"ဒါဆို အဲ့တာ မိသွားပြီပေါ့"
"အောင်မြင်နိုင်မဲ့လမ်းမှာ ဖွင့်သင့်တယ်"
အိုးရန် မုရုံရွှယ်ကို ကြည့်ကာ အကြံပေးလိုက်သည်။
"ကျွန်မသိပြီ"
လော့ရွှယ်ကောရဲ့ ဆန့်ကျင်ဘက် ခေါင်မိုးဖျားမှာ ရပ်နေရင်းက ယဲ့ယိချန် အိပ်ရာပေါ်မှာ အတူထိုင်ပြီး ရယ်မောစကားပြောနေတဲ့ အိုးရန်နဲ့ မုရုံရွှယ်ကို မည်းမှောင်နေတဲ့ မျက်နှာနဲ့ ကြည့်နေသည်။
တိရန်မြက်က သူမရဲ့ ရေခဲအဆိပ်ကို မပြေပျောက်မှာ စိုးရိမ်လို့ သူမအတွက် မီးတောက်ပဒုမ္မာစေ့ကို သူယူလာခဲ့ပေမဲ့ အခုတော့ သူမက ကြည့်ရတာ အားလုံးကောင်းနေပုံပေါ်ပြီး အိုးရန်နဲ့တောင် ကလူကျီစယ်နေသေးသည်။
ရုတ်တရက် ယဲ့ယိချန် လက်ကို တင်းတင်းဆုပ်လိုက်တော့ လက်ထဲက အဖြူရောင်ကြွေပုလင်းလေးက အမှုန်အဖြစ် ပြောင်းသွားသည်။ အဖြူရောင်ပုလင်းရဲ့ အမှုန်နဲ့ မီးတောက်ပဒုမ္မာအမှုန်တွေက ရောနှောသွားကာ လေထဲ လွင့်သွားသည်။
အဲ့နောက် သူ အဝေးကို ပြန်လှည့်သွားသည်။
"ဘာကြည့်နေတာလဲ"
နူးညံ့တဲ့အသံလေးက သူ့နားထဲ ဝင်လာတဲ့အခါ အိုးရန်လှည့်ကြည့်လိုက်တော့ မုရုံရွှယ်ကလဲ ပြတင်းပေါက်ကို ကြည့်နေတာ တွေ့လိုက်ရသည်။
"ဘာမှမဟုတ်ပါဘူး"
"မင်း ဆိုင်ဖွင့်ချင်တယ်ဆို မင်းပြင်ဆင်မှု အပြည့်ရှိဖို့ လိုတယ် နောက်ကျနေပြီ သင့်တော်တဲ့ကုန်ပစ္စည်းရင်းမြစ် ရှိမလား သွားရှာကြည့်ရအောင်"
"ကောင်းပြီ"
ညက ကျရောက်လာလေပြီ။
'အိုးရန်မင်းသားက အဲ့မှာ ရှိနေတာ ကြာပြီ သေချာပေါက် မုရုံရွှယ် လှည့်စားနည်းတွေ သုံးထားတာနေမှာ အရှက်မရှိတဲ့ခွေးမကတော့! ငါပြန်ကောင်းလာရင် နင့်ကို သင်ခန်းစာပေးပစ်မယ်'
ဖြန်း!!
နီရဲနေတဲ့ လက်ငါးချောင်းရာက စုန့်ချင်းယန်ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာပေါ် အထင်းသားပေါ်လာပြီး ပါးစပ်ထောင့်ကနေတောင် သွေးစို့သွားသည်။
အလွန်အံ့အားသင့်ကာ
"ဘာအတွက်လဲ မင်းသမီး"
"ငါ့ကို မေးနေသေးတယ် မင်းသားကျင်းအိမ်တော်မှာ ဘာလုပ်ခဲ့လဲ မေ့သွားပြီလား"
"ကျ...ကျွန်မ...အဲ့...အဲ့လိုမရည်ရွယ်...ပါဘူး...."
