသက္မသာအရိပ္အေယာင္ေတြျဖတ္သြားတယ္။ သူမယဥ္ေက်းမႈမ႐ွိျပန္ေျပာလိုက္တယ္... "ငါကဘယ္ေနရာမွာ နင့္ကို ခက္ခဲေအာင္လုပ္ေနလို႔လဲ...?ငါလကုန္ရင္ နင့္ကိုျပန္လာခဲ့လို႔ေျပာၿပီးၿပီေလ..."
သူမစကားေတြၾကားၿပီးေနာက္.. ဝန္ထမ္းကေဒါသထြက္သြားတယ္... "ဝူအန္းMarquisအိမ္ေတာ္ကို ေငြစာရင္းလာေခ်တဲ့အႀကိမ္တိုင္း အေစခံကအျမဲတမ္းဒီလိုအေၾကာင္းျပခ်က္ေပးတယ္... ကြၽန္ေတာ္သခင္မေလးရဲ႕ ဝတ္ေက်တမ္းေက်စကားလံုးေတြကို ေနာက္ထပ္မယံုေတာ့ဘူး... အခုက်ဴယြိက ဝူအန္းအိမ္ေတာ္က၁၀ႏွစ္လံုးလံုး အေႂကြးမေပးတာေၾကာင့္ ေငြေၾကးက်ပ္တည္းေနၿပီ... ကြၽန္ေတာ္တို႔ ဒီေငြကိုအေရးတႀကိးလိုေနၿပီ..."
"ဝူအန္းMarquisအိမ္ေတာ္က ၁၀ႏွစ္လံုးလံုးေငြမေခ်ေပးခဲ့ဘူး... တကယ္ႀကီးလား?" အျပင္လူတစ္ေယာက္ကေျပာလိုက္တယ္။
"ဒါေပါ့ အဲ့တာအမွန္ပဲ... တကယ္လို႔မယံဘုးဆိုရင္.. အကိုႀကီး ကြၽန္ေတာ္ဖတ္ျပပါမယ္..."
ဝန္ထမ္းက အလ်င္အျမန္ပဲ ကူးထားတဲ့ေငြစာရင္းကို ထုတ္လိုက္ၿပီး က်ယ္ေလာင္စြာဖတ္လိုက္တယ္။ "XXႏွစ္၊ XXလ၊ XXရက္မွာ ဝူအန္းMarquisအမ်ိဳးသမီးဝယ္ခဲ့တာက ေတာင္ပိုင္းပုလဲသြယ္ရတနာတစ္စံု၊ မဟူရာေက်ာက္ရတနာတစ္စံု၊ ပုလဲရတနာတစ္စံု၊ ေတာင္ပိုင္းပုလဲသြယ္ဆံထိုးတစ္စံု၊ တန္ေၾကးက ေငြစႏွစ္ေသာင္း။ XXႏွစ္၊ XXလ၊ XXရက္မွာ ဝူအန္းMarquisအမ်ိဳးသမီး ဝယ္ခဲ့တာက...."
"အဲ့တာတစ္ကယ္ပဲ လြန္ခဲ့တဲ့ ၁၀ႏွစ္ကရက္ေတြပဲ... စာရင္းေတြက အတုမဟုတ္ဘူးေပါ့..."
"ဘယ္သူက လိမ္လည္လွည့္ဖ်ားၿပီး ဝူအန္းMarquisအိမ္ေတာ္ကို ဆန္႔က်င္ဖို႔ ၾကံစည္ရဲမွာလဲ... တကယ္လို႔ သူကအသက္မ႐ွင္ခ်င္ေတာ့ဘူးဆိုရင္ေတာ့ တမ်ိဳးေပါ့..."
"အမွန္ပဲ.. က်ဴယြိတရားရံုးရဲ႕ ဂုဏ္သတင္းကတကယ္ေကာင္းတယ္... တာဝန္ခံကလည္း ႐ိုးသားတဲ့သူတစ္ေယာက္.. သူကတျခားလူကို ထိခိုက္ေမာင္လိမ္လည္ လွည့္ဖ်ားမွာမဟုတ္ဘူး..."
"ျမင့္ျမတ္တဲ့ ဝူအန္းMarquisအိမ္ေတာ္က တျခားလူေတြရဲ႕ ပစၥည္းကို ပိုက္ဆံမေပးဘဲ ယူတယ္။ လူေတြက ၁၀ႏွစ္စာအေႂကြးေတြေပးဖို႔လိုက္ေတာ့လည္း ေပးေခ်ဖို႔ တံု႔ေႏွးေနတယ္... ဘယ္လို... ဘယ္လိုေတာင္... ဟင္းးး.."
