မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ...
By ThwinHtetSoo
845K 90.5K 2.9K
summary အချိန်​ခရီးသွားပုံပြင်​တစ်​ပုဒ်​ ဉာဏ်​နီဉာဏ်​နက်​များပြီး ​ကောက်​ကျစ်​တဲ့သူမဟာ အဆင့်​အတန်းမြင့်​မျို... More
Summary
1.ဇနီးမယား အဖြစ်​မှ ကိုယ်​လုပ်​​တော်​သို့ အဆင့်​​လျှော့ချခြင်း
2.ဇနီးမယားအဖြစ်​မှ ကိုယ်​လုပ်​​တော်​သို့ အဆင့်​ ​လျှော့ချခြင်း
3:ဇနီးမယားအဖြစ်​မှ ကိုယ်​လုပ်​​တော်​သို့ အဆင့်​​လျှော့ချခြင်း
မြာ​ပွေ​သော သူ​ဌေးသားများအား ​လှောင်​​ပြောင်​ခြင်း
၅ မြာ​ပွေ​သော သူ​ဌေးသားများအား ​လှောင်​​ပြောင်​ခြင်း
၆ မင်္ဂလာ​ကြေး
၇ ရိုက်​နှက်​ခြင်း
၉ အဘွား​တော်​ကို ဆန့်​ကျင်​တိုက်​ခိုက်
11. မင်္ဂလာနေ့မှာ ဘိုးဘွားကန်​​တော့
10
12
13
14
15
16,​လှောင်​​ပြောင်​ခြင်း
၁၇ မင်းသားကျင်းရဲ့ အဆိပ်​ခတ်​အကြံအစည်
18
၁၉
၂၀
၂၁
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60(zawgyi+unicode)
61(zawgyi+unicode)
၆၂-ချိုင့်​ဝှမ်းအတွင်းသို့ ပြုတ်​ကျ (zawgyi+unicode)
63(zawgyi+unicode)
64(zawgyi+unicode)
65(zawgyi+ unicode)
66(zawgyi+unicode)
67(zawgyi+unicode)
68(zawgyi+unicode)
69 (zawgyi+unicode)
70(zawgyi+unicode)
71 (zawgyi+unicode)
72(z+u)
73+74 (z+u)
75+76+77+78+79
80+81 Unicode
80+81 zawgyi
82+83
84+85
86
86 (uni)
87 (z+u)
88
89
announcement
90: မုလျိုဖုန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
91: စုန့်ချင်းယန် အပူလောင်ခြင်း
92: စိတ်ပုတ်တဲ့လူရဲ့ လိမ်တာခံရခြင်း
93: စောင့်ကြိုနေသော အန္တရာယ်
94: တိုက်ခိုက်ခြင်း
95: တစ်ဦးတည်း သေမလိုဖြစ်ခြင်း
96: ရတနာ ရှာတွေ့ခြင်း
97: ချင်းယုယွမ်ရဲ့ အကြံအတိုင်း လုပ်ခြင်း
98: ပေါက်ကွဲခြင်း
not an update
99: ကယ်ဆယ်ခံရခြင်း
100: နိုးထလာခြင်း
101: သံသယဖြစ်ခြင်း
102: သမားတော် ရှာဖွေခြင်း
103: ရန်သူများ တွေ့ဆုံခြင်း
104: သတိလစ်ခြင်း
105: သတိလစ်ခြင်း ၂
106: အိပ်ယာထဲတွင် ဖမ်းမိခြင်း
107: အပြစ်ပေးခြင်း
108: နေသားတကျဖြစ်ခြင်း
109: မင်းသားခုနစ်ရဲ့ အခြေအနေ
110: သင်ခန်းစာပေးခြင်း
111: သင်ခန်းစာ
112: အဆိပ်ကျွေးခြင်း
113: အဆိပ်ထုတ်ပေးခြင်း
114: ရုန်းကန်လှုပ် ရှားခြင်း
115: လောင်ကျင်းဝမ် ပြန်လာခြင်း
116: အရင်မင်းသားကျင်း မူးလဲခြင်း
117: စေ့စပ်ပွဲဖျက်ရန် သွားခြင်း
118: စေ့စပ်ပွဲဖျက်ရန် ကျရှူံးခြင်း
119: စေ့စပ်လက်ဆောင်များ ပြန်ပေးလိုက်ခြင်း
120: ထောင်ချောက်ဆင်ခြင်း
121: ကိုယ်လုပ်တော်ဖြစ်ရန် လျို့ဝှက်ကြံစည်ခြင်း
122: ဖျားယောင်းသွေးဆောင်ခြင်း
123: ကျင်းကြင်ယာတော်ဟောင်း ပြန်လာခြင်း
124: စကားများခြင်း
125: နောက်ဆုံးပင့်သက်ရှိုက်ခြင်း
126: အဖျားအနာပျောက်စေတဲ့ လက်ထပ်ပွဲ
127: လော့ရွှယ်ပွဲကြည့်စင်၌ ဆုံကြခြင်း
128: လောင်းခြင်း
129: အဆိပ်ဖြေခြင်း
130: တူးဖော်ခြင်း
131: ငြင်းချက်ထုတ်ခြင်း
132: ကျွန်မ စေ့စပ်ပွဲဖျက်ချင်တယ်
133: နောက်ဆုံးတော့ စေ့စပ်ပွဲဖျက်နိုင်ခဲ့ပြီ
134: ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ
135: Drensh
136: ရေခဲအဆိပ် ဖြေရှင်းနည်း
137: လျို့ဝှက်ချက်ကြီး
138: စိတ်ဆိုးခြင်း
139: မော့ပိုင်မှ စစ်ကူများ
140: မော့ပိုင်မှ အန္တရာယ်ရှိတဲ့ မင်းသား
141: စုန့်ချင်းယန်ကို ရိုက်နှက်ခြင်း
142: နဂါးလှေပြိုင်ပွဲ
143: နဂါးလှေပြိုင်ပွဲ ၂
144: နဂါးလှေပြိုင်ပွဲ ၃
145: နဂါးလှေပြိုင်ပွဲ ၎
146: တိုက်ခိုက်ခြင်းကို ရွေးချယ်ခြင်း
147: မြွေအန္တရာယ်
148: စိတ်မဝင်စားခြင်း
149: မြွေကိုသတ်ဖို့ မီးကို သုံးခြင်း
150: ပြစ်ဒဏ်နဲ့ ဆုလာဘ်
151: မင်းသားအိုးရန် အဆိပ်မိခြင်း
10 or 2?
152+153
154: စုန့်ထျန်းဝမ် အပျော်မယားထားခြင်း
155
156: ကျွေးခြင်း
157 : တည်ဆောက်ခြင်း
158
159
160
161
165-166
167+168+169
170+171+172+173
174+175+176+177
178+179+180+181
182-191
192-197
198-207
162+163+164
1.3K 142 19
By ThwinHtetSoo
#chapter162
အိုးရန် သူမကို စိုက်ကြည့်ကာ သူ့မျက်လုံးတို့ကလဲ ကူကယ်ရာမဲ့နေသည့် အရိပ်တို့ စွန်းထင်းနေလေသည်။
"ကိုယ်တကယ်ပဲ ချဉ်ချိုချို အရသာရှိတဲ့အရာတွေ မကြိုက်တာမို့ မဆိုးနဲ့ ဟုတ်ပြီလား"
"ဟင့်အင်း..."
အိုးရန် စကားပြောဖို့ ပါးစပ်ဟလိုက်တဲ့အချိန်မှာ မုရုံရွှယ် ရုတ်တရက် ယိုလုံးကို အိုးရန်ပါးစပ်ထဲ ထည့်လိုက်လေသည်။
"အရသာ ဘယ်လိုလဲ"
"အရမ်း မဆိုးပါဘူး"
သူ့ပါးစပ်နား ရောက်လာတော့မဲ့ ယိုလုံးကို ကြည့်ရင်း အိုးရန် ရှေ့ကို မြန်မြန်ဆန်ဆန်တက်လာပြီး မုရုံရွှယ်ခါးကို ဆွဲဖက်လိုက်သည်။
"တစ်ခုက လုံလောက်ပြီလေ ကျန်တဲ့အရာတွေက မင်းအတွက်ပဲ"
အသံက နိမ့်လာပြီး အိုးရန် သူ့ခါးတဝိုက်က အားကို သုံးလိုက်တဲ့အခါ ယိုလုံးက မုရုံရွှယ်ပါးစပ်ထဲ ရောက်သွားလေသည်။
"မိန်းကလေး သနားပါဦး"
"ခဏစောင့်နော်"
မုရုံရွှယ် ရယ်မောလိုက်ကာ သူမရဲ့ ဖြူသွယ်တဲ့လက်က ခါးဆီ ရောက်သွားသည်။ သူမ ခါးက ဓားပျော့ကို ဆွဲထုတ်ကာ သနားညှာတာမှုကင်းမဲ့စွာ ထိုလူကြီးဆီ ခုတ်လိုက်သည်။
ထိုလူ မျက်လုံးကျဉ်းမြောင်းသွားကာ လက်က တုတ်နဲ့ မုရုံရွှယ်ရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်သည်။ 'ခရက်' ဆိုတဲ့အသံနဲ့အတူ တုတ်က နှစ်ပိုင်းကျိုးသွားကာ အေးစက်တောက်ပနေတဲ့ ဓားတစ်လက် ထွက်ပေါ်လာသည်။
ရုပ်ဖျက်ထားတာကို သူ နှစ်တွေအများကြီး ဖောက်ထွင်း မမြင်ဖူးခဲ့ပေ။
"ရှင့်အသားအရေလေ။ သူတောင်းစားတွေက တနှစ်ပတ်လုံး ထမင်းကောင်းကောင်း မစားရလို့ သူတို့မျက်နှာ​တွေက ဝါကျင့်ပြီး ပိန်ချုံးနေတာ ရှင့်အသားအရေကလဲ ဝါကျင်နေပေမဲ့ သဘာဝသိပ်မကျဘူး ကျွန်မကြည့်လိုက်တာနဲ့ ရှင့်မျက်နှာမှာ တစ်ခုခုလိမ်းထားမှန်း ရိပ်မိတယ် ရှင့်အသံရောပဲ အသံအက်ကွဲပြီး အသံကြီးကြီး ပုံစံပေါက်အောင် အသံကို အရမ်းနှိမ့်ထားသေးတယ်  သေချာအာရုံစိုက် နားထောင်လိုက်ရင် ရှင့်မူလအသံက ကျယ်ပြီး အင်အားအပြည့်နဲ့ဆိုတာ ကျွန်မ သတိပြုမိနိုင်တယ် ထပ်ပြီး တုတ်ချောင်းကတော့ ရှင်အပြည့်အဝ မအုပ်ကိုင်ထားတော့ ပါးလွှာတဲ့ ဖြတ်ရှရာလေးကို တွေ့နိုင်တယ် ခြုံတွေးကြည့်ရင် ဓားလေ့ကျင့်မှုကို နှစ်တွေအကြာကြီး လုပ်ထားတာ ဖြစ်လိမ့်မယ်"
ထိုစကားတို့ကို ကြားတဲ့အခါ ထိုလူက မျက်မှောင်ကြုတ်ကာ
"မင်းက တကယ်ကို ပါးနပ်တဲ့ မိန်းကလေးပဲ ငါ့ရုပ်ဖျက်ထားတာက မင်းရဲ့ ထက်ရှတဲ့ မျက်လုံးကနေ မလွတ်နိုင်ပါဘူး"
မူလသူ့ရည်ရွယ်ချက်က သူတောင်းစားအသွင်နဲ့ သူမနားကပ်ကာ သူမ မပြင်ဆင်ထားတဲ့အချိန်မှာ သတ်ဖို့ရန်ပင်။ မမျှော်လင့်ဘဲ သူမက ပါးနပ်နေကာ သူ့ကြိုတင်ပြင်ဆင်မှုကို မြင်သွားခဲ့သည်။
"ငရဲမင်းကို သွားမေး!"
