တော်ဝင်မိန်းမပျို၏သွေးကလဲ့စား...

By Theeightblackhands

55.9K 5.7K 30

စာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားက... More

အပိုင်း ၁၇၈ /အပိုင္း ၁၇၈
အပိုင်း ၁၇၉ /အပိုင္း ၁၇၉
❗စာစဉ် ၁၈ / စာစဥ္ ၁၈❗
အပိုင်း ၁၈၀ /အပိုင္း ၁၈၀
စာစဉ် ၁၉ / စာစဥ္ ၁၉
အပိုင်း ၁၈၁ /အပိုင္း ၁၈၁
အပိုင်း ၁၈၂ /အပိုင္း ၁၈၂
အပိုင်း ၁၈၃ /အပိုင္း ၁၈၃
အပိုင်း ၁၈၄ /အပိုင္း ၁၈၄
အပိုင်း ၁၈၅ /အပိုင္း ၁၈၅
အပိုင်း ၁၈၆ /အပိုင္း ၁၈၆
Thadingyut Promotion
Special Lucky Draw✨
Group 3
အပိုင်း ၁၈၈ /အပိုင္း ၁၈၈
အပိုင်း ၁၈၉ / အပိုင္း ၁၈၉
အပိုင်း ၁၉၀/ အပိုင္း ၁၉၀
စာစဉ်၂၀/ စာစဥ္၂၀
အပိုင်း ၁၉၁/ အပိုင္း ၁၉၁
အပိုင်း ၁၉၂/ အပိုင္း ၁၉၂
အပိုင်း ၁၉၃/ အပိုင္း ၁၉၃
စာစဉ် ၂၁/ စာစဥ္၂၁
အပိုင်း ၁၉၄/ အပိုင္း ၁၉၄
အပိုင်း ၁၉၅/ အပိုင္း ၁၉၅
အပိုင်း ၁၉၆/ အပိုင္း၁၉၆
အပိုင်း ၁၉၇/ အပိုင္း ၁၉၇
စာစဉ်၂၂/ စာစဥ္၂၂
အပိုင်း ၁၉၈/ အပိုင္း ၁၉၈
အပိုင်း ၁၉၉/ အပိုင္း၁၉၉
အပိုင်း ၂၀၀/ အပိုင္း ၂၀၀
အပိုင်း ၂၀၁/ အပိုင္း ၂၀၁
အပိုင်း ၂၀၂/ အပိုင္း၂၀၂
အပိုင်း ၂၀၃/ အပိုင္း ၂၀၃
စာစဉ် ၂၃/ စာစဥ္ ၂၃
အပိုင်း ၂၀၄/ အပိုင္း ၂၀၄
အပိုင်း ၂၀၅/ အပိုင္း၂၀၅
အပိုင်း ၂၀၆/ အပိုင္း ၂၀၆
စာစဉ် ၂၄/ စာစဥ္ ၂၄
အပိုင်း ၂၀၇/ အပိုင္း ၂၀၇
အပိုင်း ၂၀၈/ အပိုင္း၂၀၈
အပိုင်း ၂၀၉/ အပိုင္း ၂၀၉
အပိုင်း ၂၁၀/ အပိုင္း ၂၁၀
December Promotion❄
အပိုင်း ၂၁၁/ အပိုင္း၂၁၁
အပိုင်း ၂၁၂/ အပိုင္း ၂၁၂
စာစဉ် ၂၅/ စာစဥ္ ၂၅
အပိုင်း ၂၁၃/ အပိုင္း ၂၁၃
အပိုင်း ၂၁၄/ အပိုင္း၂၁၄
အပိုင်း ၂၁၅/ အပိုင္း ၂၁၅
အပိုင်း ၂၁၆/ အပိုင္း ၂၁၆
အပိုင်း ၂၁၇/ အပိုင္း၂၁၇
စာစဉ် ၂၆/ စာစဥ္၂၆
အပိုင်း ၂၁၈/ အပိုင္း ၂၁၈
အပိုင်း ၂၁၉/ အပိုင္း ၂၁၉
အပိုင်း ၂၂၀/ အပိုင္း၂၂၀
NEWYEAR'S PROMOTION🥳🎉
အပိုင်း ၂၂၁/ အပိုင္း ၂၂၁
အပိုင်း ၂၂၂/ အပိုင္း ၂၂၂
အပိုင်း ၂၂၃/အပိုင္း၂၂၃
အပိုင်း ၂၂၄/ အပိုင္း ၂၂၄
အပိုင်း ၂၂၅/ အပိုင္း ၂၂၅
အပိုင်း ၂၂၆/အပိုင္း၂၂၆
စာစဉ်၂၈/ စာစဥ္ ၂၈
အပိုင်း ၂၂၇/ အပိုင္း ၂၂၇
အပိုင်း ၂၂၈/ အပိုင္း ၂၂၈
အပိုင်း ၂၂၉/ အပိုင္း၂၂၉
အပိုင်း ၂၃၀/ အပိုင္း ၂၃၀
အပိုင်း ၂၃၀/ အပိုင္း ၂၃၁
အပိုင်း ၂၃၁/ အပိုင္း ၂၃၁
အပိုင်း ၂၃၂/ အပိုင္း၂၃၂
အပိုင်း ၂၃၃/ အပိုင္း ၂၃၃
Gp4 🎉
စာစဉ် ၂၉/ စာစဥ္(၂၉)
အပိုင်း ၂၃၄/ အပိုင္း၂၃၄
အပိုင်း ၂၃၅/ အပိုင္း၂၃၅
အပိုင်း ၂၃၆/အပိုင္း ၂၃၆
အပိုင်း ၂၃၇/အပိုင္း ၂၃၇
အပိုင်း ၂၃၈/ အပိုင္း၂၃၈
အပိုင်း ၂၃၉/ အပိုင္း ၂၃၉
အပိုင်း ၂၄၀/ အပိုင္း ၂၄၀
အပိုင်း ၂၄၁/ အပိုင္း ၂၄၁
အပိုင်း ၂၄၂/ အပိုင္း ၂၄၂
အပိုင်း ၂၄၃/ အပိုင္း ၂၄၃
အပိုင်း ၂၄၄/ အပိုင္း ၂၄၄
အပိုင်း ၂၄၅/ အပိုင္း ၂၄၅
အပိုင်း ၂၄၆/ အပိုင္း ၂၄၆
အပိုင်း ၂၄၇/ အပိုင္း၂၄၇
စာစဉ် ၂၃/ စာစဥ္(၃၂)
အပိုင်း ၂၄၈/ အပိုင္း ၂၄၈
အပိုင်း ၂၄၉/ အပိုင္း ၂၄၉
အပိုင်း ၂၅၀/ အပိုင္း ၂၅၀
အပိုင်း ၂၅၁/ အပိုင္း ၂၅၁
အပိုင်း ၂၅၂/ အပိုင္း ၂၅၂
အပိုင်း ၂၅၃/ အပိုင္း ၂၅၃
အပိုင်း ၂၅၄/ အပိုင္း ၂၅၄
စာစဉ် ၃၃/ စာစဥ္၃၃
အပိုင်း ၂၅၅/ အပိုင္း ၂၅၅
အပိုင်း ၂၅၆/ အပိုင္း ၂၅၆
အပိုင်း ၂၅၇/ အပိုင္း ၂၅၇
အပိုင်း ၂၅၈/ အပိုင္း ၂၅၈
အပိုင်း ၂၅၉/ အပိုင္း ၂၅၉
အပိုင်း ၂၆၀/ အပိုင္း ၂၆၀
အပိုင်း ၂၆၁/ အပိုင္း ၂၆၁
အပိုင်း ၂၆၂/ အပိုင္း ၂၆၂
အပိုင်း ၂၆၃/ အပိုင္း ၂၆၃
အပိုင်း ၂၆၄/ အပိုင္း ၂၆၄
အပိုင်း ၂၆၅/ အပိုင္း ၂၆၅
အပိုင်း ၂၆၆/ အပိုင္း ၂၆၆
အပိုင်း ၂၆၇/ အပိုင္း ၂၆၇
အပိုင်း ၂၆၈/ အပိုင္း ၂၆၈
စာစဉ် ၃၄/ စာစဥ္ ၃၄ 🎉
အပိုင်း ၂၆၉/ အပိုင္း ၂၆၉
အပိုင်း ၂၇၀/ အပိုင္း ၂၇၀
အပိုင်း ၂၇၁/ အပိုင္း ၂၇၁
အပိုင်း ၂၇၂/ အပိုင္း ၂၇၂
အပိုင်း ၂၇၃/ အပိုင္း ၂၇၃
အပိုင်း ၂၇၄/ အပိုင္း ၂၇၄
အပိုင်း ၂၇၅/ အပိုင္း ၂၇၅
စာစဉ် ၃၅/ စာစဥ္ ၃၅
အပိုင်း ၂၇၆/ အပိုင္း ၂၇၆
အပိုင်း ၂၇၇/ အပိုင္း ၂၇၇
စာစဉ် ၃၆/ စာစဥ္ ၃၆
အပိုင်း ၂၇၈/ အပိုင္း၂၇၈
အပိုင်း ၂၇၉/ အပိုင္း ၂၇၉
အပိုင်း ၂၈၀/ အပိုင္း၂၈၀
အပိုင်း ၂၈၁/ အပိုင္း၂၈၁
Spoiler!!!⚠️⚠️⚠️
အပိုင်း ၂၈၂/ အပိုင္း ၂၈၂
အပိုင်း ၂၈၃/ အပိုင္း၂၈၃
စာစဉ် ၃၇/ စာစဥ္ ၃၇
Paid GP Giveaway 🎉🎉
အပိုင်း ၂၈၄/ အပိုင္း ၂၈၄
အပိုင်း ၂၈၅/အပိုင္း ၂၈၅
အပိုင်း ၂၈၆/အပိုင္း ၂၈၆
အပိုင်း ၂၈၇/ အပိုင္း၂၈၇
အပိုင်း ၂၈၈/ အပိုင္း၂၈၈
အပိုင်း ၂၈၉/ အပိုင္း ၂၈၉