ချင်းယွီယမ် စုန့်ချင်းယန်ကို ရိုင်းပျစွာ ကြည့်လိုက်ပြီး အေးစက်တဲ့အသံနဲ့ ပြောလိုက်သည်။ အတွေးထဲတွင်
အစောင့်က သူမကို ဖမ်းဖို့ ကြိုးစားနေတဲ့အချိန် စုန့်ချင်းယန် အော်လိုက်သည်။
"တကယ်လား"
ချင်းယွီယမ် သံသယအကြည့်နဲ့ သာမန်ကာလျှံကာ ကြဘ့်လိုက်သည်။ မုရုံရွှယ်က ပါးနပ်တဲ့လူပဲ သူမက ဘယ်လိုလုပ် သူမအားနည်းချက်ကို စုန့်ချင်းယန်ကို သိစေရမှာလဲ
"လျို့ဝှက်ချက်က...."
သူတို့ ရက်အနည်းငယ်လောက် နေရာကောင်းကောင်းမှာ ရှိနေတဲ့ ဆိုင် ၇ဆိုင် ၈ဆိုင်လောက် လိုက်လေ့လာကြည့်ပြီးပြီဖြစ်သည်။ ဒါပေမဲ့ အခုတော့ သူမ ဒိန်ချဉ်ဆိုင် တစ်ဆိုင်သာ ဖွင့်ဖို့ စီစဉ်ထားသည်။ ဒါကြောင့် သူမ သင့်တော်တဲ့ ဆိုင်နဲ့ နေရာကိုသာ ရှာဖို့ လိုလေသည်။
သူမရဲ့ မောပန်းနေတဲ့ မျက်နှာကို ကြည့်ပြီး အိုးရန် ငြင်သာစွာ ပြောလိုက်သည်။
"ကောင်းပြီလေ"
ရုတ်တရက် ထို ဖြတ်သွားတဲ့သူတွေက သူတို့ကို ဖြတ်ကာ တူညီတဲ့နေရာကို ဦးတည်သွားကြသည်။
"တစ်ယောက်ယောက်က အဲ့မှာ ဒိန်ချဉ်ဆိုင် ဖွင့်နေတယ် အရသာက အတော်ကောင်းပြီး ဈေးကလဲ သင့်တယ် နောက်ကျရင် ရောင်းကုန်သွားလိမ့်မယ်"
*******
"ဒါဆို အ့ဲတာ မိသွားပြီပေါ့"
ပြုံးကာ မုရုံရွှယ် ပြောလိုက်သည်။ ချင်းရန်က ဘယ်သူမှ ဒိန်ချဉ်လုပ်နည်းကို မသိကြပေ။ သူမ ဒိန်ချဉ်ဆိုင်တစ်ခါဖွင့်လိုက်သည်နှင့် လူတွေက ဝယ်ဖို့ ပြိုင်ဆိုင်နေကြမှာပင်။
"အောင်မြင်နိုင်မ့ဲလမ်းမှာ ဖွင့်သင့်တယ်"
အိုးရန် မုရုံရွှယ်ကို ကြည့်ကာ အကြံပေးလိူက်သည်။
"ကျွန်မသိပြီ"
မုရုံရွှယ် ခေါင်းငြိမ့်လိုက်သည်။ လူရှုပ်တ့ဲလမ်းတွေမှာဆို ဝယ်မ့ဲသူပိုများကာ ပိုက်ဆံပိုရှာနိုင်လောက်သည်။
လော့ရွှယ်ကောရဲ့ ဆန့်ကျင်ဘက် ခေါင်မိုးဖျားမှာ ရပ်နေရင်းက ယ့ဲယိချန် အိပ်ရာပေါ်မှာ အတူထိုင်ပြီး ရယ်မောစကားပြောနေတ့ဲ အိုးရန်န့ဲ မုရုံရွှယ်ကို မည်းမှောင်နေတ့ဲ မျက်နှာန့ဲ ကြည့်နေသည်။
တိရန်မြက်က သူမရဲ့ ရေခဲအဆိပ်ကို မပြေပျောက်မှာ စိုးရိမ်လို့ သူမအတွက် မီးတောက်ပဒုမ္မာစေ့ကို သူယူလာခ့ဲပေမ့ဲ အခုတော့ သူမက ကြည့်ရတာ အားလုံးကောင်းနေပုံပေါ်ပြီး အိုးရန်န့ဲတောင် ကလူကျီစယ်နေသေးသည်။
