#chapter156
ကျွေးခြင်း
"ဟင့်အင်း မထင်ဘူး''
ရုတ်တရက် သူမလက်ဖျားထိပ်ကနေ စေးကပ်တဲ့ ခံစားချက်ကြီးကို သူမ ခံစားလိုက်မိသည်။ မုရုံရွှယ် အနည်းငယ် ရှုပ်ထွေးသွားကာ ငုံ့ကြည့်လိုက်တော့ အိုးရန်ရဲ့ လက်ခုံပေါ်က မြွေကိုက်ထားတဲ့ ဒဏ်ရာနှစ်ခုကနေ သွေးတွေ စီးကျလာတာကို တွေ့လိုက်ရသည်။
သူ ပြဇာတ်ကြည့်ဖို့ အလျင်စလို ပြေးလာခဲ့တာကြောင့် အဆိပ်ဖြေပြီးတဲ့နောက် ဒဏ်ရာကို ပတ်တီးစီးဖို့ မေ့သွားခဲ့လေသည်။
အပြစ်ရှိသလို ခံစားနေရတဲ့ သူမမျက်လုံးတို့ကို ကြည့်ရင်း အိုးရန် ညင်သာစွာ ပြုံးလိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။
"ဒဏ်ရာသေးသေးလေးပါပဲ အရမ်းကြီး မပြင်းထန်ဘူး ဖြည်းဖြည်းလေး သုတ်ရင် ရပြီ စိတ်မပူနဲ့"
"မုရုံရွှယ်!"
"ဘာကိစ္စများလဲ''
မုရုံရွှယ် ခံစားချက်မဲ့စွာ မေးလိုက်သည်။ မုရုံရော့နဲ့ စုန့်ချင်းယန်တို့က အားနည်းပေမဲ့ ကြီးမားတဲ့ မီးထဲမှာ သူတို့ရဲ့ အဖိုးမတန်တဲ့ အသက်ကို ကယ်နိုင်မှတော့ သန်မာတဲ့ ယွမ်ဖန်ဖေးလဲ အဆင်ပြေမှာပင်။
"ဒါက.. ငါ့အသက်ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါကို ငါ့တစ်ဘဝလုံး ငါ့နှလုံးသားထဲကနေ အမှတ်ရနေမှာပါ တစ်နေ့မှာ ငါ့အကူအညီ လိုလာခဲ့ရင် ငါ့ဆီသာ လာခဲ့''
"ကောင်းပြီလေ''
"ဒါဆို ငါသွားနှင့်တော့မယ် ငါ့ဆီလာဖို့ မမေ့နဲ့"
ဒါကို ထပ်ပြောလိုက်ပြီးနောက် ယွမ်ဖန်ဖေး သိပ်မဝေးတဲ့ နေရာက မြင်းဆီ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
"အင်း"
ငွေရောင်အသံလေးကို ကြားလိုက်တဲ့အခါ မုရုံရွှယ် ခေါင်းမော့လိုက်ပြီး ကြည့်လိုက်တော့ မုရုံရော့က အားတင်းထလိုက်ကာ သူမရဲ့ ဇိမ်ခံလှည်းဆိ သွားနေပုံက အတော်လေး ဝေခွဲမရဖြစ်နေပုံပင်။
မြင့်မြတ်တဲ့ အမျိုးသမီးတွေနဲ့ သူတို့သမီးတွေ လျှောက်လာနေတဲ့အတွက် မုရုံရော့သာ မြေပေါ် ဆက်ထိုင်နေရင် သူတို့ လျှောက်တွေးနေပေလိမ့်မည်။
"အင်း"
သူမ မုန့်ဘူးကို ဖွင့်လိုက်တော့ ထမင်းရည်နှစ်ပန်းကန်၊ ထမင်းနှစ်ပန်းကန်နဲ့ စားကောင်းသောက်ဖွယ်အနည်းငယ်ကို တွေ့လိုက်ရသည်။
"ကောင်းပြီ''
အ်ုးရန် ခေါင်းညိတ်ကာ တူယူပြီး ဟင်းကို ယူဖို့လုပ်လိုက်ပေမဲ့ တူက ချက်ချင်းပြုတ်ကျသွားလေသည်။