အပိုင်း ၁၈၇ /အပိုင္း ၁၈၇

674 78 0
By Theeightblackhands

Unicode

အပိုင်း ၁၈၇

ယွီယိက အထိန်းတော်ချင်းရဲ့ ထိုကဲ့သို့မျက်နှာမျိုးကို တစ်ခါမှ မမြင်ဘူးပေ။ သူ့မနေနိုင်ပဲ သူ့စိတ်ထဲမှာ အရမ်းကို သိချင်သွားသည်။

“အထိန်းတော်ချင်း ဘာဖြစ်လို့လဲ?”

အထိန်းတော်ချင်းက ဆိုးဆိုးဝါးဝါးဖြင့် ယွီယိကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ဒေါသပိုထွက်လာသည်။

“မင်း အဲ့စာနှစ်စောင်ကို ဝမ်ရယ်ဆီပေးလိုက်တုန်းက ဝမ်ရယ့်အမူအရာကဘယ်လိုဖြစ်သွားသေးလဲ?”

“ဝမ်ရယ့်အမူအရာလား?”

ယွီယိက သူ့ခေါင်းကို ပွတ်လိုက်ပြီး အချိန်အတော်ကြာ တွေးလိုက်သည်။

“ခင်ဗျားက ဝမ်ရယ်ကို နှစ်တွေအများကြီး ခစားလာတာပဲ၊ ဝမ်ရယ့်မျက်နှာက အမြဲတမ်း အေးစက်စက်နဲ့ထူးမခြားနားကြီးမှန်း သိနေတာပဲကို! ဘယ်လိုအမူအရာမျိုးများ ရှိနေရဦးမှာလဲ?”

အထိန်းတော်ချင်းက မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နေပေမယ့် အခုတော့ ချက်ချင်းပဲ သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်တော့သည်။

“သွားတော့ မင်းက ယွီဟန်လို ကလေးမျိုးပဲ၊ ဘယ်အချိန်မှအသုံးမဝင်ဘူး”

“ဘယ်သူပြောလဲ? အရင်က ချန်ကုန်းကုန်းဆို ကျွန်တော့်ကို ချီးကျူးသေးတယ်”

“အဲ့တာ ဘာလို့လဲဆိုတော့ သူ့အသက်အရွယ်နဲ့ မျက်စိမှုန်နေလို့လေ! မြန်မြန်ဘေးကိုဖယ်စမ်း ဒီမှာရပ်မနေနဲ့၊ မင်းကို ကြည့်တာနဲ့ ငါနှလုံးနာတယ်”

ယွီယိက သူ့နှာခေါင်းကို ပွတ်လိုက်ပြီး စားဖိုဆောင်ဆီသို့သာ ဦးတည်သွားတော့သည်။ ပြောကြတာတော့ မီးဖိုချောင်ထဲမှာ ဂျင်းလက်ဖက်ခြောက်တွေ အများကြီးကျန်သေးတယ်တဲ့၊ အဲ့တာကြောင့် သူမြန်မြန်လေးသွားပြီး မြည်းကြည့်ရမယ်၊ ဒီရက်ပိုင်းတွေအတွင်း သူက မြောက်ပိုင်းကွမ်းတုံနှင့် ကျင်းလင်မြို့ကို အသွားအပြန်လုပ်နေရတာဖြစ်သည်။ ဂျင်းလက်ဖက်ခြောက်ဆိုပြီးသာ ကြားနေရပေမယ့် တစ်ခါမှမမြင်ဖူးသေးဘူး။ နောက်ဆုံးတော့ အမှန်တကယ်တွေ့ဖို့ အခွင့်အရေးရလာပြီ။

