သူတို့ကဘယ်​​လောက်​ပင်​ လှပ​ကျော့ရှင်းပြီး တပ်​မက်​ဖွယ်​​ကောင်း​နေပါ​စေ၊ သူတို့ကသူ့အ​ရှေ့တည့်​တည့်​မှာ သွားရပ်​​နေရင်​​တောင်​ ထိုသူကသူတို့ကို သတိ​တောင်​မထားမိ​လေဘူး။ သူ့ရဲ့​အေးစက်​စက်​မျက်​နှာ​သေက သူ့အနားမှာဝန်းရံ​နေတဲ့သူ​တွေအကုန်​လုံးကို ငြင်းပယ်​ခဲ့ပြီး သဲကန္တာရကအမျိုးသမီး​တွေကို အသည်းကွဲ​စေခဲ့တယ်​။

အခု​တော့ သူမကြားတာက အိုးရန်​​ရှောင်​ချန်​က မိန်းက​လေးတစ်​​ယောက်​ကို သူ့ရဲ့သီးသန့်​ခန်းမှာ သူနဲ့အတူစားဖို့အတွက်​ဖိတ်​ခဲ့တယ်​တဲ့လား!

ဒါကအရမ်းအံ့သြဖို့​ကောင်းတယ်​! သူ့ရဲ့မိန်းက​လေး​တွေအ​ပေါ်အမြင်​ကို ​ပြောင်းလဲ​အောင်​လုပ်​နိုင်​တဲ့ ထူးဆန်းလှတဲ့မိန်းက​လေးက ဘယ်​သူများလဲ!

သူမရဲ့အကြည့်​​တွေကို အိုးရန်​​ရှောင်​ချန်​ဆီက​နေ ​ရွေ့လိုက်​တယ်​။ သူ့​ဘေးနားမှာ သူမ​တွေ့လိုက်​ရတာက ပန်းပွင့်​​လေးတစ်​ပွင့်​လိုလှပတဲ့​မျက်​နှာ​လေးနဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ဖြစ်​​တယ်​။ ကြည်​လင်​တဲ့​ရေလိုမျိုးမျက်​ဝန်း၊ သူမဝတ်​စုံ​ပေါ်က အနက်​​ရောင်​တိမ်​​တွေလိုဆံနွယ်​​လေး​တွေ၊ ပန်း​လေး​တွေလိုဘဝမျိုးနဲ့​တောင်​ အမွှန်းတင်​ညွှန်းဆိုလို့ရနိုင်​တယ်​။ သူမရဲ့ကျက်​သ​ရေရှိတဲ့ လှုပ်​ရှားမှု​က သူမရဲ့နူးညံ့​ချော​မွေ့တဲ့အသားအ​ရေ​လေးနဲ့ လုံးဝကိုပနံသင့်​လှတယ်​။ သူမဆီက​နေ နုပျိုတဲ့အ​ရောင်​အဝါ​တွေထွက်​​ပေါ်​နေတယ်​!

မုရုံရွှယ်​! ဘယ်​လိုလုပ်​ သူမဖြစ်​​နေတာလဲ!

ရီချန်းက မ​မျှော်​လင့်​ဘဲ သူမကိုစွန့်​ပစ်​လိုက်​ပြီမဟုတ်​လား၊ အမြဲတမ်း​နေမ​ကောင်းဖြစ်​​နေတဲ့တစ်​​ယောက်​​လေ? သူမကဘယ်​လိုလုပ်​ ဘယ်​အမျိုးသမီးကိုမှအကပ်​မခံတဲ့ အိုး​ရန်​​ရှောင်​ချန်​ရဲ့ ပစား​ပေးခံရတာလဲ?

ချင်​ယွီယွမ်​လှပတဲ့မျက်​လုံး​တွေနဲ့ ​စောင်းကြည့်​လိုက်​တယ်​... သူမကသူ့ကို သာမာန်​မဟုတ်​တဲ့တခုခုနဲ့များလုပ်​ထားတာလား?

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now