Translated by Kay_Wine
Unicode
၂၁။ ဝူအန်းMarquisအိမ်တော်ကို ပြဿနာရှာ
တုသခင်မကြီးနဲ့ မုရုံရော့.. အဲ့ဒိ့သားအမိနှစ်ယောက်လုံးက ချမ်းသာကြွယ်ဝနေကြတာတောင်မွ သူမနဲ့သူမအကိုရဲ့အမွေတွေကို မသမာတဲ့နည်းတွေနဲ့ ခိုးယူနေတုန်းပဲ။ ဘယ်လောက်တောင် လောဘကြီးပြီးအလိုဆန္ဒတွေကြီးမားတဲ့ သူတွေလဲ။ သူတို့ကြားမှာရှိတဲ့ အနည်းငယ်မွ်သောဆွေမျိုးဆိုတဲ့ဆက်ဆံရေးကလည်း ဒီသားအမိနှစ်ယောက်ကြောင့် လုံးဝပျက်စီးသွားခဲ့ပြီ။ သူမအမေရဲ့ပစ္စည်းရောင်းဆိုင်မှာရှိတဲ့ အရာတွေကို ဘယ်သူ့ကိုမဆိုပေးနိုင်တယ်... ဒါပေမယ့် ဝူအန်းMarquisအိမ်တော် မပါဘူး။
"အာ.."တာဝန်ခံတွေ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး မျက်နှာတွေကတော့ ခါးသီးမှုအသွင်ဆောင်နေတယ်။ "သခင်မလေးကို တင်ပြပါမယ်... ကျွန်တော်မျိုးတို့ ဝူအန်းအိမ်တော်ကို လတိုင်းလူလွှတ်ပြီး ပိုက်ဆံပေးဖို့ပြောပါတယ်.. ဒါပေမယ့် သူတို့က အချိန်ဆွဲပြီး ဘယ်တုန်းကမှပိုက်ဆံမပေးပါဘူး..."
"ဟုတ်ပါတယ် သခင်မလေး... ဝူအန်းအိမ်တော်ကလူတွေက သိပ်ကိုကလိန်ကကျစ်ကျပါတယ်... ကျွန်တော်တို့လူတွေဘယ်လိုပြောပြော သူတို့ကတစ်ခွန်းပဲပြန်ပြောပါတယ်... ငါတို့နောက်လပေးမယ်...ဆိုတာပါပဲ"
"အဲ့လိုနဲ့ နောက်လပိုက်ဆံသြားတောင်းတော့လည်း သူတို့ကနောက်လပေးမယ်လို့ဆက်ပြောပါတယ်... အဲ့လိုနည်းနဲ့ သူတို့ပေးရမှာတွေကို ရွေ့ဆိုင်းခဲ့တာလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကနေ အခုထိပါပဲ..."
တာဝန်ခံက ကျယ်လောင်စြာပြောကြားလိုက်တယ်။ မုရုံရွယ်နှုတ်ခမ်းဖ်ားက တွန့်ချိုးပြီး သရော်ပြုံးပြုံးလိုက်တယ်။ တုသခင်မကြီးနဲ့ မုရုံရော့က ချန်းအမွေဆိုင်က ပစ္စည်းတွေအားလုံးကို တိတ်တဆိတ်ရွှေ့ဖို့ပြင်နေကြတယ်လား...? လောဘကြီးလိုက်တာနော်... သူတို့တွေက တကယ်ကို ခိုးဝှက်ခြင်းအနုပညာမှာတစ်ဖက်ကမ်းခတ် ကျွမ်းကျင်တာပဲ...။
အခု သူမကဆိုင်ရဲ့ စီမံခန့်ခွဲရေးကို တာဝန်ယူနေပြီဆိုတော့ ဒီသားအမိနှစ်ေယာက်ရဲ့အကြံအစည်တွေကို ရပ်တံ့ပေးသင့်ပြီ။ "ကျွန်မနည်းလမ်းတစ်ခုစဉ်းစားမိတယ်... တကယ်လို့ရှင်တို့သာ ကျွန်မသင်ပေးသလိုလုပ်မယ်ဆိုရင် ကျွန်မကတိပေးတယ်... အဲ့ဝူအန်းအိမ်တော်က တရ်ိုတသေနဲ့ကို ပေးစရာရှိတဲ့ပိုက်ဆံတွေပေးလာစေရမယ်..."