ကြည့်ရတာ တိရန်မြက်က သူမဘဝကို ကယ်နိုင်ပုံပင်။ သူ့စိုးရိမ်မှုတွေက မလိုအပ်ပုံပင်။
ရုတ်တရက် ယ့ဲယိချန် လက်ကို တင်းတင်းဆုပ်လိုက်တော့ လက်ထဲက အဖြူရောင်ကြွေပုလင်းလေးက အမှုန်အဖြစ် ပြောင်းသွားသည်။ အဖြူရောင်ပုလင်းရဲ့ အမှုန်န့ဲ မီးတောက်ပဒုမ္မာအမှုန်တွေက ရောနှောသွားကာ လေထဲ လွင့်သွားသည်။
အ့ဲနောက် သူ အဝေးကို ပြန်လှည့်သွားသည်။
သူ့အရိပ်အဝေးကို ရောက်သွားတာ ကြည့်ပြီး အိုးရန် ကျိတ်ရယ်လိုက်သည်။
"ဘာကြည့်နေတာလဲ"
နူးညံ့တ့ဲအသံလေးက သူ့နားထဲ ဝင်လာတ့ဲအခါ အိုးရန်လှည့်ကြည့်လိုက်တော့ မုရုံရွှယ်ကလဲ ပြတင်းပေါက်ကို ကြည့်နေတာ တွေ့လိုက်ရသည်။
"ဘာမှမဟုတ်ပါဘူး"
အိုးရန်က သူမမြင်ကွင်းကို ပိတ်ဖို့ ကြိုးစားလိုက်ပြီး
"မင်း ဆိုင်ဖွင့်ချင်တယ်ဆို မင်းပြင်ဆင်မှု အပြည့်ရှိဖို့ လိုတယ် နောက်ကျနေပြီ သင့်တော်တ့ဲကုန်ပစ္စည်းရင်းမြစ် ရှိမလား သွားရှာကြည့်ရအောင်"
"ကောင်းပြီ"
မုရုံရွှယ် ခေါင်းငြိမ့်လိုက်သည်။ သူမလုပ်မ့ဲဒိန်ချဉ်က နို့ကနေ လုပ်မှာ ဖြစ်သည်။ ဒါကြောင့် သူမဆိုင်ဖွင့်ချင်တယ်ဆို နို့တွေအများကြီး လိုမှာပင်။ သူမ ခိုင်မာတ့ဲရင်းမြစ်ကို ရှာထားရပေမည်။
ညက ကျရောက်လာလေပြီ။
စုန့်ချင်းယန် ညစာစားပြီးနောက် အိပ်ရာထဲ လှဲနေလေသည်။ သူမ လော့ရွှယ်ကောဘက်ကို ကြည့်ကာ အံကြိတ်ပြီး တွေးနေသည်။
'အိုးရန်မင်းသားက အ့ဲမှာ ရှိနေတာ ကြာပြီ သေချာပေါက် မုရုံရွှယ် လှည့်စားနည်းတွေ သုံးထားတာနေမှာ အရှက်မရှိတ့ဲခွေးမကတော့! ငါပြန်ကောင်းလာရင် နင့်ကို သင်ခန်းစာပေးပစ်မယ်'
လေတချက် ဝေ့သွားသည်။ ရုတ်တရက် တစ်ဝက်ပဲ ဖွင့်ထားတ့ဲ တံခါးက အပြည့်ပွင့်သွားလေသည်။ အစောင့်နှစ်ယောက်က လိမ္မော်ဖျော့ရောင်ဝတ်ထားပြီး ရှင်းလင်းတ့ဲဆံထုံး ဖျော့တော့တ့ဲ မျက်နှာရှိတ့ဲ အမျိုးသမီးတစ်ဦးထိုင်နေတ့ဲ ဝါးခုံကို ထမ်းကာ ခုန်ဝင်လာလေသည်။ သူမက မော့ပိုင်က မင်းသမီး ချင်းယွီယမ်ပဲ
စုန့်ချင်းယန် အံ့သြသွားကာ
"ဒီကို ဘာလာလုပ်တာလဲ မင်းသမီး"
"သေချာပေါက် နင့်ကို လာတွေ့တာပေါ့"
ပြုံးကာ ချင်းယွီယမ် ပြောလိုက်သည်။ စုန့်ချင်းယန်ရဲ့ ခုတင်ပေါ် ထိုင်ပြီးနောက် မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ဖြန်း!!
