ထိုလူက ချက်ချင်း ချင်းယွီယမ် ဘက်လှည့်ကာ အေးစက်တဲ့ အသံဖြင့်
"နို့နဲ့ တခြား စားလို့ရတာတွေပဲလေ"
"မဖြစ်နိုင်တာ!!"
"ဒါကို လုပ်ပြီးကတည်းက ငါက ပထမဆုံး မြည်းကြည့်ခဲ့တဲ့လူပဲ ဒါပေမဲ့ ငါ အခုထိ အဆင်ပြေနေသေးတာပဲလေ"
"ဒါပေမဲ့ ငါတို့အားလုံးက မင်းရဲ့ ဒိန်ချဉ်စားပြီးမှ အစာအိမ်ဖြစ်ကြတာ ဒီစတိုးဆိုင်ရဲ့ ပိုင်ရှင်အနေနဲ့ အနည်းဆုံး ငါတို့ကို လက်ခံနိုင်လောက်မဲ့ အကြောင်းပြချက်ပေးရမယ်"
"ဒါပေမဲ့....ဖြစ်နိုင်တာက အဲ့တာက ငါတို့ဒိန်ချဉ်မဟုတ်လို့ပဲ"
"ဒါပေမဲ့ မင်းမငြင်းတာ သိသာတယ် ပြီးတော့ မင်းကိုယ်မင်း ကာကွယ်ဖို့ ကြိုးစားနေတာပဲ ဘယ်မှာလဲ မင်းရဲ့ ဂုဏ်သိက္ခာက.... "
"ဒိန်ချဉ်က အထက်တန်းလွှာက လူတွေ ပိုင်တယ် ငါက ရိုးရိုးအတန်းအစားက လူဖြစ်ပြီး ဒါကို ကြိုက်နှစ်သက်ဖို့ အခွင့်အရေးမရှိဘူး ငါ့မှာ မဖွင့်ရသေးတဲ့ ခွက်တွေ ရှိသေးတယ် ငါ အဲ့တာတွေကို ပြန်လဲချင်တယ်"
"ငါရော "
"ငါရောပဲ"
ဝေ့ယမ်းနေကြတဲ့ လက်တွေကို ကြဘ့်ကာ မန်နေဂျာမျက်နှာ စိမ်းဖန့်သွားသည်။ ဒါက ကောင်းကင်ကနေ ငရဲရောက်သွားတဲ့ အတိုင်းပဲ!! သူ့နှလုံးသားထဲကနေ အော်ဟစ်နေသည်။
ဖြတ်သွားတဲ့သူတွေတောင် သူမဒိန်ချဉ်က တစ်ခုခုမှားနေကြောင်း သိသွားကြသည်။ ပြန်လဲထားတဲ့ခွက်တွေ ကျန်နေသေးတဲ့ခွက်တွေ ဘယ်သူမှဝယ်မှာ မဟုတ်တော့ပေ။ ရာချီနေတဲ့ ခွက်တွေ အားလုံးက အလကားဖြစ်သွားပြီ
စည်းကမ်းမရှိ ရမ်းကားလိုက်တဲ့ ပြည်သူတွေ!
သူမအပြင်ရောက်တာနဲ့ တိုင်ပြီး အကုန်လုံးကို ဖမ်းဆီးကာ အပြစ်ပေးရမည်။
"အား!''
ချင်းယွီယမ် ချက်ချင်း တိမ်ပေါ်အထိရောက်အောင် အော်လိုက်မိကာ ထိုအော်သံက ဆူညံနေတဲ့ လူအုပ်ကြီးကြား ချက်ချင်း ပျောက်ကွယ်သွားသည်။
ချင်းယွီယမ်ဘေးမှ ထိုလူတွေက တစ်ဦးနဲ့တစ်ဦး တွန်းထိုးကန်ကျောက်မိကြကာ အခု သူမကို နင်းမိသွားကြပြီ သူမခြေထောက်နဲ့ လက်တွေက နာကျင်သွားကာ သူမခြေထောက်ကိုတောင် မခံစားနိုင်တော့ပေ။
ချင်းယွီယမ် ခေါင်းမော့ကာ လူအုပ်ကြီးနဲ့ အဝေးမှာ ရှိနေတဲ့ မုရုံရွှယ်ကို ကြည့်လိုက်သည်။ လမ်းတစ်ဖက်မှာ ရှိနေတဲ့ မုရုံရွှယ်ကလဲ သူမကို အထင်သေး စက်ဆုပ်ခြင်းအပြည့်နဲ့ ကြည့်နေလေသည်။
သူမဆီက ခိုးယူတာ ကောင်းတဲ့ရွေးချယ်မှုမဟုတ်ပေ။ တစ်စုံတစ်ယောက်က ခိုးယူခဲ့လျှင် အသုံးပြုဖို့အထိ ကံကောင်းနိုင်မှာမဟုတ်ပေ။
"ကြည့်ရတာ ချင်းယွီယမ်က ဒိန်ချဉ်ဆိုင်ကို ဖွင့်တဲ့နေ့မှာပဲ ပိတ်ရတော့မယ်''
"လူတွေအများကြီး သူမကြောင့် ဝမ်းသွားကုန်ကြတာ သူမဆိုင်ကို ဆွဲချဖို့ လုံလောက်တဲ့ ဒေါသရှိနေကြပြီ"
မုရုံရွှယ် မြေပေါ် လိမ့်ကာ အော်ဟစ်နေတဲ့ ချင်းယွီယမ်ကို ကြည့်လိုက်သည်။
ဘန်း!