ထိုလူက လက်ကို ဝေ့ယမ်းလိုက်တော့ မရေမတွက်နိုင်တဲ့ အနက်ရောင်ဝတ်လူတွေ ထွက်ပေါ်လာသည်။ အားလုံးက ထက်ရှအေးစက်တဲ့ ဓားတွေ ကိုယ်စီ ကိုင်ထားပြီး အိုးရန်နဲ့ မုရုံရွှယ်ဆီ အကြင်နာမဲ့စွာ ပြေးဝင်လာကြသည်။
သူမကို သတ်ချင်တာလား
"ဟေး!"
"မင်းလှုပ်ရှားမှုတွေက ကောင်းပြီး လုံလုံလောက်လောက် မြန်ပါတယ် ဒါပေမဲ့ ကိုယ် မင်းကို လှည့်စားမှုနည်းနည်း သင်ပေးမယ် သေချာကြည့်ထားနော်"
အိုးရန် ညင်သာစွာ ပြောလိုက်ကာ ခြေဖျားထောက်လိုက်တော့ အားလုံးရဲ့ မြင်ကွင်းထဲက သူ့ရဲ့ ပိန်သွယ်တဲ့ ခန္တာကိုယ်လေးက ပျောက်ကွယ်သွားသည်။
အိုးရန်ရဲ့ ကြည်လင်အေးစက်ပြီး မာနကြီးတဲ့ အသံက ထွက်ပေါ်လာသည်။
"အိုးရန်!"
----------------
#chapter163
"ရှောင်ချန်"
သူမြွေကိုက်ခံလိုက်ရတုန်းက မြွေဆိပ်က သူ့ခန္တာကိုယ်ထဲ ဝင်သွားပြီး သွေးလည်ပတ်တဲ့အတိုင်း စီးဆင်းနေတာ ဖြစ်သည်။ သူမ သူ့ကို အဆိပ်ဖြေပေးပြီးပေမဲ့လဲ အဆိပ်အကြွင်းအကျန် အနည်းငယ်တော့ ကျန်နေပေသည်။ ကျန်ရှိနေတဲ့ အဆိပ်ကို ဖယ်ဖို့အတွက် ဆေးနှစ်လုံးလောက် သောက်လိုက်တာက ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပေ။
ဒါပေမဲ့ သူ ဆေးမသောက်ခင် သူ အဆိပ်ကို ဖယ်ဖို့ အတွင်းအားကို အသုံးပြုခဲ့သေးသည်။ ရလာဒ်အနေနဲ့ အဆိပ်က နှလုံးကို ထိကာ သတိလစ်သွားစေသည်။
ကံကောင်းစွာနဲ့ သူ့ကိုယ်ထဲက အဆိပ်ပမာဏက နည်းပါးလွန်းတဲ့အတွက် သူ့ကို ကြီးကြီးမားမားတော့ မထိခိုက်နိုင်ပေ။
"မစိုးရိမ်ပါနဲ့ ကိုယ်အဆင်ပြေတယ်"
"နာနေလား"
"ဒီအချိန်မှာ လုပ်ကြံတဲ့သူ ထပ်လာရင်တောင် ကိုယ့်ကို မနာကျင်စေနိုင်သေးပါဘူး"
"ကိုယ် အားနည်းနေသေးလို့ လမ်းမလျှောက်နိုင်သေးဘူး အိမ်တော်ကိုသွားပြီး ရွှမ်ဖုန်းနဲ့ ဝူဟန်းကို သွားခေါ်ခဲ့လိုက် ကိုယ်ဒီကစောင့်နေမယ်"
"အဲ့တာ ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ"
ပိန်ပါးတဲ့ ခန္တာကိုယ်လေးကို ကြည့်ကာ အိုးရန် အံ့အားသင့်သွားပြီး
အိုးရန် မုရုံရွှယ်ကျောပေါ် ရောက်နေပေမဲ့ ခြေထောက်နှစ်ချောင်းကတော့ မြေပေါ်မှာ ရှိနေတုန်းပင်။ သူ့လက်နှစ်ဖက်ကတော့ မုရုံရွှယ်ရဲ့ ဖြူဝင်းတဲ့ လည်ပင်းကို သိုင်းဖက်ထားပြီ ဖြစ်သည်။ ချွေးစက်တွေ အဆတ်မပြတ် ကျနေတဲ့ သူမနဖူးကို ကြည့်ပြီး အိုးရန်မျက်လုံးထဲ ကြည်လင်တဲ့အပြုံးတစ်ခု ထွက်ပေါ်လာသည်။(eye smile)
"ကောင်းပြီ"
အိုးရန် လှောင်ပြောင်လိုက်ကာ အင်္ကျီလက်အတွင်းက သူ့လက်ချောင်းတို့ကို လှုပ်လိုက်တော့ ထက်ရှအားပြင်းတဲ့ လေထုက လက်နက်ပုန်းတွေဆီ ဦးတည်ပြေးဝင်သွားသည်။ ဘန်း ဆိုတဲ့ အသံနဲ့အတူ လက်နက်တို့က ဦးတည်ရာပြောင်းကာ သူတို့သခင်ဆီ ပြေးဝင်သွားကြီး သူတို့သခင်ရဲ့ အကြောမှတ်တွေကို ထိခိုက်ကုန်ကြ၏။
"အိုးရန် အခုလေးတင် ဖြစ်သွားတဲ့ လူသတ်ချင်စိတ်ကို ခံစားမိလိုက်လား"
"ရှင်သေချာလား"
ရှုပ်ထွေးနေတဲ့ သူမမျက်လုံးကို ကြည့်ကာ အိုးရန်ရဲ့ မျက်လုံးတို့ ပြုံးလာပြီး
"ဟင့်အင်း"
"ဒါပေမဲ့ မင်း ပင်ပန်းနေပြီလေ နဖူးမှာ ချွေးတွေတောင် ထွက်နေပြီ"
သူမရဲ့ ခိုင်မာတဲ့ မျက်လုံးကို ကြည့်ကာ အိုးရန် မျက်လုံးလက်သွားကာ အားပြင်းတဲ့ အတွင်းအားကို သူ့ခန္တာကိုယ်တစ်လျောက် စီးဆင်းစေလိမ့်သည်။
ည ရောက်လာတဲ့အခါ အစေခံတွေနဲ့ အိမ်တော်ထိန်းတွေ သူတို့အခန်းဆီ ပြန်သွားကြလေပြီ အရမ်းတိတ်ဆိတ်နေလေပြီ မုရုံရွှယ် အိုးရန်ကို လော့ရွှယ်ကောဆီ ချောမွေ့စွာ ခေါ်သွားလိုက်နိုင်၏။
"မထိုင်နဲ့ ရှင့်ကိုယ်ထဲက လက်ကျန်အဆိပ်တွေကို မဖယ်ရသေးဘူး ထိုင်ခုံအမာပေါ် ထိုင်ရင် ရှင် သက်သောင့်သက်သာ ရှိမှာ မဟုတ်ဘူး"
"ကျေးဇူးပဲ"
မုရုံရွှယ် စားပွဲဝိုင်းဆီ လျှောက်သွားလိုက်ပြီး လက်ဖက်ရည်တခွက် ငှဲ့ကာ တကျိုက်တည်း သောက်လိုက်တော့မှ သူမရဲ့ ခြောက်ကပ်နေတဲ့ လည်​ချောင်းက စိုစွတ်သွားသည်။
"ကောင်းလုနီးနီးပဲ"
"အဆိပ်ဖြေဆေးက ကျွန်မဘာသာ လုပ်ထားတာ အဲ့တာက မြွေဆိပ်အတွက် ကောင်းတယ် ရှင်သောက်လိုက်ရင် ရှင့်ကိုယ်ထဲက လက်ကျန်မြွေဆိပ်က ပြေလုနီးနီး ဖြစ်သွားလိမ့်မယ် နောက်ထပ်ဆေးတွေ သောက်စရာမလိုတော့ဘူး"
****************
#chapter164
သူ့ကို နှိုးပြီး ကန်ထုတ်လိုက်ရမလား သူ့လက်ကျန်အဆိပ်က အပြည့်အဝမကုန်သေးတဲ့အတွက် ထိုနည်းက လမ်းလျှောက်ဖို့ မသင့်တော်ပေ။ ဒါပေမဲ့လဲ အိပ်ပျော်နေတဲ့ ဒီလူကြီးကို ဘယ်လိုလုပ်ရမလဲ မသိပေ။
ထိုသို့တွေးပြီး မုရုံရွှယ် ခေါက်လိုက်ကာနောက် သွားကာ အင်တုံထဲကို ရေနွေးနွေးဖြည့်ကာ ရေစိုနေတဲ့ အဖြူရောင် ချည်လက်ကိုင်ပုဝါနဲ့ အိုးရန်ရဲ့ ပါးကို ညင်သာစွာ သုတ်ပေးလိုက်သည်။