အထိန်းတော်ချင်းက အချိန်အတော်ကြာအောင် သက်ပြင်းချလျက်ရှိသည်။  အဆုံးမှာတော့ ခေါင်းယမ်းရင်း သက်ပြင်းတစ်ချက်ထပ်ချကာ
“အလျင်မလိုနဲ့ အလျင်မလိုနဲ့၊ ဒီကိစ္စကို ရေရှည်စဉ်းစားဖို့လိုတယ်"

အချိန်ခဏကြာအောင် မုယွမ်ယောင်က ဧကရာဇ်အတွက် နှစ်သစ်ကူးလက်ဆောင်ဖြစ်သည့် ပန်းထိုးမှုအပေါ်တွင် အာရုံစိုက်၍ အိမ်တွင်းအောင်နေဆဲဖြစ်သည်။ နေရာအနှံ့ကနေ ပို့လာတဲ့ ဖု၊ရှို့၊အန်း၊ခန်း စကားလုံးများပါသည့်စာရွက်များသည်လည်း သေတ္တာထဲတွင် ပြည့်နှက်နေသည်။ မုယွမ်ယောင်လို စေ့စပ်သေချာတဲ့သူတောင် ထိုစာရွက်များကို သေသေသပ်သပ်စီစဉ်ဖို့ အချိန်အများကြီးယူခဲ့ရသည်။ ထို့နောက် သူမရဲ့ နှစ်သစ်ကူးလက်ဆောင်အတွက် ပန်းထိုးမှုအရှိန်ကို မြန်လိုက်သည်။

မုယွမ်ယောင် မနက်စာစားအပြီး ကျင်းလန်က ရောက်လာ၍ လျှောက်တင်သည်။

“သခင်မလေး ဆိုင်ရှင်ချင်း ရောက်လာပါပြီ”

“သူ့ကို အထဲဖိတ်လိုက်”

ရာသီဥတုက ပိုပြီး အေးလာပြီဖြစ်ကာ အထိန်းတော်ချင်းက ထူထဲတဲ့အပေါ်ဝတ်ကို ဝတ်ထားပြီး အညိုရောင်နှင့်အပြာရောင်ဦးထုပ်ကို ဆောင်းထားသည်။ သူက ပြုံးပြပြီး နူးညံ့စွာ ပြောလာသည်။

“မိန်းကလေးမုကို အရိုအသေပေးပါတယ်”

“အထိန်းတော်ချင်း ယဉ်ကျေးနေစရာမလိုပါဘူး၊ မြန်မြန်လေး ထိုင်ပါဦး၊ ကျင်းလန်က လက်ဖက်ရည်လာပို့ပါလိမ့်မယ်”

သူမ ဧည့်ခံထားတဲ့ လက်ဖက်ရည်ကို အထိန်းတော်ချင်းက တစ်ကြိုက်သောက်ပြီးနောက် ချီးကျူးလိုက်သည်။

“အားလုံး ရေကိုပဲသုံးပြီး လက်ဖက်ရည်တစ်မျိုးထဲ အတူတူလုပ်ကြပေမယ့် မိန်းကလေးမုရဲ့လက်ဖက်ရည်ကတော့ ပိုပြီး အရသာရှိတယ်လို့ ခံစားရတယ်"

မုယွမ်ယောင်က ရယ်မောလေ၏။

“ဒါဆိုရင်တော့ နောက်ကျရင် ကျင်းလန်ကို ကျွန်မဆုချရတော့မယ်၊ သူရဲ့ လက်ဖက်ရည်ဖျော်တဲ့ ကျွမ်းကျင်မှုက တိုးတက်လာပြီပဲ"

“ဆုနဲ့ တကယ်ကို ထိုက်တန်ပါတယ်”

အထိန်းတော်ချင်းက အချိန်တိုင်း ဘယ်အချိန်နောက်ဆုတ်ရမယ်၊ဘယ်အချိန်ရှေ့တိုးရမယ်ဆိုတာသိပြီး စနစ်တကျရှိသည့် ကျင်းလန်ကို ကြည့်လိုက်၏။ သူ မနေနိုင်ပဲ စိတ်ထဲတွင် သက်ပြင်းချမိသည်။ မိန်းကလေးမုရဲ့ သင်ကြားပြသရေးနည်းလမ်းက တခြားသူတွေနဲ့ နှိုင်းယှဉ်လို့မရပေ။ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က ကျင်းလန် ဒီနေရာကို ပထမဆုံးရောက်လာချိန် သူမြင်ဖူးသည်။ သူမပုံစံက အခုပုံစံနဲ့ လုံးလုံးကွဲပြား၏။

ကျင်းလန်က အလျင်အမြန်ပဲ ဘေးကနေ အရိုအသေပေးလိုက်သည်။

“အရမ်းကို ကျေးဇူးတင်ပါတယ် သခင်မလေး၊ ဆိုင်ရှင်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။ နောင်မှာလည်း ကျွန်မ အလုပ်ပိုကြိုးစားပါ့မယ်”

သူမစကားပြောပြီးသည်နှင့် အထိန်းတော်ချင်းက ဘာစကားမှမပြောဘဲ ပြုံးနေတာကို မြင်တော့ သူမခေါင်းကိုမော့၍ မုယွမ်ယောင်ကို ကြည့်လိုက်သည်။ မုယွမ်ယောင် ခေါင်းညိတ်ပြတာကို မြင်မှ သူမက အရိုအသေပေးပြီး ထွက်သွားလိုက်သည်။

ထို့နောက် အထိန်းတော်ချင်းက အရေးကြီးကိစ္စကို စပြောတော့သည်။

“မိန်းကလေးမု နောက်ဆုံးတစ်ကြိမ် မင်းပို့လိုက်တဲ့ ဂျင်းလက်ဖက်ခြောက်က မင်းသားအတွက် အတော်လေး အထောက်အကူဖြစ်တယ်၊ အဲ့တာကြောင့် နောက်တစ်သုတ် ထပ်ပို့ရင်ကောင်းမလား စဉ်းစားနေတာ”

“အထိန်းတော်ချင်းလည်းမြင်မှာပါ။ ကျွန်မက ဧကရာဇ်အတွက် နှစ်သစ်ကူးလက်ဆောင်ကို ပန်းထိုးနေရလို့ အလုပ်ရှုပ်နေတာ၊ ကျွန်မ ခွန်အားကလည်း အကန့်အသတ်ရောက်နေပြီ၊ အဲ့တာကြောင့် ဂျင်းလက်ဖက်ခြောက်ကိစ္စကို အထိန်းတော်ချင်းဆီ လွှဲလိုက်ပါမယ်”

သူမ ပထမဆုံးပေးခဲ့တဲ့ ဂျင်းလက်ဖက်ခြောက်က မျက်နှာလုပ်ဖို့အတွက် ပေးတာဖြစ်သည်။ နောက်တစ်ကြိမ်ဆိုရင်တော့ အလကားပေးတော့မှာ မဟုတ်ပေ။ သူမလက်ထဲရှိ ငွေလျန်တွေကို ကိစ္စကြီးကြီးမားမားအတွက် သုံးမှာဖြစ်ပြီး သေချာပေါက် ယွဲ့ဝမ်အတွက်တော့ မဟုတ်ပေ၊၊

