လျှောက်လမ်းရဲ့အရှေ့မှာ ရပ်နေတဲ့ မကောင်းဆိုးဝါးတစ်ဦးက မောင်းနှင်သူဖြစ်ကာ ကျန်တဲ့နှစ်ယောက်က ခါးပတ်နားမှာ ရှိနေကြသည်။

"အားလုံးကို သတ်ပစ်"
စန်ချုံးရဲ့ အမိန့်သံထွက်လာပြီးနောက် မကောင်းဆိုးဝါးနှစ်ဦးက ဘောလုံးလိုအရာလေးကို ယူကာ ကျယ်ပြန့်တဲ့ ခါးပတ်ထဲ ထည့်လိုက်ပြီး သူတို့အားနဲ့ ခါားပတ်က်ု ဆွဲလိုက်သည်။ ထိုအရာက မုရုံရွှယ်ရဲ့ သစ်သားမြွေဆီ မြှားတစ်စင်းလို ပြေးဝင်သွားလေ၏

"အဲ့ခွေးသူတောင်းစား နောက်ထပ်ဘယ်လိုထောင်ချောက်တွေ ဆင်ထားလဲ ကြည့်ရအောင် အဲ့တာတွေက ဘာတွေလဲ"
ယွမ်ဖန်ဖေး အံ့အားသင့်နေသည်။ သူမ မြွေမြှီးရဲ့မျဉ်းပေါ် ရပ်ကာ အရပ်မျက်နှာ ပေါင်းစုံကလာတဲ့ ဘောလုံးတွေကို ကြည့်နေသည်။

"ငါလည်းမသိဘူး သေချာတာကတော့ ကောင်းတဲ့အရာမဟုတ်ဘူး"
မုရုံရွှယ် ခေါင်းခါကာ ယွမ်ဖန်ဖေးကို ကြည့်လိုက်သည်။
"ငါစုဖို့ပြောထားတာတွေ လုပ်ပြီးပြီလား"

"ပြီးပြီ"
ယွမ်ဖန်ဖေး ဂုဏ်ယူစွာ ဖြေလိုက်ကာ ယမ်းထုပ်ကို ထုတ်ယူလိုက်သည်။ မကောင်းဆိုးဝါးတွေကို သတ်နေရင်း သစ်သားမြွေတွေဆီက ယမ်းတွေ ရသလောက်စုလာဖို့ မုရုံရွှယ်က သူမကို မှာခဲ့၏ အဲ့တာက အရမ်းလွယ်တဲ့ တာဝန်မို့ ယွမ်ဖန်ဖေးမှာ အများကြီး အားစိုက်မထုတ်လိုက်ရပေ။

မုရုံရွှယ် မျက်ခုံးပင့်ကာ သူမမြွေရဲ့ ကျောအောက်ဘက်က်ု ဖိလိုက်သည်။ ရှည်လျားသေးသွယ်တဲ့မျဉ်းလေးကြောင်း မြွေအမြှီးမှာ ပေါ်လာကာ သစ်သားတုံးတွေက ဘေးကို တိုးသွားသည်။
"ယမ်းတွေကို အဲ့ထဲထည့်လိုက် မြန်မြန်"

"သိပြီ"
ယွမ်ဖန်ဖေး ခေါင်းညိတ်ကာ ယမ်းထုပ်တွေကို မျဉ်းလေးကြောင်းထဲ ထည့်လိုက်သည်။ ပြီးနောက် မျဉ်းလေးကြောင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ သစ်သားတုံးတွေက ပိတ်သွားသည်။

အပြုံးတစ်ခုနဲ့အတူ မုရုံရွှယ် အောက်ခြေကို ဖိလိုက်သည်။ သစ်သားမြွေရဲ့ သစ်သားတုံးတစ်ခုက ရုတ်တရက် ပျောက်ကွယ်သွားကာ ယမ်းတွေက ကြားထဲက ပြုတ်ကျသွားပြီး အရပ်မျက်နှာအနှံ့ကို ပစ်ခံလိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: May 18, 2023 ⏰

Add this story to your Library to get notified about new parts!

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now