တော်ဝင်မိန်းမပျို၏သွေးကလဲ့စား...

By Theeightblackhands

58.1K 5.9K 30

စာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားက... More

အပိုင်း ၁၇၈ /အပိုင္း ၁၇၈
အပိုင်း ၁၇၉ /အပိုင္း ၁၇၉
❗စာစဉ် ၁၈ / စာစဥ္ ၁၈❗
အပိုင်း ၁၈၀ /အပိုင္း ၁၈၀
စာစဉ် ၁၉ / စာစဥ္ ၁၉
အပိုင်း ၁၈၁ /အပိုင္း ၁၈၁
အပိုင်း ၁၈၂ /အပိုင္း ၁၈၂
အပိုင်း ၁၈၃ /အပိုင္း ၁၈၃
အပိုင်း ၁၈၄ /အပိုင္း ၁၈၄
အပိုင်း ၁၈၅ /အပိုင္း ၁၈၅
အပိုင်း ၁၈၆ /အပိုင္း ၁၈၆
Thadingyut Promotion
Special Lucky Draw✨
Group 3
အပိုင်း ၁၈၇ /အပိုင္း ၁၈၇
အပိုင်း ၁၈၈ /အပိုင္း ၁၈၈
အပိုင်း ၁၈၉ / အပိုင္း ၁၈၉
အပိုင်း ၁၉၀/ အပိုင္း ၁၉၀
စာစဉ်၂၀/ စာစဥ္၂၀
အပိုင်း ၁၉၁/ အပိုင္း ၁၉၁
အပိုင်း ၁၉၂/ အပိုင္း ၁၉၂
အပိုင်း ၁၉၃/ အပိုင္း ၁၉၃
စာစဉ် ၂၁/ စာစဥ္၂၁
အပိုင်း ၁၉၄/ အပိုင္း ၁၉၄
အပိုင်း ၁၉၅/ အပိုင္း ၁၉၅
အပိုင်း ၁၉၆/ အပိုင္း၁၉၆
အပိုင်း ၁၉၇/ အပိုင္း ၁၉၇
စာစဉ်၂၂/ စာစဥ္၂၂
အပိုင်း ၁၉၈/ အပိုင္း ၁၉၈
အပိုင်း ၁၉၉/ အပိုင္း၁၉၉
အပိုင်း ၂၀၀/ အပိုင္း ၂၀၀
အပိုင်း ၂၀၁/ အပိုင္း ၂၀၁
အပိုင်း ၂၀၂/ အပိုင္း၂၀၂
အပိုင်း ၂၀၃/ အပိုင္း ၂၀၃
စာစဉ် ၂၃/ စာစဥ္ ၂၃
အပိုင်း ၂၀၄/ အပိုင္း ၂၀၄
အပိုင်း ၂၀၅/ အပိုင္း၂၀၅
အပိုင်း ၂၀၆/ အပိုင္း ၂၀၆
စာစဉ် ၂၄/ စာစဥ္ ၂၄
အပိုင်း ၂၀၇/ အပိုင္း ၂၀၇
အပိုင်း ၂၀၈/ အပိုင္း၂၀၈
အပိုင်း ၂၀၉/ အပိုင္း ၂၀၉
အပိုင်း ၂၁၀/ အပိုင္း ၂၁၀
December Promotion❄
အပိုင်း ၂၁၁/ အပိုင္း၂၁၁
အပိုင်း ၂၁၂/ အပိုင္း ၂၁၂
စာစဉ် ၂၅/ စာစဥ္ ၂၅
အပိုင်း ၂၁၃/ အပိုင္း ၂၁၃
အပိုင်း ၂၁၄/ အပိုင္း၂၁၄
အပိုင်း ၂၁၅/ အပိုင္း ၂၁၅
အပိုင်း ၂၁၆/ အပိုင္း ၂၁၆
အပိုင်း ၂၁၇/ အပိုင္း၂၁၇
စာစဉ် ၂၆/ စာစဥ္၂၆
အပိုင်း ၂၁၈/ အပိုင္း ၂၁၈
အပိုင်း ၂၁၉/ အပိုင္း ၂၁၉
အပိုင်း ၂၂၀/ အပိုင္း၂၂၀
NEWYEAR'S PROMOTION🥳🎉
အပိုင်း ၂၂၁/ အပိုင္း ၂၂၁
အပိုင်း ၂၂၂/ အပိုင္း ၂၂၂
အပိုင်း ၂၂၃/အပိုင္း၂၂၃
အပိုင်း ၂၂၄/ အပိုင္း ၂၂၄
အပိုင်း ၂၂၅/ အပိုင္း ၂၂၅
အပိုင်း ၂၂၆/အပိုင္း၂၂၆
စာစဉ်၂၈/ စာစဥ္ ၂၈
အပိုင်း ၂၂၇/ အပိုင္း ၂၂၇
အပိုင်း ၂၂၈/ အပိုင္း ၂၂၈
အပိုင်း ၂၂၉/ အပိုင္း၂၂၉
အပိုင်း ၂၃၀/ အပိုင္း ၂၃၀
အပိုင်း ၂၃၀/ အပိုင္း ၂၃၁
အပိုင်း ၂၃၁/ အပိုင္း ၂၃၁
အပိုင်း ၂၃၂/ အပိုင္း၂၃၂
အပိုင်း ၂၃၃/ အပိုင္း ၂၃၃
Gp4 🎉
စာစဉ် ၂၉/ စာစဥ္(၂၉)
အပိုင်း ၂၃၄/ အပိုင္း၂၃၄
အပိုင်း ၂၃၅/ အပိုင္း၂၃၅
အပိုင်း ၂၃၆/အပိုင္း ၂၃၆
အပိုင်း ၂၃၇/အပိုင္း ၂၃၇
အပိုင်း ၂၃၈/ အပိုင္း၂၃၈
အပိုင်း ၂၃၉/ အပိုင္း ၂၃၉
အပိုင်း ၂၄၀/ အပိုင္း ၂၄၀
အပိုင်း ၂၄၁/ အပိုင္း ၂၄၁