အထိန်းတော်ချင်းကတော့ မုယွမ်ယောင်ရဲ့အစီအစဉ်တွေကို မသိနိုင်ပေ။ သူမက တိုက်ရိုက်ငြင်းလိုက်တာကို မြင်တော့ ၎င်းကို သိပ်ပြီး စဉ်းစားမနေတော့ဘဲ
“ကိစ္စတွေက အဲ့လိုဆိုတော့လည်း ကျုပ်ကိုယ်တိုင်ပဲ ကိုင်တွယ်ရမှာပေါ့၊ အဲ့တာလုပ်ဖို့ မိန်းကလေးမုရဲ့လူကိုတော့ ငှားရမှာပဲ”

“လူငှားမယ်? အထိန်းတော်ချင်းက အစားအသောက်ဝယ်ပေးတဲ့ ချီမင်ကို ပြောတာလား?”

“ဟုတ်တယ် ဒီတစ်ကြိမ် ဂျင်းလက်ဖက်ခြောက် များများပို့ရမှာမလို့ အစားအသောက် များများဝယ်ရမယ်၊ သူ့ကို နည်းနည်းလောက် ကူညီပေးစေချင်တယ်”

“ကိစ္စမရှိဘူး၊ လျိုလျန်ကို သူ့ဆီ အကြောင်းကြားခိုင်းပြီး အထိန်းတော်ချင်းဆီ လွှတ်လိုက်ပါ့မယ်”

“ကောင်းပြီ၊ အများကြီး ကျေးဇူးတင်ပါတယ် မိန်းကလေးမု။ နောက်ထပ်တစ်ခု ရှိသေးတယ်၊ အခုကစပြီး အေးလာတော့ ပူးရှန်းလုံကလည်း ဧည့်သည်အရေအတွက် လျော့လာတယ်၊ အဲ့တာကြောင့် ခဏလောက်အနားပေးပြီး ကျင်းရှို့ဥယျာဉ်ကို ပြင်ဆင်ရင် ကောင်းမလားလို့ပါ"

မုယွမ်ယောင်က ချက်ချင်း နားလည်သွားသည်။

“ဒီရက်တွေအတွင်း ကျွန်မ ပန်းထိုးတာနဲ့ အလုပ်တွေများနေလို့ ဒီကိစ္စကို မေ့လုနီးပါးပဲ၊ မနက်ဖြန်ကစပြီး ကျင်းရှို့ဥယျာဉ်ကို သုံးရက်လောက်ပိတ်ပြီး ဥယျာဉ်ရဲ့ရှုခင်းကို ပြန်ပြင်ဆင်လိုက်ပါ့မယ်”

“သုံးရက်တည်း? မချိန်မတိုလွန်းဘူးလား”

အဲ့လောက် မြန်မြန်ကြီး ပြီးနိုင်ပါ့မလား။

“အထိန်းတော်ချင်း စိတ်ချပါ။ ကျွန်မ ကျင်းရှို့ဥယျာဉ်ရဲ့ရှုခင်းတွေကို ပြင်ဆင်ကတည်းက ဆောင်းလေဒဏ် ခံနိုင်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ သေချာကြိုစဉ်းစားထားတာ။ ဒါထက် ခန်းစီးတွေလည်း ကြိုပြင်ဆင်ထားပြီးသားမလို့ လူလွှတ်ပြီး တပ်ခိုင်းလိုက်ရုံပဲ၊ အရမ်းကြီး မကြန့်ကြာပါဘူး”

“ဒါကောင်းတာပေါ့၊ မိန်းကလေးမုရဲ့ အတွေးအခေါ်တွေက တကယ်ကို ချီးကျူးဖွယ်ပါပဲ”

အထိန်းတော်ချင်းက မုယွမ်ယောင် အခုလောလောဆယ် အချိန်တွေတိုက်နေတာကို သိတာကြောင့် ကျန်းမာရေးဂရုစိုက်ဖို့ စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားတော့သည်။ မုယွမ်ယောင်က လျိုလျန်ကိုပြောပြီးတဲ့နောက် ထိုကိစ္စကို သူ့မစိတ်ထဲမှ လုံးလုံးကို ထုတ်ထားလိုက်တော့သည်။ ဆယ်ရက်ကြာပြီးနောက် အထိန်းတော်ချင်းရောက်လာပြီး သူတို့ဝယ်ခဲ့တဲ့ ဆန်အရည်အသွေးက ကောင်းမွန်ပြီး တခြားကုန်သည်များထက် ဈေးနှုန်းသက်သာကြောင်းပြောကာ ကျေးဇူးတင်ကြောင်း ပြောလာသည်။ တစ်နာရီရဲ့လေးပုံတစ်ပုံလောက် ချီးကျူးပြီးနောက် ချီမင်ကို ပေးပေးဖို့ရာ အနီရောင်စာအိတ်တောင် ထားခဲ့သည်။

သူထွက်သွားပြီးနောက် မုယွမ်ယောင်က လျိုလျန်ကိုခေါ်ဖို့ရာ ကျင်းလန်ကိုပြောနေတုန်း သေတ္တာတစ်လုံးနဲ့ လျှောက်လာတဲ့ လျိုလျန်ကို တွေ့လိုက်ရသည်။

“မင်းက အချိန်ကိုက် ရောက်လာတာပဲ၊ အခုပဲ ဆိုင်ရှင်ချင်းက ချီမင်ကို ကျေးဇူးတင်စကားပြောပြီး စာအိတ်နီတစ်ခု ထားခဲ့တယ်၊ မင်းအချိန်ရရင် သူ့ကို သွားပေးလိုက်ပါဦး”

လျိုလျန်က အရိုအသေပေးပြီးနောက် မတ်တပ်ရပ်လိုက်ပြီး ယူလာတဲ့သေတ္တာကို မုယွမ်ယောင်ရှေ့သို့ တောင့်တင်းနေသောအမူအရာဖြင့် ပေးလိုက်သည်။

အထိန်းတော်ချင်းရဲ့ အဆက်မပြတ် ချီးကျူးမှုတွေကို ပြန်တွေးရင်း မုယွမ်ယောင်မျက်နှာတွင် အပြုံးတို့ ပေါ်လာသည်။

“ဒါဘာလဲ?”

စကားပြောရင်းဖြင့် သေတ္တာကိုဖွင့်လိုက်တော့ သူမအပြုံးတွေက တောင့်တင်းသွားတော့သည်။

သေတ္တာအတွင်းထဲတွင် သေသေသပ်သပ်ဖြင့် ငွေစက္ကူတွေ ထပ်ထားသည်။ မုယွမ်ယောင်က ၎င်းတို့ကိုယူပြီး ခပ်မြန်မြန် ရေတွက်လိုက်၏။  အနည်းဆုံး ငွေလျန်နှစ်သောင်းရှိသည်။

“ဒီငွေစက္ကူတွေက ဘယ်ကနေ ရလာတာလဲ”

“သခင်မလေးကို တင်ပြပါတယ် ဒါတွေက ချီမင်ဆီကနေ ရခဲ့တာပါ”

မုယွမ်ယောင်က အံ့အားသင့်သွားသည်။

“သူ့ဆီက ရတာ?”