လူတစ်ချို့ အဝေးကို လွင့်စင်သွားကာ နက်ရှိုင်းတဲ့ ချောက်တစ်ခုဖြစ်သွားပြီး အော်ဟစ်နေတဲ့လူထုကို တိတ်ဆိတ်သွားစေသည်။
"ညီမလေး!''
********
ဒါဆို ဒိန်ချဉ်က တကယ့်အကြောင်းအရင်းပဲ
ထိုလူက ချက်ချင်း ချင်းယွီယမ် ဘက်လှည့်ကာ အေးစက်တ့ဲ အသံဖြင့်
"မင်းသမီးချင်း ဒိန်ချဉ်ထဲ ဘာထည့်ထားတာလဲ"
"နို့န့ဲ တခြား စားလို့ရတာတွေပဲလေ"
ချင်းယွီယမ် သူ့ကို စိုက်ကြည့်ချက် စိတ်မရှည်စွာ ဖြေလိုက်သည်။
ထိုလူက သူမကို လျစ်လျူရှုကာ ဆက်ပြောသည်။
"ကျွန်တော်တို့အားလုံး ဒိန်ချဉ်စားပြီးမှ အစာအိမ်ဖြစ်ကြတာ သေချာပေါက် မင်းရဲ့ ပါဝင်ပစ္စည်းတွေမှာ ပြဿနာရှိလို့ပဲ"
"မဖြစ်နိုင်တာ!!"
ချင်းယွီယမ် ငြင်းလိုက်သည်။ သူမ လုပ်နည်းထဲကအတိုင်း ပါဝင်ပစ္စည်းတွေကို စစ်ပြီးပြီ အ့ဲတာတွေက ခန္တာကိုယ်ကို မထိခိုက်စေနိုင်ပေ။
"ဒါဆို ဒါကို ဘယ်လိုရှင်းပြမလဲ"
ထိုလူက သူမကို ဆက်တွန်းအားပေးနေသည်။
"ငါက ဘယ်လိုလုပ်သိမှာလဲ"
ချင်းယွီယမ် သူ့ကို စိုက်ကြည့်လိုက်သည်။
"ဒါကို လုပ်ပြီးကတည်းက ငါက ပထမဆုံး မြည်းကြည့်ခ့ဲတ့ဲလူပဲ ဒါပေမ့ဲ ငါ အခုထိ အဆင်ပြေနေသေးတာပဲလေ"
"ဒါပေမ့ဲ ငါတို့အားလုံးက မင်းရဲ့ ဒိန်ချဉ်စားပြီးမှ အစာအိမ်ဖြစ်ကြတာ ဒီစတိုးဆိုင်ရဲ့ ပိုင်ရှင်အနေန့ဲ အနည်းဆုံး ငါတို့ကို လက်ခံနိုင်လောက်မ့ဲ အကြောင်းပြချက်ပေးရမယ်"
ထိုလူက ချင်းယွီယမ် ကို ထူးမခြားနားစွာ ကြည့်လိုက်သည်။
"ဒါပေမ့ဲ....ဖြစ်နိုင်တာက အ့ဲတာက ငါတို့ဒိန်ချဉ်မဟုတ်လို့ပဲ"
ချင်းယွီယမ် သူမကိုယ်သူမ ကာကွယ်ရန် ကြိုးစားလိုက်သည်။ သူမရဲ့ ဒိန်ချဉ်ကသာ မကျန်းမာစေတာပါလို့ ဝန်ခံလိုက်ရင် အခုကစပြီး သူမရ့ဲ ဒိန်ချဉ်ကို ဘယ်သူမှ ဝယ်မှာ မဟုတ်တော့ဘူး ဘယ်လောက် အရသာရှိနေပါစေ ခန္တာကိုယ်ကို ထိခိုက်စေနိုင်တ့ဲအရာကို ဘယ်သူမှ စားချင်မှာမဟုတ်ပေ။
"ဒါပေမ့ဲ မင်းမငြင်းတာ သိသာတယ် ပြီးတော့ မင်းကိုယ်မင်း ကာကွယ်ဖို့ ကြိုးစားနေတာပဲ ဘယ်မှာလဲ မင်းရဲ့ ဂုဏ်သိက္ခာက.... "
ထိုလူက စကားဆုံးအောင် မပြောပေ။ သူက ချင်းယွီယမ် ကို တချက်ကြည့်ကာ စတိုးဆိုင်မန်နေဂျာဆီ ဖြည်းလေးစွာ လျှောက်သွားသည်။ သွားရင်းလဲ အော်နေသေးသည်။