အသန့်ကြိုက်တဲ့ အိုးရန်ရှောင်ချန်က နေ့တိုင်း ရေချိုးပေလိမ့်မည်။ ဒါပေမဲ့ အခု သူ အိပ်ပျော်နေတာကြောင့် ရေမချိုးနိုင်တော့ပေ။ ဒါကြောင့် သူမ သူ့ကို ကူညီကာ မျက်နှာနဲ့ လက်ကို သန့်ရှင်းပေနေခြင်းပင်။
နွေးထွေးတဲ့ လက်ကိုင်ပုဝါက ပါးပြင်တလျှောက် ပွတ်တိုက်သွားနေသည်။ ထိုနွေးထွေးပြီး သက်သောင့်သက်သာရှိမှုမျိုးက စကားလုံးနဲ့ ပြောလို့မရလောက်အောင် အံ့သြဖွယ် ကောင်းသည်။ မျက်ခွံတို့က လှုပ်ရှားသွားပေမဲ့ ချက်ချင်း လှုပ်ရှားမှုကို သူထိန်းချုပ်လိုက်လေသည်။
သူမရဲ့ ဖြူဖွေး​သေးသွယ်တဲ့ လက်က သူ့ခါးကို ဦးတည်လာသည်။ သူမ လက်ချောင်းထိပ်က သူ့ခါးကို ထိတဲ့အချိန် သူမရဲ့ တောက်ပတဲ့မျက်နှာမှာ အနီရောင် မျဉ်းနှစ်ကြောင်း ပြေးနေလေသည်။
သူမကျောအောက်က နူးညံ့တဲ့ ဘရိုကိတ်စောင်ရဲ့ အထိအတွေ့ကြောင့် မုရုံရွှယ် လန့်သွားကာ ချက်ချင်း လှည့်ကာ ထဖို့ ကြိုးစားလိုက်သည်။  ဒါပေမဲ့ ထိုလူကြီးက နောက်ထပ်တစ်ခါ လှည့်လိုက်တော့ သူ့ရဲ့ ပိန်သွယ်တဲ့ ခန္တာကိုယ်က သူမရဲ့ ခန္တာကိုယ်လေးကို ဖိကာ ပိတ်ထားလိုက်လေသည်။
သူ့ရဲ့ သန်မာတဲ့ ရင်အုပ်ကျယ်ကြီးက သူမလက်နဲ့ နီးကပ်နေကာ သူ့ရဲ့ ဝါးမှင်နံ့ဖျော့ဖျော့က သူမနှာခေါင်းဝကို လာရောက် ကျီစယ်နေသည်က သူမကို မိန်းမောတွေဝေစေသည်။ ဒါပေမဲ့လဲ သူ့ရဲ့ လေးလံတဲ့ ခန္တာကိုယ်က သူမကို ဖိထားတဲ့အတွက် အသက်ကို ခက်ခဲစွာ ရှူထုတ်နေရတာကြောင့် ဒေါသတကြီး အော်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"ရှင်က ကစားနေတာပဲ"
မုရုံရွှယ် သူ့နဖူးကို လက်သီးနဲ့ ဒေါသတကြီး ထိုးလိုက်သည်။ ထိုနေရာကို လက်သီးနဲ့ ထိုးရင် နာသည်ဟု သူမကြားဖူးတာကြောင့် ကြိုးစားကြည့်ခြင်းပင်။
အားပြင်းထက်ရှတဲ့ လေထုက သူ့မျက်နှာကို လာရောက်ရိုက်ခတ်လာတော့ အိုးရန်ရဲ့ နက်မှောင်တဲ့ မျက်ခုံးတို့ တွန့်ချိုးသွားကာ မုရုံရွှယ်ရဲ့ ခါးဆီ ရောက်သွားသည်။ သူ့ရဲ့ ကြည်လင်နေတဲ့ မျက်လုံးက လေးနက်သွားကာ
"ဒေါသမထွက်ပါနဲ့ ကိုယ်မင်းကို တာဝန်ယူပေးမယ်လေ"
"ကိုယ့်အလုပ်ကိုလုပ်"
"ရှင်အဆင်ပြေရဲ့လား"
"ကိုယ် အဆင်ပြေတယ်....."
အိုးရန် အသာပြောလိုက်ပေမဲ့ ချောင်းဆိုးသံက ပိုကျယ်လာကာ သူ့ရဲ့ ရေဓာတ်ပြည့်နေတဲ့ နှုတ်ခမ်းက ဖြူလျော်သွားသည်။
သူမ သူ့ကို ကျော်ကာ အိပ်ယာပေါ်က ထွက်သွားမဲ့အချိန်မှာ အိုးရန် သူမခါးကို ဆွဲဖက်ကာ ပြောလိုက်သည်။
"ဘယ်သွားမှာလဲ"
အိုးရန် မုရုံရွှယ်ရဲ့ သေးငယ်တဲ့ ခါးလေးကို ဆွဲဖက်ကာ အိပ်ယာပေါ် အတင်းလှဲချပြီး လက်တဖက်က သူမလည်ပင်းအောက် လျှိုလိုက်ကာ သူမအတွက် ခေါင်းအုံးသဖွယ် ပြုမူလိုက်သည်။
"ဟင့်အင်း ဗိုက်မဆာဘူး"
ပြတင်းပေါက်အပြင်ဘက်က ဆူညံသံကို သူကြားလိုက်ရတော့ အိုးရန် မုရုံရွှယ်ရဲ့ နားနှစ်ဖက်ကို သူ့လက်နဲ့ အသာအုပ်လိုက်ကာ အပြင်ဘက်က လူကို အေးစက်စွာ ပြောလိုက်သည်။
"ကိစ္စရှိလား"
တစ်ကိုယ်လုံး အနက်ဝတ်ဆင်ထားတဲ့ ရွှမ်ဖုန်းက ပြတင်းပေါက်မှာ ပေါ်လာကာ ပြောလိုက်သည်။
"မင်းသား လမ်းကြားထဲမှာ မင်းသားနဲ့ မုရုံရွှယ်ကို တိုက်ခိုက်တဲ့သူတွေက မော့ပိုင်က တော်ဝင်အစောင့်တွေဆိုတာကို ကျွန်တော်တို့ ရှာတွေ့ထားပါတယ်"
အိုးရန်ရဲ့ ကြည်လင်နေတဲ့ မျက်ဝန်းအစုံက ကျဉ်းမြောင်းသွားကာ
"ဖြစ်ဖို့များပါတယ်"
ချင်းဟော်ရန်နဲ့ ချင်းယွီယမ်က မော့ပိုင်ကနေ ချင်းရန်ရဲ့ မြို့တော်မှာ ရောက်နေတဲ့ တစ်ဦးတည်းသော သူတွေဖြစ်သည်။ ထိုအစောင့်တွေကို အခြေခံအားဖြင့် ချင်းဟော်ရန် ခေါ်ဆောင်လာခဲ့တာ ဖြစ်မည်။ ချင်းယွီယမ်က မော့ပိုင်က မင်းသမီးဖြစ်ပေမဲ့ အပြင်းအထန် ဒဏ်ရာရပြီးနောက် အစောင့်အများကြီးကို မကိုင်တွယ်နိုင်တော့ပေ။
-------------
Unicode
#chapter162
မုရုံရွှယ်အတွက် အိုးရန်ရှောင်ချန် ဒဏ်ရာရခြင်း
အနီရောင်တောက်တောက် အလုံးလေးတွေက ကြီးမားဝိုင်းစက် သန့်ရှင်းနေကာ စားချင်စရာပင်။ ယိုချောင်းကို ကြည့်ရင်း အိုးရန် မပျော့ညံ့သွားပေ။ သူ ခေါင်းခါလိုက်ကာ
"ကိုယ် ယိုလုံး မကြိုက်ဘူး"
မုရုံရွှယ် မျက်လုံးပုတ်ခတ်ကာ မနှေးမမြန် ပြောလိုက်သည်။
"တုတ်ချောင်းမှာ ယိုလုံးတွေအများကြီး ပါတာ ကျွန်မ အကုန်မစားနိုင်ဘူးလေ ကူစားဦးလေနော် ကျေးဇူးပြုပြီး..."
မုရုံရွှယ် ယိုချောင်းကိုင်ကာ အိုးရန် ပါးစပ်ဝမှာ တေ့ပေးလိုက်သည်။ ကြည့်ရတာ သူ တကိုက်လောက် မကိုက်မချင်း သူမ လက်လျှော့မည့်ပုံမဟုတ်ပေ။
အိုးရန် သူမကို စိုက်ကြည့်ကာ သူ့မျက်လုံးတို့ကလဲ ကူကယ်ရာမ့ဲနေသည့် အရိပ်တို့ စွန်းထင်းနေလေသည်။
"ကိုယ်တကယ်ပဲ ချဉ်ချိုချို အရသာရှိတ့ဲအရာတွေ မကြိုက်တာမို့ မဆိုးန့ဲ ဟုတ်ပြီလား"
"တကိုက်...တကိုက်ပဲလေနော် ကျန်တာ ကျွန်မစားမယ်လေ"
မုရုံရွှယ် မျက်လုံး တလက်လက်တောက်ပကာ စားဖို့ သူ့ကို တိုက်တွန်းနေလေသည်။
"ဟင့်အင်း..."