အပိုင်း ၂၄၂/ အပိုင္း ၂၄၂
အပိုင်း ၂၄၃/ အပိုင္း ၂၄၃
အပိုင်း ၂၄၄/ အပိုင္း ၂၄၄
အပိုင်း ၂၄၅/ အပိုင္း ၂၄၅
အပိုင်း ၂၄၇/ အပိုင္း၂၄၇
စာစဉ် ၂၃/ စာစဥ္(၃၂)
အပိုင်း ၂၄၈/ အပိုင္း ၂၄၈
အပိုင်း ၂၄၉/ အပိုင္း ၂၄၉
အပိုင်း ၂၅၀/ အပိုင္း ၂၅၀
အပိုင်း ၂၅၁/ အပိုင္း ၂၅၁
အပိုင်း ၂၅၂/ အပိုင္း ၂၅၂
အပိုင်း ၂၅၃/ အပိုင္း ၂၅၃
အပိုင်း ၂၅၄/ အပိုင္း ၂၅၄
စာစဉ် ၃၃/ စာစဥ္၃၃
အပိုင်း ၂၅၅/ အပိုင္း ၂၅၅
အပိုင်း ၂၅၆/ အပိုင္း ၂၅၆
အပိုင်း ၂၅၇/ အပိုင္း ၂၅၇
အပိုင်း ၂၅၈/ အပိုင္း ၂၅၈
အပိုင်း ၂၅၉/ အပိုင္း ၂၅၉
အပိုင်း ၂၆၀/ အပိုင္း ၂၆၀
အပိုင်း ၂၆၁/ အပိုင္း ၂၆၁
အပိုင်း ၂၆၂/ အပိုင္း ၂၆၂
အပိုင်း ၂၆၃/ အပိုင္း ၂၆၃
အပိုင်း ၂၆၄/ အပိုင္း ၂၆၄
အပိုင်း ၂၆၅/ အပိုင္း ၂၆၅
အပိုင်း ၂၆၆/ အပိုင္း ၂၆၆
အပိုင်း ၂၆၇/ အပိုင္း ၂၆၇
အပိုင်း ၂၆၈/ အပိုင္း ၂၆၈
စာစဉ် ၃၄/ စာစဥ္ ၃၄ 🎉
အပိုင်း ၂၆၉/ အပိုင္း ၂၆၉
အပိုင်း ၂၇၀/ အပိုင္း ၂၇၀
အပိုင်း ၂၇၁/ အပိုင္း ၂၇၁
အပိုင်း ၂၇၂/ အပိုင္း ၂၇၂
အပိုင်း ၂၇၃/ အပိုင္း ၂၇၃
အပိုင်း ၂၇၄/ အပိုင္း ၂၇၄
အပိုင်း ၂၇၅/ အပိုင္း ၂၇၅
စာစဉ် ၃၅/ စာစဥ္ ၃၅
အပိုင်း ၂၇၆/ အပိုင္း ၂၇၆
အပိုင်း ၂၇၇/ အပိုင္း ၂၇၇
စာစဉ် ၃၆/ စာစဥ္ ၃၆
အပိုင်း ၂၇၈/ အပိုင္း၂၇၈
အပိုင်း ၂၇၉/ အပိုင္း ၂၇၉
အပိုင်း ၂၈၀/ အပိုင္း၂၈၀
အပိုင်း ၂၈၁/ အပိုင္း၂၈၁
Spoiler!!!⚠️⚠️⚠️
အပိုင်း ၂၈၂/ အပိုင္း ၂၈၂
အပိုင်း ၂၈၃/ အပိုင္း၂၈၃
စာစဉ် ၃၇/ စာစဥ္ ၃၇
Paid GP Giveaway 🎉🎉
အပိုင်း ၂၈၄/ အပိုင္း ၂၈၄
အပိုင်း ၂၈၅/အပိုင္း ၂၈၅
အပိုင်း ၂၈၆/အပိုင္း ၂၈၆
အပိုင်း ၂၈၇/ အပိုင္း၂၈၇
အပိုင်း ၂၈၈/ အပိုင္း၂၈၈
အပိုင်း ၂၈၉/ အပိုင္း ၂၈၉
အပိုင်း ၂၉၀/ အပိုင္း၂၉၀
အပိုင်း ၂၉၁/ အပိုင္း ၂၉၁
အပိုင်း ၂၉၂/ အပိုင္း ၂၉၂

အပိုင်း ၂၄၆/ အပိုင္း ၂၄၆

332 47 0
By Theeightblackhands

Unicode

အပိုင်း ၂၄၆ - ဒဏ်ရာရလာတဲ့ယွဲ့ဝမ်
သူမက သူ့ကမ်းလှမ်းချက်ကို တိုက်ရိုက်ငြင်းလိုက်တော့ လီယွမ်ယီက ပိုပြီးတောင် စိတ်လောလာသည်။
“မိန်းကလေးမင်ယင်း သေချာလေး စဉ်းစားကြည့်ပါဦး။ မင်း ဒီမှာဆို အမြဲတမ်း တခြားလူတွေကို လက်ဖက်ရည်ဆက်သနေရမှာ။ မင်း တကယ်ကြီး စိတ်ပါလို့ လုပ်နေတာလို့တော့ မပြောနဲ့”
မင်ယင်းမျက်နှာက တည်ကြည်သွား၏။
“လီတာ့ရန် ဆက်ဖျောင်းဖျဖို့ မလိုပါဘူး။ ကျွန်မ စိတ်ဆုံးဖြတ်ထားပြီးသားပါ။ ကျွန်မ ပူးရှန့်လုံမှာ နေခွင့်ရှိသရွေ့ ဘယ်ကိုမှထွက်မသွားဘူး။ အနာဂတ်မှာ လက်ဖက်ရည် မလုပ်နိုင်တော့ဘူးဆိုရင်တောင် လှပတဲ့တောင်တွေ၊ မြစ်တွေရှိတဲ့နေရာမှာပဲ အခြေချမယ်။ ဘာကိုမှ ထပ်မမျှော်လင့်ရဲပါဘူး”
“မိန်းကလေး...”
