အပိုင်း (၁၅၂)

Bắt đầu từ đầu
                                    

မရေမတွက်နိုင်တဲ့  ၂၀ မီတာ‌ေလာက်ရှည်တဲ့ အနက်ရောင် ဆူးချွန်တွေဟာ မမျှော်လင့်ဘဲမြေပြင်ပေါ်ကို ထိုးထွက်တက်လာခဲ့ပါပြီ၊ ဒီအရာတွေမှာ အလွန်များပြားတဲ့ အင်အားတွေ ပါဝင်လာခဲ့ကြပါတယ်။

စွတ်၊ စွတ်၊ စွတ် …

အနက်ရောင် ဆူးချွန်တွေက လူတစ်ယောက်ပြီး တစ်ယောက်ကို ထိုးဖောက်သွားခဲ့ပြီး၊ အဲ့ဒီ့လူတွေရဲ့ အလောင်းတွေဟာ ပေါ်ကို မီတာ ၂၀ လောက် မြှောက်တက်နေခဲ့ကြပါတယ်။

အနက်ရောင်ဆူးချွန်တွေက ကပတ်၀န်းကျင် မီတာ ၁၀၀၀ အကျယ်လောက်ကို ဖုံးလွှမ်းသွားကြပြီး၊ လူအုပ်ထဲမှာ ရှိနေတဲ့ လူ ၁၅၀၀ လောက်ကို လေထဲမှာ မြှောက်တင်ထားခဲ့ပါတယ်။ အဲ့ဒီ့နောက် သူတို့ရဲ့ အမူအရာတွေဟာ နာကျင်မှု၊ ခံပြင်းမှုနဲ့ ကြောက်လန့်မှု‌ေတွ ပြည့်နှက်နေခဲ့ပြီး၊ သွေးတွေဟာလဲ လေထဲကနေ စီးကျနေခဲ့ကြပါပြီ။

အရာအားလုံးဟာ သေစေနိုင်ခောက်အောင် တိတ်ဆိတ်သွားခဲ့ပြီး၊ မြင်ကွင်းက အမှန်တကယ်ကို ငရဲတမျှ ဖြစ်နေခဲ့ပါပြီ။

ဒီကြောက္မက္ဖွယ်ကောင်းတဲ့ မြင်ကွင်းက လောဘကြီးမှုကြောင့် မျက်စိကွယ်နေကြတဲ့ သူတွေကို အိမ်မက္မှ ချက်ချင်း နိုးထစေခဲ့ပါတယ်။  သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ လှုပ်ရှားနေတာမှ အလိုလို ရပ်တန့်သွားခဲ့ပြီး၊ သူတို့ရဲ့ ကြောက်လန့် တုန်လှုပ်မှုတွေက သူတို့ကို နောက်ထပ်ခြေလှမ်းလှမ်းဖို့ ခွင့်မပြုခဲ့ကြ‌ေတာ့ပါဘူး။

ကျောက်ဖူ သူ့ရဲ့ ဘုရင့်စွမ်းအားပါဝါကို  အသုံးပြုလိုက်ကာ သူ့လက်ဝါးက ထွက်နေတဲ့သွေးကို ရပ်တန့်စေပြီး၊ ကောင်းကင်နတ်ဆိုးဓါးကို မြေပြင်မှ ဆွဲထုတ်ယူလိုက်ပါတယ်။ အဲ့ဒီ့နောက် အနက်ရောင် ဆူးချွန်တွေဟာ ပျောက်ကွယ်သွားခဲ့ပြီး၊ မြေပြင်ပေါ်မှာရိှ‌ေနတဲ့ အနက်ရောင်တွေဟာလည်း ပြန်လည် ဆုတ်ခွာသွားခဲ့ပါပြီ။ အလောင်းတွေဟာလည်း မြေပေါ်ကို ပြန်ကျခဲ့ကာ မီတာ ၁၀၀၀ လောက်ကို ပြန့်ကျဲသွားခဲ့ပါတယ်။

ဒီကျွမ်းကျင်မှုစွမ်းရည်စကေးက ကျောက်ဖူ ဆီမှ ထွက်ပေါ်လာခဲ့တဲ့ အရာတစ်ခုပါပဲ။ ဘုရင့်အလုပ်အကိုင်က စစ်မှုထမ်းအလုပ်အကိုင်ထက် ထက် သာလွန်ပြီး တိုးတက်လာနိုင်တဲ့ အလုပ်အကိုင်တစ်ခုပါ။ ဒါပေမယ့် ဒီအလုပ်အကိုင်မှာ ကျွမ်းကျင်မှု စွမ်းရည်စကေး တွေ မပါပါဘူး ကျောက်ဖူ အနေနဲ့ အသုံးပြုချင်တဲ့ ကျွမ်းကျင်မှုစွမ်းရည်အားလုံးကို ကိုယ်တိုင်ဖန်တီးဖို့ လိုအပ်ပါတယ်။  [ဘုရင့်ရဲ့ နက်နဲသိမ်မွေ့မှု - နတ်ဆိုး ပိုင်နက်  - အလောင်း တစ်သောင်းမြှုပ်နှံခြင်း] ဆိုတာက ကျောက်ဖူ ဖန်တီးထားတဲ့ ပထမဆုံးစွမ်းရည်စ‌ေကးပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Nơi câu chuyện tồn tại. Hãy khám phá bây giờ