အိုးရန် စကားပြောဖို့ ပါးစပ်ဟလိုက်တ့ဲအချိန်မှာ မုရုံရွှယ် ရုတ်တရက် ယိုလုံးကို အိုးရန်ပါးစပ်ထဲ ထည့်လိုက်လေသည်။
ချဉ်ချိုချိုအရသာက အိုးရန်ပါးစပ်ထဲ ပျံ့နှံ့သွားသည်။ လတ်ဆတ်ပြီး ချဉ်ချိုချိုအရသာတို့က သူ့သွားကိုပါ ချဉ်သွားစေသည်။ အိုးရန် မျက်မှောင်ကြုတ်ကာ ကူကယ်ရာမ့ဲစွာ မုရုံရွှယ်ကို စိုက်ကြည့်နေလိုက်တော့သည်။
မုရုံရွှယ် သူ့ကို ပြုံးဖြီးဖြီးကြည့်ကာ
"အရသာ ဘယ်လိုလဲ"
"အရမ်း မဆိုးပါဘူး"
အိုးရန် တုန်ယင်စွာ ဖြေလိုက်သည်။
"ကြိုက်ရင် နောက်တစ်ခုထပ်စား"
မုရုံရွှယ် ပြုံးကာ နောက်ထပ် ယိုလုံးတစ်လုံး ထပ်ယူပြီး အိုးရန်ပါးစပ်ထဲ ထပ်ခွံ့မလို့ လုပ်လိုက်သည်။
အရင်က သူမန့ဲ အိုးရန် အကြိမ်တော်တော်များများ ထမင်းလက်ဆုံးစားဖူးသည်။ ဒါကြောင့် အိုးရန်က ချဉ်ချိုချိုအရသာတွေကို စားရတာ မကြိုက်မှန်း သူမသိသည်။ ဒါပေမ့ဲ အ့ဲဒီအစားအစာတွေက လူ့ခန္တာကိုယ်အတွက် ကောင်းသည်။ အိုးရန် အစားအသောက် အရမ်း ချေးမများသင့်ပေ။
သူ့ပါးစပ်နား ရောက်လာတော့မ့ဲ ယိုလုံးကို ကြည့်ရင်း အိုးရန် ရှေ့ကို မြန်မြန်ဆန်ဆန်တက်လာပြီး မုရုံရွှယ်ခါးကို ဆွဲဖက်လိုက်သည်။
"တစ်ခုက လုံလောက်ပြီလေ ကျန်တ့ဲအရာတွေက မင်းအတွက်ပဲ"
အသံက နိမ့်လာပြီး အိုးရန် သူ့ခါးတဝိုက်က အားကို သုံးလိုက်တ့ဲအခါ ယိုလုံးက မုရုံရွှယ်ပါးစပ်ထဲ ရောက်သွားလေသည်။
ချဉ်ချိုချိုအရသာတစ်ခုက မုရုံရွှယ် ပါးစပ်ထဲ ချက်ချင်း ပျံ့နှံ့သွားကာ သူမ မှုန်သုန်စွာဖြင့် အိုးရန်ကို ကြည့်လိုက်သည်။ ဒီလောက်ချိုပြီး အရသာရှိတ့ဲ ယိုလုံးကို စားဖို့ အိုးရန်မှာ ကောင်းမွန်တ့ဲကံမရှိပေ။
"မိန်းကလေး သနားပါဦး"
အသက်ကြီးပြီး အက်ကွဲနေတဲ့ အသံဖြင့် တောင်းပန်နေသံတစ်ခုကို ကြားလိုက်ရသည်။ မုရုံရွှယ် လှည့်ကြည့်လိုက်တော့ မီးခိုးရောင်ဆံပင် စုတ်ပြတ်နေတ့ဲအဝတ်အစား ဝတ်ဆင်ထားတ့ဲ လူတစ်ဦးက သူမတို့န့ဲ မီတာဝက်အကွာမှာ ရပ်နေတာ တွေ့လိုက်ရသည်။ 
သူ့ခန္တာကိုယ်က တဝက်ခန့်ကိုင်းနေကာ လက်တစ်ဖက်က သစ်သားတုတ်တစ်ချောင်းကို ကိုင်ထားပြီး တစ်ဖက်က ပန်းကန်အကွဲတစ်လုံး ကိုင်ထားသည်။
ထိုလူက ပန်းကန်ကွဲကို သူမဆီ ထိုးထားကာ ကြည့်နေပုံက သနားစရာအတိပင်။
"ခဏစောင့်နော်"
မုရုံရွှယ် ရယ်မောလိုက်ကာ သူမရဲ့ ဖြူသွယ်တ့ဲလက်က ခါးဆီ ရောက်သွားသည်။ သူမ ခါးက ဓားပျော့ကို ဆွဲထုတ်ကာ သနားညှာတာမှုကင်းမ့ဲစွာ ထိုလူကြီးဆီ ခုတ်လိုက်သည်။
ထိုလူ မျက်လုံးကျဉ်းမြောင်းသွားကာ လက်က တုတ်န့ဲ မုရုံရွှယ်ရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်သည်။ 'ခရက်' ဆိုတ့ဲအသံန့ဲအတူ တုတ်က နှစ်ပိုင်းကျိုးသွားကာ အေးစက်တောက်ပနေတ့ဲ ဓားတစ်လက် ထွက်ပေါ်လာသည်။
'ကလန်' ဆိုတ့ဲအသံန့ဲအတူ ဓားကို ဝေ့ယမ်းလိုက်ကာ မုရုံရွှယ်ရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။  ပြီးနောက် ဘေးဘက်ကို ခုန်ထွက်လိုက်ကာ သူမကို အထက်စီးမှ မာနကြီးပြီး လူသတ်လိုသော အရိပ်အရောင်တို့ဖြင့် ကြည့်လိုက်သည်။ သနားစရာကောင်းတ့ဲ လူအိုကြီး ပုံစံက ကွယ်ပျောက်သွားကာ
"မင်း ငါ့ကို ဘယ်လိုလုပ် သတိထားမိသွားတာလဲ"
ရုပ်ဖျက်ထားတာကို သူ နှစ်တွေအများကြီး ဖောက်ထွင်း မမြင်ဖူးခ့ဲပေ။
"ရှင့်အသားအရေလေ။ သူတောင်းစားတွေက တနှစ်ပတ်လုံး ထမင်းကောင်းကောင်း မစားရလို့ သူတို့မျက်နှာတွေက ဝါကျင့်ပြီး ပိန်ချုံးနေတာ ရှင့်အသားအရေကလဲ ဝါကျင်နေပေမ့ဲ သဘာဝသိပ်မကျဘူး ကျွန်မကြည့်လိုက်တာန့ဲ ရှင့်မျက်နှာမှာ တစ်ခုခုလိမ်းထားမှန်း ရိပ်မိတယ် ရှင့်အသံရောပဲ အသံအက်ကွဲပြီး အသံကြီးကြီး ပုံစံပေါက်အောင် အသံကို အရမ်းနှိမ့်ထားသေးတယ်  သေချာအာရုံစိုက် နားထောင်လိုက်ရင် ရှင့်မူလအသံက ကျယ်ပြီး အင်အားအပြည့်န့ဲဆိုတာ ကျွန်မ သတိပြုမိနိုင်တယ် ထပ်ပြီး တုတ်ချောင်းကတော့ ရှင်အပြည့်အဝ မအုပ်ကိုင်ထားတော့ ပါးလွှာတ့ဲ ဖြတ်ရှရာလေးကို တွေ့နိုင်တယ် ခြုံတွေးကြည့်ရင် ဓားလေ့ကျင့်မှုကို နှစ်တွေအကြာကြီး လုပ်ထားတာ ဖြစ်လိမ့်မယ်"
မုရုံရွှယ် ဂုဏ်ယူစွာ တစ်ခုချင်း ပြောလိုက်သည်။
ထိုစကားတို့ကို ကြားတ့ဲအခါ ထိုလူက မျက်မှောင်ကြုတ်ကာ
"မင်းက တကယ်ကို ပါးနပ်တ့ဲ မိန်းကလေးပဲ ငါ့ရုပ်ဖျက်ထားတာက မင်းရဲ့ ထက်ရှတ့ဲ မျက်လုံးကနေ မလွတ်နိုင်ပါဘူး"
မူလသူ့ရည်ရွယ်ချက်က သူတောင်းစားအသွင်န့ဲ သူမနားကပ်ကာ သူမ မပြင်ဆင်ထားတ့ဲအချိန်မှာ သတ်ဖို့ရန်ပင်။ မမျှော်လင့်ဘဲ သူမက ပါးနပ်နေကာ သူ့ကြိုတင်ပြင်ဆင်မှုကို မြင်သွားခ့ဲသည်။
"ရှင့်ကို ဘယ်သူလွှတ်လိုက်တာလဲ"
မုရုံရွှယ် အေးစက်စွာ ကြည့်လိုက်သည်။
"ငရဲမင်းကို သွားမေး!"
ထိုလူက လက်ကို ဝေ့ယမ်းလိုက်တော့ မရေမတွက်နိုင်တ့ဲ အနက်ရောင်ဝတ်လူတွေ ထွက်ပေါ်လာသည်။ အားလုံးက ထက်ရှအေးစက်တ့ဲ ဓားတွေ ကိုယ်စီ ကိုင်ထားပြီး အိုးရန်န့ဲ မုရုံရွှယ်ဆီ အကြင်နာမ့ဲစွာ ပြေးဝင်လာကြသည်။
သူမကို သတ်ချင်တာလား
အယုံကြည်လွန်ကဲနေတာပဲ
မုရုံရွှယ် အေးစက်စွာ ပြုံးလိုက်ကာ အနက်ရောင်ဝတ်လူတွေဆီ ဓားကို ဝေ့ယမ်းလျက် ပြေးဝင်သွားကာ လမ်းတလျှောက် သွေးတို့ ချင်းချင်းနီရဲနေစေလေသည်။
အနက်ဝတ်လူတွေက မဖြုံဘဲ ဒီရေလို မုရုံရွှယ်ဆီ ဓားများကို ဝေ့ယမ်းလျက် ပြေးဝင်လာကြသည်။
'ဘန်း ဘန်း ဘန်း' ဆိုတ့ဲအသံန့ဲအတူ အားပြင်းတ့ဲ အတွင်းအားတွေကြောင့် မုရုံရွှယ်နားက လူတွေ လွင့်ထွက်ကုန်ကြသည်။ အိုးရန်က ကောင်းကင်ကနေ မုရုံရွှယ်နား ကျလာပြီး သူမလက်ထဲက ဓားပျော့ဆီ ရောက်သွားသည်။
"ဟေး!"