"ဒါမဲ့ မြွေဆိပ်က အရမ်းပြင်းတော့ ကိုယ့်ဘယ်လက်ကိုတောင် မခံစားမိတော့ဘူး''
"မရှိတော့ဘူး'
မုရုံရွှယ် အပြုံးတုနဲ့ မေးလိုက်သည်။
"ပေါင်မုန့်က ဘဝရဲ့ တစိတ်တပိုင်းပဲ ပြီးတော့ ရှင်က မြင့်မြတ်တဲ့ မင်းသားတစ်ပါး ဘယ်လိုလုပ် အဆာငတ်ခံရမှာလဲ ရှင်စိတ်မရှိရင် ကျွန်မရှင့်ကို ခွံ့ကျွေးရမလား''
အိုးရန် သတိမပြုမိနိုင်မဲ့ အပြုံးကို ပြုံးလိုက်ကာ မုရုံရွှယ်ဘက် လှည့်ပြီး
*******
#chapter156
ကျွေးခြင်း
လက်ထပ်ခ့ဲတ့ဲ နှစ်တွေအတွင်း မုရုံရော့ သူမယောကျ်ားကို အမြဲတမ်း သူမနှလုံးသားထဲ ထည့်ထားခ့ဲသည်။ လေပြင်းတိုက်ခတ်လာစေနိုင်မ့ဲ သူမယောကျ်ားရဲ့ အပျော်မယားန့ဲ သူတို့ရဲ့ ၇နှစ် ၈နှစ်အရွယ် ခွေးကောင်လေးတို့ ပေါ်လာလိမ့်မယ်လို့ သူမ ဘယ်တော့မှ မမျှော်လင့်ခ့ဲပေ။ အခု ထိုမိန်းမက သူမနေရာဖြစ်တ့ဲ ဝူအန်းMarquis အိမ်တော်ရဲ့ ပထမဇနီးနေရာကို လုဖို့ ကြိုးစားနေသည်။ ကံဆိုးမှုက အမြဲတစ်ယောက်တည်း မလာတတ်ပေ။
အိုးရန်ရှောင်ချန် မုရုံရွှယ်ကို ကြည့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"သူမ ကွာရှင်းခံရဖို့ ဒီတိုင်းစောင့်နေမယ်ထင်လား''
"ဟင့်အင်း မထင်ဘူး''
မုရုံရွှယ် ခေါင်းခါရင်း တွေးလိုက်သည်။ မုရုံရော့က အားနည်းတ့ဲ မိန်းမတစ်ယောက် မဟုတ်တ့ဲအတွက် ဒီတိုင်း လက်လျှော့မှာ မဟုတ်ပေ။ အခု မုရုံရော့က မြေပေါ်မှာ ဝိဉာဉ်ပျောက်သွားသလို ထိုင်နေတ့ဲအတွက် သူမဘာတွေးနေလဲ ဘယ်သူမှမသိပေ။
ရုတ်တရက် သူမလက်ဖျားထိပ်ကနေ စေးကပ်တ့ဲ ခံစားချက်ကြီးကို သူမ ခံစားလိုက်မိသည်။ မုရုံရွှယ် အနည်းငယ် ရှုပ်ထွေးသွားကာ ငုံ့ကြည့်လိုက်တော့ အိုးရန်ရဲ့ လက်ခုံပေါ်က မြွေကိုက်ထားတ့ဲ ဒဏ်ရာနှစ်ခုကနေ သွေးတွေ စီးကျလာတာကို တွေ့လိုက်ရသည်။
သူ ပြဇာတ်ကြည့်ဖို့ အလျင်စလို ပြေးလာခ့ဲတာကြောင့် အဆိပ်ဖြေပြီးတ့ဲနောက် ဒဏ်ရာကို ပတ်တီးစီးဖို့ မေ့သွားခ့ဲလေသည်။
မုရုံရွှယ် မျက်လုံးထဲ မျက်ရည်လိုအရာလေးက လက်သွားသည်။ သူမ လက်ကိုင်ပုဝါကို ဆွဲထုတ်လိုက်ပြီး လျင်လျင်မြန်မြန် ညင်ညင်သာသာဖြင့် သွေးတွေကို သုတ်ပေးလိုက်သည်။
အပြစ်ရှိသလို ခံစားနေရတ့ဲ သူမမျက်လုံးတို့ကို ကြည့်ရင်း အိုးရန် ညင်သာစွာ ပြုံးလိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။