"တကယ်လား...?" တာဝန်ခံရဲ့မျက်လုံးတွေ တလက်လက်ထသွားပြီး မုရုံရွယ်ကို သဘောတူတဲ့အကြည့်တွေနဲ့ကြည့်နေတယ်။ "ဘယ်လိုနည်းလမ်းပါလဲ..?"
မြို့တော်ရဲ့လမ်းတွေဟာ အလုပ်ရှုပ်ပြီးလူထူထပ်တယ်။ နွေဦးလေညှင်းနဲ့အတူရောယှက်ပြီးပါလာတဲ့ ရာပေါင်းမ်ားစြာသော ပန်းပွင့်လေးတွေရဲ့ရနံ့တွေက လူတွေကိုစိတ်ပျော်စေတယ်။ ဖျော့တော့တဲ့နေရောင်လေးကလည် လူအပေါင်းကိုနွေးထွေးစွာ ဖြာကျပေးနေတယ်။
ခမ်းနားတဲ့မြင်းရထားလုံးဟာ အသာအယာခရီးနှင်နေပြီး ဝူချင်းအိမ်တော်ရှေ့မှာ တဖြည်းဖြည်းရပ်သွားတယ်။ လိုက်ကာပွင့်သွားပြီးနောက် ပန်းရောင်မိန်းမပျိုလေးတစ်ယောက်ထွက်လာတယ်။ သူမမျက်နှာက ပန်းတွေပွင့်ဖူးနေသလိုတောက်ပနေပြီး ဆံပင်လေးတွေကလည်း အနက်ရောင်တိမ်တိုက်တွေလိုပဲ။ သူမမျက်ခုံးတွေက နွေဦးတောင်တန်းတွေနဲ့တူပြီး မျက်ဝန်းလေးတွေက ဆောင်းဦးရေပြင်နဲ့အလားတူတယ်။ အဲ့တာက ဝူအန်းပဏာမဇနီးရဲ့ အကြီးဆုံးသမီး စုန့်ချင်းယန်ပဲ။
ခြေလှမ်းတစ်လှမ်းချင်းစီလှမ်းပြီး ရထားလုံးပေါ်ကဆင်းလာတယ်။ စုန့်ချင်းယန်က သူမရဲ့အစေခံလက်မောင်းကို ကိုင်ပြီး အိမ်တော်ထဲကိုနောက်ကလိုက်ဝင်သွားတယ်။ သူမမျက်လုံးတွေက ဝက်သစ်ခ်သေတ္တာကိုကြည့်လိုက်ပြီး နှုတ်ခမ်းတွေကို ဆွဲမက်ဖွယ်ပြုံးလိုက်တယ်.... ရတနာဆိုင်က ရတနာအသစ်က သူမနဲ့အရမ်းလိုက်ဖက်မှုရှိတယ်။ ဒါကြောင့် သူမကတုံဆိုင်းခြင်းမရှိလာယူတာ။
အကြီးဆုံးအဒေါ်(ချန်း)ရဲ့ အမွေဆိုင်က ဒါတွေကောင်းတာ... သူမဘာမြင်မြင် သူမယူနိုင်တယ်။ ပြီးတော့ စာရင်းထဲမှာပဲမှတ်ထားပြီး ပေးစရာမလိုဘူး။
"သခင်မလေး..!" အစောင့်က တလေးတစား သူမကို အရိုအသေပေးလိုက်တယ်။
စုန့်ချင်းယန် အသိအမှတ်ပြုကြောင်းအသံပြုပြီး ကြော့ကြော့မော့မော့လေး ပင်မတံခါးဆီကို လျှောက်သွားတယ်။ သူမပင်မခန်းမကို ဝင်မလို့ပဲရှိသေးတယ်.. သူမအနောက်ကနေ ယောကျာ်းတစ်ယောက်အသံထွက်လာတယ်။ "ကျွန်တော်မျိုးက ကျူယွိတရားရုံးကအလုပ်သမားပါ.. တာဝန်ခံရဲ့ ဝူအန်းMarquisအိမ်တော်ရဲ့စာရင်းတွေကို ရှင်းရမယ်ဆိုတဲ့ အမိန့်အရပါ... သတင်းပို့ခွင့်ပြုပါ..."