မုရုံရွှယ် သူ့ကို ကြည့်လိုက်သည်။
"မင်းလှုပ်ရှားမှုတွေက ကောင်းပြီး လုံလုံလောက်လောက် မြန်ပါတယ် ဒါပေမ့ဲ ကိုယ် မင်းကို လှည့်စားမှုနည်းနည်း သင်ပေးမယ် သေချာကြည့်ထားနော်"
အိုးရန် ညင်သာစွာ ပြောလိုက်ကာ ခြေဖျားထောက်လိုက်တော့ အားလုံးရဲ့ မြင်ကွင်းထဲက သူ့ရဲ့ ပိန်သွယ်တ့ဲ ခန္တာကိုယ်လေးက ပျောက်ကွယ်သွားသည်။
ထိုလူကြီးက အထိတ်တလန့်ဖြစ်သွားကာ ပတ်လည်လှည့်ကာ အိုးရန်ကို ရှာလိုက်သည်။ မင်နံ့န့ဲ ဝါးနံ့ရောနေတ့ဲ အနံ့ဖျော့ဖျော့က သူ့နှာခေါင်းဝကို လာကျီစယ်ပြီးနောက် သူ့မျက်လုံးထောင့်က အဖြူရောင်ပုံရိပ်ကို တွေ့လိုက်ရကာ သူ့ရှေ့ကို အေးစက်တ့ဲ အလင်းတချက် လက်သွားသည်။
ထိုလူ့လည်ပင်းမှ စူးရှတ့ဲနာကျင်မှုကို ခံစားလိုက်ရသည်။ ရုတ်တရက် သွေးက သူ့လည်ပင်းတဝိုက်မှပန်းထွက်လာသည်။ သူအောက်ကို ငုံ့ကြည့်လိုက်တော့ သူ့လည်ပင်းမှ သွေးတွေ စို့လာတာကို တွေ့လိုက်ရသည်။
အိုးရန်ရဲ့ ကြည်လင်အေးစက်ပြီး မာနကြီးတ့ဲ အသံက ထွက်ပေါ်လာသည်။
"ရွှယ် မြင်လား ဒါကို သတ်တာလို့ ခေါ်တယ်"
ဟက်! ရှောင်းယောင်အိမ်တော်က မင်းသားက သူ့ဂုဏ်ပုဒ်အတိုင်းပါပဲလား သူ့ပြိုင်ဘက်က အင်အားကြီးမှန်း ထိုလူသိပြီးသားပင်။ သူ စပြီး မတိုက်ခိုက်ခင် မုရုံရွှယ်န့ဲ အိုးရန်တို့ ခွဲသွားတာကို စောင့်နေတာဖြစ်သည်။
ထိုလူကြီးက နှုတ်ခမ်းကို ရုပ်ဆိုးစွာ ကွေးလိုက်သည်။ သူ့ခန္တာကိုယ်က ယိုင်န့ဲသွားကာ မြေပေါ် လဲကျသွားပြီး အသက်ရှုသံ ပျောက်ဆုံးသွားသည်။ သူ့လည်ပင်းမှ သွေးတို့ကလဲ အပြင်ကို ဒလဟော ထွက်လာကာ မြေပြင်မှာ အိုင်ထွန်းသွားသည်။
သူတို့ခေါင်းဆောင် သေဆုံးသွားတာ မြင်လိုက်တ့ဲအခါ အနက်ဝတ်လူတွေ အေးခဲသွားကြသည်။ အားလုံး ကြောင်အနေတ့ဲအချိန်မှာ အိုးရန်ရဲ့ ထက်ရှတ့ဲဓားက သူတို့ကို ခုတ်ဖြတ်သွားလေသည်။ အဖြူရောင်အရိပ်တစ်ခုက ဓားကို ဝေ့ယမ်းလာပြီးနောက် သူ ဘယ်လို ဓားကို ဝေ့ယမ်းလိုက်လဲ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘဲ အနက်ဝတ်လူတွေရဲ့ လည်ပင်းတို့ ပြတ်ကုန်ကြသည်။ အကုန်လုံး မြေပေါ် လဲကျကုန်ကြကာ မျက်လုံးပြူးလျက် သေကုန်ကြလေ၏။
ဒါက တိုက်ခိုက်တာ မဟုတ်ပေ။ သတ်ဖြတ်ခြင်းပင် ဖြစ်သည်။ မုရုံရွှယ်က ရပ်ရုံသာရပ်ပြီး အဖြူရောင်အရိပ်တစ်ခု ရှေ့နောက် ပြေးလျက် အနက်ဝတ်လူတွေကို သတ်နေပြီး ရန်သူတွေအကုန် မြေပေါ် လဲကျသေကုန်တာကို ကြည့်နေလေ၏။
နေရာတိုင်းမှာ အလောင်းတွေရှိနေကာ သွေးတွေက မြစ်တစ်ခုလို စီးဆင်းနေပြီး သွေးနံ့တို့ကလဲ လေထုထဲမှာ လှိုင်လှိုင်ထနေလေသည်။ အိုးရန်က ဓားကိုင်ကာ အလောင်းပုံရှေ့ ရပ်နေလေသည်။
သူ့ရဲ့ အဖြူရောင်အဝတ်အစားက လေထဲ ပျံ့လွင့်ပြီး သန့်ရှင်းနေကာ သူ့မျက်နှာက ပန်းချီတစ်ခုလို ဝင့်ထည်နေတာကြောင့် မုရုံရွှယ် အကြည့်မလွှဲနိုင်တော့ပေ။
မုရုံရွှယ် မျက်ခုံးပင့်လိုက်သည်။ အိုးရန်ရဲ့ သိုင်းပညာက နက်ရှိုင်းကာ အတွင်းအားကလဲ သန်မာပြီး တုန်လှုပ်မှုကင်းမ့ဲခြင်းတို့ကြောင့် ရှောင်းယောင်အိမ်တော်ရဲ့ မင်းသားလေးဖြစ်ဖို့ ထိုက်တန်ပေသည်။
"အိုးရန်!"
မုရုံရွှယ် ရယ်မောကာ သူ့ဆီ သွားလိုက်ပြီး သူ့ပခုံးကို ပုတ်ကာ ချီးကျူးစကားအနည်းငယ် ပြောဖို့ ပြင်လိုက်သည်။ ဒါပေမ့ဲ သူမပခုံးကို ပုတ်လိုက်တ့ဲအချိန်မှာပဲ အိုးရန်က မြေပေါ် လဲကျသွားလေသည်။
----------------
#chapter163
မင်းသားအိုးရန်ကို ရွှယ်က သယ်လာတယ်
"ရှောင်ချန်"
မုရုံရွှယ် စိုးရိမ်တကြီး အော်လိုက်ကာ အလျင်အမြန် လက်ကို ဆန့်တန်းပြီး သူမပခုံးထက် လဲကျစေလိုက်သည်။ သူမ သူ့ကို ဂရုတစိုက် ကြည့်လိုက်ပေမ့ဲ သူ့မျက်လုံးတို့ မှိတ်နေကာ အသက်ရှူသံတို့ လေးလံနေတာကိုသာ တွေ့လိုက်ရသည်။ သူ့ရဲ့ရှည်လျားတ့ဲ မျက်တောင်တို့ကလဲ အရိပ်လို မျက်ခွံပေါ် စိုးမိုးနေပေသည်။ ပါးလွှာတ့ဲ နှုတ်ခမ်းန့ဲ ဖျော့တော့နေတ့ဲ မျက်နှာတို့က သဘာဝမကျစွာ အနက်န့ဲ ခရမ်းရောင်ကို ရောစွက်နေသည်။
သေစမ်း....သူ ရောဂါဟောင်းပြန်ထလာပြီ!
သူမြွေကိုက်ခံလိုက်ရတုန်းက မြွေဆိပ်က သူ့ခန္တာကိုယ်ထဲ ဝင်သွားပြီး သွေးလည်ပတ်တ့ဲအတိုင်း စီးဆင်းနေတာ ဖြစ်သည်။ သူမ သူ့ကို အဆိပ်ဖြေပေးပြီးပေမ့ဲလဲ အဆိပ်အကြွင်းအကျန် အနည်းငယ်တော့ ကျန်နေပေသည်။ ကျန်ရှိနေတ့ဲ အဆိပ်ကို ဖယ်ဖို့အတွက် ဆေးနှစ်လုံးလောက် သောက်လိုက်တာက ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပေ။
ဒါပေမ့ဲ သူ ဆေးမသောက်ခင် သူ အဆိပ်ကို ဖယ်ဖို့ အတွင်းအားကို အသုံးပြုခ့ဲသေးသည်။ ရလာဒ်အနေန့ဲ အဆိပ်က နှလုံးကို ထိကာ သတိလစ်သွားစေသည်။
ကံကောင်းစွာန့ဲ သူ့ကိုယ်ထဲက အဆိပ်ပမာဏက နည်းပါးလွန်းတ့ဲအတွက် သူ့ကို ကြီးကြီးမားမားတော့ မထိခိုက်နိုင်ပေ။
မုရုံရွှယ် ငွေအပ်ကို ထုတ်ကာ အိုးရန်ရင်ဘတ်က အကြောနေရာကို ညင်သာစွာ စိုက်လိုက်သည်။ အပ်ကို နှဲ့လိုက်တ့ဲအခါ နှုတ်ခမ်းမှာ သန်းနေတ့ဲ ခရမ်းနက်ရောင်တို့ ပျောက်ကွယ်သွားပြီး ဖျော့တော့နေတ့ဲ သူ့မျက်နှာကလဲ သွေးနီရောင် ပြန်လွှန်းလာသည်။
အိုးရန် ချောင်းအသာဆိုးပြီးနောက် မျက်လုံးကို ညင်သာစွာ ဖွင့်လိုက်တ့ဲအခါ မုရုံရွှယ်ရဲ့ စိုးရိမ်နေတ့ဲ မျက်လုံးအစုံတို့ကို မြင်လိုက်ရသည်။ သူ နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး
"မစိုးရိမ်ပါန့ဲ ကိုယ်အဆင်ပြေတယ်"
"နာနေလား"
မုရုံရွှယ် မျက်လုံးတို့ မှိန်နေသည်။ သူမ သူ့အဆိပ်ကိုသာ ထုတ်ပေးလိုက်ရပြီး သူ့ဒဏ်ရာကို မစစ်လိုက်မိပေ။
"ဒီအချိန်မှာ လုပ်ကြံတ့ဲသူ ထပ်လာရင်တောင် ကိုယ့်ကို မနာကျင်စေနိုင်သေးပါဘူး"
အိုးရန် ဂုဏ်ယူစွာ ပြောလိုက်သည်။
ဒါဆို အဆင်ပြေပြီ! မုရုံရွှယ် စိတ်လျော့လိုက်ကာ သက်ပြင်းချလိုက်သည်။ ပြင်းထန်တ့ဲ သွေးနံ့က သူမနှာခေါင်းဝကို ရောက်လာသည်။ သူမ မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ဒီမှာ နေလို့မကောင်းဘူး သွားရအောင်"
အိုးရန် ချောင်းဆိုးလိုက်ကာ အားနည်းစွာ ပြောလိုက်သည်။
"ကိုယ် အားနည်းနေသေးလို့ လမ်းမလျှောက်နိုင်သေးဘူး အိမ်တော်ကိုသွားပြီး ရွှမ်ဖုန်းန့ဲ ဝူဟန်းကို သွားခေါ်ခ့ဲလိုက် ကိုယ်ဒီကစောင့်နေမယ်"
"အ့ဲတာ ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ"
မုရုံရွှယ် ခေါင်းခါကာ အိုးရန်အဆိုကို ငြင်းပယ်လိုက်သည်။ အိုးရန်က အခု ရောဂါဟောင်း ပြန်ထနေတာ သိုင်းနည်းနည်းလောက်ပဲ တတ်တ့ဲသူကတောင် သူ့ကို သတ်နိုင်လောက်သည်။ သေလုနီးပါး ဖြစ်နေတ့ဲ သူ့ကို သူမ မထားခ့ဲနိုင်ပေ။
"ကျွန်မ ရှင့်ကို သယ်သွားမယ်"
မုရုံရွှယ် လှည့်ကာ အိုးရန် ကျောပေးလိုက်သည်။
ပိန်ပါးတ့ဲ ခန္တာကိုယ်လေးကို ကြည့်ကာ အိုးရန် အံ့အားသင့်သွားပြီး