သူမရဲ့ပထမဆုံးအတွေးကတော့ ချီမင်က အထိန်းတော်ချင်း အစားအစာဝယ်ခိုင်းသည့် ငွေတွေကို တိတ်တဆိတ် အနည်းငယ်ယူ၍ သိမ်းထားသည်ဟု ထင်ခဲ့သည်။ သို့သော် အထိန်းတော်ချင်း အခုပဲ ချီးကျူးသွားတာကို ပြန်တွေးကြည့်ပြီးနောက် အဲ့လိုမဟုတ်ဘူးဆိုတာကို ခံစားလိုက်ရသည်။ နောက်ပြီး အထိန်းတော်ချင်းက အရူးမဟုတ်ပေ၊ ဆန်တွေရဲ့ ဈေးနှုန်းနဲ့ အရည်အသွေးက အတော်လေးကောင်းမွန်လှပြီး အတုလည်းမဟုတ်ပေ။

လျိုလျန်က ခေါင်းညိတ်လိုက်သည်။

“သခင်မလေးရဲ့ ညွှန်ကြားမှုအတိုင်း ကျွန်တော်တို့အားလုံး ဆန်စပါးတွေကို စုဆောင်းခဲ့ပါတယ်။ ဆန်စပါးတွေရဲ့အသုံးဝင်မှုတွေကို ကြားတော့ သူကပိုဝယ်ထားပြီး အဲ့တာတွေကို အထိန်းတော်ချင်းဆီ ရောင်းခဲ့တာပါ”

မုယွမ်ယောင်က ချီမင်ကို ဆန်ဝယ်ခိုင်းစဥ်က ရိတ်သိမ်းခါစဖြစ်ပြီး စပါးတွေက အလွန်ဈေးပေါနေချိန်ဖြစ်သည်။ အခုတော့ ဆောင်းရာသီရောက်နေပြီဖြစ်ကာ ဈေးက အတော်လေးကို မြင့်သွားပြီး ဒီငွေလျန်နှစ်သောင်းနှင့်လည်း ကွာဟချက်ရှိလာသည်။ မုယွမ်ယောင်က ခဏလောက် တွေးလိုက်ပြီး ကိစ္စရဲ အဓိကအချက်ကို ရှာတွေ့ပြီးနောက် မနေနိုင်ပဲ အော်ရယ်လိုက်မိသည်။

“အဲ့ကောင်ကတော့ တကယ့်ကို အရည်အချင်းရှိတာပဲ၊ သူ့ကို အချိန်ရရင် ခေါ်လာခဲ့ပါဦး၊ ဒီလိုဉာဏ်ကောင်းတဲ့လူက ဘယ်လိုလူမျိူးလဲဆိုတာ ကြည့်ရအောင်”

Zawgyi

အပိုင္း ၁၈၇

ယြီယိက အထိန္းေတာ္ခ်င္းရဲ႕ ထိုကဲ့သို႔မ်က္ႏွာမ်ိဳးကို တစ္ခါမွ မျမင္ဘူးေပ။ သူ႕မေနႏိုင္ပဲ သူ႕စိတ္ထဲမွာ အရမ္းကို သိခ်င္သြားသည္။

“အထိန္းေတာ္ခ်င္း ဘာျဖစ္လို႔လဲ?”

အထိန္းေတာ္ခ်င္းက ဆိုးဆိုးဝါးဝါးျဖင့္ ယြီယိကို တစ္ခ်က္ၾကည့္လိုက္ၿပီး ႐ုတ္တရက္ ေဒါသပိုထြက္လာသည္။

“မင္း အဲ့စာႏွစ္ေစာင္ကို ဝမ္ရယ္ဆီေပးလိုက္တုန္းက ဝမ္ရယ့္အမူအရာကဘယ္လိုျဖစ္သြားေသးလဲ?”

“ဝမ္ရယ့္အမူအရာလား?”

ယြီယိက သူ႕ေခါင္းကို ပြတ္လိုက္ၿပီး အခ်ိန္အေတာ္ၾကာ ေတြးလိုက္သည္။

“ခင္ဗ်ားက ဝမ္ရယ္ကို ႏွစ္ေတြအမ်ားႀကီး ခစားလာတာပဲ၊ ဝမ္ရယ့္မ်က္ႏွာက အၿမဲတမ္း ေအးစက္စက္နဲ႔ထူးမျခားနားႀကီးမွန္း သိေနတာပဲကို! ဘယ္လိုအမူအရာမ်ိဳးမ်ား ႐ွိေနရဦးမွာလဲ?”

အထိန္းေတာ္ခ်င္းက ေမွ်ာ္လင့္ေစာင့္စားမႈတို႔ျဖင့္ ျပည့္ေနေပမယ့္ အခုေတာ့ ခ်က္ခ်င္းပဲ သူ႕လက္ကို စိတ္မ႐ွည္စြာ ေဝွ႔ယမ္းလိုက္ေတာ့သည္။

“သြားေတာ့ မင္းက ယြီဟန္လို ကေလးမ်ိဳးပဲ၊ ဘယ္အခ်ိန္မွအသုံးမဝင္ဘူး”

“ဘယ္သူေျပာလဲ? အရင္က ခ်န္ကုန္းကုန္းဆို ကြၽန္ေတာ့္ကို ခ်ီးက်ဴးေသးတယ္”

“အဲ့တာ ဘာလို႔လဲဆိုေတာ့ သူ႕အသက္အ႐ြယ္နဲ႔ မ်က္စိမႈန္ေနလို႔ေလ! ျမန္ျမန္ေဘးကိုဖယ္စမ္း ဒီမွာရပ္မေနနဲ႔၊ မင္းကို ၾကည့္တာနဲ႔ ငါႏွလုံးနာတယ္”

ယြီယိက သူ႕ႏွာေခါင္းကို ပြတ္လိုက္ၿပီး စားဖိုေဆာင္ဆီသို႔သာ ဦးတည္သြားေတာ့သည္။ ေျပာၾကတာေတာ့ မီးဖိုေခ်ာင္ထဲမွာ ဂ်င္းလက္ဖက္ေျခာက္ေတြ အမ်ားႀကီးက်န္ေသးတယ္တဲ့၊ အဲ့တာေၾကာင့္ သူျမန္ျမန္ေလးသြားၿပီး ျမည္းၾကည့္ရမယ္၊ ဒီရက္ပိုင္းေတြအတြင္း သူက ေျမာက္ပိုင္းကြမ္းတုံႏွင့္ က်င္းလင္ၿမိဳ႕ကို အသြားအျပန္လုပ္ေနရတာျဖစ္သည္။ ဂ်င္းလက္ဖက္ေျခာက္ဆိုၿပီးသာ ၾကားေနရေပမယ့္ တစ္ခါမွမျမင္ဖူးေသးဘူး။ ေနာက္ဆုံးေတာ့ အမွန္တကယ္ေတြ႕ဖို႔ အခြင့္အေရးရလာၿပီ။