"ဒဏ်ရာသေးသေးလေးပါပဲ အရမ်းကြီး မပြင်းထန်ဘူး ဖြည်းဖြည်းလေး သုတ်ရင် ရပြီ စိတ်မပူန့ဲ"
မုရုံရွှယ် တုန့်ပြန်လိုက်ကာ သူ့လက်ကို သန့်ရှင်းအောင် သုတ်ပေးလိုက်ပြီးနောက် အနာကျက်ဆေးပုလင်းလေးကို ထုတ်ကာ ဒဏ်ရာပေါ် ဂရုတစိုက် လိမ်းပေးလိုက်သည်။ သူမ ညင်သာစွာ ပွတ်ပေးမှုန့ဲအတူ အနာကျက်ဆေးက အသားထဲ စိမ့်ဝင်သွားကာ အေးစက်သွားပြီး စူးရှတ့ဲနာကျင်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
မုရုံရွှယ် နေရောင်အောက်မှာ မတ်တပ်ရပ်လိုက်သည်။ ချောမွေ့တ့ဲအသားအရေ၊ လှပတ့ဲ မျက်နှာလေး၊ ကြီးမားပြီး အရည်လ့ဲနေတ့ဲ မျက်ဝန်းတွေန့ဲ ချယ်ရီရောင်နှုတ်ခမ်း။ ဘယ်လိုတောင် အ့ံအားသင့်ပြီး လှပတ့ဲ ဖန်တီးမှုပါလိမ့်
အိုးရန် မသိစိတ်အရ ခေါင်းက ငုံ့လာကာ သူ့နှုတ်ခမ်းပါးက သူမရဲ့ ပန်းရောင်နှုတ်ခမ်းပေါ် ဖြည်းညင်းစွာ ထပ်တူကျသွားသည်။
"မုရုံရွှယ်!"
ကြမ်းတမ်းတ့ဲအသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ အိုးရန် ကြောင်အသွားပြီးနောက် စိတ်ပျက်နေတ့ဲ ပုံန့ဲ မုရုံရွှယ်န့ဲ နည်းနည်းဝေးတ့ဲနေရာကို ရွေ့လိုက်သည်။ သူမကတော့ တကယ်ကို အချိန်မှားပြီး ရောက်လာတာပဲ
အိုးရန်န့ဲ မုရုံရွှယ်တို့ ပခုံးချင်း ယှဉ်ရပ်လိုက်တာကြောင့် သူတို့ ဘာလုပ်နေလဲ ဘယ်သူမှမမြင်တော့ပေ။ သူတို့ အသံလာရာနောက် လိုက်တော့ ယွမ်ဖန်ဖေးက အစေခံနှစ်ယောက်အကူအညီန့ဲ သူတို့ဆီ ဖြည်းညင်းစွာ လျှောက်လာတာကို တွေ့လိုက်ရသည်။ သူမ မျက်နှာက ဖျော့တော့နေကာ ဒယီးဒယိုင်လျှောက်လာနေပြီး သူမလက်မောင်းကိုလဲ ပတ်တီးစီးထားသေးသည်။ ထိုအချင်းအရာကို ကြည့်ပြီး သူမ ဒဏ်ရာဆိုးဆိုးရွားရွား ရထားတယ်ဆိုတာ ပြောနိုင်လေသည်။
"ဘာကိစ္စများလဲ''
မုရုံရွှယ် ခံစားချက်မ့ဲစွာ မေးလိုက်သည်။ မုရုံရော့န့ဲ စုန့်ချင်းယန်တို့က အားနည်းပေမ့ဲ ကြီးမားတ့ဲ မီးထဲမှာ သူတို့ရဲ့ အဖိုးမတန်တ့ဲ အသက်ကို ကယ်နိုင်မှတော့ သန်မာတ့ဲ ယွမ်ဖန်ဖေးလဲ အဆင်ပြေမှာပင်။
"ဒါက.. ငါ့အသက်ကို ကယ်တ့ဲအတွက် ကျေးဇူးတင်ပါတယ် ဒါကို ငါ့တစ်ဘဝလုံး ငါ့နှလုံးသားထဲကနေ အမှတ်ရနေမှာပါ တစ်နေ့မှာ ငါ့အကူအညီ လိုလာခ့ဲရင် ငါ့ဆီသာ လာခ့ဲ''
ယွမ်ဖန်ဖေး သူရဲကောင်းဆန်စွာ ပြောလိုက်သည်။
မုရုံရွှယ် နှုတ်ခမ်းကွေးတက်သွားကာ
"ကောင်းပြီလေ''
ဟုပြောလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမ တစ်နေ့မှာ ယွမ်ဖန်ဖေးရဲ့ အကူအညီကို လိုအပ်လာနိုင်မှတော့ သူမရဲ့ ကျေးဇူးတင်မှုကို လက်ခံရပေလိမ့်မည်။
"ဒါဆို ငါသွားနှင့်တော့မယ် ငါ့ဆီလာဖို့ မမေ့န့ဲ"
ဒါကို ထပ်ပြောလိုက်ပြီးနောက် ယွမ်ဖန်ဖေး သိပ်မဝေးတ့ဲ နေရာက မြင်းဆီ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
"အင်း"
မုရုံရွှယ် ခေါင်းညိတ်ကာ ယွမ်ဖန်ဖေး မြင်းပေါ်တက်ပြီး ထွက်ခွာသွားတာကို ကြည့်နေလိုက်သည်။ ပြီးနောက် အနာကျက်ဆေးကို လွှင့်ပစ်လိုက်ကာ လက်ကိုင်ပုဝါအသစ်ကို ထုတ်လျက် အိုးရန်ဒဏ်ရာကို စည်းနှောင်ပေးလိုက်သည်။
"မုရုံရော့ ထွက်သွားဖို့ လုပ်နေတယ်''
ငွေရောင်အသံလေးကို ကြားလိုက်တ့ဲအခါ မုရုံရွှယ် ခေါင်းမော့လိုက်ပြီး ကြည့်လိုက်တော့ မုရုံရော့က အားတင်းထလိုက်ကာ သူမရဲ့ ဇိမ်ခံလှည်းဆိ သွားနေပုံက အတော်လေး ဝေခွဲမရဖြစ်နေပုံပင်။
မြင့်မြတ်တ့ဲ အမျိုးသမီးတွေန့ဲ သူတို့သမီးတွေ လျှောက်လာနေတ့ဲအတွက် မုရုံရော့သာ မြေပေါ် ဆက်ထိုင်နေရင် သူတို့ လျှောက်တွေးနေပေလိမ့်မည်။
ဒါကြောင့် ထွက်ခွာခြင်းက ဉာဏ်အရှိဆုံး ရွေးချယ်မှုပင်။
မုရုံရွှယ် ပြောလိုက်သည်။
"ကျွန်မတို့ သွားသင့်ပြီ''
"အင်း"
အိုးရန် ခေါင်းညိတ်ကာ မုရုံရွှယ် လက်ကို ကိုင်လျက် ရှောင်းယောင်အိမ်တော်ရဲ့ လှည်းဆီသွားလိုက်သည်။
ဇိမ်ခံလှည်းအတွင်း၌ ကြက်သွေးရောင်စောင်ကို ခင်းထားပြီး နွေးထွေး နူးညံ့ကာ အရမ်းသက်သောင့်သက်သာရှိလေသည်။ အလယ်မှာ စန္ဒကူးစားပွဲ ရှိပြီး စားပွဲပေါ်မှာ သွားရည်စာမုန့်ဘူးများ တင်ထားလေသည်။ မွှေးပျံ့တ့ဲအနံ့က အနံ့ရသူတိုင်းကို သွားရည်ယိုစေသည်။
ထိုအနံ့ရတော့ မုရုံရွှယ် ဗိုက်ဆာသွားကာ သူမနေ့လည်စာ မစားရသေးတာကို အမှတ်ရသွားလေသည်။
သူမ မုန့်ဘူးကို ဖွင့်လိုက်တော့ ထမင်းရည်နှစ်ပန်းကန်၊ ထမင်းနှစ်ပန်းကန်န့ဲ စားကောင်းသောက်ဖွယ်အနည်းငယ်ကို တွေ့လိုက်ရသည်။
မုရုံရွှယ် မျက်လုံး တောက်ပသွားကာ ဘူးထဲက အစားအစာတွေကို စားပွဲပေါ် အလျင်အမြန် ချလိုက်ပြီး
"ရှောင်ချန် နောက်ကျနေပြီ စားရအောင်''
"ကောင်းပြီ''
အ်ုးရန် ခေါင်းညိတ်ကာ တူယူပြီး ဟင်းကို ယူဖို့လုပ်လိုက်ပေမ့ဲ တူက ချက်ချင်းပြုတ်ကျသွားလေသည်။