"ကိုယ်က လေးတယ် မင်းသယ်နိုင်ပါ့မလား"
"စကားလျှော့ပြော မကြိုးစားကြည့်ဘဲ ကျွန်မ မသယ်နိုင်ဘူးလို့ ရှင်ဘယ်လိုသိမလဲ"
မုရုံရွှယ် မှုန်သုန်စွာ ပြောကာ အိုးရန်ကို လက်မောင်းကနေ ဆွဲကိုင်ပြီး သူမကျောပေါ် တင်လိုက်သည်။
အိုးရန် မုရုံရွှယ်ကျောပေါ် ရောက်နေပေမ့ဲ ခြေထောက်နှစ်ချောင်းကတော့ မြေပေါ်မှာ ရှိနေတုန်းပင်။ သူ့လက်နှစ်ဖက်ကတော့ မုရုံရွှယ်ရဲ့ ဖြူဝင်းတ့ဲ လည်ပင်းကို သိုင်းဖက်ထားပြီ ဖြစ်သည်။ ချွေးစက်တွေ အဆတ်မပြတ် ကျနေတ့ဲ သူမနဖူးကို ကြည့်ပြီး အိုးရန်မျက်လုံးထဲ ကြည်လင်တ့ဲအပြုံးတစ်ခု ထွက်ပေါ်လာသည်။(eye smile)
"သေချာဖက်ထားနော် ကျွန်မသွားတော့မယ်"
မုရုံရွှယ် သူ့ကို သတိပေးကာ ညင်သာစွာ လျှောက်သွားလိုက်သည်။
အိုးရန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"
အနည်းငယ် မှောင်လာလေပြီ။ အိုးရန်ကို သယ်ကာ မုရုံရွှယ် လမ်းကြားထဲက ထွက်လာပြီး လမ်းမပေါ် ရောက်လာသည်။ လမ်းပေါ်တွင် လမ်းသွားလမ်းလာ အနည်းငယ် ရှိနေသည်။ မုရုံရွှယ် ဖြည်းဖြည်းလျှောက်လာပြီး နဖူးမှလဲ ချွေးတို့ အဆတ်မပြတ် ထွက်လာနေပေ၏။ သူမရဲ့ လေးကိုင်းသဏ္ဍာန် မျက်ခုံးတို့က တွန့်ချိုးနေကြီး ဖြည်းလေးစွာပင် အမောတကောလျှောက်နေရသည်။ ယောကျ်ားတစ်ယောက်က ဘာလို့ အ့ဲလောက် လေးရတာလဲ
သူတောင်းစားသုံးလေးယောက်က နေရာအနှံ့မှ ထွက်ပေါ်လာကာ တိတ်ဆိတ်ညင်သာစွာ လျှောက်လာကြ၏။ သူတို့အချင်းချင်း အချက်ပြလိုက်ကြပြီးနောက် မြှားလိုမျိုး ထက်ရှတ့ဲလက်နက်ပုန်းတို့ကို မုရုံရွှယ်ရဲ့ အရေးကြီးတ့ဲ အကြောနေရာအမျိုးမျိုးဆီ ပစ်လိုက်ကြသည်။
အိုးရန် လှောင်ပြောင်လိုက်ကာ အကျႌလက်အတွင်းက သူ့လက်ချောင်းတို့ကို လှုပ်လိုက်တော့ ထက်ရှအားပြင်းတ့ဲ လေထုက လက်နက်ပုန်းတွေဆီ ဦးတည်ပြေးဝင်သွားသည်။ ဘန်း ဆိုတ့ဲ အသံန့ဲအတူ လက်နက်တို့က ဦးတည်ရာပြောင်းကာ သူတို့သခင်ဆီ ပြေးဝင်သွားကြီး သူတို့သခင်ရဲ့ အကြောမှတ်တွေကို ထိခိုက်ကုန်ကြ၏။
သူတောင်းစားတို့ရဲ့ မျက်လုံးတို့က ပြူးကျယ်ကုန်ကြကာ မြေပေါ် လဲကျသွားပြီး အသက်မရှိကြတော့ပေ။ သူက အားနည်းပြီး လမ်းမလျှောက်နိုင်အောင် ဖြစ်နေတာ မဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ သူတို့ရဲ့ လက်နက်ပုန်းတွေကို ဆန့်ကျင်ဖို့ အတွင်းအားသုံးနိုင်သေးတာလဲ
လေတချက် ဝေ့သွားတ့ဲအခါ မုရုံရွှယ် လေထုထဲက နားလည်ရခက်တ့ဲ လူသတ်ချင်စိတ်ကို ခံစားမိလေသည်။ သူမ မျက်လုံးတို့ ကျဉ်းမြောင်းသွားကာ အလျင်အမြန် လှည့်ကြည့်လိုက်သည်။ အနီးအနားမှာ ဘယ်သူမှမရှိတ့ဲ ဗလာကိုသာ သူမမြင်လိုက်ရသည်။
"အိုးရန် အခုလေးတင် ဖြစ်သွားတ့ဲ လူသတ်ချင်စိတ်ကို ခံစားမိလိုက်လား"
"လူသတ်ချင်စိတ်လား ဟင့်အင်း မင်းအတွေးလွန်နေတယ်ထင်တယ်"
အိုးရန် သာမန်ပဲ ဖြေလိုက်ကာ သူမပခုံးပေါ် ခေါင်းမှီလိုက်သည်။ နွေးထွေးနူးညံ့တ့ဲ အထိအတွေ့က သူ့ကို နှောင့်ယှက်တာ ရပ်ဖို့ကို တွန့်ဆုတ်စေသည်။
"ရှင်သေချာလား"
မုရုံရွှယ် ညင်သာစွာ မျက်မှောင်ကြုတ်လိုက်သည်။ သတိအပြည့်န့ဲ နေရတ့ဲ နှစ်တွေများလာတ့ဲအခါ သူမခံစားချက်တို့က မှန်ကန်တိကျလာပြီး မမှားဖူးပေ။ ဒါပေမ့ဲ အခု သူမပတ်ဝန်းကျင်မှာ ငြိမ်းချမ်းတိတ်ဆိတ်နေကာ အန္တရာယ်မရှိပေ။ တကယ်ပဲ သူမအထင်မှားနေတာများလား
ရှုပ်ထွေးနေတ့ဲ သူမမျက်လုံးကို ကြည့်ကာ အိုးရန်ရဲ့ မျက်လုံးတို့ ပြုံးလာပြီး
"လမ်းလျှောက်နေတာ နာရီဝက်ရှိပြီ ခဏနားလိုက်မလား"
"ဟင့်အင်း"
မုရုံရွှယ် ခေါင်းခါလိုက်သည်။ မှောင်လာလေ လမ်းပေါ်မှာ အန္တရာယ်များလာလေပင်။ စောစောသွားတာ အကောင်းဆုံးပင်။
"ဒါပေမ့ဲ မင်း ပင်ပန်းနေပြီလေ နဖူးမှာ ချွေးတွေတောင် ထွက်နေပြီ"
အိုးရန် ညင်သာစွာ ပြောလိုက်ကာ ပိုးသားလက်ကိုင်ပုဝါကို ထုတ်ပြီး သူမနဖူးမှ ချွေးတို့ကို သုတ်ပေးလိုက်သည်။
"ကိစ္စမရှိပါဘူး ရှောင်းယောင်အိမ်တော်ရောက်မှ နားကြတာပေါ့"
မုရုံရွှယ် ရယ်မောကာ ဆက်သွားလိုက်သည်။ အိုးရန်က အားနည်းနေတာကြောင့် အိမ်တော်ပြန်ရောက်မှ လုံခြုံမည်ဖြစ်သည်။ အပြင်မှာ မိနစ်အနည်းငယ်ပိုနေလေ သူတို့အတွက် မလုံခြုံလေပင်။
သူမရဲ့ ခိုင်မာတ့ဲ မျက်လုံးကို ကြည့်ကာ အိုးရန် မျက်လုံးလက်သွားကာ အားပြင်းတ့ဲ အတွင်းအားကို သူ့ခန္တာကိုယ်တစ်လျောက် စီးဆင်းစေလိမ့်သည်။
မုရုံရွှယ် သူမကျောပေါ်က အိုးရန်ရဲ့ အလေးချိန်က ပေါ့သွားသလို ခံစားလိုက်ရသည်။ သူမခြေလှမ်းတွေ ပေါ့သွားကာ မှုးမတ်အိမ်တော်(Marquis အိမ်တော်)ဆီ မြန်မြန်ဆန်ဆန် ဦးတည်သွားလေသည်။
ည ရောက်လာတ့ဲအခါ အစေခံတွေန့ဲ အိမ်တော်ထိန်းတွေ သူတို့အခန်းဆီ ပြန်သွားကြလေပြီ အရမ်းတိတ်ဆိတ်နေလေပြီ မုရုံရွှယ် အိုးရန်ကို လော့ရွှယ်ကောဆီ ချောမွေ့စွာ ခေါ်သွားလိုက်နိုင်၏။
ရင်းနှီးနေတ့ဲ ခုံတွေ စားပွဲတွေ ကုလားထိုင်တွေကို ကြည့်ပြီး မုရုံရွှယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ခက်ခဲမှုတွေကြားက နောက်ဆုံးတော့ သူတို့ ပြန်ရောက်လာလေပြီ
"ကုလားထိုင်ပေါ်ထိုင်ဖို့ ကိုယ့်ကို ကူပေးဦး"
အိုးရန် ညင်သာစွာ ပြောလိုက်သည်။
"မထိုင်န့ဲ ရှင့်ကိုယ်ထဲက လက်ကျန်အဆိပ်တွေကို မဖယ်ရသေးဘူး ထိုင်ခုံအမာပေါ် ထိုင်ရင် ရှင် သက်သောင့်သက်သာ ရှိမှာ မဟုတ်ဘူး"
မုရုံရွှယ် သူ့အဆိုကို ငြင်းပယ်လိုက်ကာ အိပ်ယာဆီ လျှောက်သွားပြီး သူ့ကို အိပ်ယာပေါ် ညင်သာစွာ ချပေးလိုက်သည်။
အိပ်ယာဘေးက အံဆွဲကို ဖွင့်လိုက်ကာ ဆေးကို ယူလိုက်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်သည်။
"ဒါက ဖြေဆေး ရှင့်ကိုယ်ထဲက လက်ကျန်အဆိပ်ကို ဖယ်ပေးလိမ့်မယ်"
"ကျေးဇူးပဲ"
အိုးရန် နှေးကွေးစွာ ပြောကာ သောက်လိုက်သည်။
မုရုံရွှယ် စားပွဲဝိုင်းဆီ လျှောက်သွားလိုက်ပြီး လက်ဖက်ရည်တခွက် ငှဲ့ကာ တကျိုက်တည်း သောက်လိုက်တော့မှ သူမရဲ့ ခြောက်ကပ်နေတ့ဲ လည်ချောင်းက စိုစွတ်သွားသည်။
"ရှောင်ချန် ဘယ်လိုခံစားရလဲ ရှင့်အတွင်းအားတွေ ပြန်ကောင်းသွားပြီလား"
"ကောင်းလုနီးနီးပဲ"
အိုးရန်အသံက ညင်သာနေပေသည်။
"အဆိပ်ဖြေဆေးက ကျွန်မဘာသာ လုပ်ထားတာ အ့ဲတာက မြွေဆိပ်အတွက် ကောင်းတယ် ရှင်သောက်လိုက်ရင် ရှင့်ကိုယ်ထဲက လက်ကျန်မြွေဆိပ်က ပြေလုနီးနီး ဖြစ်သွားလိမ့်မယ် နောက်ထပ်ဆေးတွေ သောက်စရာမလိုတော့ဘူး"
မုရုံရွှယ် ရယ်လိုက်ကာ အိုးရန်ဘက် လှည့်လိုက်သည်။
အိုးရန်က အိပ်ယာပေါ် မျက်လုံးမှိတ်ကာ လှဲနေပြီး အသက်ရှူသံ မှန်မှန် ထွက်ပေါ်လာနေသည်။ သူ့ရဲ့ နှင်းလို ဖြူစွတ်နေတ့ဲ ဝတ်ရုံက အိပ်ယာစွန်းကနေ ကျနေလေသည်။ ခမ်းနားပြီး မြင့်မြတ်တ့ဲ ပုံရိပ်လေးပင်....