“တာ့ရန် လက်ဖက်ရည်က အေးသွားရင် အရသာမရှိတော့ပါဘူး”
“ဘာလို့ အဲ့လောက် ခေါင်းမာရတာလဲ။ မင်း လုံးဝစိတ်မပြောင်းတာ မဟုတ်မှန်းတော့ ကျုပ်မြင်နိုင်ပါတယ်။ လက်မောင်းပေါ်က အမာရွတ်ကြောင့်များလား”
မင်းယင်းရဲ့ အမူအရာက ပြောင်းလဲသွားပြီး မသိလိုက်ဘာသာနဲ့ လက်မောင်းကို ကိုင်မိသွားသည်။ မျက်နှာကလည်း အနည်းငယ် ဖြူဖျော့သွား၏။
“ထင်ထားတဲ့အတိုင်းပါလား”
လီယွမ်ယီက နာကျင်နေတဲ့အမူအရာနဲ့ ပြောလေသည်။
“ကိစ္စတွေက ပြီးသွားပါပြီ၊ ထန်ပါးဝမ်လည်း ပြစ်ဒဏ်ကျခံပြီးပြီ။ မိန်းကလေးလက်မောင်းပေါ်က ဒဏ်ရာက ကျက်သွားပြီဆိုပေမယ့် စိတ်ထဲမှာကျန်ခဲ့တဲ့ ဒဏ်ရာကတော့ ကုသလို့ မပျောက်သေးဘူးထင်ပါရဲ့”
“လီတာ့ရန် ရှင် ကျွန်မကို ခေါင်းမာတဲ့လူလို့သာ သတ်မှတ်လိုက်ပါတော့။ ပူးရှန့်လုံကိုလာရင် ကျွန်မလို အ‌ရေးမပါတဲ့ လူတစ်ယောက်အတွက်နဲ့ လက်ဖက်ရည်အရသာ အပျက်မခံပါနဲ့။ နောက်ပြီး ကျွန်မက မျိုးရိုးနိမ့်လေ၊ ဂုဏ်သတင်းကလည်း တစ်ပါးသူ ဖျက်စီးတာခံရလုနီးပါးပါ။ ကျွန်မရဲ့ ဂုဏ်သတင်းက မကောင်းပေမယ့် သိက္ခာကိုတော့ ထပ်မဆုံးရှုံးချင်ပါဘူး။ ကျွန်မအတွက်နဲ့ ရှင့်နာမည်ကို အစွန်းအထင်းမခံပါနဲ့”
လီယွမ်ယီ ဘယ်လောက်ပဲ ဖျောင်းဖျပါစေ မင်ယင်းက လက်မခံခဲ့ပေ။ နောက်ရက်တွေမှာလည်း သူမက သူ့စကားတွေကို အလေးမထားသလိုမျိုး အမူအရာမပြောင်းဘဲ ပုံမှန်အတိုင်း ဧည့်သည်တွေကို ဧည့်ခံနေဆဲပင်။
လီယွမ်ယီလည်း အကူအညီမဲ့သွားရသည်။ အစက မင်ယင်းကို သိပ်အလေးမထားဘူးဆိုပေမယ့် အခုတော့ တစ်ရက်မတွေ့ရရင်တောင် အစိုးရိမ်လွန်မိနေပြီး ဘာကိုမှ လုပ်ချင်စိတ်မရှိတော့ပေ။ အချိန်ရရင် မင်ယင်းမျက်နှာကိုပဲ ပြေးမြင်နေတာမို့ ပူးရှန့်လုံကိုပဲ ရောက်ဖြစ်နေတော့သည်။
လီယွမ်ယီက ဆိုင်ရှင်ချင်းနဲ့ပါ အစီအစဉ်လုပ်ပြီး မင်ယင်းကို ရက်အနည်းလောက် နားစေကာ သူတစ်ယောက်တည်းကိုပဲ ဧည့်ခံစေသည်။ မင်ယင်းလည်း မငြင်းဆန်နိုင်ပဲ ထိုလူ့ကို နေ့တိုင်းအဖော်ပြုပေးရ၏။
အထိန်းတော်ချင်း ထိုအကြောင်းကို သတင်းပို့တော့ မုယွမ်ယောင်တစ်ယောက် မပြုံးဘဲမနေနိုင်တော့။
“အချိန်ကျပြီ။ စစ်ယဲ့ဘက်က လှုပ်ရှားရမယ့် အချိန်ရောက်ပြီ”
ထိုညမှာ မုယွမ်ယောင် အိမ်မပျော်နိုင်ဖြစ်နေခဲ့သည်။ သူမ မိန်းမောနေစဉ်မှာဘဲ ရုတ်တရက် ပြတင်းပေါက်နားက အသံတစ်ခု ကြားလိုက်ရ၏။ သူမ အလျင်စလိုထထိုင်ပြီး
“ဘယ်သူလဲ”
“မကြောက်ပါနဲ့ ငါပါ”
ညအမှောင်မှာ ယွဲ့ဝမ်ရဲ့အသံကို ကြားလိုက်ရသည်။
မုယွမ်ယောင်က စိတ်သက်သာရာရသွားပြီး မျက်လုံးတွေကလည်း ပျော်ရွှင်မှုကြောင့် တောက်ပလာ၏။ သူမက အလျင်အမြန်ထကာ ဖယောင်းတိုင်မီးထွန်းလိုက်သည်။
“စစ်ယဲ့ အရာအားလုံး ချောချောမွေ့မွေ့ရှိရဲ့လား”
ဝမ်ယွဲ့က ထိန်းချုပ်မရစွာ ရွှင်မြူးမှုတို့ပြည့်နေတဲ့ မျက်ဝန်းတွေဖြင့် ဝင်လာသည်။
“ငါတို့မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဆားဝယ်တော့ ဘာပြဿနာမှမရှိဘဲ ချောချောမွေ့မွေ့ ရွက်လွှင့်နိုင်သွားတယ်။ ဒါပေမယ့် မြစ်မျက်နှာပြင်ပေါ်မှာ ဆားသယ်တဲ့သင်္ဘောနဲ့ တစ်ပုံစံတည်းတူတဲ့ လျှို့ဝှက်သင်္ဘောတစ်စီးရှိတယ်။ ဒါပေမယ့် သင်္ဘောပေါ်မှာ ဆားအိတ်တွေအစား သဲအိတ်၊ရွှံ့အိတ်တွေပဲ ရှိတာ။ ဆားကုန်သည်တွေက ညအမှောင်ကို အခွင့်ကောင်းယူပြီး ဆားသင်္ဘောကို သဲတွေ၊ ရွှံ့တွေနဲ့ ပြည့်နေတဲ့သင်္ဘောနဲ့ အစားထိုးချင်နေတာပဲ။ ဆားသင်္ဘောကို ငါတို့တွေ ကြားဖြတ်တိုက်ပြီး ဆားတွေကို လုံခြုံတဲ့နေရာမှာ သိမ်းထားပြီးပြီ”
မုယွမ်ယောင်ရဲ့နှလုံးသားက ပျော်ရွှင်မှုကြောင့် ခုန်ပေါက်နေသည်။