"ဒိန်ချဉ်က အထက်တန်းလွှာက လူတွေ ပိုင်တယ် ငါက ရိုးရိုးအတန်းအစားက လူဖြစ်ပြီး ဒါကို ကြိုက်နှစ်သက်ဖို့ အခွင့်အရေးမရှိဘူး ငါ့မှာ မဖွင့်ရသေးတ့ဲ ခွက်တွေ ရှိသေးတယ် ငါ အ့ဲတာတွေကို ပြန်လဲချင်တယ်"
"ငါရော "
"ငါရောပဲ"
လူထုက ဒိန်ချဉ်ဆိုင်ကို ဝိုင်းထားကာ ပြန်လဲပေးဖို့ အော်နေကြသည်။
" ဖြည်းဖြည်း ဖြည်းဖြည်း တစ်ယောက်ကို တကြိမ်ပဲ ဖြည်းဖြည်းလုပ်ကြပါ"
ဝေ့ယမ်းနေကြတ့ဲ လက်တွေကို ကြဘ့်ကာ မန်နေဂျာမျက်နှာ စိမ်းဖန့်သွားသည်။ ဒါက ကောင်းကင်ကနေ ငရဲရောက်သွားတ့ဲ အတိုင်းပဲ!! သူ့နှလုံးသားထဲကနေ အော်ဟစ်နေသည်။
ဖြတ်သွားတ့ဲသူတွေတောင် သူမဒိန်ချဉ်က တစ်ခုခုမှားနေကြောင်း သိသွားကြသည်။ ပြန်လဲထားတ့ဲခွက်တွေ ကျန်နေသေးတ့ဲခွက်တွေ ဘယ်သူမှဝယ်မှာ မဟုတ်တော့ပေ။ ရာချီနေတ့ဲ ခွက်တွေ အားလုံးက အလကားဖြစ်သွားပြီ
"ငါ အိမ်မှာ လုပ်စရာရှိတယ် မစောင့်နိုင်ဘူး ဒီမှာ မင်းတို့ဒိန်ချဉ် ငါ့ဘာသာ အကြွေပြားပြန်ယူမယ်"
ကောင်တာနောက်ကလူက သူ့ရဲ့ ဒိန်ချဉ်သုံးခွက်ကို ကောင်တာပေါ် တင်လိုက်ပြီး အံဆွဲထဲမှ အကြွေစေ့ အနည်းငယ်ယူလိုက်ကာ လူအုပ်ကို တိုးထွက်လျက် ထွက်သွားသည်။
"ငါလဲ အိမ်မှာ လုပ်စရာရှိတယ် ငါလဲ မစောင့်နိုင်ဘူး"
လူအုပ်ကြီးလဲ စတင်အော်ဟစ်လိုက်ကြကာ ကောင်တာပေါ် ဒိန်ချဉ်ခွက်တွေ တင်လိုက်ကြပြီး အံဆွဲထဲက အကြွေစေ့တွေ ယူဖို့ ကြိုးစားနေကြသည်။ ထိုခဏမှာ မန်နေဂျာက ဘေးကို အတွန်းခံလိုက်ရသည်။ အကုန်လုံးက တစ်ဦးန့ဲတစ်ဦး ပြိုင်ကာ အံဆွဲထဲက အကြွေတွေကို နှိုက်ယူဖို့ ကြိုးစားနေကြသည်။
ရှုပ်ယှက်ခတ်သွားတ့ဲအခြေအနေတွေကြား အကြွေစေ့တွေအကုန် အံဆွဲထဲမှ ထွက်ကျလာကြသည်။ လောဘကြီးတ့ဲ ပြည်သူတွေက ကောင်တာပေါ် ခုန်တက်လိုက်ကြကာ အကြွေတွေကို လိုက်ကောက်ကြသည်။ ဒိန်ချဉ်ဆိုင်ရဲ့ အတွင်းအပြင်နေရာအားလုံးက ချက်ချင်း ရှုပ်ယှက်ခတ်သွားသည်။
လူအုပ်ကြီးက တိုးဝှေ့တွန်းထိုးနေကြကာ ခုံသယ်ထားကြတ့ဲ အစောင့်နှစ်ယောက်တောင် ထောင့်ဘက်ဆီ တွန်းခံလိုက်ရသည်။ ချင်းယွီယမ်လဲ တုန့်ပြန်ဖို့အချိန်မရလိုက်ဘဲ မြေပေါ် လဲကျသွားသည်။ စူးရှတ့ဲ နာကျင်မှုကို ချက်ချင်းခံစားလိုက်ရပြီး သူမမျက်နှာ ရှုံ့မ့ဲသွားသည်။
စည်းကမ်းမရှိ ရမ်းကားလိုက်တ့ဲ ပြည်သူတွေ!