အထိန္းေတာ္ခ်င္းက အခ်ိန္အေတာ္ၾကာေအာင္ သက္ျပင္းခ်လ်က္႐ွိသည္။  အဆုံးမွာေတာ့ ေခါင္းယမ္းရင္း သက္ျပင္းတစ္ခ်က္ထပ္ခ်ကာ
“အလ်င္မလိုနဲ႔ အလ်င္မလိုနဲ႔၊ ဒီကိစၥကို ေရ႐ွည္စဥ္းစားဖို႔လိုတယ္"

အခ်ိန္ခဏၾကာေအာင္ မုယြမ္ေယာင္က ဧကရာဇ္အတြက္ ႏွစ္သစ္ကူးလက္ေဆာင္ျဖစ္သည့္ ပန္းထိုးမႈအေပၚတြင္ အာ႐ုံစိုက္၍ အိမ္တြင္းေအာင္ေနဆဲျဖစ္သည္။ ေနရာအႏွံ႔ကေန ပို႔လာတဲ့ ဖု၊႐ိႈ႕၊အန္း၊ခန္း စကားလုံးမ်ားပါသည့္စာ႐ြက္မ်ားသည္လည္း ေသတၱာထဲတြင္ ျပည့္ႏွက္ေနသည္။ မုယြမ္ေယာင္လို ေစ့စပ္ေသခ်ာတဲ့သူေတာင္ ထိုစာ႐ြက္မ်ားကို ေသေသသပ္သပ္စီစဥ္ဖို႔ အခ်ိန္အမ်ားႀကီးယူခဲ့ရသည္။ ထို႔ေနာက္ သူမရဲ႕ ႏွစ္သစ္ကူးလက္ေဆာင္အတြက္ ပန္းထိုးမႈအ႐ွိန္ကို ျမန္လိုက္သည္။

မုယြမ္ေယာင္ မနက္စာစားအၿပီး က်င္းလန္က ေရာက္လာ၍ ေလွ်ာက္တင္သည္။

“သခင္မေလး ဆိုင္႐ွင္ခ်င္း ေရာက္လာပါၿပီ”

“သူ႕ကို အထဲဖိတ္လိုက္”

ရာသီဥတုက ပိုၿပီး ေအးလာၿပီျဖစ္ကာ အထိန္းေတာ္ခ်င္းက ထူထဲတဲ့အေပၚဝတ္ကို ဝတ္ထားၿပီး အညိဳေရာင္ႏွင့္အျပာေရာင္ဦးထုပ္ကို ေဆာင္းထားသည္။ သူက ျပဳံးျပၿပီး ႏူးညံ့စြာ ေျပာလာသည္။

“မိန္းကေလးမုကို အ႐ိုအေသေပးပါတယ္”

“အထိန္းေတာ္ခ်င္း ယဥ္ေက်းေနစရာမလိုပါဘူး၊ ျမန္ျမန္ေလး ထိုင္ပါဦး၊ က်င္းလန္က လက္ဖက္ရည္လာပို႔ပါလိမ့္မယ္”

သူမ ဧည့္ခံထားတဲ့ လက္ဖက္ရည္ကို အထိန္းေတာ္ခ်င္းက တစ္ႀကိဳက္ေသာက္ၿပီးေနာက္ ခ်ီးက်ဴးလိုက္သည္။

“အားလုံး ေရကိုပဲသုံးၿပီး လက္ဖက္ရည္တစ္မ်ိဳးထဲ အတူတူလုပ္ၾကေပမယ့္ မိန္းကေလးမုရဲ႕လက္ဖက္ရည္ကေတာ့ ပိုၿပီး အရသာ႐ွိတယ္လို႔ ခံစားရတယ္"

မုယြမ္ေယာင္က ရယ္ေမာေလ၏။

“ဒါဆိုရင္ေတာ့ ေနာက္က်ရင္ က်င္းလန္ကို ကြၽန္မဆုခ်ရေတာ့မယ္၊ သူရဲ႕ လက္ဖက္ရည္ေဖ်ာ္တဲ့ ကြၽမ္းက်င္မႈက တိုးတက္လာၿပီပဲ"

“ဆုနဲ႔ တကယ္ကို ထိုက္တန္ပါတယ္”

အထိန္းေတာ္ခ်င္းက အခ်ိန္တိုင္း ဘယ္အခ်ိန္ေနာက္ဆုတ္ရမယ္၊ဘယ္အခ်ိန္ေ႐ွ႕တိုးရမယ္ဆိုတာသိၿပီး စနစ္တက်႐ွိသည့္ က်င္းလန္ကို ၾကည့္လိုက္၏။ သူ မေနႏိုင္ပဲ စိတ္ထဲတြင္ သက္ျပင္းခ်မိသည္။ မိန္းကေလးမုရဲ႕ သင္ၾကားျပသေရးနည္းလမ္းက တျခားသူေတြနဲ႔ ႏိႈင္းယွဥ္လို႔မရေပ။ လြန္ခဲ့တဲ့တစ္ႏွစ္ခြဲေလာက္က က်င္းလန္ ဒီေနရာကို ပထမဆုံးေရာက္လာခ်ိန္ သူျမင္ဖူးသည္။ သူမပုံစံက အခုပုံစံနဲ႔ လုံးလုံးကြဲျပား၏။

က်င္းလန္က အလ်င္အျမန္ပဲ ေဘးကေန အ႐ိုအေသေပးလိုက္သည္။

“အရမ္းကို ေက်းဇူးတင္ပါတယ္ သခင္မေလး၊ ဆိုင္႐ွင္ခ်င္းကိုလည္း ေက်းဇူးတင္ပါတယ္။ ေနာင္မွာလည္း ကြၽန္မ အလုပ္ပိုႀကိဳးစားပါ့မယ္”

သူမစကားေျပာၿပီးသည္ႏွင့္ အထိန္းေတာ္ခ်င္းက ဘာစကားမွမေျပာဘဲ ျပဳံးေနတာကို ျမင္ေတာ့ သူမေခါင္းကိုေမာ့၍ မုယြမ္ေယာင္ကို ၾကည့္လိုက္သည္။ မုယြမ္ေယာင္ ေခါင္းညိတ္ျပတာကို ျမင္မွ သူမက အ႐ိုအေသေပးၿပီး ထြက္သြားလိုက္သည္။