မုရုံရွှယ် အံ့သြစွာ မျက်လုံးပြူးကျယ်သွားသည်။ သူ....အိပ်ပျော်သွားတာလား?...
****************
#chapter164
တစ်အိပ်ယာထဲ အတူအိပ်ကြခြင်း
"မင်းသားအိုးရန်..မင်းသားအိုးရန်"
မုရုံရွှယ် အိပ်ယာနားကပ်ကာ တိုးတိုးလေး ခေါ်လိုက်သည်။
အိုးရန် မျက်လုံးမှိတ်ကာ ဘာမှ မတုံ့ပြန်ပေ။
သူမ မျက်မှောင်ကြုတ်လိုက်သည်။ ပထမ သူမတွေးတာက အိုးရန်ကို အဆိပ်ဖြေဆေးတိုက်ပြီး လက်ကျန်အဆိပ်တွေ ဖယ်ပေးပြီးရင် သူ လော့ရွှယ်ကောကနေ ထွက်သွားကာ သူ့အိမ်ကို ပြန်သွားလိမ့်မည်ဟုပင်။ မမျှော်လင့်ထားဘဲ သူက သူမအိပ်ရာပေါ် အိပ်ပျော်သွားပေသည်။ သူမ ဘာလုပ်ရမလဲ
သူ့ကို နှိုးပြီး ကန်ထုတ်လိုက်ရမလား သူ့လက်ကျန်အဆိပ်က အပြည့်အဝမကုန်သေးတ့ဲအတွက် ထိုနည်းက လမ်းလျှောက်ဖို့ မသင့်တော်ပေ။ ဒါပေမ့ဲလဲ အိပ်ပျော်နေတ့ဲ ဒီလူကြီးကို ဘယ်လိုလုပ်ရမလဲ မသိပေ။
မှောင်နေပြီဖြစ်တ့ဲ ကောင်းကင်ကို ပြတင်းပေါက်ကနေ ကြည့်လိုက်ပြီး မုရုံရွှယ် သက်ပြင်းလေး ချလိုက်သည်။ သူမ ဒီည သူ့ကို ဒီမှာ အိပ်ခွင့်ပြုလိုက်မည်။ ပြတင်းပေါက်နားက နူးညံ့တ့ဲ ဆိုဖာပေါ်မှာ သူမ ကောင်းကောင်းအိပ်နိုင်လောက်ပေမည်။
ထိုသို့တွေးပြီး မုရုံရွှယ် ခေါက်လိုက်ကာနောက် သွားကာ အင်တုံထဲကို ရေနွေးနွေးဖြည့်ကာ ရေစိုနေတ့ဲ အဖြူရောင် ချည်လက်ကိုင်ပုဝါန့ဲ အိုးရန်ရဲ့ ပါးကို ညင်သာစွာ သုတ်ပေးလိုက်သည်။
သူမ အိပ်ယာမဝင်ခင် ရေချိုးရတာ ကြိုက်သည်။ ဒါမှ တနေ့တာရဲ့ ဖုန်တွေန့ဲ ပင်ပန်းမှုတွေ ပြေလျော့သွားသည်ဟု ခံစားရလို့ပင်။
အသန့်ကြိုက်တ့ဲ အိုးရန်ရှောင်ချန်က နေ့တိုင်း ရေချိုးပေလိမ့်မည်။ ဒါပေမ့ဲ အခု သူ အိပ်ပျော်နေတာကြောင့် ရေမချိုးနိုင်တော့ပေ။ ဒါကြောင့် သူမ သူ့ကို ကူညီကာ မျက်နှာန့ဲ လက်ကို သန့်ရှင်းပေနေခြင်းပင်။
နွေးထွေးတ့ဲ လက်ကိုင်ပုဝါက ပါးပြင်တလျှောက် ပွတ်တိုက်သွားနေသည်။ ထိုနွေးထွေးပြီး သက်သောင့်သက်သာရှိမှုမျိုးက စကားလုံးန့ဲ ပြောလို့မရလောက်အောင် အံ့သြဖွယ် ကောင်းသည်။ မျက်ခွံတို့က လှုပ်ရှားသွားပေမ့ဲ ချက်ချင်း လှုပ်ရှားမှုကို သူထိန်းချုပ်လိုက်လေသည်။
မုရုံရွှယ် အ့ဲတာကို မမြင်လိုက်ပေ။ သူမ သူ့လက်ကို သုတ်လိုက်ပြီးနောက် လက်ကိုင်ပုဝါကို အင်တုံထဲ နှစ်လိုက်သည်။ သူမ သူ့ဖိနပ်တို့ကို ချွတ်ပေးလိုက်ပြီး ခြေထောက်ကို အိပ်ယာပေါ် တင်ပေးလိုက်သည်။
သူမရဲ့ ဖြူဖွေးသေးသွယ်တ့ဲ လက်က သူ့ခါးကို ဦးတည်လာသည်။ သူမ လက်ချောင်းထိပ်က သူ့ခါးကို ထိတ့ဲအချိန် သူမရဲ့ တောက်ပတ့ဲမျက်နှာမှာ အနီရောင် မျဉ်းနှစ်ကြောင်း ပြေးနေလေသည်။
ရှေးခေတ်မှာ အပျိုလူပျိုတွေကို နီးနီးကပ်ကပ်နေခွင့်မပြုထားတာကြောင့် သူမ သူ့ဝတ်စုံကို ချွတ်ဖို့ မသင့်တော်ပေ။ အိုးရန် အိပ်ရတာ သက်သောင့်သက်သာ မရှိမှာစိုးလို့ သူမ သူ့ဝတ်စုံကို ချွတ်ပေးတာ ဒါက စည်းမျဉ်းကို မဆန့်ကျင်ပါဘူး ဟုလည်း သူမတွေးလိုက်သည်။
သူ့ခါးပတ်ကို ဖြေလျော့ပေးပြီးနောက် သူ့ဝတ်စုံကို ချွတ်ရန် သူ့ပခုံးကို ညင်သာစွာ မလိုက်သည်။ မမျှော်လင့်ဘဲ အိုးရန်က သူမကို သူ့ရင်ခွင်ထဲ ထည့်လိုက်တာကြောင့် ခုခံဖို့ နောက်ကျသွားသည်။ သူ့ကြောင့် သူမတကိုယ်လုံး ကြွသွားကာ အိပ်ရာအတွင်းဘက်ထဲ ကျသွားသည်။
သူမကျောအောက်က နူးညံ့တ့ဲ ဘရိုကိတ်စောင်ရဲ့ အထိအတွေ့ကြောင့် မုရုံရွှယ် လန့်သွားကာ ချက်ချင်း လှည့်ကာ ထဖို့ ကြိုးစားလိုက်သည်။  ဒါပေမ့ဲ ထိုလူကြီးက နောက်ထပ်တစ်ခါ လှည့်လိုက်တော့ သူ့ရဲ့ ပိန်သွယ်တ့ဲ ခန္တာကိုယ်က သူမရဲ့ ခန္တာကိုယ်လေးကို ဖိကာ ပိတ်ထားလိုက်လေသည်။
သူ့ရဲ့ သန်မာတ့ဲ ရင်အုပ်ကျယ်ကြီးက သူမလက်န့ဲ နီးကပ်နေကာ သူ့ရဲ့ ဝါးမှင်နံ့ဖျော့ဖျော့က သူမနှာခေါင်းဝကို လာရောက် ကျီစယ်နေသည်က သူမကို မိန်းမောတွေဝေစေသည်။ ဒါပေမ့ဲလဲ သူ့ရဲ့ လေးလံတ့ဲ ခန္တာကိုယ်က သူမကို ဖိထားတ့ဲအတွက် အသက်ကို ခက်ခဲစွာ ရှူထုတ်နေရတာကြောင့် ဒေါသတကြီး အော်လိုက်သည်။
"အိုးရန်ရှောင်ချန် ရှင်ကျွန်မကို ဖိထားတယ်"
အိုးရန်က ဆက်ပြီး မလှုပ်မယှက် ဖြစ်နေသေးတာကြောင့် သူတကယ်ပဲ အိပ်မောကျနေတာလား အိပ်ဟန်ဆောင်နေတာလားဆိုတာက သူမကို ရှုပ်ထွေးစေသည်။
မုရုံရွှယ် သူ့ကို စိုက်ကြည့်လိုက်သည်။ သူမခေါင်းန့ဲ လက်မောင်းကို ဘယ်ညာလှည့်လိုက်ကာ အသက်ရှူဖို့ လမ်းရှာနေလေသည်။ အားအများကြီး ထုတ်သုံးပြီးတ့ဲအခါ  သူမ ထိုလူကြီးရဲ့ ပိတ်ထားမှုမှ လွတ်မြောက်သွားသည်။ သူ့ပါးနှစ်ဖက်ကို သူမလက်န့ဲ ဆွဲညှစ်လိုက်ပြီး ကြိမ်းမောင်းလိုက်သည်။
"အိုးရန်ရှောင်ချန် ထတော့ ရှင်မျက်လုံးမဖွင့်ရင် ကျွန်မရှင့်မျက်နှာကို ဖိခြေမှာနော်"
အိုးရန်ရဲ့ ချောမောတ့ဲ မျက်နှာမှာ အနီရောင်အမှတ်ဖြစ်သွားကာ နာကျင်မှုကို ခံစားလိုက်ရသည်။ သူ ချောင်းအနည်းငယ်ဆိုးလိုက်ကာ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ အနည်းငယ်ရှုပ်ထွေးနေပြီး သံသယဝင်နေတ့ဲ မျက်လုံးနက်တို့န့ဲ ကြည့်လိုက်ကာ
"ဘာဖြစ်လို့လဲ"
"ရှင်က ကစားနေတာပဲ"
မုရုံရွှယ် သူ့နဖူးကို လက်သီးန့ဲ ဒေါသတကြီး ထိုးလိုက်သည်။ ထိုနေရာကို လက်သီးန့ဲ ထိုးရင် နာသည်ဟု သူမကြားဖူးတာကြောင့် ကြိုးစားကြည့်ခြင်းပင်။
