သို့သော်လည်း အခု သူမရဲ့ အနေအထားဟာ သူ့ရဲ့ နေရာတစ်ချို့ကို ရောက်ဖို့မလွယ်ဘူး သူမ အပြင်အားတစ်ချို့ကို လိုအပ်တယ်

မုရုံရွှယ် သူမရဲ့ ဆံထိုးကို ဆွဲထုတ်ပြီး အိုးရန်ရဲ့ မေ့ကြောကို အလျင်အမြန် ထိုးစိုက်လိုက်တယ်

ရုတ်တရက်ဆိုသလိုပဲ အိုးရန်ဟာ မုရုံရွှယ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားရာကနေ လွှတ်ပေးလိုက်တော့ သူမရဲ့ လက်က သူ့တံတောင်ဆစ်နဲ့တိုက်မိပြီး ဆံထိုးဟာ ကြမ်းပြင်ပေါ် ကလောက်စ် ဆိုပြီး လွတ်ကျသွားတယ်

မုရုံရွှယ် သူမရဲ့လက်ထဲ ဘာမှမရှိတော့ဘူး
"အိုးရန်!!"
သူကတော့ ဘာမှမဖြစ်တဲ့အလား ဆက်လက်အိပ်ပျော်နေတယ်

"အိုးရန် အခုချက်ချင်း မျက်လုံးဖွင့်နော် ဟန်ဆောင်နေတာ ရပ်"
မုရုံရွှယ် သူ့ရဲ့ တောင့်တင်းပြီး ခိုင်မာလှတဲ့ ရင်အုပ်ကျယ်ကို တတ်နိုင်သမျှ နာနာထုရင်း အော်လိုက်တယ်

အိုးရန်ကတော့ သူမရဲ့ ပုခုံးပေါ် အေးအေးချမ်းချမ်းမှီရင်း ဆက်လက်အိပ်ပျော်နေတယ်
မုရုံရွှယ် အကြိမ်အနည်းငယ် ဆက်ထုနေပြီးနောက် သူ့ဘက်က ဘာမှမလုပ်ပဲ ငြိမ်နေပြီး မျက်လုံးဟာလည်း တင်းတင်းကျပ်ကျပ် ပိတ်ထားတုန်းဆိုတာ တွေ့လိုက်ရတယ်

မုရုံရွှယ် ငြိမ်နေလိုက်ပြီး သူမဘာသာတွေးတောနေတယ် သူ့ဘက်က ဒါကို မရည်ရွယ်ပဲ လုပ်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ  ပြီးတော့ သူက သူမကို ကာကွယ်ရင်း ဒဏ်ရာလဲရထားသေးတယ် နောက်ဆုံးတော့ သူမအနေနဲ့ သူ့ကို စိတ်ဆိုးခြင်းမရှိတော့ဘူး
(အမလေး မမလေးရယ် ရှင်တို့roတာကို ရေးလိုက်ရတာ)

အိုးရန်ရဲ့ ခေါင်းဟာ မုရုံရွှယ်လည်ပင်းထဲ နစ်ဝင်နေတဲ့အတွက် သူ့အသက်ရှူသံကို အတိုင်းသားကြားနေရတဲ့အပြင် သူ့ဝင်သက်ထွက်သက်က အရမ်းနွေးတဲ့အတွက် နေရတာ သက်သောင့်သက်သာမရှိဘူး

မုရုံရွှယ် နဖူးကျုံ့လိုက်ပြီး အိုးရန်ခေါင်းကို တွန်းလိုက်တယ် ထင်မှတ်မထားစွာပဲ သူ့ခေါင်းဟာ သူမလည်ပင်းနဲ့ ပိုတိုးကပ်လာတယ် တွန်းလေ တိုးလေပဲ သူဟာလေ အရမ်းခေါင်းမာတယ်

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Onde histórias criam vida. Descubra agora