ထို႔ေနာက္ အထိန္းေတာ္ခ်င္းက အေရးႀကီးကိစၥကို စေျပာေတာ့သည္။

“မိန္းကေလးမု ေနာက္ဆုံးတစ္ႀကိမ္ မင္းပို႔လိုက္တဲ့ ဂ်င္းလက္ဖက္ေျခာက္က မင္းသားအတြက္ အေတာ္ေလး အေထာက္အကူျဖစ္တယ္၊ အဲ့တာေၾကာင့္ ေနာက္တစ္သုတ္ ထပ္ပို႔ရင္ေကာင္းမလား စဥ္းစားေနတာ”

“အထိန္းေတာ္ခ်င္းလည္းျမင္မွာပါ။ ကြၽန္မက ဧကရာဇ္အတြက္ ႏွစ္သစ္ကူးလက္ေဆာင္ကို ပန္းထိုးေနရလို႔ အလုပ္႐ႈပ္ေနတာ၊ ကြၽန္မ ခြန္အားကလည္း အကန္႔အသတ္ေရာက္ေနၿပီ၊ အဲ့တာေၾကာင့္ ဂ်င္းလက္ဖက္ေျခာက္ကိစၥကို အထိန္းေတာ္ခ်င္းဆီ လႊဲလိုက္ပါမယ္”

သူမ ပထမဆုံးေပးခဲ့တဲ့ ဂ်င္းလက္ဖက္ေျခာက္က မ်က္ႏွာလုပ္ဖို႔အတြက္ ေပးတာျဖစ္သည္။ ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ အလကားေပးေတာ့မွာ မဟုတ္ေပ။ သူမလက္ထဲ႐ွိ ေငြလ်န္ေတြကို ကိစၥႀကီးႀကီးမားမားအတြက္ သုံးမွာျဖစ္ၿပီး ေသခ်ာေပါက္ ယြဲ႕ဝမ္အတြက္ေတာ့ မဟုတ္ေပ၊၊

အထိန္းေတာ္ခ်င္းကေတာ့ မုယြမ္ေယာင္ရဲ႕အစီအစဥ္ေတြကို မသိႏိုင္ေပ။ သူမက တိုက္႐ိုက္ျငင္းလိုက္တာကို ျမင္ေတာ့ ၎ကို သိပ္ၿပီး စဥ္းစားမေနေတာ့ဘဲ
“ကိစၥေတြက အဲ့လိုဆိုေတာ့လည္း က်ဳပ္ကိုယ္တိုင္ပဲ ကိုင္တြယ္ရမွာေပါ့၊ အဲ့တာလုပ္ဖို႔ မိန္းကေလးမုရဲ႕လူကိုေတာ့ ငွားရမွာပဲ”

“လူငွားမယ္? အထိန္းေတာ္ခ်င္းက အစားအေသာက္ဝယ္ေပးတဲ့ ခ်ီမင္ကို ေျပာတာလား?”

“ဟုတ္တယ္ ဒီတစ္ႀကိမ္ ဂ်င္းလက္ဖက္ေျခာက္ မ်ားမ်ားပို႔ရမွာမလို႔ အစားအေသာက္ မ်ားမ်ားဝယ္ရမယ္၊ သူ႕ကို နည္းနည္းေလာက္ ကူညီေပးေစခ်င္တယ္”

“ကိစၥမ႐ွိဘူး၊ လ်ိဳလ်န္ကို သူ႕ဆီ အေၾကာင္းၾကားခိုင္းၿပီး အထိန္းေတာ္ခ်င္းဆီ လႊတ္လိုက္ပါ့မယ္”

“ေကာင္းၿပီ၊ အမ်ားႀကီး ေက်းဇူးတင္ပါတယ္ မိန္းကေလးမု။ ေနာက္ထပ္တစ္ခု ႐ွိေသးတယ္၊ အခုကစၿပီး ေအးလာေတာ့ ပူး႐ွန္းလုံကလည္း ဧည့္သည္အေရအတြက္ ေလ်ာ့လာတယ္၊ အဲ့တာေၾကာင့္ ခဏေလာက္အနားေပးၿပီး က်င္း႐ိႈ႕ဥယ်ာဥ္ကို ျပင္ဆင္ရင္ ေကာင္းမလားလို႔ပါ"

မုယြမ္ေယာင္က ခ်က္ခ်င္း နားလည္သြားသည္။

“ဒီရက္ေတြအတြင္း ကြၽန္မ ပန္းထိုးတာနဲ႔ အလုပ္ေတြမ်ားေနလို႔ ဒီကိစၥကို ေမ့လုနီးပါးပဲ၊ မနက္ျဖန္ကစၿပီး က်င္း႐ိႈ႕ဥယ်ာဥ္ကို သုံးရက္ေလာက္ပိတ္ၿပီး ဥယ်ာဥ္ရဲ႕႐ႈခင္းကို ျပန္ျပင္ဆင္လိုက္ပါ့မယ္”

“သုံးရက္တည္း? မခ်ိန္မတိုလြန္းဘူးလား”

အဲ့ေလာက္ ျမန္ျမန္ႀကီး ၿပီးႏိုင္ပါ့မလား။

“အထိန္းေတာ္ခ်င္း စိတ္ခ်ပါ။ ကြၽန္မ က်င္း႐ိႈ႕ဥယ်ာဥ္ရဲ႕႐ႈခင္းေတြကို ျပင္ဆင္ကတည္းက ေဆာင္းေလဒဏ္ ခံႏိုင္ေအာင္ ဘယ္လိုကာကြယ္ရမလဲဆိုတာ ေသခ်ာႀကိဳစဥ္းစားထားတာ။ ဒါထက္ ခန္းစီးေတြလည္း ႀကိဳျပင္ဆင္ထားၿပီးသားမလို႔ လူလႊတ္ၿပီး တပ္ခိုင္းလိုက္႐ုံပဲ၊ အရမ္းႀကီး မၾကန္႔ၾကာပါဘူး”

“ဒါေကာင္းတာေပါ့၊ မိန္းကေလးမုရဲ႕ အေတြးအေခၚေတြက တကယ္ကို ခ်ီးက်ဴးဖြယ္ပါပဲ”

အထိန္းေတာ္ခ်င္းက မုယြမ္ေယာင္ အခုေလာေလာဆယ္ အခ်ိန္ေတြတိုက္ေနတာကို သိတာေၾကာင့္ က်န္းမာေရးဂ႐ုစိုက္ဖို႔ စကားအနည္းငယ္ေျပာၿပီးေနာက္ ထြက္သြားေတာ့သည္။ မုယြမ္ေယာင္က လ်ိဳလ်န္ကိုေျပာၿပီးတဲ့ေနာက္ ထိုကိစၥကို သူ႕မစိတ္ထဲမွ လုံးလုံးကို ထုတ္ထားလိုက္ေတာ့သည္။ ဆယ္ရက္ၾကာၿပီးေနာက္ အထိန္းေတာ္ခ်င္းေရာက္လာၿပီး သူတို႔ဝယ္ခဲ့တဲ့ ဆန္အရည္အေသြးက ေကာင္းမြန္ၿပီး တျခားကုန္သည္မ်ားထက္ ေဈးႏႈန္းသက္သာေၾကာင္းေျပာကာ ေက်းဇူးတင္ေၾကာင္း ေျပာလာသည္။ တစ္နာရီရဲ႕ေလးပုံတစ္ပုံေလာက္ ခ်ီးက်ဴးၿပီးေနာက္ ခ်ီမင္ကို ေပးေပးဖို႔ရာ အနီေရာင္စာအိတ္ေတာင္ ထားခဲ့သည္။

