အပိုင်း (၁၅၂)

Start from the beginning
                                    

ဒီကျွမ်းကျင်မှုစွမ်းရည်စ‌ေကးက ကောင်းကင်နတ်ဆိုးဓါးရဲ့ပိုင်နက်နဲ့ ပုံဖော်ရတာပါ။ ကျောက်ဖူ ကောင်းကင်နတ်ဆိုးဓါး မရှိဘဲ ဒီကျွမ်းကျင်မှုစွမ်းရည်းစ‌ေကးကို အသုံးမပြုနိုင်ပါဘူး။

မြေပြင်ပေါ်မှာ ပျံ့ကျဲနေတဲ့ သွေးတွေကို မမြင်နိုင်တဲ့ စွမ်းအားတစ်ခုက စုပ်ယူသွားခဲ့ပြီး၊ ကောင်းကင်နတ်ဆိုးဓါး ဆီကို စီးဝင်သွားစေခဲ့ပါတယ်။ ကောင်းကင်နတ်ဆိုးက စိတ်လှုပ်ရှားကာ ‌ရယ်မောနေခဲ့ပြီး၊ ပြောလိုက်ပါတယ်။
“ သတ်!  သတ်!  သတ်!  ပိုင်ရှင်၊ သူတို့အားလုံးကို သတ်ပါ။ ”

ကောင်းကင်နတ်ဆိုးဓါးက သွေးအားလုံးကို ဝါးမျိုသွားပြီး၊ ဒါတွေကို သူ့ရဲ့ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲခဲ့လိုက်ပါတယ်။ အဲ့ဒီ့ထဲက စွမ်းအား တစ်ချို့ကို ကျောက်ဖူရဲ့ ခန္ဓာကိုယ်ဆီ  ကို ပြန်လည်ကောင်းမွန်လာဖို့ လွှဲပြောင်းပေးခဲ့ပါတယ်။အဲ့ဒီ့နောက် ဘုရင့်ရဲ့ နက်နဲသိမ်မွေ့မှု ကျွမ်းကျင်မှုစွမ်းရည်စကေးရဲ့ ဖော်ထုတ်နိုင်မှု့   အစွမ်းသတ္တိတွေ‌ေကြာင့် ကျောက်ဖူရဲ့ သန်မာမှုဟာ အများကြီး မြင့်တက်လာခဲ့ပါတယ်။

ကျောက်ဖူ ကောင်းကင်နတ်ဆိုးဓါးကို မြေပြင်မှဆွဲထုတ်လိုက်ပြီး၊ သူနဲ့ မီတာ ၁၀၀၀ အကွာအဝေးမှာရှိ‌ေနတဲ့ လူအုပ်ကို ညွှန်ပြကာ သတ်ဖြတ်ချင်စိတ်နဲ့ လှောင်ပြောင်ချင်မှုတွေ ပြည့်နှက်နေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။

'' ဘာလုပ်‌ေနကြတာလဲ။ မြန်မြန်လာကြ။"

ဒီလို အမျက်ဒေါသ‌ကြောင့် ကျောက်ဖူ ပတ်လည်မှာ ရှိနေကြတဲ့ လူတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး၊ ဘယ်သူမှ ရှေ့တက္မလာကြပါဘူး။

"သူကိုင်ထားတာက ကောင်းကင်နတ်ဆိုးဓါးပဲ"

ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က ရုတ်တရက် ကျောက်ဖူလက်ထဲမှာကိုင်ထားတဲ့ နတ်ဆိုးပုံရိပ်နဲ့ အနက်ရောင်ဓါးကို သတိပြုမိသွားခဲ့ပါတယ်။

"ဘာ။ ကောင်းကင်နတ်ဆိုးဓါး၊ ဟုတ်လား”
  ဒီအော်သံကို ကြားလိုက်တဲ့ အခါမှာတော့ မရေမတွက်နိုင်တဲ့ အကြည့်တွေက ကျောက်ဖူ လက်ထဲမှာ ရှိနေတဲ့ ဓါးအ‌ေပါ်ကို ကျရောက်သွားခဲ့ပါတယ်။ ကောင်းကင်နတ်ဆိုးဓါးဟာ ဒီ အချိန်မှာ အကျော်ကြားဆုံးဓားဖြစ်နေခဲ့ပါတယ်။ ပန်းတစ်သောင်း ပွဲတော်ကုန်ဆုံးသွားခဲ့ပြီး၊ အချိန်တွေကုန်လွန်သွားခဲ့တာတောင် ဒီ ဒဏ္ဍာရီအဆင့် သတ်မှတ်ချက်ဝင်ခဲ့တဲ့ ဓါးက ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာမှာ အင်အား အကောင်းဆုံး ပစ္စည်းကိရိယာအဖြစ် လူသိများပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now