သူမအပြင်ရောက်တာန့ဲ တိုင်ပြီး အကုန်လုံးကို ဖမ်းဆီးကာ အပြစ်ပေးရမည်။
ချင်းယွီယမ် ဒေါသထွက်ကာ အစောင့်တွေကို အော်ခေါ်မလို့လုပ်ချိန် တစ်စုံတစ်ယောက်က ရုတ်တရက် ရောက်လာပြီး သူမလက်မောင်းကို နင်းမိသွားသည်။
"အား!''
ချင်းယွီယမ် ချက်ချင်း တိမ်ပေါ်အထိရောက်အောင် အော်လိုက်မိကာ ထိုအော်သံက ဆူညံနေတ့ဲ လူအုပ်ကြီးကြား ချက်ချင်း ပျောက်ကွယ်သွားသည်။
ချင်းယွီယမ်ဘေးမှ ထိုလူတွေက တစ်ဦးန့ဲတစ်ဦး တွန်းထိုးကန်ကျောက်မိကြကာ အခု သူမကို နင်းမိသွားကြပြီ သူမခြေထောက်န့ဲ လက်တွေက နာကျင်သွားကာ သူမခြေထောက်ကိုတောင် မခံစားနိုင်တော့ပေ။
ချင်းယွီယမ် ခေါင်းမော့ကာ လူအုပ်ကြီးန့ဲ အဝေးမှာ ရှိနေတ့ဲ မုရုံရွှယ်ကို ကြည့်လိုက်သည်။ လမ်းတစ်ဖက်မှာ ရှိနေတ့ဲ မုရုံရွှယ်ကလဲ သူမကို အထင်သေး စက်ဆုပ်ခြင်းအပြည့်န့ဲ ကြည့်နေလေသည်။
ချင်းယွီယမ် ဒေါသဒီဂရီထိပ်ဆုံးထိ ရောက်သွားသည်။ မုရုံရွှယ်ရဲ့ အထင်သေးတ့ဲအကြည့်အရ ကြည့်ရတာ သူမက ဒီအရာအားလုံးကို ခန့်မှန်းထားသလို....ဟင်! ဒါဆို လုပ်နည်းမှာ အမှားတစ်ခုခုရှိနေတာပေါ့
မုရုံရွှယ် နှာခေါင်းရှုံ့လိုက်သည်။ လုပ်နည်းအမှန်အပြည့်အစုံက သူမဦးနှောက်ထဲမှာ ရှိနေတာဖြစ်သည်။ သခင်မတုန့ဲ သူ့သမီးက သူမအစေခံတွေကို ထောက်လှမ်းခိုင်းနိုင်သည်ဟု သူမခန့်မှန်းမိသည်။ ဒါကြောင့် လုပ်နည်းအမှားကို တမင်ရေးကာ သူတို့ကို ခိုးယူစေခ့ဲသည်။ ဒါပေမ့ဲ အ့ဲတာက ချင်းယွီယမ်ဆီ ရောက်သွားခ့ဲသည်။
"လုပ်နည်းကို ဘာလုပ်ထားလိုက်တာလဲ"
အိုးရန် သာမန်ကာလျှံကာ မေးကာ မုရုံရွှယ် ဘက်လှည့်လိုက်သည်။ တစ်စုံတစ်ယောက်က ဒိန်ချဉ်ဆိုင် ဖွင့်တယ်ဆိုကတည်းက မုရုံရွှယ်ရဲ့ လုပ်နည်းကို တစ်စုံတစ်ယောက်က ခိုးယူထားပြီမှန်း သူသိပြီးသားပင်။
"အများကြီးမဟုတ်ပါဘူး အထူးပါဝင်ပစ္စည်းလေး နည်းနည်းထပ်ထည့်လိုက်ရုံပဲ"