သူထြက္သြားၿပီးေနာက္ မုယြမ္ေယာင္က လ်ိဳလ်န္ကိုေခၚဖို႔ရာ က်င္းလန္ကိုေျပာေနတုန္း ေသတၱာတစ္လုံးနဲ႔ ေလွ်ာက္လာတဲ့ လ်ိဳလ်န္ကို ေတြ႕လိုက္ရသည္။

“မင္းက အခ်ိန္ကိုက္ ေရာက္လာတာပဲ၊ အခုပဲ ဆိုင္႐ွင္ခ်င္းက ခ်ီမင္ကို ေက်းဇူးတင္စကားေျပာၿပီး စာအိတ္နီတစ္ခု ထားခဲ့တယ္၊ မင္းအခ်ိန္ရရင္ သူ႕ကို သြားေပးလိုက္ပါဦး”

လ်ိဳလ်န္က အ႐ိုအေသေပးၿပီးေနာက္ မတ္တပ္ရပ္လိုက္ၿပီး ယူလာတဲ့ေသတၱာကို မုယြမ္ေယာင္ေ႐ွ႕သို႔ ေတာင့္တင္းေနေသာအမူအရာျဖင့္ ေပးလိုက္သည္။

အထိန္းေတာ္ခ်င္းရဲ႕ အဆက္မျပတ္ ခ်ီးက်ဴးမႈေတြကို ျပန္ေတြးရင္း မုယြမ္ေယာင္မ်က္ႏွာတြင္ အျပဳံးတို႔ ေပၚလာသည္။

“ဒါဘာလဲ?”

စကားေျပာရင္းျဖင့္ ေသတၱာကိုဖြင့္လိုက္ေတာ့ သူမအျပဳံးေတြက ေတာင့္တင္းသြားေတာ့သည္။

ေသတၱာအတြင္းထဲတြင္ ေသေသသပ္သပ္ျဖင့္ ေငြစကၠဴေတြ ထပ္ထားသည္။ မုယြမ္ေယာင္က ၎တို႔ကိုယူၿပီး ခပ္ျမန္ျမန္ ေရတြက္လိုက္၏။  အနည္းဆုံး ေငြလ်န္ႏွစ္ေသာင္း႐ွိသည္။

“ဒီေငြစကၠဴေတြက ဘယ္ကေန ရလာတာလဲ”

“သခင္မေလးကို တင္ျပပါတယ္ ဒါေတြက ခ်ီမင္ဆီကေန ရခဲ့တာပါ”

မုယြမ္ေယာင္က အံ့အားသင့္သြားသည္။

“သူ႕ဆီက ရတာ?”

သူမရဲ႕ပထမဆုံးအေတြးကေတာ့ ခ်ီမင္က အထိန္းေတာ္ခ်င္း အစားအစာဝယ္ခိုင္းသည့္ ေငြေတြကို တိတ္တဆိတ္ အနည္းငယ္ယူ၍ သိမ္းထားသည္ဟု ထင္ခဲ့သည္။ သို႔ေသာ္ အထိန္းေတာ္ခ်င္း အခုပဲ ခ်ီးက်ဴးသြားတာကို ျပန္ေတြးၾကည့္ၿပီးေနာက္ အဲ့လိုမဟုတ္ဘူးဆိုတာကို ခံစားလိုက္ရသည္။ ေနာက္ၿပီး အထိန္းေတာ္ခ်င္းက အ႐ူးမဟုတ္ေပ၊ ဆန္ေတြရဲ႕ ေဈးႏႈန္းနဲ႔ အရည္အေသြးက အေတာ္ေလးေကာင္းမြန္လွၿပီး အတုလည္းမဟုတ္ေပ။

လ်ိဳလ်န္က ေခါင္းညိတ္လိုက္သည္။

“သခင္မေလးရဲ႕ ၫႊန္ၾကားမႈအတိုင္း ကြၽန္ေတာ္တို႔အားလုံး ဆန္စပါးေတြကို စုေဆာင္းခဲ့ပါတယ္။ ဆန္စပါးေတြရဲ႕အသုံးဝင္မႈေတြကို ၾကားေတာ့ သူကပိုဝယ္ထားၿပီး အဲ့တာေတြကို အထိန္းေတာ္ခ်င္းဆီ ေရာင္းခဲ့တာပါ”

မုယြမ္ေယာင္က ခ်ီမင္ကို ဆန္ဝယ္ခိုင္းစဥ္က ရိတ္သိမ္းခါစျဖစ္ၿပီး စပါးေတြက အလြန္ေဈးေပါေနခ်ိန္ျဖစ္သည္။ အခုေတာ့ ေဆာင္းရာသီေရာက္ေနၿပီျဖစ္ကာ ေဈးက အေတာ္ေလးကို ျမင့္သြားၿပီး ဒီေငြလ်န္ႏွစ္ေသာင္းႏွင့္လည္း ကြာဟခ်က္႐ွိလာသည္။ မုယြမ္ေယာင္က ခဏေလာက္ ေတြးလိုက္ၿပီး ကိစၥရဲ အဓိကအခ်က္ကို ႐ွာေတြ႕ၿပီးေနာက္ မေနႏိုင္ပဲ ေအာ္ရယ္လိုက္မိသည္။

“အဲ့ေကာင္ကေတာ့ တကယ့္ကို အရည္အခ်င္း႐ွိတာပဲ၊ သူ႕ကို အခ်ိန္ရရင္ ေခၚလာခဲ့ပါဦး၊ ဒီလိုဉာဏ္ေကာင္းတဲ့လူက ဘယ္လိုလူမ်ိဴးလဲဆိုတာ ၾကည့္ရေအာင္”

Continue Reading

You'll Also Like

569K 11.2K 37
{Complete}Mia Anderson is a shy, innocent, and not to mention short 19 year old. Living with her foster family has its ups and downs, but she loves t...
10M 752K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...
16K 1.5K 17
သူမက ဧည်ခန်းမှာ အနားယူစဉ် နိုးလာတော့ ‌ရှေးခေတ်က ဆူဖြိုးပြီး စာမတတ်တဲ့ကျေးလက်မိန်းကလေး ဖြစ်နေတယ်... ဘယ်သူမှသူမကို လက်မထက်ချင်ကြဘူး။ ဒါကြောင့် သူမ အဖေက...
7.2K 224 8
I'm tired already,please take care of yourself I will no longer exits in this world anymore I'll be gone in 4 more hour This is my last word I...