မုရုံရွှယ်​ ပြုံးကာ ပြန်​​ဖြေလိုက်​တယ်​။ "​ကောင်းပါပြီ.. အရှင့်​သား!" 

အိုးရန်​​ရှောက်​ချန်​ တစ်​ဖက်​လှည့်​လိုက်​ပြီး ​​တောက်​ပတဲ့ ​နေ​ရောင်​​အောက်​က လမ်းမထက်​မှာ ​လျှောက်​လှမ်းကာ ​ပျောက်​ကွယ်​သွား​တော့တယ်​။

စုန့်​ချင်းယန်​ ဗလာအကြည့်​​တွေနဲ့ အဲဒါကို ​ကြည့်​​နေမိတယ်​။ မင်းသားအိုးရန်​က ​ရောက်​လာကတည်းက ပြန်​ထွက်​သွားတဲ့အထိ သူမကို စကား​ပြောဖို့ မ​ပြောနဲ့ အကြည့်​​လေးတစ်​ချက်​​တောင်​ မ​ပေးသွားခဲ့ဘူး။

"​တော်​ဝင်​သက်​​တော်​​စောင့်​လီ.. ဒီ ​ကျောက်​​ဝေ့ယန်​ချင်​ကို ​လော့ရွှယ်​​,အဆောင်​ဆီ ယူသွားလိုက်​ပါ" မုရုံရွှယ်​ ​အေးစက်​စွာ အမိန့်​​ပေးလိုက်​တယ်​။

စုန့်​ချင်းယန်​ ​​ဒေါသတကြီး ဖြစ်​လာပြီး ​ပြောလိုက်​တယ်​။ "မုရုံရွှယ်​ နင်​က တစ်​စုံတစ်​​ယောက်​ရဲ့ ဇနီး​လောင်းဖြစ်​​နေပြီ​လေ... ကိုယ့်​ သိက္ခာ​တော့ ကိုယ်​ ထိန်းဦးမှ​ပေါ့..."

အိုးရန်​ရှစ်​ကျီက မုရုံရွှယ်​ကို ရွှယ်​အာလို့ ​ခေါ်လိုက်​မှန်း စုန့်​ချင်းယန်​ ​သေ​သေချာချာ သတိထားမိလိုက်​တယ်​။ ဒါ​ပေမယ့်​ သူမ သိတာက မြင့်​မြတ်​တဲ့ အသိုင်းအဝိုင်းက လူ​တွေဟာ ​စေ့စပ်​ထားတဲ့ မိန်းက​လေးတစ်​​ယောက်​နဲ့ နီးနီးကပ်​ကပ်​ မ​နေသင့်​ဘူး။ အဲဒါ​ကြောင့်​ ​သေချာတာက မုရုံရွှယ်​က အရှက်​မရှိ မင်းသားအိုးရန်​ကို မြှူဆွယ်​ထားတာပဲ ဖြစ်​ရမယ်​။

"အဲဒါ နင့်​အလုပ်​မဟုတ်​ဘူး... အဲဒါ​ကြောင့်​ နင်​  ကိုယ့်​ကိစ္စကိုယ်​ပဲ အာရုံစိုက်​တာ ပို​ကောင်းမယ်​!"
မုရုံရွှယ်​က တည်​ငြိမ်​စွာနဲ့ပဲ ပြင်းထန်​စွာ ရှုံ့ချလိုက်​တယ်​။ စုန့်​ချင်းယန်​ အ​သေအလဲ​ ​ဒေါသထွက်​သွားကာ ​အော်​ဟစ်​လိုက်​တယ်​။ "နင်​ မြှူဆွယ်​​နေတာက မင်းသားအိုးရန်​သာ မဟုတ်​ရင်​ ငါကလည်း နင့်​ကို လုံးဝ ဂရုစိုက်​မ​နေဘူး"

"အိုး!.. ဒါဆို နင်​က အိုးရန်​​ရှောက်​ချန်​ကို သ​ဘောကျ​နေတာ​ပေါ့... သနားစရာပဲ.. သူက နင့်​ကိုပြန်​ကြိုက်​မှာ မဟုတ်​ဘူး..." မုရုံရွှယ်​ သူမရဲ့ မျက်​ခုံးကို ပင့်​ကာ ​ပြောလိုက်​တယ်​။ အိုးရန်​​ရှောက်​ချန်​က ဘယ်​လို မိန်းက​လေးမျိုးကို သ​ဘောကျလဲ သူမ မသိ​ပေမယ့်​ စုန့်​ချင်းယန်​လိုမျိုး ရိုင်းစိုင်း၊ ယဉ်​​ကျေးမှုမရှိ၊ အတ္တကြီး၊ တစ်​ကိုယ်​​ကောင်းဆန်​တဲ့ လူမျိုးကို​တော့ သ​ဘောကျမှာ မဟုတ်​ဘူး။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now