စုန့်ချင်းယန်ရဲ့ လှပတဲ့မျက်ခုံးတွေအနည်းငယ် တွန့်ချိုးသွားတယ်။ သူမထိုသူ့ဘက်ကိုလှည့်ကြည့်လိုက်တော့ မီးခိုးရောင်အကြမ်းထည်ဝတ်ရုံကိုဝတ်ထားပြီး သာမန်အရပ်နဲ့ ရွက်ကြမ်းရေကျိုအသွင်အပြင်... လူအုပ်ကြားထဲမှာရပ်နေရင် ဘယ်လိုမှသတိမထားမိနိုင်တဲ့ပုံစံ...။
"ကျူယွိတရားရုံးနဲ့ ဖောက်သည်တွေရဲ့ ငွေစာရင်းတွေက တစ်လတစ်ခါရှင်းေနကြမှတ်လား..? ခုဟာက လအစလည်းမဟုတ်သလို လကုန်လည်းမဟုတ်သေးပါဘူး... ဘာတွေစာရင်းရှင်းနေတာလဲ..?" သူမက ရတနာအသစ်ကိုကျူယွိကနေလာယူရုံပဲလေ။ ခုတော့ဒီကျူယွိတရားရုံးကအလုပ်သမားက ဝူအန်းတရားရုံးကိုလာပြီး ငွေစာရင်းတွေလာရှင်းနေတယ်။ သူတို့ပိုက်ဆံနောက်လိုက်နေကြတာလာ...? စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!!!
အလုပ်သမားက အသံကြားပြီးကြည့်လိုက်တော့ စုန့်ကျင်းယန်ကိုတွေ့သွားတယ်။ သူမကမကြာခဏလာတဲ့ဧည့်သည် ဝူအန်းအိမ်တော်ကသခင်မလေးဆိုတာ သတိထားမိသွားတယ်။ သူကပြုံးပြီးပြောလို်က်တယ်... "သခင်မလေး.. ကျွန်တော်မျိုးက ပြီးခဲ့တဲ့လက စာရင်းတွေကိုရှင်းဖို့လာတာမဟုတ်ပါဘူး... ဟိုးအရင်ကတည်းကစာရင်းတွေအတွက်ပါ... အဲ့တာတွေက်ို တကယ်ဆိုအရင်လတည်းကပေးချေပြီးသင့်ပြီ..."
"ကောင်းပြီ..ကောင်းပြီ!" စုန့်ချင်းယန် သူပြောလို့မပြီးသေးခင် စိတ်မရှည်စွာဖြတ်ေပြာလိုက်တယ်။ "အိမ်တော်မှာကခုတစ်လောအရမ်းအလုပ်မ်ားနေတယ်... စာရင်းတွေရှင်းလင်းဖို့အချိန်မရှိဘူး... လကုန်သွားရင် ထပ်လာခဲ့.. ရှင်းရမယ့်စာရင်းတွေအားလုံးကို အစဉ်အတိုင်းယူလာပြီး ငါတို့အဲ့တာကို အတူရှင်းမယ်..."
အလုပ်သမားလေးရဲ့ နှုတ်ခမ်းတွေမသာကွေးညွှတ်သွားပြီး အထင်သေးတဲ့အရိပ်အရောင်တွေဖျတ်ခနဲ မျက်လုံးထဲပေါ်လာတယ်။ လာပြန်ပြီ ဒီဝတ်ကျေတမ်းကျေစကားလုံးတွေ...။ ဒီစကားတွေကို နားဖာချေးတွေတက်လောက်အောင် ကြားပြီးပြီ။ ကံကောင်းချင်တော့ ကျူယွိတရားရုံးက အခုသခင်မလေးမုရုံရွယ်လက်အောက်ရောက်နေပြီ။ သူအခုဒီစိတ်ပျက်စရာအမျိုးသမီးကို စိတ်အနှောင့်အယှက်ပေးမိမှာကို နောက်ထပ်စိတ်ပူစရာမလိုတော့ဘူး။
"စုန့်သခင်မလေး.. ဒီအချိန်ကလာဖို့ကောင်းတဲ့အချိန်မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်... ဒါပေမယ့်တာဝန်ခံက အကယ်၍ကျွန်တော်ငွေစာရင်းကို ဒီတစ်ကြိမ်မှာမှမရှင်းနိုင်ရင် သူကျွန်တော့်ကိုအလုပ်ထုတ်တော့မယ်... ကျွန်တော်မွာ ကျွန်တော့်ကိုမွီခိုနေတဲ့သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေရှိပါတယ်... ဒီအလုပ်ပြုတ်လို့မဖြစ်ပါဘူး... ကျေးဇူးပြုပြီး စုန့်သခင်မလေး ကျွန်တော့်ကို သနားသောအားဖြင့် ငွေစာရင်းကိုချေပေးပါ..."