“ကောင်းလိုက်တာ! အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်စစ်ယဲ့”
ယွဲ့ဝမ်က ပြုံးလိုက်ကာ သူမျက်နှာကလည်း အတော်လေး နူးညံ့သိမ်မွေ့နေ၏။
“အချက်အလက်အမှန်တွေရလာတဲ့ ချီမင်ကို ကျေးဇူးတင်ရမှာပဲ။ နောက်ပြီး ဆားကုန်သည်တွေက ဒီကိစ္စက လူသိရှင်ကြားဖြစ်အောင် မလုပ်သင့်မှန်းသိလို့ လူနည်းနည်းလေးပဲ ထည့်လိုက်တာ။ ဆားသင်္ဘောကို စောင့်ကြပ်ပေးတဲ့ အရာရှိတွေကိုလည်း ငါတို့လာဘ်ထိုးထားလို့ သူတို့ သင်္ဘောလဲမယ့်အချိန် အရာရှိတွေက ကမ်းစပ်ဆီ ကြိုရောက်နှင့်နေကြတာ။ မဟုတ်ရင် ဆားသင်္ဘောကို လွယ်လွယ်လုလို့ရမှာ မဟုတ်ဘူး”
“ရွှံ့တွေ၊သဲတွေပါတဲ့ သင်္ဘောကရော”
“ဖျက်ပြီးသွားပြီ”
မုယွမ်ယောင်ရဲ့မျက်လုံးတွေ ရွေ့လျားသွားသည်။
“ဆားကုန်သည်တွေက ဆားသင်္ဘော အလုခံလိုက်မှန်းသိလို့ မူလအစီအစဉ်အတိုင်း ဖျက်ဖို့ လုပ်လိုက်တာ။ လူသိရှင်ကြား မဖော်ထုတ်ချင်တဲ့ပုံပဲ”
တော်ဝင်နန်းတော်ကသာ ဆားသင်္ဘော ဓားပြတိုက်ခံလိုက်ရမှန်း သိသွားရင် အာဏာပိုင်အဖွဲ့တွေထိတောင် တုန်လှုပ်သွားနိုင်တယ်၊ ပြီးတော့ စုံစမ်းစစ်ဆေးပြီး မျိုးဖြုတ်ဖို့ လူအများကြီးလွှတ်တော့မှာ။ အဲ့လိုတွေ ဖြစ်လာမှာစိုးလို့ ဆားကုန်သည်တွေ လူသိရှင်ကြားလုပ်ဖို့ ကြောက်နေတာက သူမတို့ကို ပိုအကူအညီဖြစ်သွားစေတာပဲ။
ရုတ်တရက် ယွဲ့ဝမ်က ချောင်းဖွဖွဆိုးရင်း သူ့မျက်နှာကလည်း ဖြူဖျော့လာသည်။
မုယွမ်ယောင်က အလျင်စလို မော့ကြည့်ရင်း
“စစ်ယဲ့ ဒဏ်ရာရလာတာလား”
“တိုက်ခိုက်ခံခဲ့ရတာမို့ အတွင်းဒဏ်ရာ နည်းနည်းရသွားတာ၊ ခဏလောက် အားဖြည့်ပြီးရင် ပြန်ကောင်းသွားမှာပါ”
“ကျွန်မ ကြည့်ပေးပါရစေ”
မုယွမ်ယောင်က ယွဲ့ဝမ်ကို လက်ဆန့်ခိုင်းလိုက်ပြီး သူမရဲ့လက်ထိပ်နဲ့ စမ်းကြည့်လိုက်သည်။ ထိုအခါမှ သူမ တုန်လှုပ်သွားရသည်။
“စစ်ယဲ့ ဘယ်လိုဖြစ်ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရလာတာလဲ”
သွေးခုန်နှုန်းက ကပြောင်းကပြန် ဖြစ်နေပြီး နည်းနည်းသာ ထပ်ပြင်းထန်သွားရင် ကိုယ့်ခြေထောက်နဲ့ကိုယ် ပြန်လာနိုင်ပါဦးမလားဆိုတာ ပြောဖို့ခက်ခဲလိမ့်မည်။
“အဲ့လောက်မစိုးရိမ်ရပါဘူး”
ပုံမှန်မဟုတ်တဲ့ အမူအရာက ယွဲ့ဝမ်မျက်နှာပေါ်ကနေ ဖြတ်ပြေးသွားပေမယ့် မုယွမ်ယောင်က ယွဲ့ဝမ်ကို ဘယ်လိုကုရမလဲပဲ စဉ်းစားနေတာမို့ သတိမထားမိလိုက်ပေ။
“အခြေအနေတွေ တည်ငြိမ်သွားပြီမို့ စစ်ယဲ့ စိတ်အေးအေးနဲ့ ပြန်နားလိုက်ပါ။ စစ်ယဲ့ စိတ်မပူရအောင် ကျွန်မ မနက်ဖြန်ကျ ထပ်လာကြည့်လှည့်ပါ့မယ်။ ကျန်းမာရေးပြန်ကောင်းဖို့အတွက် ဆေးအညွှန်းလည်း ရေးပေးလိုက်မယ်။ ကျွန်မမှာ ဆေးပစ္စည်းမျိုးစုံရှိနေတော့ ပြင်ပြီးတာနဲ့ ပို့ပေးလိုက်ပါ့မယ်”
ယွဲ့ဝမ်က ခေါင်းညိတ်၏။
“ကောင်းပြီ မင်းလည်း စောစောအနားယူတော့။ ဆေးပြင်ဖို့ အလျင်မလိုနဲ့ မနက်မှလုပ်”
“အတွင်းဒဏ်ရာတွေကို ပေါ့ပေါ့လေးတွေးလို့မရဘူး။ စစ်ယဲ့ ဖြစ်သလို မကုလိုက်နဲ့နော်။ ပြဿနာအရင်းအမြစ်ကို ပျောက်အောင်မကုရင် အနာဂတ်ကျ သိုင်းပညာထိပါ ထိခိုက်လာနိုင်တယ်”
“အင်း မင်းပို့လာမှာကို စောင့်နေမယ်”
ယွဲ့ဝမ်က ပြောပြီးတာနဲ့ ထွက်သွားသည်။
မုယွမ်ယောင်က ဆေးအညွှန်းရေးပြီးတာနဲ့ ကျင်းလန်ကို ဆေးကူကျိုခိုင်းပြီးနောက် လျိုလျန်ကို သွားပို့ခိုင်းလိုက်သည်။ သူမလည်း ယွဲ့ဝမ်ထွက်မသွားခင် ပြောခဲ့တဲ့စကားကို ကြားလိုက်သည်။ သို့ပေမယ့် ညလယ်ရောက်နေပြီမို့ ကိုယ်တိုင်သွားမပို့တော့ခြင်း ဖြစ်၏။
ကျင်းရှို့ဥယျာဉ်မှာ အထိန်းတော်ချင်းက ယွဲ့ဝမ်ရဲ့အမိန့်တွေကို နားထောင်နေသည်။ လျိုလျန် ဆေးလာပို့တယ်ဆိုပြီး ယွီဟိန်က အကြောင်းကြားတော့ အထိန်းတော်ချင်းတစ်ယောက် တုန်လှုပ်သွား၏။