မုရုံရွှယ် လှောင်ရင်း ပြောလိုက်သည်။ ချင်းရန်ကလူထုးက နွေးထွေးနူးညံ့တ့ဲအစားအစာကိုပဲ ပိုနှစ်သက်ကြသည်။ သူမထည့်ပေးလိုက်တ့ဲအရာတွေက အေးပြီး မာကျောတ့ဲ သဘာဝရှိသည်။ အ့ဲတာတွေကို ဒိန်ချဉ်လုပ်တ့ဲထဲ ထည့်လိုက်ရင် အစာအိမ်နာလာနိုင်ကာ အခန့်မသင့်လျှင် ဝမ်းသွားနိုင်သည်။
သူမဆီက ခိုးယူတာ ကောင်းတ့ဲရွေးချယ်မှုမဟုတ်ပေ။ တစ်စုံတစ်ယောက်က ခိုးယူခ့ဲလျှင် အသုံးပြုဖို့အထိ ကံကောင်းနိုင်မှာမဟုတ်ပေ။
အိုးရန်ခေါင်းငြိမ့်ကာ ဆိုင်ရဲ့ ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။
"ကြည့်ရတာ ချင်းယွီယမ်က ဒိန်ချဉ်ဆိုင်ကို ဖွင့်တ့ဲနေ့မှာပဲ ပိတ်ရတော့မယ်''
"လူတွေအများကြီး သူမကြောင့် ဝမ်းသွားကုန်ကြတာ သူမဆိုင်ကို ဆွဲချဖို့ လုံလောက်တ့ဲ ဒေါသရှိနေကြပြီ"
မုရုံရွှယ် လူအုပ်ကြီးကို ကြည့်လိုက်သည်။
ချင်းယွီယမ်က ဒိန်ချဉ်ဆိုင်စဖွင့်တ့ဲနေ့မှာပဲ လူထုဒေါသကို ခံယူလိုက်ပြီဖြစ်သည်။ ဘယ်လောက်ကြီးမားလိုက်မ့ဲ လှောင်ရယ်စရာလဲ ချင်းယွီယမ်ကတော့ မြို့တော်မှာ ထပ်ပြီး နာမည်ကြီးလာပြန်ပြီ ဒါပေမ့ဲ အဆိုးဘက်ကနေဖြစ်သည်။ နောက်တစ်ကြိမ် မုရုံရွှယ်ဆီကနေ ထပ်ခိုးရဲမလား စောင့်ကြည့်ရမည်။
မုရုံရွှယ် မြေပေါ် လိမ့်ကာ အော်ဟစ်နေတ့ဲ ချင်းယွီယမ်ကို ကြည့်လိုက်သည်။
"တစ်ယောက်ယောက် ကယ်ကြပါ"
ရုတ်တရက် လေပွေတစ်ခုက ထိုနေရာမှ လူထုကို ဦးတည်လာသည်။
ဘန်း!
လူတစ်ချို့ အဝေးကို လွင့်စင်သွားကာ နက်ရှိုင်းတ့ဲ ချောက်တစ်ခုဖြစ်သွားပြီး အော်ဟစ်နေတ့ဲလူထုကို တိတ်ဆိတ်သွားစေသည်။
ရှည်ပြီး ဖြောင့်တ့ဲ ပုံရိပ်တစ်ခုက ကောင်းကင်မှ မြေပေါ် အသာကျသည်။ထိုလူက တိမ်ပုံပန်းထိုးထားတ့ဲ ရွှေရောင်ဝတ်ရုံကို ခြုံထားပြီး သူ့ရဲ့ အနက်ရောင်ဆံနွယ်တွေကို နောက်ကို ခရမ်းရင့်ရောင်ရွှေအဆောင်းန့ဲ စုကာ စည်းထားသည်။ ထိုလူ့မျက်နှာက ချောမောပြီး နတ်ဆိုးဆန်ကာ မာနကြီးမှုတို့က သူ့မျက်လုံးမှာ ပေါ်နေသည်။
ထိုလူက ချင်းယွီယမ်ကို မြင်တော့ ခေါ်လိုက်သည်။
"ညီမလေး!''
"အစ်ကို နောက်ဆုံးတော့ ရောက်လာပြီပေါ့"
ချင်းယွီယမ် ပျော်ရွှင်မှုကြောင့် ငိုနေမိကာ မျက်ရည်တို့က သူမမျက်နှာပေါ် လိမ့်ဆင်းကျလာသည်။