ထိုဖြစ်ရပ်ကို ဖန်တီးမိသူ ချင်းယွီယွမ်ကတော့ ခါးသီးစွာ ရှုံ့မဲ့နေသည်။

သူမအ​တွေးထဲမှာတော့ အိုးရန်ရှောင်ချန်က ကြီးမြတ်ကာ အလေးအနက်ရှိတတ်တဲ့လူပင်။ သူ မြောက်ပိုင်းမွန်ဂိုလီးယားသဲကန္တာရမှာ ရှိနေတုန်းက သူမအဖေဖြစ်တဲ့ ဘုရင်ကြီးက သူ့ကို ခေါ်တွေ့ခဲ့သည်။ သူမအဖေနဲ့ တွေ့ချိန်မှာ သူက အေးစက်ပြီး တသီးတသန့်အကွာအဝေးမှာ နေခဲ့သည်။ ဒါဆို အခု ဘာလို့ မုရုံရွှယ်နဲ့ စကားပြောချိန်မှာ ရင်းရင်းနှီးနှီးနဲ့ နှစ်လိုဖွယ်ဖြစ်နေရတာလဲ ဒီလို နူးညံ့တဲ့အပြုံးမျိုး သူမကိုတောင် မပြဖူးပေ။

ချင်းနန်းတော်ရဲ့ အနာဂတ်ကိုယ်လုပ်တော်အဖြစ် သတ်မှတ်ခံထားရပြီး ရီချန်း(မင်းသားကျင်း) စွန့်ပစ်တာ ခံရတဲ့ မုရုံရွှယ်လို မိန်းကလေးမျိုး မဖြစ်ရဘူးလေ
ပြီးတော့ အိုးရန်ရှောင်ချန်က သူမကို အထင်သေးပြီး စက်ဆုပ်ရွံရှာနေရမှာ မဟုတ်ဘူးလား

"မင်းသမီး ရှင့်အမူအရာက ဘာလို့ ဖျော့တော့နေရတာလဲ အဆင်ပြေရဲ့လား"
ကြည်လင်တဲ့အသံတစ်ခုက သူမရဲ့ နက်ရှိုင်းနေတဲ့ အတွေးစတွေကို ဖြတ်လိုက်သည်။

ချင်းယွီယွမ် မျက်မှောင်ကြုတ်ကာ မယဉ်ကျေးတဲ့ အသံအနေအထားနဲ့ ဖြေလိုက်သည်။
"ဘာမှမဖြစ်ဘူး မောနေလို့ ဖြစ်လိမ့်မယ်''

ခါးသီးတဲ့ ခံစားချက်တစ်ခုက သူမမျက်လုံးထဲ လျင်မြန်စွာ ဖြတ်ပြေးသွားပေမဲ့ မုရုံရွှယ် မြင်ဖြစ်အောင် မြင်လိုက်သေးသည်။

သူမ မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။
"မင်းသမီးချင်း ရှင် တီးခတ်ရတာ များသွားလို့ အင်အားကုန်ခမ်းသွားတာ ဖြစ်မယ် စားပွဲထိုး ငါခိုင်းတာ လုပ်ပြီးပြီလား မင်းသမီးချင်း အင်အားပြည့်သွားအောင် နည်းနည်းလောက် ထည့်ပေးလိုက်"

မုရုံရွှယ် ငါ့ကို လှောင်ဖို့ ကြိုးစားနေတာပဲ ငါ အင်အားကုန်တီးခတ်တာတောင် ရှုံးနေတုန်းပဲလို့ ပြောချင်နေတာ

ချင်းယွီယွမ် မုရုံရွှယ် ကြည့်တဲ့အတိုင်း အေးစက်စွာ ပြန်ကြည့်ပေးလိုက်သည်။

မုရုံရွှယ် မမြင်ချင်ယောင်ဆောင်ကာ ပျက်စီးသွားတဲ့အရာတွေဆီ လျှောက်သွားလိုက်သည်။ သူမ ခန်းမကို ကြည့်ကာ ပြောလိုက်သည်။
"မန်နေဂျာ ကျေးဇူးပြုပြီး နံရံတွေ အပျက်အစီးတွေ သစ်သားစားပွဲတွေနဲ့ လှေကားလက်ရန်းတွေရဲ့ ကုန်ကျစရိတ်တွေ တွက်လိုက်ပါ ပြီးရင် ကျန်းအိမ်တော်မှာ လာတောင်းလှည့်ပါ"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Onde histórias criam vida. Descubra agora