ဝန်ထမ်းက ငိုယိုပြီး ပြောနေပုံကအလွန်အမင်းကြီးကို သနားဖွယ်ရာကောင်းနေတယ်။ ဒီလိုပွက်လောရိုက်နေတာက ဖြတ်သွားဖြတ်လာတွေကို စိတ်ဝင်စားသြားစေပြီး လူစုလူဝေးကြီးဖြစ်သြားစေတယ်... "ဘာတွေဖြစ်နေတာလဲ..."
"ငါလည်းမသိဘူး... ကြည့်ရတာ သူကပေးစရာရှိတာတွေတောင်းနေပုံပဲ..."
"တကယ်လို့ သူကငွေချေစေချင်နေရင် ငွေချေပေးလိုက်ပေါ့... ဘာလို့ သူ့ကိုသနားစရာကောင်းလောက်အောင် ဆူပူနေရတာလဲ..."
"ဘယ်သူက သူမကိုဝူအန်းအိမ်တော်ကို အဖေလိုသဘောထားစေချင်နေတာလဲ.. သူမရဲ့အဆင့်အတန်းက အလွန်မြင့်မြတ်တယ်... ဒီလိုဘာမဟုတ်တဲ့ ဆိုင်ဝန်ထမ်းတစ်ယောက်ကို ဆူပူမိရုံနဲ့ သူမကို ဘယ်သူကအပြစ်တင်နိုင်မွာလဲ..."
တီးတိုးပြောဆိုသံတွေကို တစွန်းတစသူမနားနဲ့ကြားပြီးနောက် စုန့်ချင်းယန်ရဲ့လှပတဲ့မျက်နှာက ဒေါသကြောင့်အနီရောင်ပြောင်းလာတယ်။ သူမလူအုပ်ကိုလှည့်ကြည့်လိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်တယ်... "ငါသူ့ကို ဆူနေတာမဟုတ်ဘူး..."
လူတိုင်းကမယုံကြည်ကြဘူး။ သူမကအမြဲတမ်း သူမအနားကလူတွေကို ချိုးနှိမ်လေ့ရှိတယ်။ သူမကသာ အနိုင်ကျင့်နေတာမဟုတ်ရင် တခြားဘယ်သူရှိအုံးမှာလဲ...?
စုန့်ချင်းယန် အမျက်ခြောင်းခြောင်းထွက်သွားတယ်။ သူမဆိုင်ဝန်ထမ်းဆီသွားလိုက်ပြီး သူ့ရဲ့အဝတ်အစားကိုဆောင့်ဆွဲလိုက်ကာ လူတိုင်းရှေ့ကို တွန်းထုတ်လိုက်တယ်... "အားလုံးကိုပြောလိုက်... ငါနင့်ကို မဆူဘူးဆိုတာ...!"
ဝန်ထမ်းလေးက အရှိန်မထိန်းနိုင်ဘဲမြေကြီးပေါ်ကို ပြုတ်ကျသွားတယ်။ စူးရှတဲ့နာကျင်မှုက သူရဲ့တံတောင်ဆစ်တလျှောက်ဖြတ်သန်းသွားပြီး သူ့ကိုတောင် ပင့်သက်ရှိုက်သြားစေတယ်။ သူ စုန့်ချင်းယန်ကိုမော့ကြည့်လိုက်ပြီး တခွန်းချင်းစီပီပီသသပြောလ်ိုက်တယ်။ "ကျွန်တော်ဒီနေ့က ကျူယွိတရားရုံးကနေပြီးတော့ အိမ်တော်ကပေးစရာရှိတဲ့အကြွေးတွေကို သိမ်းဖို့လာရုံပါပဲ... စုန့်သခင်မလေးက ဘာကြောင့်ကျွန်တော့်ကို ခက်ခဲအောင်လုပ်နေတာပါလဲ..."