နီရဲနေတ့ဲ လက်ငါးချောင်းရာက စုန့်ချင်းယန်ရဲ့ ဖြူဖျော့နေတ့ဲ မျက်နှာပေါ် အထင်းသားပေါ်လာပြီး ပါးစပ်ထောင့်ကနေတောင် သွေးစို့သွားသည်။
သူမ ချင်းယွီယမ်ဘက်ကို ဖြည်းညင်းစွာ လှည့်လိုက်ပြီး
အလွန်အံ့အားသင့်ကာ
"ဘာအတွက်လဲ မင်းသမီး"
"ငါ့ကို မေးနေသေးတယ် မင်းသားကျင်းအိမ်တော်မှာ ဘာလုပ်ခ့ဲလဲ မေ့သွားပြီလား"
ချင်းယွီယမ် မျက်ခုံးပင့်ကာ စုန့်ချင်းယန်ကို ကြည့်လိုက်သည်။ စုန့်ချင်းယန်က ယိချန်အပေါ်ကို အမြဲစိမ်းခြုံပင်အရည်သုံးတယ် ကြားပြီးကတည်းက သူမ စုန့်ချင်းယန်ကို ခြေလက်တစ်ချောင်းချင်း အရေခွံနွှာချင်စိတ် ပေါက်နေသည်။
အ့ဲအချိန်က သူမ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတ့ဲအတွက် စုန့်ချင်းယန်ကို သင်ခန်းစာပေးဖို့ အဆင်မပြေပေ။ အခုတော့ သူမ ပြန်ကောင်းလာကတည်းက အရင်မင်းသားကျင်းက သူမကို မုန်းသည်။ ယိချန်က သူမကို မတွေ့ချင်ပေ။ အစေခံတွေကလဲ သူမက်ု အထင်သေးသည်။ အ့ဲလုပ်ရပ်တွေက သူမကို မချင့်မရဲဖြစ်စေသည်။ ဒါကြောင့် အစေခံတွေကို လေကောင်းလေသန့် ရှူမယ်ဆိုကာ စုန့်ချင်းယန်ကို ပြန်လာတိုက်ခိုက်ခြင်းပင်။
"ကျ...ကျွန်မ...အ့ဲ...အ့ဲလိုမရည်ရွယ်...ပါဘူး...."
စုန့်ချင်းယန် ဖြူဖျော့သွားကာ ထစ်ငေါ့စွာပြောလိုက်သည်။ မှားယွင်းသည်ဟုလဲ သူမ ခံစားရသည်။ သူမက ကိုယ်လုပ်တော်ဖြစ်ချင်ရုံပင်။ ပထမဇနီးနေရာဖြစ်တ့ဲ ချင်းယွီယမ် နေရာကို လုမှာမဟုတ်ပေ။ ဘာလို့ အ့ဲလောက် ဒေါသထွက်နေရတာလဲ
"နင်မရည်ရွယ်ဘူး ဆိုရင်တောင် လုပ်ပြီးသွားပြီ "
ချင်းယွီယမ် စုန့်ချင်းယန်ကို ရိုင်းပျစွာ ကြည့်လိုက်ပြီး အေးစက်တ့ဲအသံန့ဲ ပြောလိုက်သည်။ အတွေးထဲတွင်
'သူမက တကယ်ကောက်ကျစ်တာပဲ ဘယ်သူက သူမကို ယိချန်ကို မြှူဆွယ်ဖို့ သတ္တိထည့်ပေးလိုက်တာလဲ'
အစောင့်တစ်ယောက်က နှေးကွေးစွာ စုန့်ချင်းယန်ဆီ လျှောက်လာသည်။ သူက နက်ပြာရောင်အစောင့်ဝတ်စုံကို ဝတ်ဆင်ထားကာ သွေးလန့်စရာ အေးစက်စက် မျက်နှာထားရှိသည်။ သူ့ခြေလှမ်းတိုင်းက ကျယ်လောင်နေကာ သေမင်းရောက်လာသက့ဲသို့ပင်။