“သခင် ဒဏ်ရာရလာတာလား”
သူ ကြည့်ရသလောက်တော့ သခင့်အမူအရာက ပုံမှန်အတိုင်းပါပဲ၊ အသံကလည်း အင်အားအပြည့်နဲ့။ ဒဏ်ရာရနေတဲ့ပုံ လုံးဝမပေါ်တာမို့ သခင်အဆင်ပြေနေတယ်လို့ သူ တွေးခဲ့မိတာပင်။
ဆေးလာပို့တဲ့သူက လျိုလျန်လို့လည်းကြားရော ယွဲ့ဝမ်အမူအရာက မဲမှောင်သွားပြီး ယွီဟိန်ကို ဆေးသွားယူခိုင်းကာ ဘေးမှာပဲ ပစ်ထားလိုက်၏။
အထိန်းတော်ချင်းက အ‌စောတလျင် သတိပေးလာ၏။
“သခင် မိန်းကလေးမုရဲ့ ဆေးပညာအရည်အချင်းက သူ,မတူအောင် ပြောင်မြောင်ပါတယ်။ သူ စပ်ထားပေးတဲ့ဆေးဆို‌တော့ အဆင်ပြေမှာပါ။ ပူနေတုန်းသောက်လိုက်ပါလား ဝမ်ရယ်။ စိတ်မချသေးဘူးဆိုရင် ကျွန်တော်မျိုး နောက်နေ့ကျ ကျန်းချွင်းကို ခေါ်လိုက်ပါ့မယ်”
“ဦးလေးချင်းစိတ်မပူပါနဲ့။ ကျွန်တော်အဆင်ပြေပါတယ်”
“တကယ်အဆင်ပြေရဲ့လား ဝမ်ရယ်”
အထိန်းတော်ချင်းက မယုံသေးပေ။
အနေခက်မှုက ယွဲ့ဝမ်မျက်နှာပေါ်မှာ ဖြတ်ပြေးနေပြီး သူက လက်သီးဆုပ်ကာ ချောင်းဟန့်ရင်း
“ကျွန်တော် ချီစွမ်းအင်သုံးပြီး သွေးခုန်နှုန်း ကပြောင်းကပြန်ဖြစ်အောင် လုပ်လိုက်တာပါ၊ ဘာမှမဟုတ်ပါဘူး”
အထိန်းတော်ချင်းတစ်ယောက် ခဏလောက် အံ့အားသင့်သွားပြီးနောက် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မပြုံးမိအောင် အတင်းထိန်းချုပ်နေလေသည်။
“အဟမ်း… အာ သခင် လီယွမ်ယီအခြေအနေအကြောင်း‌ မေးဖူးတာ အခုမှသတိရတယ်၊ ဒီအစေခံ အသေးစိတ်တင်ပြပါ့မယ်။ အဲ့ဒီလီတာ့ရန်က အခု မင်ယင်းကို တော်တော်လေး နှစ်သက်နေပါတယ်။ အဖိုးတန်ပစ္စည်းတွေလည်း ဆက်တိုက်လက်ဆောင်ပေးနေတာ လျန်တစ်သောင်းနီးပါးလောက်တောင် ရှိနေပါပြီ”
“လျန်တစ်သောင်းနီးပါး၊ လျန်ကျန်းဘုရင်ခံက မိန်းကလေးတစ်ယောက်ကိုလိုက်ဖို့ ဒီလောက်ငွေပမာဏကို လွယ်လင့်တကူသုံးနိုင်တာပဲ တကယ်ရက်‌ရောတာပါလား”
အထိန်းတော်ချင်းက သက်ပြင်းချလေ၏။ သိပ်မကြာခင်ကဆို ဝမ်ရယ်တစ်ယောက် ငွေလျန်သောင်းဂဏန်းကြောင့်နဲ့ ခေါင်းကိုက်နေခဲ့ရတာ။ အခုတော့ ဒုတိယအဆင့် အရာရှိတစ်ယောက်က ဒီလောက်ငွေပမာဏကြီးကို လွယ်လင့်တကူ သုံးပစ်လိုက်တယ်တဲ့လေ၊ ရွဲ့နေတဲ့အတိုင်းပဲ။
“ပျော်ရဖို့မကြာတော့ပါဘူး”
“အင်း
ယွဲ့ဝမ်က ခေါင်းညိတ်၏။
“မနက်ဖြန် လီယွမ်ယီကို သေချာစောင့်ကြည့်ထား။ တစ်ခုခုမှားမသွားစေနဲ့”
“ဟုတ်ကဲ့ပါ သခင် စောစောအနားယူလိုက်ပါ။ အင်း... သခင်က အတွင်းဒဏ်ရာတွေ ရထားတာဆိုတော့ အနားမယူရင် ပိုဆိုးသွားနိုင်တယ်နော်”
အထိန်းတော်ချင်းက ပြောပြီး လှည့်ထွက်သွား၏။ အခန်းအပြင်ရောက်မှ မထိန်းနိုင်တော့ဘဲ အော်ရယ်လေသည်။ သူနဲ့လောင်ချန်ကတော့ ဝမ်ရယ် တစ်ဘဝလုံး အထီးကျန်ကျန် ဖြတ်သန်းသွားရမလားဆိုပြီး စိုးရိမ်နေကြတာ။ အခုတော့ ဝမ်ရယ်က မိန်းမငယ်လေးရဲ့ သနားကြင်နာမှုကိုရဖို့ ဒဏ်ရာရချင်ယောင်တောင်ဆောင်တတ်နေပြီ၊ မဆိုးဘူး လုံးဝမဆိုးဘူး!

Zawgyi

အပိုင္း ၂၄၆ - ဒဏ္ရာရလာတဲ့ယြဲ႕ဝမ္
သူမက သူ႕ကမ္းလွမ္းခ်က္ကို တိုက္႐ိုက္ျငင္းလိုက္ေတာ့ လီယြမ္ယီက ပိုၿပီးေတာင္ စိတ္ေလာလာသည္။
“မိန္းကေလးမင္ယင္း ေသခ်ာေလး စဥ္းစားၾကည့္ပါဦး။ မင္း ဒီမွာဆို အၿမဲတမ္း တျခားလူေတြကို လက္ဖက္ရည္ဆက္သေနရမွာ။ မင္း တကယ္ႀကီး စိတ္ပါလို႔ လုပ္ေနတာလို႔ေတာ့ မေျပာနဲ႔”
မင္ယင္းမ်က္ႏွာက တည္ၾကည္သြား၏။
“လီတာ့ရန္ ဆက္ေဖ်ာင္းဖ်ဖို႔ မလိုပါဘူး။ ကြၽန္မ စိတ္ဆုံးျဖတ္ထားၿပီးသားပါ။ ကြၽန္မ ပူး႐ွန္႔လုံမွာ ေနခြင့္႐ွိသေ႐ြ႕ ဘယ္ကိုမွထြက္မသြားဘူး။ အနာဂတ္မွာ လက္ဖက္ရည္ မလုပ္ႏိုင္ေတာ့ဘူးဆိုရင္ေတာင္ လွပတဲ့ေတာင္ေတြ၊ ျမစ္ေတြ႐ွိတဲ့ေနရာမွာပဲ အေျခခ်မယ္။ ဘာကိုမွ ထပ္မေမွ်ာ္လင့္ရဲပါဘူး”
“မိန္းကေလး...”
