Ch 1216 - 1218

106 11 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book  88

Chapter-7

(ကောင်းကင်ဘုံဖင်းဂေါ့ ရောက်ရှိလာခြင်း)

"ကြောက်စရာကောင်းလွန်းတယ်… ဒါက… ဒါက ဒီဗိုင်းဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက် ထုတ်ဖော်တဲ့ သိုင်းပညာရပ်တစ်ခု ဟုတ်ရဲ့လား….."

"နဂါးအရှင်သခင်က အန္တရာယ်ရှိနေပြီ… သူက သိုင်းပညာရပ်တစ်ခုကိုတောင် မထုတ်ဖော်သေးဘူး….."

"နဂါးအရှင်သခင် ဘာတွေလုပ်နေတာလဲ… သူက မခုခံတော့ဘူးလား….."

……..

နဂါးကလန်မှ စိုးရိမ်ပူပန်စွာ အော်ဟစ်သံများ ထွက်လာခဲ့ကြသည်။ ယီယွမ်က စောစောလေးတွင် အလွန်တက်ကြွစွာ ရန်စပြောဆိုနေခဲ့သည်ကို သူတို့က တွေ့ခဲ့ကြရ၏။

သို့သော် ယခုအချိန်တွင်မူ သူက လှုပ်ရှားခြင်းမပြုဘဲ ရပ်တန့်နေခဲ့သည်။

ကျူးကော့ချင်ရွှမ်၏ အရှိန်အဟုန်က ဖွဲ့စည်းဖြစ်ပေါ်နေခဲ့ပြီးဖြစ်သည်။ ဤလက်ချောင်းတိုက်ခိုက်မှုက ယခင်တစ်ကြိမ်ထက် ပိုမိုအင်အားကြီးမားနေခဲ့၏။ ထိုအရာက လူသားတစ်ယောက်၏ ခွန်အားဖြင့် ခုခံနိုင်သော အရာမျိုး မဟုတ်ပေ။

ယွဲ့မုန့်လီနှင့် လျူအာတို့က အကြီးအကျယ် မျက်နှာပျက်သွားခဲ့ကြပြီး စိုးရိမ်နေသော အမူအရာများ ထွက်ပေါ်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ် ယီယွမ်၏ပြိုင်ဖက်က နတ်ဘုရားနယ်မြေ၏ နံပါတ်တစ်ပုဂ္ဂိုလ်ဟု နာမည်ကျော်ကြားသော ကောင်းကင်ဘုံတည်ငြိမ်စေခြင်း ဒီဗိုင်းဘုရင် ဖြစ်ပေသည်။ သူမတို့က ယီယွမ်အတွက် မစိုးရိမ်ရန် လုံးဝမဖြစ်နိုင်ပေ။

ယီယွမ်က မည်သည့်အတွက် ထိုမျှအထိ အကြောက်အလန့်မဲ့နေသည်ကို နားမလည်ခဲ့ကြ၍ လူတိုင်းက ရင်တထိတ်ထိတ် ဖြစ်နေခဲ့၏။

မျက်စိတစ်မှိတ်အချိန်အတွင်း ကျူးကော့ချင်ရွှမ်က သိမ်မွေ့သော ကပ်ဘေးလက်ချောင်းနှင့်အတူ ယီယွမ်နှင့် ပေပေါင်းရာအနည်းငယ်ခန့်သာ ကွာဝေးသော နေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Opowieści tętniące życiem. Odkryj je teraz