စုန့်ချင်းယန် ကြောက်လန့်နေသည်။ ထောင့်ကို တိုးကပ်သွားဖို့ ကြိုးစားရင်း အော်လိုက်သည်။
"တစ်ယောက်ယောက် ကယ်ကြပါ ကယ်ကြပါဦး"
"ငါ မလာခင်ကတည်းက နင့်နေရာကို ရှင်းပြီးသွားပြီ နင် ဘယ်လောက်အော်အော် ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး"
ချင်းယွီယမ် မျက်လုံးက အထင်သေးမှုဖြင့် လက်သွားသည်။ သူမလူကို ခိုးဖို့ ကြိုးစားတ့ဲ ဘယ်သူမဆို အပြစ်ပေးခံရမည်။
အစောင့်က သူမကို ဖမ်းဖို့ ကြိုးစားနေတ့ဲအချိန် စုန့်ချင်းယန် အော်လိုက်သည်။
"ငါ မုရုံရွှယ်ရဲ့ လျို့ဝှက်ချက်ကြီးကို သိတယ် နင်ငါ့ကို လွှတ်ပေးရင် ပြောပြမယ်"
"တကယ်လား"
ချင်းယွီယမ် သံသယအကြည့်န့ဲ သာမန်ကာလျှံကာ ကြဘ့်လိုက်သည်။ မုရုံရွှယ်က ပါးနပ်တ့ဲလူပဲ သူမက ဘယ်လိုလုပ် သူမအားနည်းချက်ကို စုန့်ချင်းယန်ကို သိစေရမှာလဲ
"တကယ် ငါတကယ်ပြောတာ ယုံပါ"
စုန့်ချင်းယန် ခေါင်းငြိမ့်ကာ ဆက်ပြောသည်။
"ငါ့အဘွားက Marquisအိမ်တော်မှာ အလုပ်အကျွေးပြုနေတာ နှစ်တွေကြာနေပြီ အိမ်တော်ရဲ့ နေရာတိုင်းမှာ သူမမျက်လုံးတွေရှိတယ် ဒါကြောင့် မုရုံရွှယ်ရဲ့ လှုပ်ရှားမှုမှန်သမျှက သူမမျက်လုံးအောက်မှာပဲ လျို့ဝှက်ချက်ကိုကျ ငါ မတော်တဆသိလာတာ"
ထိုလျို့ဝှက်ချက်ကြီးကို သူမတစ်ယောက်တည်းသာ သိကာ သူမသုံးဖို့အတွက် ရည်ရွယ်ထားတာပင်။ ဒါပေမ့ဲ အခု ချင်းယွီယမ်က သူမကို အဆုံးသတ်တော့မယ်ဆိုမှတော့ သူမဘဝကို ကာ်ဖို့ အပေးအယူလုပ်ရမည်ပင်။
ချင်းယွီယမ် ခေါင်းငြိမ့်ကာ ဖြေးလေးစွာ ပြောလိုက်သည်။
"လျို့ဝှက်ချက်က အသုံးဝင်ရင် နင့်ကို လွှတ်ပေးဖို့ စဉ်းစားပေးမယ်"
"ကျွန်မကို ယုံပါ မင်းသမီး ဒီလျို့ဝှက်ချက်က ရှင့်အတွက် အရမ်းအသုံးဝင်တယ် မုရုံရွှယ်သာ သူမလျို့ဝှက်ချက် ပေါက်ကြားသွားတာ သိရင် ဒေါသမီးတောက်နေမှာပဲ"
စုန့်ချင်းယန် မျက်ဝန်းထဲ အေးစက်မှုက ဖြတ်သွားလျက် ပြောလိုက်သည်။ သူမန့ဲ မုရုံရွှယ်က ရေန့ဲမီးလိုပင်။ မုရုံရွှယ် ထိခိုက်ဖို့ ဘာမဆို သူမလုပ်မှာပင်။
ထို့နောက် သူမ ချင်းယွီယမ် နားတိုးကပ်သွားကာ တီးတိုးပြောလိုက်သည်။
"လျို့ဝှက်ချက်က...."