စုန့်ချင်းယန် အပြစ်မကင်းဖြစ်သွားပြီး သူမမျက်လုံးတွေမှာ မသက်မသာအရိပ်အယောင်တွေဖြတ်သွားတယ်။ သူမယဉ်ကျေးမှုမရှိပြန်ပြောလိုက်တယ်... "ငါကဘယ်ေနရာမွာ နင့်ကို ခက်ခဲအောင်လုပ်နေလို့လဲ...?ငါလကုန်ရင် နင့်ကိုပြန်လာခဲ့လို့ပြောပြီးပြီလေ..."
သူမစကားတွေကြားပြီးနောက်.. ဝန်ထမ်းကဒေါသထွက်သွားတယ်... "ဝူအန်းMarquisအိမ်တော်ကို ငွေစာရင်းလာချေတဲ့အကြိမ်တိုင်း အစေခံကအမြဲတမ်းဒီလိုအကြောင်းပြချက်ပေးတယ်... ကျွန်တော်သခင်မလေးရဲ့ ဝတ်ကျေတမ်းကျေစကားလုံးတွေကို နောက်ထပ်မယုံတော့ဘူး... အခုကျူယွိက ဝူအန်းအိမ်တော်က၁၀နှစ်လုံးလုံး အကြွေးမပေးတာကြောင့် ငွေကြေးကျပ်တည်းနေပြီ... ကျွန်တော်တို့ ဒီငွေကိုအရေးတကြိးလိုနေပြီ..."
"ဝူအန်းMarquisအိမ်တော်က ၁၀နှစ်လုံးလုံးငွေမချေပေးခဲ့ဘူး... တကယ်ကြီးလား?" အပြင်လူတစ်ယောက်ကပြောလိုက်တယ်။
"ဒါပေါ့ အဲ့တာအမှန်ပဲ... တကယ်လို့မယံဘုးဆိုရင်.. အကိုကြီး ကျွန်တော်ဖတ်ပြပါမယ်..."
ဝန်ထမ်းက အလျင်အမြန်ပဲ ကူးထားတဲ့ငွေစာရင်းကို ထုတ်လိုက်ပြီး ကျယ်လောင်စွာဖတ်လိုက်တယ်။ "XXနှစ်၊ XXလ၊ XXရက်မွာ ဝူအန်းMarquisအမျိုးသမီးဝယ်ခဲ့တာက တောင်ပိုင်းပုလဲသွယ်ရတနာတစ်စုံ၊ မဟူရာကျောက်ရတနာတစ်စုံ၊ ပုလဲရတနာတစ်စုံ၊ တောင်ပိုင်းပုလဲသွယ်ဆံထိုးတစ်စုံ၊ တန်ကြေးက ငွေစနှစ်သောင်း။ XXနှစ်၊ XXလ၊ XXရက်မွာ ဝူအန်းMarquisအမျိုးသမီး ဝယ်ခဲ့တာက...."
"အဲ့တာတစ်ကယ်ပဲ လွန်ခဲ့တဲ့ ၁၀နှစ်ကရက်တွေပဲ... စာရင်းတွေက အတုမဟုတ်ဘူးပေါ့..."
"ဘယ်သူက လိမ်လည်လှည့်ဖျားပြီး ဝူအန်းMarquisအိမ်တော်ကို ဆန့်ကျင်ဖို့ ကြံစည်ရဲမွာလဲ... တကယ်လို့ သူကအသက်မရှင်ချင်တော့ဘူးဆိုရင်တော့ တမျိုးပေါ့..."
"အမှန်ပဲ.. ကျူယွိတရားရုံးရဲ့ ဂုဏ်သတင်းကတကယ်ကောင်းတယ်... တာဝန်ခံကလည်း ရိုးသားတဲ့သူတစ်ယောက်.. သူကတျခားလူကို ထိခိုက်မောင်လိမ်လည် လှည့်ဖျားမှာမဟုတ်ဘူး..."
"မြင့်မြတ်တဲ့ ဝူအန်းMarquisအိမ်တော်က တျခားလူတွေရဲ့ ပစ္စည်းကို ပိုက်ဆံမပေးဘဲ ယူတယ်။ လူတွေက ၁၀နှစ်စာအကြွေးတွေပေးဖို့လိုက်တော့လည်း ပေးချေဖို့ တုံ့နှေးနေတယ်... ဘယ်လို... ဘယ်လိုတောင်... ဟင်းးး.."
Translated by Kay_Wine