“တာ့ရန္ လက္ဖက္ရည္က ေအးသြားရင္ အရသာမ႐ွိေတာ့ပါဘူး”
“ဘာလို႔ အဲ့ေလာက္ ေခါင္းမာရတာလဲ။ မင္း လုံးဝစိတ္မေျပာင္းတာ မဟုတ္မွန္းေတာ့ က်ဳပ္ျမင္ႏိုင္ပါတယ္။ လက္ေမာင္းေပၚက အမာ႐ြတ္ေၾကာင့္မ်ားလား”
မင္းယင္းရဲ႕ အမူအရာက ေျပာင္းလဲသြားၿပီး မသိလိုက္ဘာသာနဲ႔ လက္ေမာင္းကို ကိုင္မိသြားသည္။ မ်က္ႏွာကလည္း အနည္းငယ္ ျဖဴေဖ်ာ့သြား၏။
“ထင္ထားတဲ့အတိုင္းပါလား”
လီယြမ္ယီက နာက်င္ေနတဲ့အမူအရာနဲ႔ ေျပာေလသည္။
“ကိစၥေတြက ၿပီးသြားပါၿပီ၊ ထန္ပါးဝမ္လည္း ျပစ္ဒဏ္က်ခံၿပီးၿပီ။ မိန္းကေလးလက္ေမာင္းေပၚက ဒဏ္ရာက က်က္သြားၿပီဆိုေပမယ့္ စိတ္ထဲမွာက်န္ခဲ့တဲ့ ဒဏ္ရာကေတာ့ ကုသလို႔ မေပ်ာက္ေသးဘူးထင္ပါရဲ႕”
“လီတာ့ရန္ ႐ွင္ ကြၽန္မကို ေခါင္းမာတဲ့လူလို႔သာ သတ္မွတ္လိုက္ပါေတာ့။ ပူး႐ွန္႔လုံကိုလာရင္ ကြၽန္မလို အ‌ေရးမပါတဲ့ လူတစ္ေယာက္အတြက္နဲ႔ လက္ဖက္ရည္အရသာ အပ်က္မခံပါနဲ႔။ ေနာက္ၿပီး ကြၽန္မက မ်ိဳး႐ိုးနိမ့္ေလ၊ ဂုဏ္သတင္းကလည္း တစ္ပါးသူ ဖ်က္စီးတာခံရလုနီးပါးပါ။ ကြၽန္မရဲ႕ ဂုဏ္သတင္းက မေကာင္းေပမယ့္ သိကၡာကိုေတာ့ ထပ္မဆုံး႐ႈံးခ်င္ပါဘူး။ ကြၽန္မအတြက္နဲ႔ ႐ွင့္နာမည္ကို အစြန္းအထင္းမခံပါနဲ႔”
လီယြမ္ယီ ဘယ္ေလာက္ပဲ ေဖ်ာင္းဖ်ပါေစ မင္ယင္းက လက္မခံခဲ့ေပ။ ေနာက္ရက္ေတြမွာလည္း သူမက သူ႕စကားေတြကို အေလးမထားသလိုမ်ိဳး အမူအရာမေျပာင္းဘဲ ပုံမွန္အတိုင္း ဧည့္သည္ေတြကို ဧည့္ခံေနဆဲပင္။
လီယြမ္ယီလည္း အကူအညီမဲ့သြားရသည္။ အစက မင္ယင္းကို သိပ္အေလးမထားဘူးဆိုေပမယ့္ အခုေတာ့ တစ္ရက္မေတြ႕ရရင္ေတာင္ အစိုးရိမ္လြန္မိေနၿပီး ဘာကိုမွ လုပ္ခ်င္စိတ္မ႐ွိေတာ့ေပ။ အခ်ိန္ရရင္ မင္ယင္းမ်က္ႏွာကိုပဲ ေျပးျမင္ေနတာမို႔ ပူး႐ွန္႔လုံကိုပဲ ေရာက္ျဖစ္ေနေတာ့သည္။
လီယြမ္ယီက ဆိုင္႐ွင္ခ်င္းနဲ႔ပါ အစီအစဥ္လုပ္ၿပီး မင္ယင္းကို ရက္အနည္းေလာက္ နားေစကာ သူတစ္ေယာက္တည္းကိုပဲ ဧည့္ခံေစသည္။ မင္ယင္းလည္း မျငင္းဆန္ႏိုင္ပဲ ထိုလူ႕ကို ေန႔တိုင္းအေဖာ္ျပဳေပးရ၏။
အထိန္းေတာ္ခ်င္း ထိုအေၾကာင္းကို သတင္းပို႔ေတာ့ မုယြမ္ေယာင္တစ္ေယာက္ မျပဳံးဘဲမေနႏိုင္ေတာ့။
“အခ်ိန္က်ၿပီ။ စစ္ယဲ့ဘက္က လႈပ္႐ွားရမယ့္ အခ်ိန္ေရာက္ၿပီ”
ထိုညမွာ မုယြမ္ေယာင္ အိမ္မေပ်ာ္ႏိုင္ျဖစ္ေနခဲ့သည္။ သူမ မိန္းေမာေနစဥ္မွာဘဲ ႐ုတ္တရက္ ျပတင္းေပါက္နားက အသံတစ္ခု ၾကားလိုက္ရ၏။ သူမ အလ်င္စလိုထထိုင္ၿပီး
“ဘယ္သူလဲ”
“မေၾကာက္ပါနဲ႔ ငါပါ”
ညအေမွာင္မွာ ယြဲ႕ဝမ္ရဲ႕အသံကို ၾကားလိုက္ရသည္။
မုယြမ္ေယာင္က စိတ္သက္သာရာရသြားၿပီး မ်က္လုံးေတြကလည္း ေပ်ာ္႐ႊင္မႈေၾကာင့္ ေတာက္ပလာ၏။ သူမက အလ်င္အျမန္ထကာ ဖေယာင္းတိုင္မီးထြန္းလိုက္သည္။
“စစ္ယဲ့ အရာအားလုံး ေခ်ာေခ်ာေမြ႕ေမြ႕႐ွိရဲ႕လား”
ဝမ္ယြဲ႕က ထိန္းခ်ဳပ္မရစြာ ႐ႊင္ျမဴးမႈတို႔ျပည့္ေနတဲ့ မ်က္ဝန္းေတြျဖင့္ ဝင္လာသည္။
“ငါတို႔ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ။ ဆားဝယ္ေတာ့ ဘာျပႆနာမွမ႐ွိဘဲ ေခ်ာေခ်ာေမြ႕ေမြ႕ ႐ြက္လႊင့္ႏိုင္သြားတယ္။ ဒါေပမယ့္ ျမစ္မ်က္ႏွာျပင္ေပၚမွာ ဆားသယ္တဲ့သေဘၤာနဲ႔ တစ္ပုံစံတည္းတူတဲ့ လွ်ိဳ႕ဝွက္သေဘၤာတစ္စီး႐ွိတယ္။ ဒါေပမယ့္ သေဘၤာေပၚမွာ ဆားအိတ္ေတြအစား သဲအိတ္၊႐ႊံ႕အိတ္ေတြပဲ ႐ွိတာ။ ဆားကုန္သည္ေတြက ညအေမွာင္ကို အခြင့္ေကာင္းယူၿပီး ဆားသေဘၤာကို သဲေတြ၊ ႐ႊံ႕ေတြနဲ႔ ျပည့္ေနတဲ့သေဘၤာနဲ႔ အစားထိုးခ်င္ေနတာပဲ။ ဆားသေဘၤာကို ငါတို႔ေတြ ၾကားျဖတ္တိုက္ၿပီး ဆားေတြကို လုံျခဳံတဲ့ေနရာမွာ သိမ္းထားၿပီးၿပီ”
မုယြမ္ေယာင္ရဲ႕ႏွလုံးသားက ေပ်ာ္႐ႊင္မႈေၾကာင့္ ခုန္ေပါက္ေနသည္။
“ေကာင္းလိုက္တာ! ေအာင္ျမင္မႈအတြက္ ဂုဏ္ယူပါတယ္စစ္ယဲ့”