အားပြင်းထက်ရှတ့ဲ လေထုက သူ့မျက်နှာကို လာရောက်ရိုက်ခတ်လာတော့ အိုးရန်ရဲ့ နက်မှောင်တ့ဲ မျက်ခုံးတို့ တွန့်ချိုးသွားကာ မုရုံရွှယ်ရဲ့ ခါးဆီ ရောက်သွားသည်။ သူ့ရဲ့ ကြည်လင်နေတ့ဲ မျက်လုံးက လေးနက်သွားကာ
"ဒေါသမထွက်ပါန့ဲ ကိုယ်မင်းကို တာဝန်ယူပေးမယ်လေ"
တာဝန်ယူမယ်? လာပြန်ပြီ ဒီစကား မုရုံရွှယ် ထိုစကားကို ကြားတော့ ဒေါသက ပိုထွက်လာကာ ဒေါသတကြီး အော်လိုက်သည်။
"ကိုယ့်အလုပ်ကိုလုပ်"
မုရုံရွှယ် အခု လုပ်ချင်နေတာက သူမဒေါသလျော့ဖို့အတွက် သူ့ကို ကောင်းကောင်းထုနှက်ပေးဖို့ပင်။
သူမရဲ့ ဒေါသထွက်နေတ့ဲ မျက်နှာကို ကြည့်ရင်း အိုးရန်ရှောင်ချန်ရဲ့ နက်ရှိုင်းတ့ဲ မျက်ဝန်းတို့က အသာမှိန်ဖျော့သွားသည်။ သူမအခုထိ သူ့နှလုံးသားကို နားမလည်သေးပေ။
အသက်ရှူသံတစ်ခုက သူ့ခန္တာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားသည်။ သူ ရင်ဘတ်ကို လက်န့ဲ အသာဖိကာ ချောင်းဆိုးလိုက်သည်။
"ရှင်အဆင်ပြေရဲ့လား"
မုရုံရွှယ် ချက်ချင်း လက်ထုတ်ကာ သူ့ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
"ကိုယ် အဆင်ပြေတယ်....."
အိုးရန် အသာပြောလိုက်ပေမ့ဲ ချောင်းဆိုးသံက ပိုကျယ်လာကာ သူ့ရဲ့ ရေဓာတ်ပြည့်နေတ့ဲ နှုတ်ခမ်းက ဖြူလျော်သွားသည်။
"ရှင့်ကိုယ်ထဲက လက်ကျန်အဆိပ်ကို အကုန်မဖယ်ရသေးဘူး ပြီးတော့ ရှင့်အသက်ရှူသံကလဲ မငြိမ်သေးဘူး ငြိမ်ငြိမ်လေး လှဲပြီး အနားယူလိုက်"
မုရုံရွှယ် ကပျာကယာပြောကာ ထိုလူကြီးကို အိပ်ယာထက် ဖိကာ လှဲခိုင်းလိုက်သည်။
သူမ သူ့ကို ကျော်ကာ အိပ်ယာပေါ်က ထွက်သွားမ့ဲအချိန်မှာ အိုးရန် သူမခါးကို ဆွဲဖက်ကာ ပြောလိုက်သည်။
"ဘယ်သွားမှာလဲ"
"ရှင့်ကို ရေတခွက်လောက် ယူပေးမလို့"
မုရုံရွှယ် သူ့ကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
"ကိုယ် ရေမဆာဘူး ကိုယ့်ကို တစ်လမ်းလုံး သယ်လာရတော့ မင်းပင်ပန်းနေမှာပေါ့ လာ လှဲပြီး အနားယူလိုက်"
အိုးရန် အသာပြောလိုက်သည်။
အိုးရန် မုရုံရွှယ်ရဲ့ သေးငယ်တ့ဲ ခါးလေးကို ဆွဲဖက်ကာ အိပ်ယာပေါ် အတင်းလှဲချပြီး လက်တဖက်က သူမလည်ပင်းအောက် လျှိုလိုက်ကာ သူမအတွက် ခေါင်းအုံးသဖွယ် ပြုမူလိုက်သည်။
ဝါးမှင်ဖျော့နံ့က သူမနား ရစ်ဝဲနေပေသည်။ မုရုံရွှယ်ရဲ့ မျက်လုံးက သဘာဝမကျစွာ ပုတ်ခတ်လိုက်သည်။ သူမ ယောကျ်ားတွေန့ဲ မအိပ်ခ့ဲဖူးပေမ့ဲ အိုးရန်က နေမကောင်းဖြစ်နေတာကြောင့် သူ့ကို ဒေါသမထွက်စေချင်ပေ။ သူမ သူပြောသလို လှဲချကာ အနားယူလိုက်မည်။ သူအိပ်ပျော်သွားမှ သူမ ထသွားလိုက်မည်ဟု တွေးလိုက်သည်။
ညင်သာစွာ လှည့်လိုက်ပြီး အိုးရန်ကျောကို မုရုံရွှယ်ရဲ့ လက်တဖက်က ညင်သာစွာ ပုတ်ပေးလိုက်ကာ
"နေလို့ပိုကောင်းသွားပြီလား"
"အများကြီး ပိုကောင်းသွားပြီ"
အိုးရန် ခေါင်းညိတ်လိုက်သည်။ သူ့မေးစေ့က သူမဆံပင်နား ကပ်သွားလိုက်တော့ မီးတောက်ပဒုမ္မာရနံ့က သူ့နှာခေါင်းဆီ ရောက်လာလေ၏။
"နောက်ကျနေပြီ ဗိုက်ဆာနေပြီလား"
"ဟင့်အင်း ဗိုက်မဆာဘူး"
မုရုံရွှယ် ခေါင်းခါလိုက်သည်။ သူမ အိုးရန်ကို သယ်ပြီး သူအိမ်တော်ကို ပြန်လာတ့ဲ လမ်းတလျှောက် ပင်ပန်းတာကလွဲပြီး ဗိုက်ဆာတယ်လို့ မခံစားရပေ။ ကြည့်ရတာ သူမ နည်းနည်း အနားယူလိုက်ရင် ပိုကောင်းသွားမှာပင်။
မုရုံရွှယ် အသာ မျက်လုံးမှိတ်လိုက်သည်။ ထိုလူရဲ့ ပြန်းထန်စွာ တုန်ခါနေတ့ဲ ရင်ခုန်သံကို လှပတ့ဲ သားချော့တေးအဖြစ် နားထောင်နေရင်းက သူမ အိပ်ပျော်သွားလေတော့သည်။
သူမရဲ့ ပင်ပန်းနေတ့ဲ မျက်နှာကို ကြည့်ကာ အိုးရန် တောက်ပစွာ ပြုံးလိုက်သည်။ ရှင်းလင်းစွာပင် သူကသာ အဆိပ်မိတ့ဲအပြင် ဒဏ်ရာရထားတ့ဲသူဖြစ်ပေသည်။ သူမက ဘယ်လိုလုပ် သူ့ထက် ပိုမြန်မြန် အိပ်ပျော်သွားရတာလဲ
ပြတင်းပေါက်အပြင်ဘက်က ဆူညံသံကို သူကြားလိုက်ရတော့ အိုးရန် မုရုံရွှယ်ရဲ့ နားနှစ်ဖက်ကို သူ့လက်န့ဲ အသာအုပ်လိုက်ကာ အပြင်ဘက်က လူကို အေးစက်စွာ ပြောလိုက်သည်။
"ကိစ္စရှိလား"
တစ်ကိုယ်လုံး အနက်ဝတ်ဆင်ထားတ့ဲ ရွှမ်ဖုန်းက ပြတင်းပေါက်မှာ ပေါ်လာကာ ပြောလိုက်သည်။
"မင်းသား လမ်းကြားထဲမှာ မင်းသားန့ဲ မုရုံရွှယ်ကို တိုက်ခိုက်တ့ဲသူတွေက မော့ပိုင်က တော်ဝင်အစောင့်တွေဆိုတာကို ကျွန်တော်တို့ ရှာတွေ့ထားပါတယ်"
မော့ပိုင်က တော်ဝင်အစောင့်တွေ!
အိုးရန်ရဲ့ ကြည်လင်နေတ့ဲ မျက်ဝန်းအစုံက ကျဉ်းမြောင်းသွားကာ
"သူတို့ကို ချင်းဟော်ရန် အမိန့်ပေးတာလား"
"ဖြစ်ဖို့များပါတယ်"
ရွှမ်ဖုန်း အသံနှိမ့်ကာ ဖြေလိုက်သည်။
ချင်းဟော်ရန်န့ဲ ချင်းယွီယမ်က မော့ပိုင်ကနေ ချင်းရန်ရဲ့ မြို့တော်မှာ ရောက်နေတ့ဲ တစ်ဦးတည်းသော သူတွေဖြစ်သည်။ ထိုအစောင့်တွေကို အခြေခံအားဖြင့် ချင်းဟော်ရန် ခေါ်ဆောင်လာခ့ဲတာ ဖြစ်မည်။ ချင်းယွီယမ်က မော့ပိုင်က မင်းသမီးဖြစ်ပေမ့ဲ အပြင်းအထန် ဒဏ်ရာရပြီးနောက် အစောင့်အများကြီးကို မကိုင်တွယ်နိုင်တော့ပေ။
-------------
Continue Reading
You'll Also Like
321K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
1.2M 63.6K 50
291K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
828K 16.1K 10
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023