"ရှောင်ချန် အဆင်ပြေရဲ့လား''
မုရုံရွှယ် အနည်းငယ် ရှုပ်ထွေးစွာ မေးလိုက်သည်။
"ကိုယ့်လက်..မင်းသိတာပဲ တူ မ ဖို့တောင် အားမရှိတော့ဘူး''
အိုးရန် လေးတွဲစွာ ပြောလိုက်သည်။ ပြီးနောက် ပန်းကန်န့ဲ တူကို ချလိုက်ကာ အစားအစာမစားနိုင်တော့သလို အပြစ်ကင်းတ့ဲ မျက်နှာလေးကို လုပ်ထားလေသည်။
"မင်းသားအိုးရန် ရှင့်ဘယ်လက်က အကောင်းကြီးလေ ပြီးတော့ ဒီမှာ ဇွန်းရှိနေတာပဲ''
မုရုံရွှယ် ပြုံးကာ သူ့ကို သတိပေးလိုက်သည်။ သူ ဘယ်လက်န့ဲ တူမကိုင်နိုင်ရင်တောင် ဇွန်းရှိသားပဲ
"ဒါမ့ဲ မြွေဆိပ်က အရမ်းပြင်းတော့ ကိုယ့်ဘယ်လက်ကိုတောင် မခံစားမိတော့ဘူး''
အိုးရန် မချင့်မရဲ ဖြစ်နေပုံနှင့် လေးတွဲစွာ ပြောလိုက်သည်။
"ဒါဆို ရှင့်မှာ ဇွန်း မ ဖို့တောင် အားမရှိတော့ဘူးပေါ့''
မုရုံရွှယ် အနည်းငယ် ရှုပ်ထွေးနေကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"မရှိတော့ဘူး'
အိုးရန် ခေါင်းခါလိုက်သည်။
"ကိုယ့်လက်နှစ်ဖက်လုံး အကြောသေသလို ဖြစ်နေတယ် ကိုယ့်လက်တွေမဟုတ်သလိုပဲ''
မြွေဆိပ်က သူ့ခန္တာကိုယ်ထဲမှာ ရှင်းလုနီးပါး ဖြစ်နေလေပြီ ဒါကြောင့် အကြောသေမယ်ဆိုရင်တောင် သူ့ညာလက်သာ ဖြစ်သင့်လေသည်။ ဘယ်လက်ကပါ ခံစားမရဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ ဖြစ်နိုင်လို့လား..
ရုတ်တရက် ဘာဖြစ်နေလဲ မုရုံရွှယ် နားလည်သွားသည်။ ဒါကြောင့် သူမ အိုးရန်ကို စိုက်ကြည့်လိုက်ကာ
"ရှင့်လက်ကို သုံးလို့မရဘူးဆိုမှတော့ ဘယ်လိုစားမလဲ''
"အခြေအနေအရပေါ့ ကိုယ်သူတို့ကို ခံစားလို့ရတော့မှ သုံးတော့မယ်''
"မြွေဆိပ်က အရမ်းပြင်းမှတော့ ရှင့်လက်က ဘယ်အချိန် အားပြန်ပြည့်မှာလဲ''
မုရုံရွှယ် အပြုံးတုန့ဲ မေးလိုက်သည်။
အိုးရန် သူမမေးခွန်းကို လျစ်လျူရှုကာ
"သိပ်မကြာလောက်ပါဘူး ကိုယ် တနပ် နှစ်နပ်လောက်တော့ အဆာခံနိုင်ပါတယ်''
မုရုံရွှယ် ခေါင်းခါလိုက်ကာ
"ပေါင်မုန့်က ဘဝရဲ့ တစိတ်တပိုင်းပဲ ပြီးတော့ ရှင်က မြင့်မြတ်တ့ဲ မင်းသားတစ်ပါး ဘယ်လိုလုပ် အဆာငတ်ခံရမှာလဲ ရှင်စိတ်မရှိရင် ကျွန်မရှင့်ကို ခွံ့ကျွေးရမလား''
အိုးရန် သတိမပြုမိနိုင်မ့ဲ အပြုံးကို ပြုံးလိုက်ကာ မုရုံရွှယ်ဘက် လှည့်ပြီး
"အာ...မင်းကို အနှောင့်အယှက်မဖြစ်စေဘူးလား''