ယြဲ႕ဝမ္က ျပဳံးလိုက္ကာ သူမ်က္ႏွာကလည္း အေတာ္ေလး ႏူးညံ့သိမ္ေမြ႕ေန၏။
“အခ်က္အလက္အမွန္ေတြရလာတဲ့ ခ်ီမင္ကို ေက်းဇူးတင္ရမွာပဲ။ ေနာက္ၿပီး ဆားကုန္သည္ေတြက ဒီကိစၥက လူသိ႐ွင္ၾကားျဖစ္ေအာင္ မလုပ္သင့္မွန္းသိလို႔ လူနည္းနည္းေလးပဲ ထည့္လိုက္တာ။ ဆားသေဘၤာကို ေစာင့္ၾကပ္ေပးတဲ့ အရာ႐ွိေတြကိုလည္း ငါတို႔လာဘ္ထိုးထားလို႔ သူတို႔ သေဘၤာလဲမယ့္အခ်ိန္ အရာ႐ွိေတြက ကမ္းစပ္ဆီ ႀကိဳေရာက္ႏွင့္ေနၾကတာ။ မဟုတ္ရင္ ဆားသေဘၤာကို လြယ္လြယ္လုလို႔ရမွာ မဟုတ္ဘူး”
“႐ႊံ႕ေတြ၊သဲေတြပါတဲ့ သေဘၤာကေရာ”
“ဖ်က္ၿပီးသြားၿပီ”
မုယြမ္ေယာင္ရဲ႕မ်က္လုံးေတြ ေ႐ြ႕လ်ားသြားသည္။
“ဆားကုန္သည္ေတြက ဆားသေဘၤာ အလုခံလိုက္မွန္းသိလို႔ မူလအစီအစဥ္အတိုင္း ဖ်က္ဖို႔ လုပ္လိုက္တာ။ လူသိ႐ွင္ၾကား မေဖာ္ထုတ္ခ်င္တဲ့ပုံပဲ”
ေတာ္ဝင္နန္းေတာ္ကသာ ဆားသေဘၤာ ဓားျပတိုက္ခံလိုက္ရမွန္း သိသြားရင္ အာဏာပိုင္အဖြဲ႕ေတြထိေတာင္ တုန္လႈပ္သြားႏိုင္တယ္၊ ၿပီးေတာ့ စုံစမ္းစစ္ေဆးၿပီး မ်ိဳးျဖဳတ္ဖို႔ လူအမ်ားႀကီးလႊတ္ေတာ့မွာ။ အဲ့လိုေတြ ျဖစ္လာမွာစိုးလို႔ ဆားကုန္သည္ေတြ လူသိ႐ွင္ၾကားလုပ္ဖို႔ ေၾကာက္ေနတာက သူမတို႔ကို ပိုအကူအညီျဖစ္သြားေစတာပဲ။
႐ုတ္တရက္ ယြဲ႕ဝမ္က ေခ်ာင္းဖြဖြဆိုးရင္း သူ႕မ်က္ႏွာကလည္း ျဖဴေဖ်ာ့လာသည္။
မုယြမ္ေယာင္က အလ်င္စလို ေမာ့ၾကည့္ရင္း
“စစ္ယဲ့ ဒဏ္ရာရလာတာလား”
“တိုက္ခိုက္ခံခဲ့ရတာမို႔ အတြင္းဒဏ္ရာ နည္းနည္းရသြားတာ၊ ခဏေလာက္ အားျဖည့္ၿပီးရင္ ျပန္ေကာင္းသြားမွာပါ”
“ကြၽန္မ ၾကည့္ေပးပါရေစ”
မုယြမ္ေယာင္က ယြဲ႕ဝမ္ကို လက္ဆန္႔ခိုင္းလိုက္ၿပီး သူမရဲ႕လက္ထိပ္နဲ႔ စမ္းၾကည့္လိုက္သည္။ ထိုအခါမွ သူမ တုန္လႈပ္သြားရသည္။
“စစ္ယဲ့ ဘယ္လိုျဖစ္ၿပီး ဒဏ္ရာ ျပင္းျပင္းထန္ထန္ရလာတာလဲ”
ေသြးခုန္ႏႈန္းက ကေျပာင္းကျပန္ ျဖစ္ေနၿပီး နည္းနည္းသာ ထပ္ျပင္းထန္သြားရင္ ကိုယ့္ေျခေထာက္နဲ႔ကိုယ္ ျပန္လာႏိုင္ပါဦးမလားဆိုတာ ေျပာဖို႔ခက္ခဲလိမ့္မည္။
“အဲ့ေလာက္မစိုးရိမ္ရပါဘူး”
ပုံမွန္မဟုတ္တဲ့ အမူအရာက ယြဲ႕ဝမ္မ်က္ႏွာေပၚကေန ျဖတ္ေျပးသြားေပမယ့္ မုယြမ္ေယာင္က ယြဲ႕ဝမ္ကို ဘယ္လိုကုရမလဲပဲ စဥ္းစားေနတာမို႔ သတိမထားမိလိုက္ေပ။
“အေျခအေနေတြ တည္ၿငိမ္သြားၿပီမို႔ စစ္ယဲ့ စိတ္ေအးေအးနဲ႔ ျပန္နားလိုက္ပါ။ စစ္ယဲ့ စိတ္မပူရေအာင္ ကြၽန္မ မနက္ျဖန္က် ထပ္လာၾကည့္လွည့္ပါ့မယ္။ က်န္းမာေရးျပန္ေကာင္းဖို႔အတြက္ ေဆးအၫႊန္းလည္း ေရးေပးလိုက္မယ္။ ကြၽန္မမွာ ေဆးပစၥည္းမ်ိဳးစုံ႐ွိေနေတာ့ ျပင္ၿပီးတာနဲ႔ ပို႔ေပးလိုက္ပါ့မယ္”
ယြဲ႕ဝမ္က ေခါင္းညိတ္၏။
“ေကာင္းၿပီ မင္းလည္း ေစာေစာအနားယူေတာ့။ ေဆးျပင္ဖို႔ အလ်င္မလိုနဲ႔ မနက္မွလုပ္”
“အတြင္းဒဏ္ရာေတြကို ေပါ့ေပါ့ေလးေတြးလို႔မရဘူး။ စစ္ယဲ့ ျဖစ္သလို မကုလိုက္နဲ႔ေနာ္။ ျပႆနာအရင္းအျမစ္ကို ေပ်ာက္ေအာင္မကုရင္ အနာဂတ္က် သိုင္းပညာထိပါ ထိခိုက္လာႏိုင္တယ္”
“အင္း မင္းပို႔လာမွာကို ေစာင့္ေနမယ္”
ယြဲ႕ဝမ္က ေျပာၿပီးတာနဲ႔ ထြက္သြားသည္။
မုယြမ္ေယာင္က ေဆးအၫႊန္းေရးၿပီးတာနဲ႔ က်င္းလန္ကို ေဆးကူက်ိဳခိုင္းၿပီးေနာက္ လ်ိဳလ်န္ကို သြားပို႔ခိုင္းလိုက္သည္။ သူမလည္း ယြဲ႕ဝမ္ထြက္မသြားခင္ ေျပာခဲ့တဲ့စကားကို ၾကားလိုက္သည္။ သို႔ေပမယ့္ ညလယ္ေရာက္ေနၿပီမို႔ ကိုယ္တိုင္သြားမပို႔ေတာ့ျခင္း ျဖစ္၏။
က်င္း႐ိႈ႕ဥယ်ာဥ္မွာ အထိန္းေတာ္ခ်င္းက ယြဲ႕ဝမ္ရဲ႕အမိန္႔ေတြကို နားေထာင္ေနသည္။ လ်ိဳလ်န္ ေဆးလာပို႔တယ္ဆိုၿပီး ယြီဟိန္က အေၾကာင္းၾကားေတာ့ အထိန္းေတာ္ခ်င္းတစ္ေယာက္ တုန္လႈပ္သြား၏။
“သခင္ ဒဏ္ရာရလာတာလား”
သူ ၾကည့္ရသေလာက္ေတာ့ သခင့္အမူအရာက ပုံမွန္အတိုင္းပါပဲ၊ အသံကလည္း အင္အားအျပည့္နဲ႔။ ဒဏ္ရာရေနတဲ့ပုံ လုံးဝမေပၚတာမို႔ သခင္အဆင္ေျပေနတယ္လို႔ သူ ေတြးခဲ့မိတာပင္။
