အခု သူမကဆိုင်ရဲ့ စီမံခန့်ခွဲရေးကို တာဝန်ယူနေပြီဆိုတော့ ဒီသားအမိနှစ်ယောက်ရဲ့အကြံအစည်တွေကို ရပ်တံ့ပေးသင့်ပြီ။ "ကျွန်မနည်းလမ်းတစ်ခုစဉ်းစားမိတယ်... တကယ်လို့ရှင်တို့သာ ကျွန်မသင်ပေးသလိုလုပ်မယ်ဆိုရင် ကျွန်မကတိပေးတယ်... အဲ့ဝူအန်းအိမ်တော်က တရိုတသေနဲ့ကို ပေးစရာရှိတဲ့ပိုက်ဆံတွေပေးလာစေရမယ်..."
"တကယ်လား...?" တာဝန်ခံရဲ့မျက်လုံးတွေ တလက်လက်ထသွားပြီး မုရုံရွယ်ကို သဘောတူတဲ့အကြည့်တွေနဲ့ကြည့်နေတယ်။ "ဘယ်လိုနည်းလမ်းပါလဲ..?"
မြို့တော်ရဲ့လမ်းတွေဟာ အလုပ်ရှုပ်ပြီးလူထူထပ်တယ်။ နွေဦးလေညှင်းနဲ့အတူရောယှက်ပြီးပါလာတဲ့ ရာပေါင်းများစွာသော ပန်းပွင့်လေးတွေရဲ့ရနံ့တွေက လူတွေကိုစိတ်ပျော်စေတယ်။ ဖျော့တော့တဲ့နေရောင်လေးကလည် လူအပေါင်းကိုနွေးထွေးစွာ ဖြာကျပေးနေတယ်။
ခမ်းနားတဲ့မြင်းရထားလုံးဟာ အသာအယာခရီးနှင်နေပြီး ဝူချင်းအိမ်တော်ရှေ့မှာ တဖြည်းဖြည်းရပ်သွားတယ်။ လိုက်ကာပွင့်သွားပြီးနောက် ပန်းရောင်မိန်းမပျိုလေးတစ်ယောက်ထွက်လာတယ်။ သူမမျက်နှာက ပန်းတွေပွင့်ဖူးနေသလိုတောက်ပနေပြီး ဆံပင်လေးတွေကလည်း အနက်ရောင်တိမ်တိုက်တွေလိုပဲ။ သူမမျက်ခုံးတွေက နွေဦးတောင်တန်းတွေနဲ့တူပြီး မျက်ဝန်းလေးတွေက ဆောင်းဦးရေပြင်နဲ့အလားတူတယ်။ အဲ့တာက ဝူအန်းပဏာမဇနီးရဲ့ အကြီးဆုံးသမီး စုန့်ချင်းယန်ပဲ။
ခြေလှမ်းတစ်လှမ်းချင်းစီလှမ်းပြီး ရထားလုံးပေါ်ကဆင်းလာတယ်။ စုန့်ချင်းယန်က သူမရဲ့အစေခံလက်မောင်းကို ကိုင်ပြီး အိမ်တော်ထဲကိုနောက်ကလိုက်ဝင်သွားတယ်။ သူမမျက်လုံးတွေက ဝက်သစ်ချသေတ္တာကိုကြည့်လိုက်ပြီး နှုတ်ခမ်းတွေကို ဆွဲမက်ဖွယ်ပြုံးလိုက်တယ်.... ရတနာဆိုင်က ရတနာအသစ်က သူမနဲ့အရမ်းလိုက်ဖက်မှုရှိတယ်။ ဒါကြောင့် သူမကတုံဆိုင်းခြင်းမရှိလာယူတာ။
![](https://img.wattpad.com/cover/149882869-288-k356118.jpg)
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...