စကားလုံးတစ်ချို့ သူမနားထဲ ဝင်လာတ့ဲအခါ ချင်းယွီယမ်ရဲ့ လှပတ့ဲ မျက်ဝန်းများက စိတ်လှုပ်ရှားစွာ ကျဉ်းမြောင်းသွားသည်။ ဒါက သူမအတွက် လုံးဝအသုံးဝင်တ့ဲ သတင်းပင်။ ဒါကြောင့် မုရုံရွှယ် ရူးတောင် ရူးသွားနိုင်သည်။ အရင်မင်းသားကျင်းလဲ သူမကသာ မုရုံရွှယ်ထက် ပိုပြီး ထူးချွန်တ့ဲ သူဆိုတာ သိသွားလိမ့်မည်။
နွေးထွေးတဲ့ နေရောင်ခြည်က မြေပေါ် ကျရောက်လာတ့ဲအခါ လမ်းတွေအကုန်လုံးက လူတွေန့ဲ ပြည့်သွားလေသည်။ မုရုံရွှယ်လဲ သူတို့ထဲက တစ်ယောက်ပင်။ ဆိုင်တွေ တစ်ဆိုင်န့ဲတစ်ဆိုင် ချိတ်ဆက်နေကြတာ ကြည့်ပြီး သူမ ရေရွတ်လိုက်သည်။
"ဒီလမ်းက ရှုပ်တယ် ဒီမှာ ဆိုင်ဖွင့်မယ်ဆို မဆိုးပါဘူး"
သူတို့ ရက်အနည်းငယ်လောက် နေရာကောင်းကောင်းမှာ ရှိနေတ့ဲ ဆိုင် ၇ဆိုင် ၈ဆိုင်လောက် လိုက်လေ့လာကြည့်ပြီးပြီဖြစ်သည်။ ဒါပေမ့ဲ အခုတော့ သူမ ဒိန်ချဉ်ဆိုင် တစ်ဆိုင်သာ ဖွင့်ဖို့ စီစဉ်ထားသည်။ ဒါကြောင့် သူမ သင့်တော်တ့ဲ ဆိုင်န့ဲ နေရာကိုသာ ရှာဖို့ လိုလေသည်။
သူမရဲ့ မောပန်းနေတ့ဲ မျက်နှာကို ကြည့်ပြီး အိုးရန် ငြင်သာစွာ ပြောလိုက်သည်။
"ဒီရှေ့မှာ လက်ဖက်ရည်ဆိုင်ရှိတယ် တစ်ခွက်လောက် သွားသောက်ရအောင်"
"ကောင်းပြီလေ"
မုရုံရွှယ် သဘောတူလိုက်သည်။ တမနက်လုံး လျောက်ထားရတာကြောင့် သူမလဲ ပင်ပန်းနေလေပြီ
"မြန်မြန်! မြန်မြန်! မြန်မြန်လေး လာကြ"
ရုတ်တရက် ထို ဖြတ်သွားတ့ဲသူတွေက သူတို့ကို ဖြတ်ကာ တူညီတ့ဲနေရာကို ဦးတည်သွားကြသည်။
မုရုံရွှယ် အနည်းငယ် ရှုပ်ထွေးသွားကာ လူတစ်ယောက်ကို တားလိုက်သည်။
"မေးပါရစေ ရှင်တို့ အမြန်ပြေးနေကြတာက ဘာဖြစ်နေလို့လဲ ပြောပြပါလား"
ထိုလူက အသက်ပုံမှန်ရှူလိုက်ကာ
"တစ်ယောက်ယောက်က အ့ဲမှာ ဒိန်ချဉ်ဆိုင် ဖွင့်နေတယ် အရသာက အတော်ကောင်းပြီး ဈေးကလဲ သင့်တယ် နောက်ကျရင် ရောင်းကုန်သွားလိမ့်မယ်"