ေဆးလာပို႔တဲ့သူက လ်ိဳလ်န္လို႔လည္းၾကားေရာ ယြဲ႕ဝမ္အမူအရာက မဲေမွာင္သြားၿပီး ယြီဟိန္ကို ေဆးသြားယူခိုင္းကာ ေဘးမွာပဲ ပစ္ထားလိုက္၏။
အထိန္းေတာ္ခ်င္းက အ‌ေစာတလ်င္ သတိေပးလာ၏။
“သခင္ မိန္းကေလးမုရဲ႕ ေဆးပညာအရည္အခ်င္းက သူ,မတူေအာင္ ေျပာင္ေျမာင္ပါတယ္။ သူ စပ္ထားေပးတဲ့ေဆးဆို‌ေတာ့ အဆင္ေျပမွာပါ။ ပူေနတုန္းေသာက္လိုက္ပါလား ဝမ္ရယ္။ စိတ္မခ်ေသးဘူးဆိုရင္ ကြၽန္ေတာ္မ်ိဳး ေနာက္ေန႔က် က်န္းခြၽင္းကို ေခၚလိုက္ပါ့မယ္”
“ဦးေလးခ်င္းစိတ္မပူပါနဲ႔။ ကြၽန္ေတာ္အဆင္ေျပပါတယ္”
“တကယ္အဆင္ေျပရဲ႕လား ဝမ္ရယ္”
အထိန္းေတာ္ခ်င္းက မယုံေသးေပ။
အေနခက္မႈက ယြဲ႕ဝမ္မ်က္ႏွာေပၚမွာ ျဖတ္ေျပးေနၿပီး သူက လက္သီးဆုပ္ကာ ေခ်ာင္းဟန္႔ရင္း
“ကြၽန္ေတာ္ ခ်ီစြမ္းအင္သုံးၿပီး ေသြးခုန္ႏႈန္း ကေျပာင္းကျပန္ျဖစ္ေအာင္ လုပ္လိုက္တာပါ၊ ဘာမွမဟုတ္ပါဘူး”
အထိန္းေတာ္ခ်င္းတစ္ေယာက္ ခဏေလာက္ အံ့အားသင့္သြားၿပီးေနာက္ မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း မျပဳံးမိေအာင္ အတင္းထိန္းခ်ဳပ္ေနေလသည္။
“အဟမ္း… အာ သခင္ လီယြမ္ယီအေျခအေနအေၾကာင္း‌ ေမးဖူးတာ အခုမွသတိရတယ္၊ ဒီအေစခံ အေသးစိတ္တင္ျပပါ့မယ္။ အဲ့ဒီလီတာ့ရန္က အခု မင္ယင္းကို ေတာ္ေတာ္ေလး ႏွစ္သက္ေနပါတယ္။ အဖိုးတန္ပစၥည္းေတြလည္း ဆက္တိုက္လက္ေဆာင္ေပးေနတာ လ်န္တစ္ေသာင္းနီးပါးေလာက္ေတာင္ ႐ွိေနပါၿပီ”
“လ်န္တစ္ေသာင္းနီးပါး၊ လ်န္က်န္းဘုရင္ခံက မိန္းကေလးတစ္ေယာက္ကိုလိုက္ဖို႔ ဒီေလာက္ေငြပမာဏကို လြယ္လင့္တကူသုံးႏိုင္တာပဲ တကယ္ရက္‌ေရာတာပါလား”
အထိန္းေတာ္ခ်င္းက သက္ျပင္းခ်ေလ၏။ သိပ္မၾကာခင္ကဆို ဝမ္ရယ္တစ္ေယာက္ ေငြလ်န္ေသာင္းဂဏန္းေၾကာင့္နဲ႔ ေခါင္းကိုက္ေနခဲ့ရတာ။ အခုေတာ့ ဒုတိယအဆင့္ အရာ႐ွိတစ္ေယာက္က ဒီေလာက္ေငြပမာဏႀကီးကို လြယ္လင့္တကူ သုံးပစ္လိုက္တယ္တဲ့ေလ၊ ႐ြဲ႕ေနတဲ့အတိုင္းပဲ။
“ေပ်ာ္ရဖို႔မၾကာေတာ့ပါဘူး”
“အင္း
ယြဲ႕ဝမ္က ေခါင္းညိတ္၏။
“မနက္ျဖန္ လီယြမ္ယီကို ေသခ်ာေစာင့္ၾကည့္ထား။ တစ္ခုခုမွားမသြားေစနဲ႔”
“ဟုတ္ကဲ့ပါ သခင္ ေစာေစာအနားယူလိုက္ပါ။ အင္း... သခင္က အတြင္းဒဏ္ရာေတြ ရထားတာဆိုေတာ့ အနားမယူရင္ ပိုဆိုးသြားႏိုင္တယ္ေနာ္”
အထိန္းေတာ္ခ်င္းက ေျပာၿပီး လွည့္ထြက္သြား၏။ အခန္းအျပင္ေရာက္မွ မထိန္းႏိုင္ေတာ့ဘဲ ေအာ္ရယ္ေလသည္။ သူနဲ႔ေလာင္ခ်န္ကေတာ့ ဝမ္ရယ္ တစ္ဘဝလုံး အထီးက်န္က်န္ ျဖတ္သန္းသြားရမလားဆိုၿပီး စိုးရိမ္ေနၾကတာ။ အခုေတာ့ ဝမ္ရယ္က မိန္းမငယ္ေလးရဲ႕ သနားၾကင္နာမႈကိုရဖို႔ ဒဏ္ရာရခ်င္ေယာင္ေတာင္ေဆာင္တတ္ေနၿပီ၊ မဆိုးဘူး လုံးဝမဆိုးဘူး!

Continue Reading

You'll Also Like

211K 41.8K 8
Everything changed the day the King ordered me to seduce his son and bring him back to the Kingdom. He was my best friend. As per the order of things...
31.2K 2.7K 101
21 ရာစုမှ အိမ်သူမလေး စုရှောင်ရှောင်သည် 1970 ခုနှစ်များအတွင်း ပစ္စည်းရှားပါးချိန်တွင် မတော်တဆနေထိုင်ခဲ့ပြီး နှစ်စဉ် စာမေးပွဲတွင် ပထမနေရာရရှိခဲ့သော ထုတ...
1.7K 121 8
Every story has to start somewhere. And ATEEZ's story begins on a beach with a boy. From one unlikely home to the next, each page of Hongjoong's life...
26.3K 407 39
My name is Draco Lucius Malfoy. I am a racist, I despise gingers and mudbloods, and my parents work for the man who killed James and Lily Potter, as...