"ရှု မိန်းက​လေး" အိုးရန်​မင်းသားကလဲ တုန့်​ပြန်​သင့်​အ​နေဖြင့်​ ညှင်​သာစွာ ​ခေါင်းညှိမ့်​ပြလိုက်​တယ်

ရှုနျာန်းရှန်း ရဲ့မျက်​နှာက​တော့ သူမတစ်​ဖက်​သတ်​ချစ်​ကြိုက်​​နေသူကို​တွေ့သလိုပဲ ​ပျော်​ရွှင်​မှု​တွေနဲ့ ပြည့်​နက်​​နေ​လေတယ်​။ သူမ အရမ်းစိတ်​လှုပ်​ရှား​နေလို့ သူမလက်​ထဲက ပိုးထည်​ပုဝါ​လေးကို တင်းတင်းကျပ်​ကျပ်​ စုတ်​ကိုင်​ထားတယ်​။ "ကျွန်​မအခု​လေးတင်​ပဲမြို့​တော်​ကို ပြန်​​​ရောက်​တာ အဲ့တာ​ကြောင့်​ မနက်​ဖြန်​ကြရင်​လာနှုတ်​ဆက်​မယ်​လို့ စီစဉ်​ထားတာ ဘယ်​သူထင်​မလဲ ကျွန်​မနဲ့ရှင်​ ဒီမှာ​တွေ့ကြမယ်​လို့" ထုံးစအရ သူမကစပြီး စကားဆို​လေတယ်​။

"ငါ့မိဘ​တွေ အခု မြို့​တော်​မှာမရှိဘူး" လို့ အိုးရန်​​ရှောင်​ချန်​က ပြန်​​ပြောတယ်

"ဟုတ်​လား...ကျွန်​မချွန်းကျုံးက​နေ မိဖုရားအတွက်​ ပုလဲ​ပေါင်​ဒါ​​လေး(​ရှေး​ခေတ်​ တရုတ်​ရိုးရာ​ပေါင်​ဒါ) လက်​​ဆောင်​အ​နေနဲ့ ဝယ်​လာလို့ပါ" ရှုနျာန်းရှန်း က ချိုသာတဲ့ အပြုံးမျက်​နှာ​လေးနဲ့​ပြောတယ်​။

အိုးရန်​​ရှောင်​ချန်က​တော့ ဘာမှမ​ပြောဘဲ နှုတ်​ဆိတ်​၍သာ​နေတယ်

"မင်းသား ရှင်​နဲ့ ရှုနျာန်းရှန်းက ဘယ်​လိုပတ်​သတ်​​နေကြတာလဲ" မုရုံရွယ်​ ကသူတို့​တွေကိုကြည့်​ရတာ အရမ်းရင်းနီး​နေကြတာမို့ သိချင်​စိတ်​ပြင်းပြစွာနဲ့​မေးလိုက်​တယ်​။

"သူမရဲ့ အဖိုးက ဒီမြို့မှာနာမည်​အကြီးဆုံး ကွန်​ဖြူရှုပ်​ဝါဒီ တစ်​ဦး​လေ
ငါ၅နှစ်​သား က​နေပြီး နှစ်​အနည်းငယ်​ အထိ သူကငါ့ဆရာ​လေ" အိုးရန်​​ရှောင်​ချန်​က ညှင်​သာစွာ​ပြောတယ်​။

ရုံရွှယ်​ က​ခေါင်းတစ်​ချက်​ငြိမ့်​ပြီး "​သြော်​ လက်​စသတ်​​တော့ ရှင်​တို့၂​ယောက်​ကငယ်​ချစ်​​တွေကိုး"
ရှုနျာန်းရှန်း ကသူ့ကို(အိုးရန်​​ရှောင်​ချန်​) အရင်​က​ပျောက်​သွားတဲ့ ခင်​ပွန်းလိုလို မြတ်​မြတ်​နိုးနိုးကြည့်​​နေတာ မထူးဆန်းပါဘူး​လေ
သူတို့အရင်​က ထုတ်​​ဖော်​ မ​ပြောနိုင်​တဲ့ ထူးခြားတဲ့ ဆက်​နွယ်​မှု​တွေရှိ​နေမှာ​ပေါ့။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Onde histórias criam vida. Descubra agora